Liz.Fearless
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Liz.Fearless, Health/Beauty, Atlanta, GA.
06/07/2025
နောင်လာမယ့် ၅ နှစ်မှာ ဘယ်လိုအလုပ်အကိုင်တွေ Hot ဖြစ်လာမှာလဲ?
World Economic Forum က 01, Jan 2025 မှာ ထုတ်ပြန်ထားတဲ့ The Future of Jobs Report 2025 ပါ။
တစ်ဦးတစ်ယောက်ချင်းဆီရဲ့ career growth အတွက်ရယ် Company ပိုင်ရှင်တွေ နဲ့ Corporate ထဲက Management Levels တွေအပြင် HR / People & Culture နဲ့ Policy Makers တွေ အတွက် တော်တော် အသုံး၀င်တဲ့ Report လေးပါ။ Report ထဲမှာ ပါတာ တော်တော် စုံတယ်။ အဓိကအနေနဲ့ highlight လုပ်ချင်တာ၂ ပိုင်း ရှိတယ် - ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေ စီးပွားရေးတွေကြောင့် Job Markets ထဲမှာ တဖြည်းဖြည်း ရှားပါးပျောက်ကွယ်နေတဲ့အလုပ်အကိုင်တွေရယ် အသစ်ပေါ်လာတဲ့ အလုပ်အကိုင်တွေ နဲ့ ဒီလို အလုပ်အကိုင်သစ်အခွင့်အရေးအသစ်တွေကို လိုက်မှီဖို့ လိုအပ်နေပြီဖြစ်တဲ့ skills တွေအကြောင်း ထောက်ပြချင်တယ်။
Top 15 Fasting Growing Jobs by 2030:
2030 မှာ (နောက် ၅ နှစ်အတွင်း) ထိပ်ဆုံးကနေ အမြန်ဆုံးကြီးထွားလာတဲ့ အလုပ်အကိုင်တွေ:
1. Big Data Specialists, 2. Fintech Engineers, 3. AI & Machine Learning Specialists, 4. Software And Application Developers, 5. Security Management Specialists, 6. Data Warehousing Specialists, 7. Autonomous And Electric Vehicle Specialist, 8. UI & UX Designers, 9. Light Truck Or Delivery Services Drivers, 10. Internet Of Things Specialists, 11. Data Analyst & Scientists, 12. Environmental Engineers, 13. Information Security Analysts, 14. Devops Engineers, 15. Renewable Energy Engineers
Top 15 Fasting Declining Jobs by 2030:
2030 မှာ (နောက် ၅ နှစ်အတွင်း) ထိပ်ဆုံးကနေ အရှိန်နဲ့ကျဆင်းပျောက်ကွယ်နေတဲ့ အလုပ်အကိုင်တွေ:
1. Postal Service Clerks, 2. Bank Tellers, 3. Data Entry Clerks, 4. Cashiers And Ticker Clerks, 5. Admin Assistants & Executive Secretaries, 6. Printing And Related Trades Workers, 7. Accounting, Bookkeeping And Payroll Clerks, 8. Stock-Keeping Clerks, 9. Transportation Attendants And Conductors, 10. Door-To-Door Sellers, 11. Graphic Designers, 12. Claims Adjusters, Examiners And Investigators, 13. Legal Officials, 14. Legal Secretaries, 15. Telemarketers
Top 15 Largest Growing Jobs by 2023:
2030 မှာ (နောက် ၅ နှစ်အတွင်း) အများဆုံး ကြီးထွားလာတဲ့ အလုပ်အကိုင်တွေ:
1. Farmworkers, Laborers And Other Agricultural Workers, 2. Light Truck Or Delivery Services Drivers, 3. Software And Applications Developers, 4. Building Framers, Finishers And Related Trades Workers, 5. Shop Salespersons, 6. Food Processing And Related Trades Workers, 7. Car, Van And Motorcycle Drivers, 8. Nursing Professionals, 9. Food And Beverage Serving Workers, 10. General And Operations Managers, 11. Social Work And Counseling Professionals, 12. Project Managers, 13. University And Higher Education Teachers, 14. Secondary Education Teachers, 15. Personal Care Aides
