Learn Japanese With Ngwe Hnin

Learn Japanese With Ngwe Hnin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn Japanese With Ngwe Hnin, Yangon.

20/05/2025

စာစလုပ်ဖို့ကို ပျင်းလို့ အချိန်ဆွဲတယ်။ပျင်းတာမကောင်းမှန်းလည်းသိတယ်ဆိုရင် နည်းလမ်းတစ်ခုပြောပြမယ်။

ကျွန်မတို့ကို များသောအားဖြင့် လွှမ်းမိုးထားတတ်တာက ပျင်းတဲ့စိတ်ပါ။လုပ်ရမှာလည်းသိတယ်။အလုပ်မပြီးသေးတာလည်းသိတယ်။ဒါပေမယ့် အချိန်ဆွဲနေတာနဲ့ပဲ ပြီးသင့်တဲ့အလုပ်မပြီးတာ၊အချိန်ကုန်သွားမှ ငါဒါကိုလုပ်လိုက်ရမှာဆိုတာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။တကယ်တော့ ပျင်းတဲ့စိတ်ဆိုတာ ငါဒါကို အချိန်တစ်နာရီလုပ်ရဦးမယ် နှစ်နာရီလုပ်ရဦးမယ်ဆိုတဲ့ အသိကနေလာတာပါ။စာလုပ်တာမျိုးကို ဘယ်သူမှအချိန်ကြာကြာ မလုပ်ချင်ကြပါဘူး။

ဒီလို ပျင်းတဲ့စိတ်ကို ဖယ်ရှားဖို့ နည်းလမ်း တစ်ခုရှိပါတယ်။ကိုယ့်ရဲ့ short term goalနဲ့long term goalတွေကိုချရေးပြီး နံရံမှာကပ်ထားပါ။စိတ်ထဲမှာဆိုရင်က social mediaသုံးနေတဲ့အချိန်ဆို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်လို့ပါ။မျက်စိနဲ့မြင်နေရရင်က ငါလုပ်ရဦးမှာပဲဆိုတဲ့အတွေးကိုဝင်လာစေလို့ပါ။
ဒါဆို ဒီနည်းလမ်းလေးကိုစမ်းလုပ်ကြည့်ကြနော်။အရင်ကတည်းကသိပြီးတော့ effectiveဖြစ်စေတယ်ဆိုတဲ့သူတွေရှိရင်လည်း commentရေးပေးခဲ့ကြဦးနော်။

08/05/2025

皆さんN3 readingတွေခက်လို့ စိတ်ဓာတ်ကျနေတယ်၊ဂျပန်စာသင်ဖို့ကို ရပ်လိုက်ချင်တယ်လို့ တစ်ကြိမ်ထက်ပိုပြီး တွေးနေတယ်ဆိုရင်တော့ ဒီစာလေးကို ဖတ်ဖို့လိုပြီနော်။
N3 levelဟာ Intermediate level
ဖြစ်တဲ့အတွက် ဂျပန်စာလမ်းခရီးရဲ့ တစ်ဆစ်ချိုးလို့ ပြောလို့ရပါတယ်။အဲဒီအတွက် N5 N4တုန်းကလို မဟုတ်တော့ဘဲ readingတွေဟာ သိသိသာသာ ခက်ခဲလာတာကို မျက်ဝါးထင်ထင် ကြုံတွေ့လာရတာဖြစ်ပါတယ်။တချို့ readingအပုဒ်တွေဆို တစ်ပုဒ်လုံး generalနားလည်နေတာတောင်မှ key pointလေးတစ်ခုကို မဖမ်းမိလိုက်လို့ မေးခွန်းဖြေလို့မရတာတွေပါရှိပါတယ်။အထူးသဖြင့် 長文တွေမှာ ဖြစ်တတ်ပါတယ်။ကိုယ့်အနေနဲ့ ခက်ခဲလာပြီလို့ ခံစားရတဲ့အချိန်မှာတော့ သင်လက်လျှော့ချင်လာတာဟာ သဘာဝပါ။ဒါပေမယ့် အဲဒီလိုခံစားလာရရင် အစကို ပြန်သွားကြည့်ပါ။N5 N4ကိုအောင်မြင်ဖို့ သင်ဘယ်လိုတွေ effortထုတ်ခဲ့ရတယ်၊ဘာသင်တန်းတွေ တက်ခဲ့ရတယ်ဆိုတာတွေ recallပြန်ခေါ်လိုက်ပါ။သင့်ဆီကို ငါ ခရီးတော်တော်ရောက်နေပါလားဆိုတဲ့ အတွေးဝင်လာပါလိမ့်မယ်။အဲ့လိုမှမဟုတ်သေးဘူးဆိုရင် ဂျပန်စာသင်တာကို ခဏbreakလိုက်ကြည့်ပါ။ပုံမှန်routineမှာ လုပ်နေရတုန်းက မထူးခြားပေမယ့် ဒီလိုဝေးကွာသွားတဲ့အချိန်မှာ ဂျပန်စာသင်ခဲ့တာကို စိတ်ထဲစွဲနေမယ်ဆိုရင်တော့ ဒီခရီးလမ်းကို ဆုံးတဲ့အထိ ဆက်လျှောက်ဖို့ ထိုက်တန်သွားပါပြီ။私ကိုယ်တိုင်လည်း ဒီလိုနဲ့ N3ကို ဖြေ ဖို့ ဆုံးဖြတ်ခဲ့တာမို့လို့ 皆さんအတွက်လည်း အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

