Beauty is You

Beauty is You

Share

This page is for those who love to know about honest makeup reviews, personal experiences & recommendations.♥️🌹🫶
Business Contact WhatsApp +669 580 50963

Photos from Beauty is You's post 06/08/2026

Quality content တစ်ခု…
စစ်မှန်တဲ့ skincare review / recommendation ပေးနိုင်ဖို့အတွက်. ကိုယ့် အသားအရေကိုရင်းပြီး.
ဒီလိုမျိုး. skincare တွေကို invest လုပ်ရပါတယ်…

အကုန်လုံးက. Globally မှာအရမ်း trend နေသော.
နေရာတခုအခိုင်အမာရထားတဲ့. Kbeauty ရဲ့. High Quality Brand တွေဖြစ်လို့. အချိန်ပေး သေချာသုံးကြည့်ပြီးရင် sharing ပြန်လုပ်ပေးပါမယ်..
sponsored တခုမှ မပါလို့.. ဘာ bias မှ မပါသော.
honest review ကိုပဲရေးပေးသွားမှာပါ..
Follow me for more! thanks 💖

Photos from Beauty is You's post 30/07/2026

🫶🏻Girlies တို့ရေ.
❕ရေလိုကျဲတောက်နေတဲ့ Toner တွေပဲ သုံးရတာပျင်းနေပြီလား.❓😅
ဒါဆိုရင်တော့ အပြောင်းအလဲလေးလုပ်ဖို့ လိုအပ်နေပြီပေါ့.

Milky Toner လို့တင်စားခေါ်ဝေါ်တဲ့. နို့ရည် Toner type လေးတွေက များသောအားဖြင့်. Rice (ဆန်) ကနေ အဓိကထားထုတ်ပါတယ်. တကယ့် Milky နို့ အစစ်မဟုတ်ဘူးနော်.
သဘာဝ ဆန်ကနေထုတ်တာမို့လို့.. နို့ရည်လို အရောင်က. နောက်နောက်လေးဖြစ်နေတာကို. Milky Toner လို့ခေါ်ကြပါတယ်..
ဒီလို Milky Toner လေးတွေက အဓိကဘာကောင်းလဲဆို.
အသားညစ်နေတာတွေကို. Brighten ဖြစ်ချင်တာအတွက်.
ကောင်းတယ်ပေါ့နော်..

Beauty Market မှာ ရွေးစရာတွေများပြီး.
စမ်းလဲ စမ်းချင်တယ်.
ဘာသုံးရမလဲ မသိဘူး.
ဘယ်ဟာရွေးချယ်ရမလဲ မသိဘူးဖြစ်နေရင်.

ကိုယ်သုံးဖြစ်နေတဲ့. Toner လေးတွေကိုပြောပြပေးမယ်.

Tir Tir က. Milky Skin Toner မှာ. version ၂မျိုးလာတယ်. Moist & Light ဆိုပြီး. ကိုယ်က Acne skin မို့. Moist ထက်စာရင်. Light ကိုပဲစမ်းကြည့်လိုက်တာ. ထင်ထားတာထက်.
တော်တော်ကောင်းတယ်. Light ဆိုတဲ့ အတိုင်း. lightweight ဖြစ်ပြီး. absorbing အားကောင်းတယ်.. တစ်ဗူးကုန်ရင်.
သိသိသာသာ အသားကြည်လာမယ်လို့ ယုံကြည်တယ်.
အသားခြောက်ရင်. Moist version ကိုရွေးပါနော်.
အကြိုက်ဆုံးအချက်က. Fungal Acne Safe💯 ဖြစ်တဲ့အပြင်. anti aging effect လဲပါတယ်..
Rating ကို. နောက်ပိုင်းကျမှ update လုပ်ပေးပါမယ်..
ဝက်ခြံသမားတွေ အသားကြည်ချင်တာဆို.
စိတ်ချလက်ချသုံးလို့ရပါတယ်.
Niacin ပါလို့. ချွေးပေါက်တွေအတွက်လဲ support ဖြစ်စေတယ်. Day Night သုံးလို့အဆင်ပြေတယ်.