Top 15 Largest Declining Jobs by 2023:
2030 မှာ (နောက် ၅ နှစ်အတွင်း) အများဆုံး လျော့ကျသွားတဲ့ အလုပ်အကိုင်တွေ:
တော်တော်များများ အပေါ်က အရှိန်နဲ့ ကျဆင်းပျောက်ကွယ်နေတဲ့ အလုပ်တွေနဲ့ တူတူဘဲ။ ထပ်စောင်းအနေနဲ့ ပါလာတာက Business Service And Administration Manager, Security Guards, Building Caretakers, Cleaners And Housekeepers, Accountants & Auditors, Client Information And Customer Service Workers
ဆိုတော့ တိုးတက်လာတဲ့ နည်းပညာတွေ၊ ပြောင်းလဲလာတဲ့ စျေးကွက်လိုအပ်ချက်တွေ နဲ့ အခြားခြားသော အကြောင်းတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့ 39% သော ၀န်ထမ်းအလုပ်သမားတွေရဲ့ အရည်အချင်း Core Skills တွေ ပြောင်းလဲသွားမှာ ဖြစ်ပြီး 48% သော ၀န်ထမ်းတွေက နည်းပညာအသစ် အရည်ချင်းသစ်တွေ လက်ရှိ ရာထူး အတွက် တာမှမဟုတ် တခြားရာထူး positions ကို ပြောင်းလဲလုပ်ကိုင်နိင်ဖို့ လိုက်လျောညီထွေစွာ upskill လုပ်ပြီး သင်ယူဖို့ လိုအပ်လာပါပြီ။ Analytical thinking skills နေရာတိုင်းလိုလိုမှာ ပါလာတယ်။ Resilient, flexible and agile ဖြစ်ရမယ်။ Leadership and social influence ကောင်းရမယ်။ Creative thinking ကတော့ အမြဲတမ်းပါတယ်။ Motivation and self-awareness ကောင်းရမယ်။ Technology literacy ကို အခြေခံအဆင့်တင် မဟုတ်တော့ဘဲ နည်းပညာနဲ့ပတ်သက်တဲ့ AI, Data, Tech Skills တွေက မဖြစ်မနေ တတ်ရတော့မှာပါ (AI, Big data, Networks and Cybersecurity skills ဆိုရင် အမြန်ဆုံးကြီးထွားလာတဲ့ top skills ဖြစ်နေပါပြီ။ ခုဆို အလုပ်ရှာတဲ့ websites မှာကြည့်လိုက်ရင် AI နဲ့ပတ်သက်တဲ့ အလုပ် အများကြီးခေါ်ယူနေတာပါ။)
အသေးစိတ်ကို ဒီလင့်ထဲ သွား download လုပ်ပြီး ဖတ်လို့ရပါတယ်။
https://www.weforum.org/publications/the-future-of-jobs-report-2025/
သိချင်တာရှိရင် မေးလို့ရပါတယ်။ အကျိုးရှိတယ်ဆိုရင် တခြားသူတွေကို Share ပေးပါ။
By Liz
Friday, Jun 6, 4:45 PM
05/31/2025
ဘယ်နိင်ငံမှာ နေနေ high school ပြီးလို့ ကောလိပ်/uni တက်တော့မယ် စိတ်၀င်စားတာလည်းမရှိဘူး ဘယ်လိုင်းရွေးရမလဲမသိဘူး ကြုံရာဘဲ popular majors တွေ သူများတက်သလို လိုက်တက်တော့မှာလား? ကျောင်းတက်တော့မယ်ဆို အရေးကြီးဆုံးအချက်က ကိုယ်စိတ်၀င်စားလို့ တက်ချင်တာအပြင် job market trend အနေအထားကိုလည်း တစ်ချက် လေ့လာသင့်တယ်။ ခုဆို AI က အရှိန်ဟုန်ထိုး တိုးတက်လာတာ တချို့အလုပ်အကိုင်တွေဆို အနာ၈တ်မှာ ပျောက်သွားတော့မယ်။
Federal Reserve Bank of New York ကနေ ထုတ်ပြန်ထားတဲ့ စစ်တမ်းအရ highest unemployment rate majors to lowest unemployment rate majors ကို အောက်ကပုံတွေမှာ ကြည့်လို့ရတယ်။
Top 10 majors with the highest unemployment rate in the U.S.:
