Mine's Twinkle - Poe

Mine's Twinkle - Poe

Share

A cozy space for simple joys, good vibes and playful adventures.

Join me in celebrating little sparks that bring big smiles in daily life as I share personal stories, lifestyle tips and moments that bright up my days!

31/05/2026

အသက်ကြီးလာတာနဲ့အမျှ Appreciate လုပ်တတ်ဖို့ဆိုတာ တကယ်အရေးကြီးမှန်းသိလာတယ်
ဥပမာ တစ်ယောက်ယောက်က ကိုယ့်အတွက် တစ်ခုခုလေးလုပ်ပေးလိုက်တာလေးကို ကိုယ်က ဪ သူငါ့အတွက်တော့ ဒါလေး effort စိုက်ပြီးလုပ်ပေးရှာတယ် ငါ့အတွက်စဉ်းစားပေးရှာတယ် ဆိုပြီး appreciate ဖြစ်တာမျိုး
နောက် တခြားလူတွေနဲ့မပါဘဲ ကိုယ်ရထားတဲ့ အခြေအနေပေါ်မှာ appreciate ဖြစ်တာမျိုး
ဟိုးအရင်ထဲက မြန်မာပြည်ရဲ့ တချို့ခေါင်ခိုက်တဲ့တောရွာတွေမှာ ဆန်အညံ့စား (တော်ရုံမြို့နေလူတန်းစားတွေအတွက်) မနည်းတောင်မျိုချရတဲ့ဆန်မျိုးတွေပဲစားရတယ် ကြားဖူးတယ် ဒီလိုနေရာကလူတွေကို ကိုယ်ချင်းမစာတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်အနေနဲ့တွေးကြည့်ရင်တောင် ကိုယ်နေတဲ့နေရာမှာ အနည်းဆုံးတော့ ထမင်းဝဝစားနိုင်တယ် သောက်ရေသန့်သောက်နိုင်တယ် အေးအေးချမ်းချမ်းနေထိုင်ရတယ် စသဖြင့်ပေါ့
ပြီးတော့ အများစုမေ့နေတတ်တဲ့ ကိုယ့်ကိုယ်ကို appreciate လုပ်တာမျိုး
ဒီနေ့အရမ်းပင်ပန်းခဲ့တာပဲ ဒါပေမဲ့ ငါကအကောင်းဆုံးလုပ်နိုင်ခဲ့တယ် Thank you for being strong enough to handle things well today ဆိုပြီး ကိုယ့်ခေါင်းလေးကိုယ် သပ်ပေးတာမျိုး
ဒီလို appreciation တွေက leads to gratitude နော် ဒါတွေကနေ ကျေးဇူးတင်လိုက်တာ ဆိုတာမျိုးဖြစ်လာတယ် တစ်စုံတစ်ယောက်ကို ဒါမှမဟုတ် တစ်စုံတစ်ခုကို နောက်ဆုံး ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေတဲ့အချိန်လေးတွေမှာ စိတ်ထဲအေးချမ်းမှုဆိုတာ ခံစားရတယ် နောက်တစ်ဆင့်က ဒီလိုကောင်းတဲ့အရာလေး something tangible or intangible လက်ခံရတဲ့အတွက် စိတ်ကပျော်ရတယ်
တစ်ဖက်လူပါတဲ့အခြေအနေမျိုးမှာ ကိုယ့် gratefulness ကိုခံစားမိတဲ့ အဲ့ဒီလူဟာလဲ ဒီလိုလေးထပ်တူ ခံစားမိမယ်ထင်တာပဲ
Appreciate မလုပ်တတ်ရင် ရှိနေတာ ရနေတာကို မတင်းတိမ်နိုင်တာတွေ ပိုလောဘကြီးမိတာတွေဖြစ်လာတတ်တယ် ဒါဆိုရင်တော့ အပေါ်ကကောင်းတဲ့ခံစားမှုလေးတွေ ကိုယ့်စိတ်မှာမဖြစ်တော့ဘူးပေါ့
ပိုး ကတော့အဲ့လိုအသိဝင်လာရင် ကိုယ့်ကိုယ်ကို သတိပေးရတယ် perspective လေးပြောင်းပြီးကြိုးစားကြည့်ရတယ်
ငါခုဒီပြဿနာတက်နေပေမဲ့ at least I am healthy today. Nothing bad happened to my family. Or I’m lucky enough to be with my family ဆိုပြီးပေါ့
လွယ်တော့တော်တော်မလွယ်ဘူး 🥲 အမြဲတမ်းလဲ အဲ့လိုစိတ်ထိန်းနိုင်တာမျိုးဟုတ်မနေသေးပါဘူး လုပ်ပါများရင်တော့အကျင့်ဖြစ်လာမှာပါပဲ ပိုး အတွက်အစ်မအရင်းလိုချစ်ရတဲ့အစ်မတစ်ယောက်က ပိုး ကိုလဲ အရမ်းချစ်တာလေးတွေပြတော့ ဒီနေ့ စိတ်ထဲအများကြီးကျေးဇူးတင်မိရင်းက စိတ်ပေါက်လို့တွေးမိတာလေးချရေးတာ ဖတ်ရင်းထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် comment ရေးသွားနိုင်ပါတယ် ❤️