ANUA Rice Ceramide Toner ကျတော့. Dry to Normal
တွေပိုကြိုက်မယ်. သူက. texture ပိုင်းမှာလဲ အနဲငယ် ပိုပျစ်သလို moisture ပိုပေးတယ်.. Glow Milky Toner ဆိုတဲ့အတိုင်း’ လိမ်းပြီးတာနဲ့ Glow ပဲ. skin barrier သမားတွေအတွက်လဲ သူကအားကောင်းစေတယ်.. ကိုယ်ကတော့ တလှဲ့စီသုံးတယ်. Fungal Acne Safe မဖြစ်ပေမဲ့. သူ့ကြောင့်တော့ အခုထိ ဝက်ခြံထွက်တာ မရှိဘူး. Brightening ပိုင်းကိုလဲ support လုပ်တယ်.

PURITO Oat Gel Cream ကလေ. inter မှာရော.
asia မှာပါ. အရမ်းကောင်းလို့. ညွှန်းကြတာ. အဆီပြန် ဝက်ခြံသမားတွေ ဘာလိမ်းလိမ်း မတည့်ဘူးဆိုသူတွေ အတွက်. Highly Highly Recommend တယ်.. အေးအေးလေးနဲ့.
စိမ့်ဝင်လွယ်တယ်. Calm & Soothing ဖြစ်စေတယ်.
နောက်ပြီး. Fungal Acne Safe ဖြစ်တယ်.. Gel Moisturizer
ထဲ စွဲလမ်းနေပြီ. နောက်ထပ်အားသာချက်ကလေ.
market က တခြား brand တွေထက်လဲ စျေးသက်သာပြီး.
value အားဖြင့်ပိုသာတယ်. စျေးတူရင်တောင်. သူများက 50ml ပဲပါရင်. သူက 100ml တောင်ပါလို့ တဝကြီးသုံးကွာ. သုံးပျော်တယ်. Budget safe တယ်.✅

Fungal Acne Safe ဖြစ်တဲ့ Skincare တွေကို သုံးခြင်းအားဖြင့်. သူလိမ်းလို့. ဝက်ခြံတွေ ပေါက်လာမှာ.
အသားတွေ ယားလာမှာ. အဖုထွက်မှာတွေ ကြောက်စရာမလိုလို့. နောက်ပိုင်း skincare ဆို. FA safe ဖြစ်တာကို
ရွေးသုံးဖြစ်တာများတယ်…

Celimax ရဲ့. Pore & Dark Spot Brightening Cream ကို. စမ်းနေတာ မကြာသေးလို့. တဗူးကုန်အောင် သုံးပြီးမှ.
သေချာ review ရေးပေးပါမယ်. အဓိက Milky Toner တွေကို သူနဲ့တွဲသုံးဖြစ်တယ်.. အသားကြည်ချင်တဲ့ သူတွေ. အသားညစ်ပြီး မွဲခြောက်နေသူတွေ. အပေါ်က Toner ထဲက သင့်တော်တာကိုရွေးပြီး. Celimax Brightening Cream နဲ့. combo တွဲသုံးကြည့်ပါ.

ကိုယ်လဲ အဲ့လိုပဲ သုံးနေတာ. Celimax က. လိမ်းလို့ကောင်းတဲ့ အထဲပါတယ်.. Niacin TXA ပါလို့. ဝက်ခြံအမဲစက်တွေ အတွက်. ထိရောက်နိုင်တယ်ပေါ့နော်. Ceramide NP ပါထဲ့ပေးထားလို့. အသားမခြောက်စေဘူး.

Hope this help ပါ. beauties တို့ရေ😍😍
အကုန်လုံးကို Official Page တွေကပဲဝယ်ပါတယ်.
As usual not sponsored post မဟုတ်လို့. စိတ်ချယုံလိုက်ပါ
သုံးပြီး ကြိုက်လို့ရေးတာ. 🫶

အများကြီး. Share ပေးရင် အားတွေပိုရှိပြီး.
ပိုချစ်ပေးမယ်နော်.
နောက်ထပ် Honest Review များလဲ ကြိုးစားရေးနေပါတယ်.. See u around!!!

Xoxo
Khin😘

25/07/2026

Body Lotion ကိုလေ. တံဆိပ်အစုံကြိုက်တာသုံးဖူးတယ်..
ညဘက်ရေချိုးပြီးရင်. ဒါလေးပဲ လက်ကရောက်နေတာ.
အနံ့လေးလဲ သင်း. လိမ်းပြီးရင်. အသားလေးက ချောမွေ့နေရော.. smoothing ဆိုတဲ့အတိုင်း. စိတ်ချမ်းသာတယ်..
သူက aha bha pha တွေပါလို့. ညဘက်ပဲ လိမ်းပါ.
မနက်ကျရင် sun care သေချာလုပ်ပေးပါ..
မသုံးရသေးရင်. စမ်းကြည့်ဖို့ recommend တယ်နော်.