ထိပ်ဆုံးကနေပြီး အလုပ်အကိုင်ရရှိမှုကျဆင်းနေတဲ့ ၁၀ ဘာသာရပ်: မနုဿဗေဒ, Physics, Computer Engineering, Commercial Arts & Graphic Design, Fine Arts, Sociology, Computer Science, Chemistry, Information System & Management, Public Policy & Law
Top 10 majors with the lowest unemployment majors in the U.S.:
အလုပ်အကိုင်ရရှိနိုင်မှု အများဆုံး အနေနဲ့ ရပ်တည်နေတဲ့ ၁၀ ဘာသာရပ်: Nutrition Science, Construction Service, Animal & Plant Science, Civil Engineering, Special Education, Agriculture, Early Childhood Education, Aerospace Engineering, Nursing, Earth Science
unemployment rate အပြင် တစ်နှစ်စာ ပျှမ်းမျှ၀င်ငွေလည်း ဖော်ပြပေးထားတယ်။ Aerospace Engineering ကတော့ အများဆုံးမှာ ရပ်တည်နေတယ်။ ပြထားတာက early-career, ages 22 to 27 အတွက်ဆိုတော့ လုပ်သက်ကြာလာတာနဲ့အမျှ ၀င်ငွေတိုးသွားမှာပါ။
ကျမတက်နေတဲ့ Business Analytics ဘာသာရပ်ဆို 2.4% unemployment rate နဲ့ ဖော်ပြပါ ၇၃ ခုဘာသာရပ်ထဲက နံပါတ် ၁၉ မှာ ချိတ်နေတယ်။ အလုပ်အကိုင်တစ်ခုချင်းစီ သီးခြားသိချင်ရင် အခြား reports တွေကနေ reserach လုပ်ပြီး ပြန်လာရှယ်ပေးပါ့မယ်။ ခုတက်နေတဲ့ major ရယ် တက်ချင်တဲ့ major တွေကို ရှိလို့ ကြည့်ချင်ရင် အောက်မှာ screenshots လုပ်ထားပေးတယ် (အသေးစိတ်ကိုတော့ အောက်က လင့်ထဲ ၀င်ကြည့်ပါ)။
https://www.newyorkfed.org/research/college-labor-market #--:explore:outcomes-by-major
သိချင်တာရှိရင် မေးလို့ရပါတယ်။ အကျိုးရှိတယ်ဆိုရင် တခြားသူတွေကို Share ပေးပါ။
By Liz
Friday, May 30, 6:23 PM
05/23/2025
Google ကနေ ကျောင်းသားတွေအတွက် Google AI Pro plan ကို ၂၀၂၆ ခုနှစ် အထိ အခမဲ့ ပေးနေပါတယ်။ ပုံမှန်ဆိုရင် တစ်လကို $19.99 ပေးသုံးရတာပါ Free trial သက်တမ်းကုန်သွားရင်တော့ ၀ယ်သုံးရမယ်။
သူ့မှာက package ၃ မျိုးရှိတယ် - Free, Google AI Pro, Google AI Ultra ရယ်ဆိုပြီး Ultra ကတော့ ပထမ ၃လကို $125 လောက်နဲ့ရမှာဖြစ်ပြီး နောက်လတွေကိုတော့ ~$250 ပေးရမှာပါ (AI Pro မှာပါတဲ့ features တွေအပြင်ကိုမှ တခြားပိုအဆင့်မြင့်တဲ့ advanced features သုံးလို့ရမှာပါ)။ ကျောင်းသားတွေအတွက်က Pro နဲ့ လုံလောက်ပါတယ်။ အသေးစိတ်ကို https://gemini.google/subscriptions/ ထဲမှာ ၀င်ကြည့်ပါ။
လောလောဆယ်က USA, UK, Brazil, Japan, Indonesia မှာဘဲ offer ပေးထားတယ်။ ဒီ ၅ နိင်ငံမှာ ကျောင်းတက်နေတဲ့သူ ဖြစ်ရမယ်။ အသက် ၁၈ နှစ်အထက်ဆိုတော့ High school ကျောင်းသားအတွက် မပါသေးဘူး။ ဒီ offer ကိုယူဖို့ ဆို ကျောင်းက ပေးတဲ့ တရားဝင် ".edu" ပါတဲ့ အီးမေးလ်လိပ်စာ ရှိဖို့ လိုအပ်ပါမယ်။
https://gemini.google/students/ မှာ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး စာရင်းသွင်းရပါမယ်။
AI Pro နဲ့ ဘာတွေ သုံးလို့ရမလဲ ဆိုတာ သီးသန့် sharing လုပ်ပေးသွားပါ့မယ်။
11/04/2024
US မှာ ကျင့်သုံးနေတဲ့ Daylight Saving Time ဆိုရင်ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၂ နာရီမှာ ပြီးဆုံးသွားပီဖြစ်ပြီးတော့ အချိန် တစ်နာရီ နောက်ပြန်ဆုတ်သွားပီ ဖြစ်ပါတယ်။ ပြောရရင်တော့ လူတွေ အိပ်ချိန် ၁ နာရီ ပိုရလာမှာ ဖြစ်ပါတယ်။ ဆိုတော့ Daylight Saving Time (DST) ဆိုတာက ဘာလဲ?
