Cherry Beauty & Collagen

Cherry Beauty & Collagen

Share

HM products များ လက်လီလက်ကား တနိုင်ငံလုံးဖြန့်ချီ
☎️09420166182 /09766272376

13/06/2026

Skincare Set လမ်းညွှန်🤔

HM Skincare Set တွေတွေ့ပေမယ့် ကိုယ်နဲ့ဘယ် Set က အဆင်ပြေမလဲမသိဘူးဆိုပြီး ရွေးချယ်ရခက်နေသူတွေအတွက် ဒီပိုစ့်လေးကပြောပြပေးမှာမလို အဆုံးထိဖတ်ကြည့်ပေးနော် 🥰

👉 မျက်နှာနဲ့ Body အတွက် ဘာတစ်ခုမှမပူစေရမယ့် Perfect Set လေးလိုချင်ရင် ဒီ Set လေးကိုရွေး
9 Products 1 Set
ပါဝင်ပစ္စည်း
- Cotton Pad
- Cleansing Water
- Enzyme Cleanser
- Moisturizing Skin Toner
- Liquid Essence
- Moisturizing Soft Cream
- Retinol Eyecream
- SPF50+ PA++++ Sunscreen
- Body Lotion

👉 မျက်နှာလေးကိုကြည်လင်ဝင်းပပြီး မျက်ဝန်းလှလှလေးကိုပါ ပိုင်ဆိုင်ချင်တယ် Budget လည်းလျော့ချင်တယ်ဆိုရင် ဒီ Set လေးကိုရွေး
6 Products 1 Set
ပါဝင်ပစ္စည်း
- Enzyme Cleanser
- Moisturizing Skin Toner
- Liquid Essence
- Moisturizing Soft Cream
- Retinol Eyecream
- SPF50+ PA++++ Sunscreen

👉 အရေးအကြောင်းကင်းပြီး ပြစ်မျိုးမှဲမထင်မျက်နှာပိုင်ရှင်လေးဖြစ်ချင်တယ်ဆိုရင်တော့ ဒီ Set လေးကိုရွေး
6 Products 1 Set
ပါဝင်ပစ္စည်း
- Cleansing Water
- Enzyme Cleanser
- Moisturizing Skin Toner
- Liquid Essence
- Moisturizing Soft Cream
- SPF50+ PA++++ Sunscreen

👉 Skincare ကိုအဆင့်အများကြီးလည်းမလုပ်ချင်ဘူး budget လည်း save ချင်တယ်ဆိုရင်တော့ ဒီ Set လေးကိုရွေး
5 Products 1 Set
- Enzyme Cleanser
- Moisturizing Skin Toner
- Liquid Essence
- Moisturizing Soft Cream
- SPF50+ PA++++ Sunscreen

👉 မျက်ဝန်းလှလှလေးနဲ့ မျက်နှာကိုအရွယ်တင်စေတဲ့ပုံပေါ်ချင်တယ် ဈေးလည်းသက်သာချင်တယ်ဆိုရင် ဒီ Set လေးကိုရွေး
4 Products 1 Set
- Liquid Essence
- Moisturizing Soft Cream
- Retinol Eyecream
- SPF50+ PA++++ Sunscreen

👉 အရွယ်တင်စေပြီး အသားအရေကိုအထိရောက်ဆုံးအားဖြည့်ချင်တယ် ပေးရတဲ့ဈေးထက်ကို တန်တဲ့ results မျိုးလိုချင်ရင်တော့ ဒီ Set လေးကိုရွေး
3 Products 1 Set
- Liquid Essence
- Moisturizing Soft Cream
- SPF50+ PA++++ Sunscreen

ဒါဆိုရင်တော့ HM Skincare Set ရွေးတဲ့အခါ ဘယ်ဟာကိုရွေးရမလဲဆိုပြီး ရွေးချယ်ရခက်တာမျိုး မဖြစ်တော့ဘူးထင်ပါတယ် ကိုယ်နဲ့အဆင်ပြေဆုံး set ကိုရွေးချယ်ပြီး စိုပြေဝင်းပတဲ့အသားအရေလေးပိုင်ဆိုင်နိုင်ကြပါစေနော် သဲလေးတိုရေ… 💙