02/07/2026

Dr Althea 345 Family 😍😍😍

အများကြီးမပြောတော့ဘူး. serum*****😘✨✨✨✨

29/06/2026

အခုတလော ခေတ်စားနေတဲ့. Ear Seeds အကြောင်း.
သူကလေ. သေချာနေရာတကျကပ်ပြီး. နေနိုင်တယ်ဆိုရင်
ထိရောက်မယ်ထင်တယ်. ကိုယ်ကတော့ ၅ရက်လောက်ကပ်ပြီး မနေနိုင်တာရယ်. နား၂ဖက်မှာ. ထိချင် point တွေကိုညီတူညီမျှကပ်ဖို့ လိုအပ်မယ်လို့လဲ မြင်မိတယ်…

အစမ်းကပ်ကြည့်တာ. နား ၁ဖက်နဲ့ ၁ဖက် ကပ်တဲ့နေရာလေး.
ကွဲသွားတော့. ကပ်ထားတဲ့ ၂ရက်မှာတင် ၂ရက်လုံးခေါင်းကိုက်လာတာ. ရုတ်တရက်ကြီးဆိုတော့. ဘာကြောင့်အဖြေရှာမရဘူး’ ဘယ်အကြောများမိသွားလဲ မသိ. ခေါင်းကြီးထိုးနေတာ. နေလို့မကောင်းဘူး. ear seeds ကြောင့်လို့လဲ.
မထင်ထားဘူး. ဆေးသောက်လဲ. မသက်သာပါလားပေါ့. နောက်မှ. ဒါနဲ့ဆိုင် မယ်ထင်တယ်လို့ ကပ်ထားသမျှ
အကုန်ခွါချလိုက်တော့မှ.ခေါင်းမကိုက်တော့တာရှင်.
ကျွန်မရဲ့ true feedback ပါနော်.

တဖက်ထဲ ကပ်လို့မရသလို. ၂ဖက်လုံးကို point တူတဲ့နေရာပဲ.
ကပ်မှ ထိရောက်မယ်ထင်ပါတယ်. ကျွန်မက. ညာဘက်ကို.
များများကပ်မိပြီး. ဘယ်ဘက်ကို point တူမကပ်ဘဲ ကပ်ရလွယ်တဲ့ နေရာပဲရွေးကပ်လိုက်လို့လဲ ဖြစ်နိုင်ပါတယ်..
research သေချာလုပ်ပြီး စနစ်တကျ
ကပ်တတ်ရင်တော့. အသုံးဝင်မှာပါ.

anyway သတိထားရအောင်ပြောပြတာပါ.

Photos from Beauty is You's post 07/05/2026

Haru Haru Wonder Black Rice Essence ကလေ. Dry to Mature Skin အထိသုံးလို့ရတယ်နော်.. ဒီတိုင်း skincare အဖြစ်သုံးရင်လဲ. Anti aging အတွက်. အထောက်အပံ့ဖြစ်သလို. ဘယ် matte/semi matte foundation မိတ်ကပ်ရည် နဲ့တွဲတွဲ. OMG!!! Healthy Glow ဖြစ်စေတာများ.. skin အရမ်းကောင်းနေတဲ့ effect ကြည်စိုတောက်ပြောင်နေသော. Glow တာ.. တကယ့် holy grail 💖💖💖
GLOW Blemish Balm လေးက. မိတ်ကပ်တွေအစားထိုး.
တော်ရုံဝက်ခြံသမားလိမ်းလို့ရတယ်.. ဝယ်ထားတာကြာပြီ. သူ့ texture & finish က. it Cc cream နဲ့ဆင်တယ်.. အရောင်က
Mix လုပ်ပြီးလိမ်းရင်တော့ ပိုလှတယ်.. သူ့အရောင်တိုင်းဆို.
နဲနဲ grey ဖောက်တယ်.. အခု နောက်ပိုင်း သူ့ကိုတော်တော်လိမ်းဖြစ်တာ. Haru Haru Essence နဲ့ ၂ခုပေါင်းလိမ်းရင်. အသားအရေလေးက. မိတ်ကပ်လိမ်းထားတာနဲ့ မတူဘဲ. Skin ကောင်းပြီး. ကြည်လင်နေတဲ့ look လေးရတယ်..
မိတ်ကပ်မကြိုက်ရင်. ဒီ BB cream လေး try ကြည့်နော်.