နှစ်စဉ်နှစ်တိုင်း US မှာ နေရောင်ခြည်စွမ်းအင်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်အောင် Spring ရောက်ရင် အချိန်ကို တစ်နာရီတိုးပြီး Fall ရောက်ရင် တစ်နာရီနောက်ပြန်ဆုတ်တဲ့ စနစ်ဘဲ ဖြစ်ပါတယ်။ “Spring Forward and Fall Back” ဆိုပြီးလည်း ခေါ်ကြပါသေးတယ်။ ဒီစနစ်ကို Benjamin Franklin ဆိုတဲ့ သူက ဂျာမနီနိုင်ငံမှာ ၁၈ ရာစု စစ်တွင်းကာလအတွင်း ဖယောင်းတိုင် ချွေတာသုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး နေ့ဘက်အလင်းတွေ ပိုမိုသုံးစွဲနိုင်အောင် စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ယနေ့ခေတ်အထိ အနောက်နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေကြပြီး နာရီပြောင်းလဲသတ်မှတ်တဲ့ကာလကတော့ နေရာဒေသအလိုက် ကွာခြားပါတယ်။ US မှာ ဆိုရင်တော့ DST ကို မတ်လ ဒုတိယအပတ် တနင်္ဂနွေနေ့ မနက် ၂ နာရီမှာ စပြီး နိုဝင်ဘာလ ပထမအပတ် တနင်္ဂနွေနေ့ မနက် ၂ နာရီမှာ ပုံမှန်စံတော်ချိန်ကို ပြန်လည်ရောက်ရှိတာဖြစ်ပါတယ်။
DST ရဲ့ အဓိက အားသာချက်ကတော့ လျှပ်စစ်စွမ်းအင်သုံးစွဲမှုနှုန်းကို သိသ်ိသာသာ ကျဆင်းစေတာဖြစ်ပါတယ်။ အချိန်ရှေ့တိုးလိုက်ခြင်းအားဖြင့် နေ့တာရှည်စေပြီး နေ့ဘက်မှာ ပိုမိုလှုပ်ရှားသွားလာ လွယ်ကူနိုင်စေပြီး စီးပွါးရေးတိုးတက်မှုနှုန်းကို အထောက်အကူပြုစေပါတယ်။ များသောအားဖြင့် စားသောက်ဆိုင်တွေ ခရီးသွားလုပ်ငန်းတွေ စတိုးဆိုင်တွေ အတွက် အကျိုးရှိစေပါတယ်။ နေ့ဘက်မှာ သွားလာလှုပ်ရှားဖို့ အချိန်ပိုလာတာဖြစ်တဲ့အတွက် ကျန်းမာရေးလှုပ်ရှားမှုတွေနဲ့ အခြား social activities တွေအတွက်ပါ အချိန်ပိုရစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးအတွက်ပါ မြင့်တင်ပေးပါတယ်။ သို့ပေမယ် အချိန် ပြောင်းလဲသတ်မှတ်တာက်ို တစ်နှစ်၂ ကြိမ် ပြုလုပ်တော့ လူတွေ အိပ်ရေးပျက်တာတွေ auto မဟုတ်တဲ့အိမ်မှာရှိတဲ့ တိုင်ကပ်နာရီတွေ လက်ပတ်နာရီတွေကို နာရီပြောင်းနေရတာနဲ့ အချိန်ဇယားတွေ ပြန်ညှိနေရတာတွေနဲ့ နေသားကျဖို့ ကြိုးစားရပါတယ်။ အခုအချိန်မှာတော့ US တချို့ပြည်နယ်များကတော့ အခုလိုပြောင်းနေရတာ အလုပ်ရှုပ်လို့ ရာသက်ပန်ပြောင်းဖို့ အဆိုတင်ထားပြီး Arizona လို ပြည်နယ်ကတော့ DST ကို ကျင့်သုံးခြင်းမရှိသေးပါဘူးလ်ို့ statista ကနေပြီး ဖော်ပြထားပါတယ်။
Your Daily Dopamine
Sun Nov 3, 9:37 PM
📈 📊 Learning ကို စိတ်ဝင်စားတဲ့ သူတွေ လေ့လာသင်ယူနေတဲ့ ကျောင်းသားတွေ အတွက် sharing လေးပါ
# Some Great Places to find free dataset for your projects
1. https://datasetsearch.research.google.com/ (free, data by Google)
2. https://earthdata.nasa.gov/ (Earth Science data, free, data by NASA)
3. https://www.bfi.org.uk/industry-data-insights (Entertainment, free, data by British Film Institute)