13/06/2026

New born & Now #အာပုကျူး

12/06/2026

#တရားတော်

12/06/2026

🦋✨
မိမိတကယ်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ဖြစ်စေလိုတဲ့အရာတစ်ခုကို ဆုတောင်းခဲ့ပြီး share ကြည့်ပါ……✨🩵

မယုံနိုင်အောင် ဆုတောင်းပြည့်ပါလိမ့်မယ်….✨💞

🤍🪄
My telegram channel 👇

https://t.me/+Rdy8xyO7HOljZDY1

🔮🌙

11/06/2026

#အာပုကျူး

09/06/2026

၇ လထဲ ၀င်နေပြီ မေ့သမီးလေး
#အာပုကျူး

Photos from Cherry Beauty & Collagen's post 04/06/2026

နေ့ဘက် သုံးမလား?
ညဘက် သုံးမလား?

နေ့ရော ညရော သုံးမလား?

ဒါမှ မဟုတ် Face & Body အတွက် အစုံသုံးမလား?

ဘာပဲ လိုလို အရည်အသွေးကောင်းပြီး သုံးဖူးသူတိုင်း ကြိုက်ကြတဲ့
Korea Made Skincare လေး ရှိတယ်နော်...

လိုအပ်သလိုသာ ရွေးလိုက်တော့🙆

03/06/2026
03/06/2026

Hori’s nevus ကုရခက်တဲ့ ပါးပြင်အမဲစက်

Hori’s Nevus (ဟိုရီ မှဲ့ခြောက်)ဆိုတာ မိန်းကလေးတွေ ပါးပြင်နှစ်ဖက်မှာတွေ့ရတဲ့ မီးခိုးရောင်၊အပြာရောင် (သို့) အမည်းရောင် တင်းတိပ်ဆန်ဆန် အကွက်တွေဖြစ်ပါတယ်။ တင်းတိပ်နဲ့ မှားယွင်းတတ်တယ်။ Deep Dermal Melanocytosis အရေပြားအောက်ပိုင်းလွှာမှာ စုပုံပြီးဖြစ်တဲ့ အမည်းကွက်တွေဖြစ်လို့ ကုရခက်တယ်။ စိတ်ရှည်ရတယ်။ ဒီတင်းတိပ်ဆန်ဆန် အမည်းကွက်တွေဟာ အပျိုဖော်ဝင်စ အသက် ၂၀ နောက်ပိုင်းတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ အဓိကတွေ့ရပြီး အသက် ၃၀-၄၀ ပတ်ဝန်းကျင်မှာ စတင်ပေါ်ပေါက်လာတတ်တယ်။

Hori’s Nevus ရဲ့ လက္ခဏာတွေဟာ သိသာပါတယ်။ ပါးပြင်ပေါ်မှာ အပြာရောင်၊ မီးခိုးပြာရောင်၊ အညိုရောင်အစက်အပြောက်ငယ်လေးတွေ ဖြစ်ခာပါတယ်။

အမည်းစက်ဟာ တစ်စက်တည်းထက် အစက်ပေါင်းများစွာ အုပ်စုလိုက်ပေါ်တတ်ပါတယ်။ နားထင်နဲ့ ပါးပြင်ပေါ်မှာ အဓိကပေါ်လာတတ်တယ်။ တစ်ခါတစ်ရံ နဖူး၊ မျက်ခုံး၊ နှာခေါင်း၊ မေးရိုးအနီးတွေမှာလည်း တွေ့ရတတ်တယ်။ ဒီအမည်းကွက်တွေဟာ ကြည့်ရဆိုးပေမယ့်ယားယံတာ၊ နာကျင်တာမျိိုး မရှိပါဘူး။ လူကိုဒုက္ခမပေးပေမယ့် မျက်နှာ အလှအပဆိုင်ရာ ပြဿနာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။

Hori’s nevus ဟာ အရေပြားရဲ့ အတွင်းလွှာ (Dermis) မှာ Melanocytes လို့ခေါ်တဲ့ အရောင်ခြယ်ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ စုပြုံအနည်ကျနေရာကနေ ဒီလိုအမည်းရောင်အစက်တွေ ဖြစ်ပေါ်လာရတယ်။ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် မျိုးဗီဇနဲ့ သက်ဆိုင်တယ်လို့ ကောက်ချက်ဆွဲကြတယ်။ အာရှတိုက်လူမျိုး (အထူးသဖြင့် အရှေ့တောင်အာရှက အမျိုးသမီး) တွေမှာ ပိုအဖြစ်များပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သန္ဓေတားဆေးသုံးစွဲချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများရင်လည်း ဖြစ်ပွားနိုင်ခြေ မြင့်တက်လာတယ်။ တခါတရံ အရေပြားပျက်စီးစေတဲ့ ဆရာဝန်ရဲ့ ကုသမှုအမှားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကုသနည်း