ဒီ page လေးက education အတွက်ရည်ရွယ်ထားတာပေမဲ့ English နဲ့ဆိုင်တဲ့ video လေးတွေမလုပ်နိုင်သေးတုန်း ဒါလေးတင်ပါရစေ
ပုံကတော့ engagement တက်လိုတက်ငြား လှတာလေးတင်တာ 🤭

10/01/2026

Danang မှ Hue
The day I realized how much I love long cozy rides. ❤️ tour နဲ့ အသွားကို ရထား၊အပြန်ကို ကားနဲ့လည်ခဲ့ပါတယ်

Photos from Mine's Twinkle - Poe's post 01/12/2025

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာဘယ်လိုထုတ်ကြမလဲ

ပေါ်မလာတော်တော်ကြာပြီးတဲ့နောက် ဘန်ကောက်မှာ ရဲစခန်းထောက်ခံစာ ဘယ်လိုသွားထုတ်လို့ရလဲဆိုတာလေး လိုတဲ့သူတွေအတွက် အကူအညီနဖြစ်စေဖို့ share ပေးချင်လို့ 📝
နေရာကို comment မှာ location ချပေးထားပါတယ် BTS နဲ့သွားချင်တဲ့သူများ အစိမ်းလိုင်း Siam မှာဆင်းပြီး Siam center (Siam Paragon မျက်နှာချင်းဆိုင်) ဘက်က exit မှာဆင်းပြီး ၁၀မိနစ်လောက်လမ်းလျှောက်လို့ရမယ်
Criminal Record Division က Building 6 မှာရှိတယ် gate 6 ကဝင်ရတယ်

အထဲမှာလုပ်ရမယ့်အဆင့် ၅ ဆင့်ရှိပါတယ် ကောင်တာတွေမှာ နံပါတ် 1, 2, 3 စသဖြင့်တပ်ထားလို့ ဘယ်ပြီးဘယ်သွားရမယ် သိရလွယ်ပါလိမ့်မယ် မသေချာရင်လဲ ပိုး တွေ့ခဲ့သမျှဝန်ထမ်းတွေကတော့ အကုန်ဖော်ရွေကြလို့ ဒါပြီးရင် ငါဘာဆက်လုပ်ရမလဲ မေးရင် ဖြေပေးကြပါလိမ့်မယ်

ယူသွားရမှာတွေက
- Passport မူရင်း၊
- passport ရှေ့စာမျက်နှာ (bio page) ကော်ပီ ၁စောင်နဲ့
- တခြားဆိုင်ရာ အလုပ် သို့မဟုတ် ကျောင်းက ထောက်ခံစာ