09/02/2025

မင်မင် အခုတလောပျောက်နေတာJ Dramaတွေဘက် အလည်လွန်နေလို့ပါ 😛 မင်မင်က အရင်ကဆို J Dramaတွေ ကြည့်လေ့ကြည့်ထရှိတဲ့လူမဟုတ်ပေမယ့် အခုတော့ listeningလေးလည်းကောင်းအောင်၊speakingလေးလည်းတိုးတက်လာအောင် J Dramaတွေပဲ ကြည့်ဖြစ်နေပါတယ်။皆さんတို့ကိုလည်း မင်မင် အခုတလော အကြိုက်တွေ့နေတဲ့ ဇာတ်ကားလေးကို ကြည့်စေချင်ပါတယ်။မင်မင့်လို K Drama fanကိုတောင် J Dramaဘက်ရောက်အောင် လုပ်နိုင်တဲ့ကားလေးပါ။မကြည့်ခင် tissueဆောင်ထားဖို့ အကြံပေးတယ်နော်။အဆွေးတလိုင်း dramaလေးဖြစ်တာရယ်၊ကြိုးစားချင်စိတ်ဖြစ်အောင် motiပေးတဲ့dramaလေးလည်းဖြစ်တာမို့ အကြိုက်တွေ့စေမှာပါ။ဇာတ်ဝင်တေးလေးကအစ ဆွေးချင်စရာလေး။မင်းသားကလည်း မင်မင် အမှတ်မမှားဘူးဆိုရင် You are the apple of my eye(japan version)ထဲက မင်းသားလို့ ထင်တယ်။မင်မင်ကြည့်တာတော့ ဂျပန် မြန်မာစာတန်းထိုးနဲ့ paid ဝယ်ပြီးကြည့်တာ။တခြားကြည့်လို့ရတဲ့နေရာတွေလည်းရှိမယ်ထင်တယ်။နာမည်က Kimi ga kokoro wo kuretakara(ပေးဆပ်ခြင်းနှလုံးသား)ပါ။

Photos from Learn Japanese With Ngwe Hnin's post 11/01/2025

ဂျပန်လို flirtကြည့်ကြရအောင်။

ခုချိန်ထိ မြန်မာလို flirtနေကြတုန်းပဲလား။ဂျပန်စာသင်နေတဲ့ 皆さんတို့ကတော့ ကိုယ် flirtချင်နေတဲ့သူကလည်း ဂျပန်စာသင်နေတယ်ဆိုရင် ဂျပန်လိုလေးလည်း flirtကြည့်သင့်တယ်နော်။စာလည်းနွှေးပြီးသားဖြစ်၊flirtပြီးသားလည်းဖြစ်:3

Flirtingလုပ်တာကို ဂျပန်လို イチャイチャするလို့ ခေါ်ပါတယ်။ကဲ ဒါဆို ဂျပန်လို イチャイチャဘယ်လိုလုပ်ကြမလဲဆိုတာ step by step ပြောပြပေးပါမယ်။

Part 1ကတော့ flirtဖို့ conversation စတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။

11/01/2025

When မိမိN1ရောက်သွားသောအခါ

အမြော်ကင့်ကြီးပဲနော်။
ကျမော်က အဲ့ဖော်ကီလင်ကို သိပ်ကျော်ကိုက်တာ။အမြော်ကင့်ကနေ အော်ကောက်ကို ကြည့်ရတဲ့ ဖီလင်က ဘော်ကာနဲ့မှ မတော်ကူဘူး။အရော်ကာအားလုံးက ကော်ကို့ရဲ့ အောက်ကမှာ ကော်ကိုက ထော်ကိပ်ဆုံးမှာ

Photos from Learn Japanese With Ngwe Hnin's post 29/12/2024

မအိပ်ခင် 漢字Quizလေးဖြေကြည့်ကြရအောင်။
ဒီဟာက မူရင်း漢字တင်မဟုတ်ဘဲ တွဲလုံးတွေပါရမှ ဖြေဆိုနိုင်မယ့် Quizလေးဖြစ်ပါတယ်။N5levelအထက်ရှိတဲ့皆さんတို့ အလွယ်တကူဖြေဆိုနိုင်မယ်လို့ထင်ပါတယ်။ဖြေပြီးရင် အဖြေလေးတွေ ရေးခဲ့ကြပါဦး။

Photos from Learn Japanese With Ngwe Hnin's post 26/12/2024

皆さん こん にちわ
စာကို ကြိုးစားပြီးတော့ လုပ်နေတယ်။ဒါပေမယ့် ထင်သလောက် အသုံးမဝင်
လို့ စိတ်ဓာတ်ကျနေပါသလား။
စာမေးပွဲက စစ်ပွဲတစ်ပွဲဆိုရင် စစ်ပွဲကိုအောင်မြင်ဖို့ နည်းဗျူဟာကောင်းကောင်းကို သိနေဖို့လည်းလိုပါတယ်။

ဒါကြောင့် ဒီနေ့မှာ JLPTတင်မကဘဲ Nat testနဲ့ J Testတို့မှာပါ အသုံးဝင်စေမယ့် study tipsလေးတွေကို sharingလုပ်ပေးလိုက်ပါတယ်။わたしကိုယ်တိုင် JLPTစာမေးပွဲမဖြေခင် လေ့ကျင့်ခဲ့တဲ့ tipsလေးတွေ ဖြစ်တာကြောင့် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ် ထပ်ရေးပေးထားတာမို့ ဖတ်ကြည့်ကြဦးနော်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address

Yangon