ဟိုရီမှဲ့ခြောက်တွေဟာ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်ပေမယ့် သူ့အလိုလို ပျောက်သွားလေ့မရှိတာဘဲ အလှအပဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒီတင်းတိပ်ဆန်ဆန် အမည်းစက်တွေကုတဲ့အခါ လေဆာပစ်ရတယ်။ လေဆာတွေထဲမှာ Nd:YAG laser (အနီအောက်လေဆာ) ကို အဓိကအသုံးပြုရတယ်။

အနီအောက်လေဆာထဲမှာ Q-Switched Nd:YAG Laser နည်းလမ်းဟာ အထိရောက်ဆုံး ကုသမှုနည်းလမ်း ဖြစ်ပါတယ်။ လေဆာရဲ့ စွမ်းအားက အရေပြားအတွင်းလွှာထဲက မဲလနင်ဓာတ်အစက်တွေကို ချေဖျက်ပေးပါတယ်။ ကုသမှုအကြိမ်ရေ ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လိုအပ်နိုင်ပြီး၊ တစ်ကြိမ်နဲ့တစ်ကြိမ် ၄ ပတ်မှ ၈ ပတ်အထိ ခြားပေးရတယ်။ Picosecond Nd:YAG Laser လေဆာက ဟိုရီမှဲ့ခြောက်ကုသရာမှာ နောက်ဆုံးပေါ်လေဆာဖြစ်တယ်။ Q-Switched Laser ထက် ပိုမိုထိရောက်ပြီး မြန်ဆန်တဲ့ လေဆာလှိုင်းတွေကို အသုံးပြုတယ်။ အနာကျက်ချိန်မြန်ဆန်ပြီး ဘေးထွက်ဆိုးကျိုးပိုနည်းတယ်။

အခြားကုသနည်းတွေထဲမှာ အရေပြားတိုက်စားခြင်း (Dermabrasion)၊ ဓာတုဆေးရည်နဲ့ အရေပြားအလွှာချွတ်ခြင်း (Chemical Peels)စတာတွေ အသုံးပြုကြတာရှိတယ်။ ဒီနည်းတွေက လေဆာနည်းလောက် ထိရောက်မှု မရှိတာတွေ့ရတယ်။ တခါတရံ အရောင်ချွတ်လိမ်းဆေး (Topical Lightening Creams)တွေ တွဲသုံးရတတ်တယ်။ ဒီလိမ်းဆေးခရင်မ်တွေက လေဆာကုသမှု ရလဒ်ကို ပိုကောင်းစေဖို့ ကူညီပေးနိုင်တယ်။ ဆေးဝါးတခုတည်းနဲ့ Hori’s Nevus ကို လုံးဝပျောက်အောင် ကုသဖို့ ခဲယဉ်းတယ်။

အကြံပြုချက်

Hori’s nevus ကုသတဲ့အခါ မိမိသဘောနဲ့မိမိ မကုသပါနဲ့။ မှားယွင်းကုသမှုကြောင့် အရေပြားအတွင်းလွှာ ပိုမိုပျက်စီးသွားတာမျိုး မကြာခဏတွေ့ရတယ်။ ရောဂါကုတဲ့အခါ ကျွမ်းကျင်တဲ့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကုသမှုနည်းလမ်းကို ရွေးချယ်သင့်တယ်။ ကုသမှုခံယူပြီးတဲ့အခါ နေရောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းပေးဖို့ အရေးကြီးပါတယ်။

Hori’s Nevus (ဟိုရီ မှဲ့ခြောက်) ဟာ အန္တရာယ်မရှိပေမယ့် ခေတ်မီလေဆာနည်းပညာတွေနဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သင့်တော်တဲ့ ကုသမှုကို ခံယူသင့်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကု

Telephone

Website