4. https://apps.who.int/gho/data/node.home (Health, free, data by UN World Health Organization)
5. https://datahub.io/collections (Business & Finance, mostly free, data by Datahub)
6. https://www.nyc.gov/site/tlc/about/tlc-trip-record-data.page (Transport, free, data by New York City Taxi and Limousine Commission)
7. https://archive.ics.uci.edu/datasets.php (Machine Learning, free, University of California Irvine)
8. https://data.gov/ (Government, free, data by US Federal Government)
9. https://data.unicef.org/ (Social Science, free, data by Unicef)
10. https://www.kaggle.com/datasets (free, data by Kaggle & registration required) ***Highly recommended, it is a community of sharing, collaborating and learning! User friendly and easy to navigate!
Happy Learning ပါ 🙂 By Your Dopamine
Find Open Datasets and Machine Learning Projects | Kaggle Download Open Datasets on 1000s of Projects + Share Projects on One Platform. Explore Popular Topics Like Government, Sports, Medicine, Fintech, Food, More. Flexible Data Ingestion.
09/05/2024
2024 မှာ ကိုယ်လုပ်ချင်တာတွေအများကြီးထဲက တစ်ခုချင်းစီကို ရအောင် အကောင်ထည်ဖော်သွားမယ်လို့ တွေးပြီး ဒီ page ကို ထောင်ဖြစ်ပါတယ်။
အရင်ကလည်း page တွေ အများကြီးထောင်ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆက်ပြီး မလုပ်ဖြစ်တော့ဘူး။ ဒီတစ်ခေါက်တော့ ရအောင် sharing လုပ်မယ် sense of achievement နဲ့ satisfaction ကို အပြည့်အဝ ခံစားမယ်လို့ ယုံကြည်ထားတယ်။
Dopamine ဆိုတဲ့ feel-good ဟော်မုန်းလေးအတိုင်း တစ်ခုခု အကျိုးသက်ရောက်မှုရှိပြီး တိုးတက်စေမယ် ဗဟုသုတတိုးစေမယ်ဆိုရင် စိတ်ကျေနပ်ပျော်ရွှင်တတ်တဲ့သူတွေအတွက် ကိုယ်နဲ့ စိတ်ချင်းနီးစပ်တဲ့ သူတွေအတွက် ဦးစားပေး sharing လုပ်သွားပေးမယ်လို့ စီစဉ်ထားတယ်။
ဥပမာ -
🎈Inspiring ဖြစ်စေမယ့် positive stories နဲ့ trends တွေ
📈Informative နဲ့ insightful ဖြစ်စေမယ့် အရာတွေ
🎀Learning ရစေမယ့် အရာတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ အရာ၊ English ဝေါဟာရအသစ်တွေ
စသဖြင့် အမြဲအစဉ်တစိုက် နားစွင့်လေ့လာရှာဖွေနေတဲ့ သူတွေ အတွက် ပေါ့ပေါ့ပါးပါး နဲ့ fun ဖြစ်အောင် ပေါင်းစပ်ဖန်တီးပေးသွားမယ်လို့ စိတ်ကူးထားတယ်။
နာမည်ကို ကာရံညီအောင် Daily ထည့်ပြီး ပေးထားပေမယ့် Daily မဟုတ်လည်း ပုံမှန်တင်ဖြစ်အောင် ကြိုးစားမယ်။ ကိုယ့်ကိုယ်ကိုလည်း လုပ်နိုင်မယ်လို့ ယုံကြည်တယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
30038