လုပ်ရမှာတွေက
1. ရုံးထဲဝင်ဝင်ချင်း ညာဘက်မှာ နံပါတ် 1 Information Document Check ဆိုတဲ့ကောင်တာရှိတယ် အဲ့မှာတန်းစီ အပေါ်မှာပြောထားတဲ့ “ယူသွားရမှာတွေ” ကိုယ့်အလှည့်ကျပြ။ သူတို့စစ်ပြီးရင် စာရွက်တွေ တွဲပြီးပြန်ပေးလိမ့်မယ်
2. နောက် ကောင်တာ 2 မှာ ၁ကရတဲ့စာရွက်တင်ပြီး နာမည်ခေါ်တာစောင့်နေပါ၊ အလှည့်ကျရင် ကိုယ့်ရဲ့အချက်အလက်တွေဖြည့်ရတဲ့စာရွက်ထုတ်ပေးပါလိမ့်မယ် အဲ့စာရွက်မှာပါတဲ့ ကိုယ့်ရဲ့နာမည်နဲ့ passport နံပါတ်ကိုစစ် မှန်တယ်ဆိုရင် အဖေအမေနဲ့ အိမ်ထောင်ရှိရင် အိမ်ထောင်ဖက် နာမည်တွေဖြည့်၊ လက်မှတ်ထိုး၊ ရရင် ကိုယ်တိုင်လာထုတ်မှာလား သူတို့ပို့ပေးရမှာလားစသဖြင့်မေးထားတာမှာ အမှန်ခြစ်လေးခြစ်ပေး
3. နောက် ကောင်တာ 3 မှာ စောနကစာရွက်တွေအကုန်ပြ ဘတ် ၁၀၀ တောင်းလိမ့်မယ် ပြီးရင် အပြာရောင် receipt လေးထုတ်ပေးလိမ့်မယ် သိမ်းထားပါ
4. နောက် ကောင်တာ 4 မှာက နောက်တစ်ဆင့် 5 လို့ရေးထားတဲ့အခန်းထဲဝင်ဖို့ Q ယူရတာ immigration ရုံးတွေမှာလိုပဲ ဘယ်နံပါတ်က ဘယ်ထိုင်ခုံနံပါတ်ကိုသွားဆိုတာမျိုး board လေးမှာပြလိမ့်မယ် (ဥပမာ 601, table 2)
5. အလှည့်ကျရင် သွားရမယ့် ခုံအမှတ်ကိုသွား officer (ရဲအရာရှိ) တွေက တစ်ယောက်ထိုင်စားပွဲလေးတွေနဲ့ထိုင်နေတာ ကိုယ်က ဘေးမှာရပ်ရတယ်။ hand sanitizer နဲ့လက်ဆေးခိုင်းလိမ့်မယ် လက်ဗွေနှိပ်ဖို့။ ပြီးရင် ကောင်တာ ၂မှာကိုယ်ဖြည့်ထားတဲ့စာရွက်ထဲက အဖေအမေနာမည်နဲ့ ကိုယ့်အချက်အလက်တွေကို သူတို့ system ထဲရိုက်ထည့်လိမ့်မယ် ပြီးရင် စာလုံးပေါင်းစစ်ခိုင်းတယ် (လက်ရေးမသဲကွဲရင်ပေါ့) သူတို့မှားရိုက်မိမစိုးလို့။ နောက် ဘယ်ညာ လက်လေးချောင်း၊ ဘယ်ညာ လက်မနဲ့ ဘယ်ညာ လက်၁၀ချောင်းတစ်ချောင်းချင်းစီကို ကိုယ့်လက်ကိုသူတို့ကိုင်ပြီး လက်ဗွေတွေသေချာယူလိမ့်မယ်
6. နောက်ဆုံးအဆင့်က 8 ဆိုတဲ့ကောင်တာမှာ ကောင်တာ 5 ကရလာတဲ့ စာရွက်တွေပေးလိုက်ရင် ထောက်ခံစာထုတ်ရမယ့်နေ့စွဲပါတဲ့ appointment စာရွက်လေးရယ် စောနက ဘတ်၁၀၀ပေးထားကြောင်း အပြာရောင်ပြေစာရယ် ပေါင်း၂ရွက် ပြန်ပေးလိမ့်မယ်
ဒါဆို အဲ့နေ့မှာပြန်သွားထုတ်လို့ရပါပြီ ခုသွားခုထုတ်မရလို့ ဒီပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာယူမယ်ဆို ကိုယ်လိုမယ့်အချိန်နဲ့ညှိပြီး ကြိုသွားယူဖို့ အကြံပေးပါတယ်နော် ပြီးတော့သူက ၃နာရီဆိုပိတ်ပါတယ်တဲ့

ဘယ်လိုသွားရကြောင်း ပုံတွေမှာတော့တတ်နိုင်သလောက်လမ်းညွှန်ပေးထားပါတယ် အထဲမှာတော့ မရိုက်ရဲလို့ပုံမရိုက်ခဲ့ဘူးရှင့် တော်ကြာ သွားရှင်းတာကို ပိုရှုပ်သွားမစိုးလို့ 🤭

