Bettline Iang

Bettline Iang

Share

Student

03/01/2026

လက်ကိုက်စားရင်း အိပ်ချင်နေတဲ့ အချိန်လေး🫶💙😀🥰
゚viralシviralシfypシ゚viralシalシ

02/14/2026

Happy Valentine’s Day ❤️🌹

01/31/2026

❓RCတွေ ဧဝံဂေလိ မလုပ်ကြဘူးနော် ❓
လုပ်ရမယ်ဆိုတာ မသိကြဘူးလား ?
မေးနေကြမေးခွန်းတွေထဲက တစ်ခုပေါ့…

ဟုပါတယ် လမ်းပေါ်မထွက်ကြပါဘူး .. 😁

Post တွေထဲမှာ မေးနေတဲ့ မေးခွန်း တစ်ခုကို ပြန် research လုပ်ပြီး ပြောပါမယ်။

မလုပ်ကြဘူးလားဆိုတော့ လုပ်ကြပါတယ် 🙂
ကက်သလစ်တွေက ဧဝံဂေလိ (Evangelization) ကို မလုပ်ဘူးဆိုတာ မမှန်ပါဘူး။

ဒါပေမယ့် လုပ်ပုံလုပ်နည်းက တခြားခရစ်ယာန်ဂိုဏ်းတွေ (ဥပမာ– Evangelical / Pentecostal) နဲ့ နည်းနည်းကွာပါတယ်။

ပြောရရင်

🇻🇦🇻🇦🇻🇦🇻🇦🇻🇦
• ကက်သလစ်တွေကလမ်းမှာထွက်ပြီး မကြာခဏ ဟောပြောတာထက် ဘဝအပြုအမူ၊ ချစ်ခြင်း၊ ဝန်ဆောင်မှု နဲ့ သက်သေခံတာကို အလေးထားပါတယ် ။
• ဆေးရုံ၊ ကျောင်း၊ မိဘမဲ့ကလေးရုံ၊ လူမှုရေးလုပ်ငန်းတွေက ကက်သလစ်ဧဝံဂေလိလုပ်နည်းပါ။
• ပုပ်ရဟန်းမင်းကြီးတွေကပါ “ဧဝံဂေလိလုပ်တာက ခရစ်ယာန်တိုင်းရဲ့ တာဝန်” လို့ မကြာခဏ ပြောကြပါတယ်။

🔴၁. ကက်သလစ်တွေက ဧဝံဂေလိ နဲ့ပါတ်သတ်ပြီး ဘာစည်းမျဉ်းတွေရှိလဲ?

ဧဝံဂေလိလုပ်ခြင်း ကို စည်းကမ်းမရှိဘဲ လုပ်ချင်သလိုလုပ်တာ မဟုတ်ဘဲ အသင်းတော်က ချမှတ်ထားတဲ့ မူဝါဒနဲ့ စည်းကမ်းတွေ အောက်မှာ လုပ်ပါတယ်။

အဓိက စည်းကမ်းတွေကို ရိုးရိုးရှင်းရှင်း ပြောရရင်

🔴၁.အတင်းအကျပ် မလုပ်ရပါ
• လူကို ကြောက်အောင်လုပ်တာ
• ယုံကြည်လာအောင် ဖိအားပေးတာ
• ပြောင်းလဲလာဖို့ တစ်ခုခုပေးတာ ဒီလိုအရာဒီအရာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။

ကက်သလစ်အမြင်အရ ယုံကြည်ခြင်းက လွတ်လပ်စွာ ရွေးချယ်ရတဲ့အရာ ဖြစ်ရပါမယ်။



🔴၂ အမှန်တရား + ချစ်ခြင်းနဲ့ပဲ ဧဝံဂေလိလုပ်ရမယ်
• မလိမ်ညာရ
• အခြားဘာသာတွေကို မလျော့ချပရ
• ကိုယ့်ဘာသာကသာ မှန်တယ်ဆိုပြီး မထိုးနှက်ရ။ အမှန်တရားကို ချစ်ခြင်းနဲ့ ပြောရမယ် ဆိုတာက အဓိကပါ။



🔴၃.ဘဝနဲ့ သက်သေပြရမယ်
• စကားနဲ့ပဲ မဟုတ်ဘဲ ဘဝအပြုအမူ၊ အကျင့်စာရိတ္တနဲ့ လူကို လေးစားခြင်း၊ ကူညီခြင်းနဲ့ ဧဝံဂေလိလုပ်ရမယ်။
ဒါကြောင့် ကျောင်းတွေ၊ ဆေးရုံတွေ၊ လူမှုရေးလုပ်ငန်းတွေကို အရမ်း အလေးထားတာပါ။



🔴၄.အသင်းတော်နဲ့ ညီညွတ်ရမယ်
• ကိုယ်ကြိုက်သလို သီအိုရီထုတ်ပြီး မဟောရပါ။ ကက်သလစ်အယူဝါဒနဲ့ မညီတဲ့ အရာတွေ မပြောရ။ သာသနာအာဏာပိုင် (ဘုန်းကြီး၊ ဘုန်းတော်ကြီး) တွေရဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ရမယ်။



🔴၅. ကိုယ့်Role နဲ့ ကိုယ် လုပ်ရမယ်။
• ဘုန်းကြီးတာဝန်က ဟောပြောခြင်း၊ သင်ကြားခြင်းလုပ်ရမယ်။
• အသင်းသား တွေက မိသားစု၊ အလုပ်ခွင်၊ လူမှုဘဝထဲမှာ သက်သေခံခြင်းလုပ်ရမယ်။
ဒါပေမယ့် လူတိုင်းကို လမ်းထွက်ဟောခိုင်းတာ မဟုတ်ပါဘူး။

တိုတိုနဲ့ ပြောရရင်တော့ ကက်သလစ်ယုံကြည်သူ အားလုံးပဲ လုပ်လို့ရတယ်။ လုပ်ခွင့်ရှိတယ်။
ဒါပေမယ့် စည်းဘောင်တွေ တော့ရှိတယ်ပေါ့။
ဒါပေမယ့် လူတိုင်းကို တစ်ပုံစံတည်း မခိုင်းပါဘူး။
ကိုယ့်အခြေအနေ၊ ကိုယ့်အခန်းကဏ္ဍအလိုက် လုပ်ရတာမျိုးပါ။


👑2. ကဲ ဘယ်သူတွေက ဘာတွေလုပ်ရသလဲ?

၁.ဘုန်းကြီးများ (Priests / Bishops)
• တရားဟောခြင်း
• သင်ကြားခြင်း
• သာသနာရေး ဦးဆောင်ခြင်း

👉 ဧဝံဂေလိကို စကားနဲ့ ရှင်းရှင်းလင်းလင်း ဟောပြောဖို့ တာဝန်အကြီးဆုံးရှိပါတယ်။



👑၂️⃣ (Religious – သီလရှင်၊ ကိုယ်ရင်များ)
• ပညာရေး (ကျောင်း)
• ဆေးဘက်၊ လူမှုရေး
• ဆင်းရဲသူများအတွက် ဝန်ဆောင်မှု

ဘဝနဲ့ သက်သေခံပြီး ဧဝံဂေလိလုပ်တာ အဓိကပါ။ အောက်မှာ ကက်သလစ်သီလရှင်များရဲ့ mission များနှင့်လက်ရှိမြန်မာပြည်မှာ mission လုပ်ရင်း သူတို့ mission နှင့်ဧဝံဂေလိလုပ်နေကြတဲ့ ဂိုဏ်းများကိုဖော်ပြပါမယ် ။


👑၃.လူသာမန် (Lay faithful)

ဒါက လူအများဆုံးပါ 👍
• မိသားစုထဲမှာ
• အလုပ်ခွင်မှာ
• မိတ်ဆွေများကြားမှာ

မိမိရဲ့ ဘဝအကျင့်၊ ချစ်ခြင်း၊ မှန်ကန်မှု နဲ့ ဧဝံဂေလိလုပ်ရတာပါ။လူတိုင်းကို ဟောပြောဖို့ မလိုပါဘူး ။ ယုံကြည်ချက်အကြောင်း မေးလာတဲ့အချိန် မှာ ဖြေပြနိုင်ရင် လုံလောက်ပါတယ်။


👑၄. မိဘများ

ကက်သလစ်အမြင်အရကလေးတွေအတွက် ပထမဆုံး ဧဝံဂေလိလုပ်သူတွေက မိဘတွေပါ
• ဆုတောင်းပြပေးခြင်း
• ယုံကြည်မှုနဲ့ အသက်ရှင်ပြခြင်း တို့ဖြစ်ပါတယ်။


👑၃.လူသာမာန်တွေက ဘာကြောင့် ဧဝံဂေလိမလုပ်တာလဲ? တရားဝင်ပေးမလုပ်တာလား? မဟုတ်ရင် လုပ်ရမယ်ဆိုတာ မသိတာလား?

ပေးလုပ်ပါတယ် ။
ပေးမလုပ်ဘူးဆိုတာ မဟုတ်ပါဘူး။
ကက်သလစ်အသင်းတော်မှာ သာမန်လူ (Lay people) တွေအတွက်ပါ Missionary အခန်းကဏ္ဍတွေ တကယ်ရှိပါတယ်။

ဒါပေမယ့် ဘုန်းကြီးလို၊ သီလရှင်လို တာဝန်အတူတူ မဟုတ်ဘဲ ကိုယ့်အခြေအနေအလိုက် ပေးလုပ်တာပါ

👑၁️⃣ Lay Missionaries (သာမန် Missionary)
အချို့နိုင်ငံတွေမှာသာမန်လူတွေကို Missionary အဖြစ် တရားဝင် ပို့ပါတယ်။ မိသားစုရှိလည်း သွားလို့ရတယ်။ မြန်မာပြည်မှာလည်း အချိန်ကာလသတ်မှတ်ပြီး (၂ နှစ်၊ ၅ နှစ် စသဖြင့်) ကျောင်း၊ လူမှုရေး၊ ဘုရားစကားသင်ခြင်း (Catechist) လုပ်ငန်းတွေ လုပ်ကြပါတယ်။ဘုန်းအသင်းတော်က ခွင့်ပြုပြီး ပို့တာ ဖြစ်ပါတယ်။

👑၂️⃣ Catechist (ဘာသာရေးဆရာ/ဆရာမ)

ဒါက သာမန်လူ Missionary အရေးကြီးဆုံးအခန်းကဏ္ဍ တစ်ခုပါ။
• ရွာတွေ၊ မစ်ရှင်ဒေသတွေမှာ
• ယုံကြည်မှု မသိသေးသူတွေကို သင်ကြား
• ဘုန်းကြီးမရှိတဲ့နေရာတွေမှာ အသင်းတော်ကို ထိန်းသိမ်းဖို့ရန်ဖြစ်ပါတယ် ။
အာဖရိက၊ အာရှမှာ သာမန် Catechist မရှိရင် အသင်းတော် မရပ်တည်နိုင်ပါဘူး လို့တောင် ပြောကြပါတယ်။


👑၃️⃣ Lay Missionary Organizations

သာမန်လူတွေအတွက် သီးသန့် အဖွဲ့အစည်းတွေရှိပါတယ် —
• Maryknoll Lay Missioners
• Jesuit Volunteer Corps (JVC)
• Focolare / Neocatechumenal Way
ဒီအဖွဲ့တွေက သာမန်လူတွေကို လေ့ကျင့်ပြီး မစ်ရှင်ပို့တာပါ။

အသင်းတော်အမြင်အရ သာမန်လူအများစုရဲ့ Missionary နေရာက
• မိသားစု
• အလုပ်ခွင်
• လူမှုအသိုင်းအဝိုင်း
လမ်းထွက်ဟောရမယ်လို့ မဆိုလိုပါဘူး။ ဘဝနဲ့ သက်သေခံတာကို Missionary လို့ သတ်မှတ်ပါတယ်။

🔴🔴🔴🔴🔴

၄.ဒီလောက် ထောက်ပံ့ပေးတယ် ဆိုရင် ဘာတွက်ကြောင့် ဧဝံဂေလိလုပ်တဲ့သူနည်းနေတာလဲ?

📍၁️⃣ “ဘုန်းကြီးတွေက လုပ်ရတာ” ဆိုတဲ့ အယူအဆ က ကက်သလစ်တွေထဲ ကျန်နေသေးလို့ပါ။

ကက်သလစ်ယဉ်ကျေးမှုထဲမှာ
ဧဝံဂေလိ = ဘုန်းကြီး / သီလရှင်
သာမန်လူ = နားထောင်သူ
ဆိုတဲ့ အယူအဆက အရမ်းနက်နက်ရှိုင်းရှိုင်း နေရာယူနေပါတယ်။

ဒါကြောင့်
➡️ သာမန်လူအများစုက
“ဒါ ငါ့တာဝန်မဟုတ်ဘူး” လို့ မသိစိတ်ထဲ ထင်နေတတ်ပါတယ်။



📍2. ယုံကြည်မှုကို စကားနဲ့ ဖော်ပြဖို့ မလေ့ကျင့်ထားလို့

ကက်သလစ်တွေက
• ဆုတောင်း
• ဝတ်ပြု
• လုပ်ရိုးလုပ်စဉ်
ကို ကျွမ်းကျင်ပေမယ့် ယုံကြည်တဲ့အကြောင်းကို စကားနဲ့ ဘယ်လိုပြောရမလဲ လေ့ကျင့်မှုမရှိပါဘူး။ အဲဒီတော့ မေးလာရင်တောင်
“မပြောတတ်ဘူး” လို့ နောက်ဆုတ်သွားတတ်ပါတယ်။

📍3. အတင်းမလုပ်ရဘူး”ဆိုတာ ကို “လုပ်ဖို့အရမ်းမလိုအပ်ဘူး” လို့ မှားနားလည်လို့

ကက်သလစ်အသင်းတော်က အတင်းအကျပ် မလုပ်ရ၊ လွတ်လပ်မှုကို လေးစားရမယ်လို့ သင်ထားခံရပါတယ်။

ဒါပေမယ့် လူအချို့ကအဲဒီကို အလွန်အကျွံ ကို လုံးဝလို့သဘောထားပြီး လုံးဝ မပြောတော့ဘူး ဖြစ်သွားပါတယ်။


📍၄.ဘာသာရေးကို “ကိုယ်ရေးကိုယ်တာ” လို့ ထားလွန်းလို့ဆိုတာလည်းပါပါတယ်။

ခေတ်သစ်လူ့အသိုင်းအဝိုင်းမှာ ဘာသာရေးက ကိုယ်ပိုင်ကိစ္စ” ဆိုတဲ့ စိတ်ထား အားကြီးပါတယ်။
ဆိုလိုတာက ပြောရင် မသင့်တော်ဘူးထင်တယ်၊
လူတွေတမျိုးထင်မှာကြောက်တယ်၊ ကိုယ့်ရဲ့ မပြည့်စုံခြင်းကို လူတွေထောက်မှာ စိုးရိမ်တယ်။


📍၅.အသင်းတော်ဘက်က သာမန်လူတွေကို ဦးဆောင်ခွင့်ပေးတာလည်း နည်းပါးတာလည်းရှိပါတယ်။

တချို့နေရာတွေမှာ

• သာမန်လူကို ယုံကြည်မပေးသေး
• တာဝန် မပေးသေး
• သင်တန်း မပေးသေး
ဒါကြောင့် စိတ်ရှိပေမယ့် လမ်းမတွေ့တဲ့သူတွေ အများကြီးပါ။



📍၆.ဒါပေမယ့်… အားနည်းတာက “မလုပ်ဘူး” မဟုတ်ဘူး

အရေးကြီးတာ တစ်ခုရှိပါတယ် 👇

သာမန်ကက်သလစ်အများစုက
• မိသားစုကို သစ္စာရှိ
• ဆင်းရဲသူကို ကူညီ
• အလုပ်မှာ ရိုးသား
သူတို့က ဧဝံဂေလိကို “ဘဝနဲ့” လုပ်နေပြီးသား ဖြစ်ပါတယ်။ စကားနဲ့ မပြောပြတတ်တာမျိုး ဖြစ်ပါတယ်။

လက်ရှိ ဧဝံဂေလို ကို Mission နဲ့ ရောပြီး လုပ်နေတဲ့ မြန်မာ ကက်သလစ်သီလရှင် ဂိုဏ်းတွေဖော်ပြပါအုံးမယ်။

၁️⃣ ပညာရေး သာသနာ (Education Ministry)
❤️St. Joseph of the Apparition (SJA)

၂.ကျန်းမာရေး သာသနာ (Health Care Ministry)
၃.လူမှုဖွံ့ဖြိုးရေး သာသနာ (Social Ministry)
❤️Sisters of Our Lady of the Missions (RNDM)

❤️Salesian Sisters (FMA – Daughters of Mary Help of Christians)
လူငယ်နှင့် ကလေးများအတွက် သာသနာ
• ဘော်ဒါကျောင်း
• လူငယ်ဖွံ့ဖြိုးရေး
• ဆင်းရဲတဲ့ မိန်းကလေးများ ပညာရေးတွက်လုပ်ဆောင်ပေးတယ်။

၄.ဘာသာရေးသင်ကြားမှု (Catechetical Ministry)
❤️ဘုရားကျောင်းတိုင်းမှာ ရှိပါတယ်။

၅. Missionary သာသနာ (ဧဝံဂေလိသာသနာ)
❤️Franciscan Sisters (OFM-related congregations)
ဆင်းရဲသူများ + Missionary
• တောင်တန်းဒေသ Missionary
. ဆင်းရဲသူများ၊ မကျန်းမာသူများ တွက်ဖြစ်ပါတယ်။

၆. ငြိမ်းချမ်းရေး & ပြန်လည်ကုစားရေး

အခုခေတ် မြန်မာအခြေအနေမှာဒီသာသနာက အရမ်းအရေးကြီးလာပါတယ်။
• စစ်ဘေးဒဏ်ခံရသူများ ကူညီ
• စိတ်ဒဏ်ရာ (trauma) ရှိသူများကို နားထောင်ပေးခြင်း
• လူမျိုး၊ ဘာသာ မခွဲဘဲ ငြိမ်းချမ်းရေးအတွက် ဆုတောင်း၊ လုပ်ဆောင်ကြပါတယ်။

မြန်မာပြည်တွင်း မွေးဖွားလာတဲ့ သီလရှင်ဂိုဏ်းများ
(Local Congregations)
ဂိုဏ်းချုပ်အလိုက် သာသနာတွေရှိပါတယ် ။
ဥပမာ —
• Pathein / Taunggyi / Loikaw / Mandalay ဂိုဏ်းချုပ် သီလရှင်ဂိုဏ်းများ
• ကျေးလက်ဒေသ Missionary
• Catechist သင်ကြားမှု
• လူမှုရေး + ငြိမ်းချမ်းရေး ကူညီမှု တွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်မှာဆိုရင် •

❤️“Good Shepherd Sisters” ဆိုတဲ့ အမျိုးသမီးသီလရှင်ဂိုဏ်း
• ရန်ကုန် General Hospital အနီးမှာ Health Care Ministry လုပ်ပါတယ်။
• HIV/အာရုံကြောရာဂါထိခိုက်သူများ၊ သက်မွေးဝမ်းကျောင်း ခက်ခဲသူများကို ဆေးကု/အစားအစာ & တည်းခို စသည့် အထောက်အပံ့ ပေးတယ်။

❤️နောက်ထပ် သီလရှင်ဂိုဏ်းတစ်ခု “ Sisters of Charity” ဆိုပြီး
• ဆေးကုသမှုအခမဲ့ / စရိတ်နည်း
• စနစ်ကျမ်းကို ကိုယ်စားပြု
• ကျန်းမာရေးပညာပေး / ဆေးကု ဆောင်ရွက်မှု
အပြင် လူငယ်၊ ဆင်းရဲသူအတွက် သတင်းစာအချက်အလက် သင်ကြားရွေးနိုင်စေပါတယ်။

❤️Home for the aged poor ( သိမ်ဖြူလမ်း ၊ ရန်ကုန်မြို့)
ဘိုးဘွားရိပ်သာ ဘာသာမရွေး တက်ရောက်နိုင်သော သက်ကြီးဘိုးဘွားရိပ်သာ ပြုစုခြင်း
ကျမ ကိုယ်တိုင် ၁၆ နှစ်သမီးထဲက မွေးနေ့တိုင်းရာသက်ပန်ပါဝင်ခဲ့သော အဖွဲ့အစည်းတစ်ဖြစ်ပါတယ်။

ဒါကတော့ ကက်သလစ်သီလရှင် များ ဧဝံဂေလိ နှင့် သာသနာလုပ်ငန်း တချို့ဖြစ်ပါတယ် ။ ဘုန်းကြီးတွေကတော့ ဒီထက်ပိုပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ကက်သလစ်တွေ ဧဝံဂေလိ လုပ်လားမလုပ်လား ဆိုတာ တီးမိခေါက်မိတော့ရှိလောက်မယ်။

ပုံစံမတူတာမျိုးပါ။ အငယ်ဆုံးသောကိုအဓိက ဦးစားပေးတာမျိုးဖြစ်တယ် ။

လမ်းပေါ်မှာ ဘာလို့မလုပ်ကြလဲဆိုရင် အထက်ကဖော်ပြပါအကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။

ကျမ အနေနှင့်ရော ဆိုရင် ဖိတ်သမျှ ဧဝံဂေလိ ပွဲတိုင်း လမ်းပေါ် လဲ သွားပါတယ်။ စင်ပေါ်ရော ၊ အခင်းပဲရှိတဲ့ ပွဲရော ၊ ဆေးရုံ သာမက HIV center အဆုံး ဘိုးဘွားရိပ်သာ မိဘမဲ့ အကုန် သွားရောက်ဟောပြောပါတယ်။

ထောင်သာသနာတော့ စိတ်အားကြီးနေပေမယ့် လက်ရောက်ပဲ ကူနိုင်ပေမယ့် လူကိုယ်တိုင်မရောက်ဖြစ်သေးပါ။

📍အရေးကြီးတာက ❤️ကက်သလစ်ဘာသာသာသူများ အနေဖြင့်လည်း ဧဝံဂေလိဆိုတာ ဘုန်းကြီး၊ သီလရှင်ပဲ လုပ်ရတဲ့ အရာမဟုတ်ပဲ ယုံကြည်သူတိုင်း မိမိယုံကြည်ချကိကို သက်သေခံရမှာဖြစ်သလို၊ ဘယ်လိုပြောရမယ် သက်သေခံရမယ် ဆိုတဲ့ သင်တန်း ၊ လေ့ကျင့်ခြင်းတွေကလည်း အသင်းတော် အနေနှင့် သင်တန်းလုပ်ဆောင်ပေးသင့်ပါတယ် ။

📍ဘာလို့ဆိုရင် ဘာသာသူအားလုံးသွားနိုင်တဲ့ နယ်ပါယ်ထဲကို Religious များမရောက်နိုင်တာဖြစ်လို့ အထက်မှာဖော်ပြသလို “ အတင်းအကျပ်မလုပ်ရ”ဆိုတာကို “ လုပ်ဖို့မလိုပါဘူး” လို့ မမှတ်ရဘူးဆိုတာလည်း နားလည်သင့်ပါတယ်။

📍အကျဉ်းချုပ်ရရင် မိမိ ခံယူချက်၊ လုပ်ဆောင်ပုံနဲ့ မတူတိုင်း မမြင်တိုင်း မလုပ်တာမဟူတ်ပါ။
လမ်းပေါ်ထွက်ဝေငှသူလိုသလို၊ အငယ်ဆုံးသူကို ပြုစုဖို့လဲ သခင်မှာပါတယ်။

ကျမ ထက် သီလရှင် ဂိုဏ်းများပိုသိတဲ့ သူတွေလဲ Comment ထဲ ဖြည့်ပေးပါအုံး။

ဒါကြောင့် ဗဟုသုတ ရရန်အလို့ငှါ တင်ပြအပ်ပါတယ် ။

✍️

Cynthia Lwin

01/31/2026

Soda pop 🎶သီချင်းကြားရင်မကပဲမနေနိုင်သော🤭

Photos from Bettline Iang's post 01/31/2026

အိပ်ချင်မူးတူးနဲ့ အသည်းတုန်းလေး🫶🥰

01/30/2026

🌅Morning 🫶💙

01/30/2026

ပင်လယ်မျှော့ တူနာငါး မိကျောင်းတို့ကို ထိန်းနေရပါတယ်😁😂🥰🥰🥰

Photos from Bettline Iang's post 01/28/2026

Dede and Tatu time 🫶💙🥰

01/22/2026

Photos from Bettline Iang's post 01/21/2026

Time for morning breakfast

Want your business to be the top-listed Beauty Salon in Garland?
Click here to claim your Sponsored Listing.

Category

Website

Address

Garland, TX