Love’ xoxo
Khin

25/04/2026

Glow skin 😍😍😍

Photos from Beauty is You's post 23/04/2026

🩵MOISTURIZER GAME🩵
❓Which Purito Cream is Suits you❓

🎋Purito Brand ကို စသုံးခဲ့တာ. Bamboo Cream လေးပါ.
At that time, Dr.Althea 345 cream လဲ သုံးနေတာဆိုတော့' 345 cream ကိုပိုကြိုက်လို့. သူ့ကိုခန ရပ်ထားတာ..
345 ကုန်ပြီး. ပြန်သုံးကြည့်တဲ့အချိန်မှာတော့..
သုံးခါစထက် သူကလိမ်းလေ ကြိုက်လေ အမျိုးစားလိုဖြစ်နေတယ်. Cream ဆိုပေမဲ့. တအား rich မဖြစ်ဘူး.. thick မဖြစ်ဘူး'
ပေါ့ပေါ့ပါးပါးရှိတယ်.. Super Dry သမားကလွဲ. Normal to Combo skin အထိ. ကောင်းကောင်း hydration ပေးနိုင်တယ်..
Choose wisely based on your skin type ပေါ့နော်.

🌾Oat Cream ကတော့. Calming & Soothing အဓိကဖြစ်လို့. Acne သမားတိုင်း' highly recommend ပေးကြတာ.
တကယ်လဲ ကောင်းသောပဲ.
Gel cream ဆိုတော့. လိမ်းလိုက်တာနဲ့ အေးအေးလေး.
စိမ့်ဝင်တာမြန်တယ်.. Gel type ခြင်းတူတူ Dr.G Red Blemish Soothing Cream နဲ့.ယှဉ်သုံးကြည့်တာ. ဒါလေးကို ပိုကြိုက်မိတယ်.. Light weight ဖြစ်သလောက်. Hydration ကလဲ လျော့မနေဘူး. Fungal Acne လဲ safe ဖြစ်တော့. ဝက်ခြံသမား. အဆီပြန်သမား. စိတ်ကြိုက်သုံး' အထူးသဖြင့် အခုလို ရာသီဥတု ပူတဲ့ အချိန်နဲ့ အရမ်း သင့်တော်တယ်..
Very comfortable 👍👍👍

နောက်ဆုံးအချက်က. ပေးရတဲ့စျေးနဲ့. 100ml ဗူးအကြီးကြီး
ဖြစ်လို့. အားရပါးရလဲ လိမ်းရတယ်. Budget လဲ save ဖြစ်တယ်.. Purito Brand ကို Official တင်သွင်းတဲ့. TSO ကနေမှာပါတယ်.
https://www.facebook.com/share/1E9yALiLAB/?mibextid=wwXIfr
Online shop တွေထက် စျေးအများကြီး သက်သာပါတယ်..

No sponsor, just my honest review.
ကိုယ့်အကြိုက်နဲ့ ကိုက်လို့. Share ပေးတာပါ..
နောက်ထပ် skincare review တွေလဲ ထပ်ရေးပါအုံးမယ်.

Love’ XoXo
Khin😘

Photos from Beauty is You's post 01/04/2026

ယူတို့ရော... မျက်မှောင်ကြုတ်တတ်လားးးးး.🤨
ကိုယ်ကတော့ မျက်မှန်တပ်တဲ့ ပါဝါသမားကလဲ ဖြစ်.🧐
စိတ်ရှုတ်ရင်. ဒေါသထွက်ရင်.😠
တခုခုကို focus လုပ်နေရင်. အာရုံအရမ်းမိနေရင်.🤔
အရေးကြီး ကိစ္စ တခုခုအတွက်.decision ချဖို့စဉ်းစားနေရရင်.
တွေးတောနေရရင်. သိစိတ်နဲ့ ဖြစ်ဖြစ်. မသိစိတ်နဲ့ ဖြစ်ဖြစ်.
မျက်မှောင်ကြုတ်မိလေ့ရှိတယ်...😮‍💨

