Mana Thailand from Nan Hmown

Mana Thailand from Nan Hmown

Share

MANA Collagen /Vit C /Zeo coffee Pro Collagen ZinStick Fiber stick Gluta stick

29/01/2023

ဝင်ငွေလမ်းကြောင်း တခုတည်းပေါ်မှာ မမှီခိုပါနဲ့၊ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပြီး ဝင်ငွေလမ်းကြောင်း အသစ်တွေကို ဖန်တီးပါ

ကျွန်တော်တို့ ဘဝမှာ ငွေပင်ကြီး (၄)ပင်ရှိပါတယ်။


ကံထူးကံသာ ငွေပင်

ဒီငွေပင်ကို ပျိုးထောင်ပေါင်းသင် ရေလောင်းစရာ လူံးဝမလိုပါဘူး။ မျိုးစေ့ကောင်းရင် သူ့ဘာသာသူ ငွေသီးတွေ သီးပါတယ်။ လူနည်းစုအတွက် ငွေသီးတွေ သီးပေမယ့် လူအများစုအတွက်ကတော့ ဘာဆိုဘာမှ မသီးတဲ့ အသီးတွေပါ။

ထီပေါက်တာတို့ မိဘချမ်းသာတာတို့ အမွေရတာတို့ စတဲ့ ရှေးကံကြောင့် ရတဲ့ ဝင်ငွေမျိုးပါ

ထီလည်းမပေါက် မိဘကလည်း မချမ်းသာတဲ့ လူမျိုးကျတော့ ဒီငွေပင်က သုံးရမှာ မဟုတ်ပါဘူး။ တခြား ငွေပင်ကိုဘဲ အားကိုးရပါမယ်

မတ်တတ် ဝင်ငွေပင်

ဒီငွေပင်က ငွေသီး သီးဖို့ နေ့တိုင်း ရေလောင်း ပေါင်းသင် ပေးရပါတယ်။ ရေလောင်း ပေါင်းသင်နေရင် ငွေသီးမယ်၊ မလုပ်တဲ့နေ့ အသီးရပ်သွားတတ်တဲ့ အပင်မျိူးပါ

ဝန်ထမ်း အလုပ်လုပ်တာတို့ ပွဲစားလုပ်တာတို့ ဈေးရောင်းတာတို့ တပိုင်တနိုင်စီးပွားရေးလုပ်တာမျိုး စတဲ့ ကိုယ်လုပ်မှ ကိုယ်ရတဲ့ လုပ်အားခနဲ့ အမြတ်ငွေတွေဟာ ဒီသဘောပါဘဲ။

ကိုယ်လုပ်နေတဲ့ အလုပ်က လစဉ် လောက်ငှရဲ့လားဆိုတာ သေချာဆုံးဖြတ်ပါ။ မလောက်ငှဘူးဆိုရင် ဒီအလုပ်ကို စွန့်လွှတ်ပြီး တခြား ဝင်ငွေကောင်းတဲ့ အလုပ်ကို လုပ်ပါ။ ရောင့်ရဲတယ်ဆိုတာ နေရာတိုင်းမှာ မကောင်းပါဘူး။

ဒီနည်းနဲ့ ရှာတဲ့ ဝင်ငွေက ကောင်းပါလျက်နဲ့ အသုံးအဖြုံး ကြမ်းလွန်းလို့ မစုမိ မဆောင်းမိဖြစ်နေတာမျိုးတွေ ရှိပါတယ်။ အသုံးအဖြုံး လျော့ဖို့လိုပါတယ်

အချို့က ဝင်ငွေထဲက ရာခိုင်နှုန်းတော်တော်များများကို စုနိုင်တယ်။ ဒီလိုလူမျိုးတွေအတွက်ကတော့ နောက်ထပ် ငွေပင်(၂)ပင်ဆက်ပြီး ငွေသီးသီးအောင် လုပ်လို့ရပါပြီ

အထိုင် ဝင်ငွေပင်

ဒီငွေပင်ကတော့ ငွေသီးသီးဖို့ ရေလောင်းပေါင်းသင်နေစရာ မလိုပါဘူး။ ကိုယ့်မှာရှိတဲ့ ငွေသီးတွေကို အပင်ရဲ့ အမြစ်ထဲမှာ ထည့်မြှပ်မှ ငွေသီးသီးတဲ့ အပင်မျိုးပါ

အိမ်ခြံမြေ၊ ကား၊ စက်ပစ္စည်း စတာတွေကို ငှားရမ်းခ လစဉ်ရနေတဲ့ ဝင်ငွေ၊ အတိုးရတဲ့ငွေ၊ ကိုယ်ဝင်ပါပြီး လုပ်စရာမလိုတော့တဲ့ ကိုယ် ထူထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက အမြတ်ငွေ၊ ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံထားလို့ ရလာတဲ့ အမြတ်ငွေ စတာတွေ ပါဝင်ပါတယ်။

ဒီကရတဲ့ ဝင်ငွေဟာ ကိုယ်အလုပ်မလုပ်ဘဲ အိပ်နေ၊ ကမ်းခြေမှာ အေးဆေးနှပ်နေလည်း ဝင်နေမှာ ဖြစ်ပါတယ်။ အထိုင် ဝင်ငွေပေါ့

တန်ဖိုးထက် ဝင်ငွေပင်

ဒီငွေပင်က ထူးဆန်းပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေသီးတွေကို အပင်ရဲ့ အမြစ်ထဲမှာ ထည့်မြှုပ်ရင် အချိန်ကြာလာတာနဲ့ အမျှ ငွေသီးတွေကနေ ရွှေသီးဖြစ်လာပါတယ်။ ဆိုလိုတာက ထည့်ထားတာတွေ တန်ဖိုးတက်လာတာပေါ့။ ပုံမှန် ဝင်ငွေတော့မရပဲ ပြန်ရောင်းမှ အမြတ်ရော အရင်းပါ ပြန်ရတာမျိုးပါ။

အိမ်၊ ခြံ၊ မြေ၊ ကား၊ စတော့ရှယ်ယာ လက်မှတ် စတာတွေကို ဈေးတော်တုန်းမှာ ဝယ်ဥထားပြီး ဈေးကောင်းတော့မှ ပြန်ရောင်းတာမျိုးပါ။

အထိုင်ဝင်ငွေ နဲ့ တန်ဖိုးတက် ဝင်ငွေရဖို့ ငွေနဲ့ရင်းရတာကို သတိပြုစေလိုပါတယ်။ အဲဒီငွေကို ဘယ်ကရမလဲဆိုတော့ ငွေပင် (၁) နဲ့ (၂) က ရနိုင်ပါတယ်။ ကံမကောင်းတဲ့သူတွေအတွက် ငွေပင် (၁) ကို မေ့ထားပြီး ငွေပင် (၂) ကနေ အရင်းရှာရမှာပါ။ ဒီလိုပဲ ငွေပင် (၂) ကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင် ငွေစုရင်း ငွေပင် (၃) နဲ့ (၄) ကို ရနိုင်အောင် ကြိုးစားရမှာပါ။ လုပ်အားခနဲ့ ငွေရှာရင်း အရင်းအနှီးရအောင် စုရမှာပါ။

ကြွက်သေတစ်ခု အရင်းပြုဆိုသလို လုပ်အားခလေးတွေ စုဆောင်းရင်း တစ်ဖြည်းဖြည်းနဲ့ လုပ်သွားရမှာပါ။ ကျောထောက်နောက်ခံမရှိပဲ ကုမ္ပဏီကြီး ချက်ချင်းထောင် စီးပွားရေးလုပ်ငန်းရှင်ကြီး ချက်ချင်းဖြစ်ဖို့ဆိုတာ ကျွန်တော်တို့လို သာမန်လူတွေ အတွက် မလွယ်လှပါဘူး။ စိတ်ကူးယဉ် ဆန်ပါတယ်။

ငွေရင်းမရှိလို့ စီးပွားရေး လုပ်ငန်းကြီး ဝုန်းကနဲ ထမလုပ်နိုင်လို့ ဝမ်းနည်းပက်လက်နဲ့ ထိုင်နေမလား၊ ကိုယ်လုပ်နိုင်တဲ့ အခြေအနေမှာ လုပ်နိုင်သမျှကို သေးသေးက စလုပ်မလား စဉ်းစားကြည့်ကြပါ ခင်ဗျာ။

ငွေလိုတယ်၊ အရင်းအနှီးမရှိလို့ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီး ထိုင်ညည်းနေတဲ့သူတွေ လက်တွေ့ကျကျ တွေးတတ်ဖို့ပါ။ နေ့ချင်းညချင်းတော့ ဖြစ်မလာပါဘူး။ အချိန်ပေးပြီး တစ်ထစ်ချင်း တက်ရမှာပါ။

လူတိုင်း ငွေပင် (၂) မှာတင် ရပ်မနေပဲ ငွေပင် (၃) နဲ့ (၄) က အကျိုးရလဒ်တွေကိုပါ ခံစားနိုင်အောင် ကြိုးစားသွားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

ငွေပင် (၁) နဲ့ အဆင်ပြေနေတဲ့ သူတွေ ကိုလည်း အားကျပါရဲ့ဗျာ။ ဒါပေမဲ့ အားတော့ မပျက်ပါဘူး။ ကြိုးစားရင်း ငွေပင် (၃) နဲ့ (၄) ကို ပျိုးထောင်ထားရင် တစ်နေ့မှာ ငွေပင် (၁) ထက် သာသွားနိုင်တာပဲလေ။

- ပိုးစုန်းကြူး

25/12/2022

ကိုယ့်ကိုယ်ကို ချစ်ပါ၊ အကောင်းမြင်ပါ၊ တန်ဖိုးထားပါ 😊

ကလေးဘဝတုန်းကဆိုရင် လူတော်တော်များများကိုချစ်ခဲ့ဖူးကြလိမ့်မယ်၊ ကိုယ်နဲ့အမျိုးမတော်ရင်တောင် မုန့်ကျွေးတဲ့သူဆို ချစ်ခဲ့သေးတာပဲ 😅

ဒီလိုနဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့မေ့နေကြတာတွေ့ရတယ်

လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေဟာ အောင်မြင်ကြပါတယ် 😌

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တာကိုပြောတာမဟုတ်ပါဘူး

လူတွေဟာ နေ့စဥ်တိုင်းမှာ မိမိကိုယ်ကို စကားတွေပြောကြပါတယ်၊ တစ်ချို့က ကိုယ့်ကိုယ်ကို အကောင်းမမြင်ပဲ အဆိုးတွေပြောကြတာရှိပါတယ်၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာတွေရှိပါတယ်

မိမိကိုယ်ကို အကောင်းမြင်ဖို့၊ အကောင်းပြောဖို့ အရမ်းအရေးကြီးပါတယ်

ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ အားသာချက်တွေကို လက်ခံနားလည်ဖို့လိုအပ်ပါတယ်

ကျွန်တော့်မိတ်ဆွေတွေကို နေ့ရက်တိုင်းမှာ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်မရှိပဲ အသိအမှတ်ပြုပေးဖို့နဲ့ ကောင်းမွန်စွာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အကြံပြုချင်ပါတယ်

တစ်ဖက်မှာလဲ ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊
ဘဝနေထိုင်မှုအလေ့အထတွေကို ပျိုးထောင်ရင်းပေါ့

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ အကောင်းမြင်ခြင်းကနေ ရလာနိုင်တဲ့ ကောင်းကျိုးတွေများစွာရှိပါတယ်

✅ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်
✅အကောင်းမြင်ပြီး လက်တွေ့ဆန်လာမယ်
✅နေ့စဉ်ဘဝမှာ ပိုပြီးတော့ အဆင်ပြေလာမယ်
✅စိတ်ဓာတ်ကျခြင်းတွေကနေ ကင်းဝေးသွားမယ်
✅ပိုပြီးတော့ ကျန်းမာပျော်ရွှင်လာမယ်
✅ကိုယ်ရော စိတ်ပါ တက်ကြွလန်းဆန်းလာမယ်
✅ပေါင်းသင်းဆက်ဆံရေးတွေ ပိုကောင်းလာမယ်

ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တန်ဖိုးရှိပြီး အရေးပါတဲ့သူတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ် 😊

အခုကစပြီး ကိုယ့်ကိုယ်ကို ချစ်ကြည့်လိုက်ပါ

#ဗဟုသုတ


#ဗဟုသုတရသစာပေများကို

Photos from  Mana Thailand from Nan Hmown's post 25/12/2022

ကော်လဂျင်ကလူတလေးပါအသားဖွေးချင်သူအရေးအကြောင်းပျောက်ချင်သူများသောက်သုံးပေးသင့်ပါတယ်ရှင်

Photos from  Mana Thailand from Nan Hmown's post 18/12/2022

အသားအရေထိန်းသိမ်းမှုအတွက် Zincရဲ့ ထိပ်တန်း အကျိုးကျေးဇူး (၅) ချက်

နေရောင်ခြည်က အရေပြားပေါ်မှာ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပြီး ရောင်ရမ်းခြင်းနှင့် အမဲစက်များကို ဖြစ်စေနိုင်ပါတယ်

1) ဝက်ခြံနှင့် အဆီပိုများကို လျှော့ချပေးတယ်

2)ချွေးပေါက်များပိတ်ဆို့ခြင်းကို ကာကွယ်ပေးတယ်

3)အိုမင်းခြင်း၏ လက္ခဏာများကို တိုက်ဖျက်ပေးတယ်


4)အရေပြားကျန်းမာခြင်းကို အားပေးတယ်

5) အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ရေဓာတ်ထိန်းပေးတယ်

Buy1 Free1 -380.-
ပို့ခ freeပါရှင့်❤️
အိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးပါတယ်

#ผู้บริหารฝนมานา

🇲🇲

🇲🇲

Photos from  Mana Thailand from Nan Hmown's post 18/12/2022

MANA Zero Coffee

Body သွယ်လှပြီး ကျန်းမာရေးကောင်းစေတဲ့
အဆီကျ Coffee လေးပါ

အဆီလောင်ကျွမ်းမူ အားကောင်းစေ

သကြား အသွင်ပြောင်းဆီ ကိုလက်စထရော
လုံးဝမပါ

Body အတွင်းအဆီများကို လောင်ကျွမ်းပေးစေ
ပါတယ်

ဦးနှောင့်နှင့် အာရုံကြောများ အားကောင်းစေ

စိတ်ဖိစီးမူ လျော့နည်းစေပြီး စိုးရိမ်ပူပန်စိတ်
လျော့ကျစေပါတယ်ရှင်

ဗိုက်ပူနေသူများ အဆီပိုတွေနှင့် Body မလှမပနေသူများ အရမ်းသောက်သင့်တဲ့ Coffee လေးပါရှင့်

အချိန်တိုအတွင်း ထိရောက်မူများစွာ ရရှိစေတာ
MANA Zero Coffee

ဘေးထွက်ဆိုးကျိူး လုံးဝမရှိစေတာမို့
ယုံကြည်စိတ်ချစွာ ဝယ်ယူသောက်သုံးနိုင်ပါတယ်ရှင်

တသ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်ရှင့်

14/12/2022
Photos from  Mana Thailand from Nan Hmown's post 14/12/2022

Videos (show all)