ကိုယ့်အတွေ့အကြုံပေါ်မူတည်ပြီးပဲရေးထားတာမို့ သိချင်တာရှိလို့ အောက်က်မှာ comment နဲ့မေးထားရင် လိုင်းတက်တဲ့အချိန်ကျ သိသလောက်ထပ်ဖြေပေးပါ့မယ်😉

Photos from Mine's Twinkle - Poe's post 15/07/2025

📣🚨ရက် ၉၀ အကြောင်းကြား (90 days report) တင်တဲ့နေရာပြောင်းသွားတာသိပြီးကြပြီလား
Government Complex မှာအရင်က visa ကိစ္စနဲ့ ရက် ၉၀ တုံးက တစ်ထပ်တည်း တစ်ခန်းထဲမှာပါ
ခု 14 ရက် July 2025 ကစပြီး နေရာသစ်ကိုရွှေ့သွားပါပြီ
Government Complex မှာပါပဲ အရင်နေရာရဲ့ နောက်တစ်ထပ်မှာပါ အရင်နေရာက ဝင်ပေါက်ကဝင်ဝင်ခြင်းအလွှာ (2nd floor) မှာပါ ခုပြောင်းသွားတာက အဲ့ရဲ့နောက်အပေါ်ထပ် (3rd floor) မှာပါ
ရှာရလွယ်အောင် ပုံလေးတွေမှာသေချာလေးလမ်းညွှန်ထားပါတယ် အဆင်ပြေကြပါစေရှင်

02/07/2025

ခွက်ချင်းတိုက်စရာအိမ်မှာ မက်ခွက်အနီပဲရှိလို့ အဲ့ဒါနဲ့ပဲတိုက်ပြရတဲ့ငါ့ဘွ 🥲 ပြီးတော့ ကော်ဖီကလဲ ကိုယ်ပေးကိုယ်ယူနော် ဘယ်သူမှလာရှုပ်လို့မရဘူး
Cheers ကို ခွက်ချင်းတိုက်ပြီး toast တဲ့အချိန်အပြင် တခြားဘယ်အချိန်တွေမှာ ပြောလို့ရသေးလဲ Meanings of "Cheers"

12/06/2025

Learn Your Relationship Journey: How Love Happens Step by Step from Single to I Do! တစ်ကိုယ်တည်းသမားဘဝကနေ လက်ထပ်တဲ့အထိ တစ်ဆင့်ခြင်းပြောကြည့်ကြမယ်

25/04/2025

အခြေခံကစ နေ့စဉ်သုံး English စာလေးတွေ ဒီ page လေးမှာ share ပါတယ်နော် အတူတူလေ့လာမယ်ဆို welcome ပါလို့
https://www.facebook.com/share/19mVhBT8c7/?mibextid=wwXIfr

23/04/2025

လူတစ်ယောက်က ကိုယ့်ကိုမကောင်းတာတစ်ခုခုလာ wish ရင် English လို ဘယ်လိုပြန်ပြောရမလဲ?

22/04/2025

နောက်ကို English or Thai ဘာသာစကားနဲ့ပတ်သက်တဲ့ video လေးတွေကို ဒီ page လေးမှာပဲ တင်ပါမယ်နော် daily communication မှာကအစ သုံးလွယ်တာလေးတွေကို မှတ်မိလွယ်အောင် video လေးတွေနဲ့ တင်ပေးမှာမို့ follow and like လုပ်ထားဖို့မမေ့နဲ့နော် 😉
YouTube: https://youtu.be/DFSbkZncSTg?si=ii1EmdLpAxanrdDS

English phrase "Me too" when & how to use .. အသုံးများတဲ့ "me too" ဆိုတာလေးကို ဘယ်ချိန်သုံးလို့ရလဲ ဒီ video လေးထဲ share ထားပါတယ်နော် နောက် video ကျရင် "you too" ဆိုတဲ့ အသုံးလေးအကြောင်း share ပေးပါရစေ 😉

Want your business to be the top-listed Beauty Salon in Da Nang?
Click here to claim your Sponsored Listing.

Address

Da Nang