အသက်အရွယ်လေးကရလာတော့.. မျက်နှာပေါ်က.
Smile line တွေကို တအားဂရုစိုက်ရပြီ. နောက်ဆို အလကားနေ. မရယ်ပြတော့ဘူးနော်. မီအားနဲ. 😌
အပြုံးတွေ ရဲ့နောက်မှာ. အသားအရေ ထိန်းသိမ်းရတာ. စျေးကြီးတယ်ရှင့်😛

ဆက်ရရင်. မျက်မှောင်ကြုတ်ခြင်းရဲ့ နောက်ဆက်တွဲက.
Frown lines တွေဖြစ်လာတာပဲ... ကြိုတင် ကာကွယ်နိုင်ရင်တော့. အကောင်းဆုံးပေါ့ကွယ်. မကာကွယ်နိုင်ခဲ့ရင်. အချိန်မီ
ထိန်းသိမ်းရတာပေါ့..

Youtube တခွင်ပြဲပြဲစင် ရှာဖွေရင်း. Celimax ရဲ့. Retinal Shot လေးကို စမ်းနေတာ. တပတ်. ၂ည. ညဘက်ကို လိမ်းနေတာ. ၇ခါလောက်ရှိပြီ..
📈 တိုးတက်မှုတွေရှိတယ်.. ထိရောက်တယ်.
သိသာချင်တဲ့ specific နေရာပဲ လိမ်းကြည့်တာနော်..
Frown lines လေးတွေ ပြေလျော့လာတာ..
မြင်ရတယ်.. ကွကိုယ် စိတ်တွေချမ်းသာ. 🥰🤩

Retinal မို့လို့. အသားရေ တင်းရင်းစေတာက အဓိကသူ့ရဲ့ function ပေါ့နော်. Active ingredient ဖြစ်လို့. အများကြီး
လိမ်းလို့မရဘူး.. sensitive skin တွေဆို patch test လုပ်ဖို့လိုမယ်. လိုတဲ့နေရာလေးပဲ. Just tiny amount လေးကို.
Dab.dab.dab ပုတ်လိမ်းရုံသာ. No rub❌
သူ့ထဲမှာ. Panthenol & Ceramide ပါပေမဲ့.
Moisturizer ကောင်းကောင်း လိုက်ကို လိုက်ပေးရမယ်..
ညဘက်ပဲ သုံးပေးရမယ်. မနက်ကျ sun cream ကို သေချာပေါက်လိမ်းရမယ်. နေ့တိုင်းလိမ်းစရာ.မလိုပါ.
တပတ်. တရက်ကနေ. ၂ရက် ပုံမှန်လိမ်းသွားကြည့်ပါ.
သူနဲ့ မတည့်တဲ့ ingredients တွေရှိတာကြောင့်. ကျန်တာတော့.
စာတွေ ရှာဖတ်ပါ. အကုန်ထည့်ရေးရင်.
အရမ်းစာတွေရှည်ကုန်မှာစိုးလို့. ကောင်းသလောက်.
Cautious လုပ်ရမှာလဲ များတာကြောင့်.
မသုံးခင် user review တွေကိုအရင်လေ့လာပါလို့. သတိပေးချင်ပါတယ်.

ကိုယ်ဆိုလဲ. Anua Azelaic Acid နဲ့ ရက်ခြားပြီးမှ သုံးရတာမို့.
Smile lines တွေကိုပါ စမ်းကြည့်ဖို့တော့.
ကြောက်နေသေးတယ်.

ခုမှ skin barrier ကို ပြန် care လုပ်နေရတုန်းမို့လို့.
Skin က change သွားတာ.အရင် Combination oily acne prone skin ကနေ.
Dry Combo Acne Prone Sensitive တဲ့တော်.
အဲ့တာကိုမှ Skin Barrier Damage ဖြစ်နေသေးတယ်..
လိုရမယ်ရ ကိုယ့် skin type လေးသိရအောင်..ပြောပြတာပါ.
Anyway ကျမ အခုထိသုံးနေတာတော့ so far so good ပဲ.
‼️ထပ်ပြောမယ်. လိုအပ်တဲ့ တနေရာကိုပဲ သုံးတာနော်.

This is not sponsored, ကိုယ့်လိုလူတွေရှိရင် အသုံးတည့်အောင်. ဒီ. Life saver လေးကို. Sharing လုပ်ပေးတာ.
တဗူးလုံးကုန်ရင် update ထပ်လုပ်ပေးအုံးမယ်..

Good ည.
Khin 😘

IWBP iwannabepretty 26/03/2026

IWBP iwannabepretty New page of iwannabepretty

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon