Htet Lin-self-improvement and mindfulness

Htet Lin-self-improvement and mindfulness

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Lin-self-improvement and mindfulness, Beauty, cosmetic & personal care, .

18/04/2023

ကျွန်တော်တို့ဘ၀မှာ စိုးရိမ်မီု ဖြစ်စေတာက ဒီအချက်(၃)ချက်ကြောင့်ပါ။

Extreme demands မတန်မဆလိုချင်မှု
Over-generalization ကောက်ချက်ချလွန်ခြင်း။

Awfulizing all events ဖြသ်ရပ်တွေကို အဆိုးမြင်ခြင်း။

၁..ပထမအချက်က ကိုယ်လုက်နိုင်တာ လုပ်သင့်တာထက် ပိုလိုချင် ပိုလုက်ချင်တာပါ။တစ်နည်းအားဖြင့် လောဘ သဘောမျိုးပါ။

၂...တစ်ခုခု ဖြစ်လာတိုင်း ငါမကောင်းလို့။ဘယ်သူကမကောင်းလို့ စသဖြင့် အခြေအနေကို မြန်မြန်ဆန်ဆန်တုန့်ပြန်မှုမျိုးပါ။

ဥပမာ။ ။တစ်ခါ နှစ်ခါလုပ်မအောင်မြင်ရင် အမြဲဒီလိုပဲ ဒီပုံပဲဖြစ်မာလို့တွေးတာမျိုးပါ။

၃...ဖြစ်သမျှအကြောင်းကိုအကောင်းမရှာဘဲ အဆိုးပဲကြည့်ရှုတတ်ခြင်း။

ယခုအခြေအနေမှာ ကျွန်တော်တို့အပေါအဆိုးဆုံးအ‌ခြေအနေတွေဖြစ်လာတာတောင်မှ အဲ့အခြေအနေ ကနေ ဘာလုပ်ရမလဲ ဆိုတာကို မရှာတတ် မတွေးတတ် မသင်ယူတတ်ခြင်းမျိုးပါ။

ကျွန်တော်ပြောတဲ့ အချက် (၃)ချက် သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့အချက်မျိုးပါ။

Sharing is donation
Htet lin

30/07/2022

ကိုယ့်ruleနဲ့ကိုယ်နေပါ🤩🤩🤩

08/06/2022

အလုပ်တစ်ခုကိုစဖို့ခက်နေတဲ့သူများကြည့်ပေးပါနော်🥰🥰🥰 #ပျင်းနေသူများ 🥰🥰

21/05/2022

🧑‍🤝‍🧑အားငယ်မှု အထီးကျန်မှုတွေခံစားနေရတဲ့မိတ်ဆွေများဒီစာကိုအဆုံးထိဖတ်ပေးပါ

#️⃣ #️⃣ #️⃣ #️⃣ #️⃣*️⃣အားငယ်မှုဆိုတာကမိသားစု သူငယ်ချင်းတွေရှိတာ မရှိတာနဲ့လုံး၀မသက်‌ဆိုင်ပါ
အားငယ်မှု အထီးကျန်မှုဆိုတာမိမိရဲ့ feeling ကနေ ဖြစ်လာ ခြင်းမျှသာ ဖြစ်တယ်

အားငယ်မှု‌ဖြေဖျောက်ဖို့ရာအတွက်အရေးကြီးဆုံးနည်းလမ်းတစ်ခုကို ‌ပြောပြသွားပါမယ်ခင်ဗျ

💪တစ်ခုသတိပေးချင်ပါတယ်ခင်ဗျ ကျွန်တော်မျှဝေပေးတဲ့အရာတွေကိုဖတ် ပြီး actionပါအောင်လုပ်ဆောင်ပေးြကပါခင်ဗျ💪

1️⃣ကိုယ်ကိုယ်ကိုယ်မိတ်ဆွေပြန်ဖွဲ့ပါခင်ဗျ

ကျွန်တော်တို့အများစုလွဲနေတာက
❕ငါ့မှာသူငယ်ချင်းအများကြီးမရှိဘူး
❕ငါ့ရဲ့ပြသနာ တွေကို ၀င်ဖြေရှင်းပေးမဲ့သူမရှိဘူး
❕ငါ့မှာပျော်ပါးသွားလာဖို့အပေါင်းအသင်းမိတ်ဆွေဆိုတာမရှိဘူး
❕ငါ့ကိုချစ်ခင်တဲ့သူတစ်ယောက်မှမရှိဘူး
❕ငါအရေးကြုံလာရင် ဘယ်သူ့ဆီအကူညီတောင်းရပာ့မလဲ

စတဲ့အထီးကျန်မှုတွေရှိတတ်ပါတယ်

❤️ကိုယ်ကိုယ်ကိုမိတ်ဆွေ ဖွဲ့တဲ့ဆိုတာ တစ်နည်းအားဖြင့်
ကိုယ်ကိုယ်ကို ဂရုစိုက်တာ
❤️ကိုယ့်ကျန်းမာရေးအတွက်ကိုယ်တိုင်ကိုယ်ကျ အပန်း‌ဖြေတာ
❤️ကိုယ့်ရဲ့ကောင်းတဲ့ စိတ်ကူးအိပ်မက်အတိုင်းအပကာင်ထည်ဖော်တာ
❤️ကိုယ်နှစ်ခြိုက်တဲ့ ဝါသနာပါတဲ့အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်စေတာ
❤️ပြင်ပအခက်အခဲများမရောက်လာအောင် ကိုယ်ကိုယ်ကိုကာကွယ်တာ ရောက်လာလျှင်လည်းချက်ချင်းဖြေရှင်း
တာ

အထီးကျန်မှုဆိုတာကိုယ်နဲ့ဆိုင်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုကုစားမှပျောက်ပါလိမ့်မယ်ခင်ဗျ

အားလုံးအထီးကျန်မှုမှကင်းဝေးပါစေ

#အထီးကျန်မှုမှလွတ်ကင်းစေချင်သောစေတနာ
-improvement ဖြစ်စေချင်းသောစေတနာ
-improvent adviser by htet lin

20/05/2022

စိတ်ဓာတ်ဆိုးရွားစွာထိုးဆင်းသူများရဲ့ပုံရိပ်(မပေါ့ဆသင့်သောအခြအနေ)

1️⃣အလွန်အထီးကျန်သည်ဟုမိမိကိုယ်မိမိခံစားလာရခြင်း

⛔ မျှော်လင့်ချက်မဲ့တဲ့ခံစားချက်လည်းပါပါတယ်

2️⃣အိပ်မပျော်ခြင်း

🔄အိပ်မပျော်တော့ energy ကျ
Energyကျတော့စိတ်ဓာတ်ကျ စသဖြင့်သံသရာလည်နေတတ်ပါတယ်

3️⃣လူအများနှင့်ပြောဆိုဆက်ဆံရမှာကိုရှောင်ကြဥ်လာခြင်း /ကြောက်လာခြင်း

⛔ဒီအခြေအနေမှာကိုယ်ကိုယ့်ကိုအပြစ်ရှိတဲ့ ထင်မြင်မှု ဘာဆိုဘာမှအသုံးမကျဘူး အသုံးမဝင်ဘူး စသဖြင့်အတွေးပေါင်းဆုံးဝင်လာတတ်ပါတယ်

4️⃣ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း

⛔ ကိုယ်လုပ်နေကျအရာတွေ လုပ်ငန်းဆောင်တာတွေဟာဒီအခြေအနေမှာ မလုပ်ဖြစ်တော့ပါဘူး

5️⃣အစားအသောက်ပုံစံတွေအလွန်အမင်းပြောင်းလာ​ခြင်း

⛔ဒီလိုအခြေအနေမှာ အစားအသောက်ကိုအသိဉာဏ်ရဲ့လှုံဆော်မှုကြောင့်မဟုတ်ပဲ မိမိ စိတ်ကြိုက် စားချင်သလိုစား မစာချင်ရင်လည်းလုံးဝကိုမစားတော့တဲ့ အနေအထားမျိုးပါ

ဒါတွေကကျွန်တော်လေ့လာထားတဲ့အချက်တွေကို မျှဝေပေးပါတယ်ခင်ဗျ
ဒီအချက်တွေငြိနေရင် သတိကောင်းစွာထားပြီး နဂိုမူလပုံစံအတိုင်းရောက်အောင်ပြင်ဆင်ပါ ခင်ဗျ တတ်ကျွမ်းသူများနဲ့ တိုင်ပင်ဆွေးနွေးပါခင်ဗျ အချိန်အကြာကြီး စိတ်ကိုပစ်မထားပါနဲ့ခင်ဗျ

ဆန္ဒမွန်ဖြင့်
Htet lin
အကျိုးရှိရင် တစ်ခြားသူများအတွက်
Share ပေးပါခင်ဗျ

19/05/2022

ဦးနှောက်/စိတ်ရဲ့သက်မဲ့အားဆေး(vitamin)😊❓

⛔ကျွန်တော်တို့အတွက်တန်ဖို့ရှိတဲ့ဦးနှောက်/စိတ်ဟာဆိုရင်ရေကိုအလုံအလောက်လိုအပ်ပါတယ်သူငယ်ချင်းတို့😊

✅ဒီနေ့မှာလည်းသူငယ်ချင်တို့ရဲ့ဦးနှောက်ကိုglow စေမဲ့ ရေအကြောင်းကိုဆရာ jim kwik ကနေကိုးကားပြီးမျှဝေသွားပါ့မယ်

⚠သူငယ်ချင်းတို့ထဲမှာ

❓မေ့လွယ်တတ်တဲ့သူ

❓ဉာဏ်မကောင်းဘူးလို့မိမိကိုယ်ကိုယ်ရော/တစ်ခြာသူတွေကပါကျိန်းသေယူဆခြင်းခံထားရသူ

❓ကျက်မှတ်ထားတဲ့စာတွေရောမေ့တတ်လွန်းလို့စိတ်ညစ်ိတ်တိုနေရတဲ့သူရောရှိလား

❓ပစ္စည်း/ပိုက်ဆံ/သော့အမျိုးမျိုး/အခြါးအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုထားပြီးမေ့တတ်တဲ့အကျင့်ရှိလား

❓ချိန်ထားတဲ့အရာ/သွားရမယ့်နေရာတွေကိုတောင်မေ့တတ်လေ့ရှိလား

❓အရေးကြီးဆုံးကိုယ်ကိုယ်ကိုဂရုစိုက်ဖို့မေ့နေတာရောရှိလား

❓မိတ်ဆွေတို့ထဲမှာ ကိုယ်ကြိုက်တဲ့စာအုပ် ကိုပြီးအောင်ဖတ်ချင်ပေမဲ့ပြီးအောင်ဖတ်ဖို့အာရုံစူးစိုက်ဖို့ ခက်ခဲနေလား

❓စိတ်အလိုမကျ ဒေါသထွက် စိတ်ဓာတ်ကျ ဟိုဟာတွေ့လည်း ဒေါသထွက် ဒီဟာတွေ့လည်းဒေါသထွက်တာရော ဖြစ်ဖူးလား



Wow မေးခွန်းတွေကအများကြီးနော်
ဒါပေမဲ့စိတ်မပူပါနဲ့

ကျွန်တော်ကသူငယ်ချင်းတို့ကို ကူညီပေးပါ့မယ် မကြောက်ကြပါနဲ့နော်😊

1️⃣ရေမကြာခဏသောက်ခြင်းဟာ
သူငယ်ချင်းတို့ မေမေ ဖေဖေ ဖိုးဖို့ ဖွာဖွာ
တို့ရဲ့⏩လိုချင်တဲ့အရာကို focus ထားနိုင်တဲ့စွမ်းရည် ⏪မြှင့်တင်ပေးပါတယ်

2️⃣သူငယ်ချင်းတို့ရဲ့စိတ်ခံစားမှုတွေ /စိတ်အခြေအနေတွေကို ဟန်ချက်ညီစေပါတယ်

3️⃣မှတ်ဉာဏ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံ/ဖြေရှင်ပုံး/တည်ဆောက်ပုံတွေကိုလည်းကောင်းစေပါတယ်

4️⃣ သွေးလည်ပတ်စီးဆင်းမှု အထူးကောင်းမွန်ပြီး ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲကို oxygen ပိုရောက်စေပါတယ်
5️⃣မကြာခဏဆိုသလို ဖြစ်ပေါနေတဲ့ခေါင်းအုံ ခေါင်းမူ ခေါင်းကိုက် ခေါင်း တစ်ခြမ်းကိုက် နှစ်ခြမ်းကိုက် ခေါင်းရောဂါ အမျိုးမျိုးကိုလည်း ပျောက်ကင်းစေပါတယ်

6️⃣စိတ်ဖိစီးမှု စိတ်ဖိအား တွေကိုလျှော့ကျ ပြီးထိန်းချုပ်ပေးမှုကိုစွမ်းဆောင်ပေးနိုင်ပါတယ်

ဒါကဦးနှောက် ပိုင်းနှင့်စိတ်အပိုင်းသက်မဲ့ vitamin ရဲ့ကောင်းကျိုးပဲ ဖြစ်ပါတယ်

မိတ်ဆွေတို့ရဲ့ self-improvement and mindful ness ဖြစ်ဖို့တည်ဆောက်ရာမှာရေက အတိုင်အတာတစ်ခုထိအကျိုး ရှိပါတယ်ခင်ဗျ

#တိုးတက်မှုကိုဖြစ်စေလိုသောစေတနာ
#ရေရဲ့အဖိုးတန်မှုကို ပြန်လည်မြင်ယောင်စေလိုသောစေတနာ
လေးစားစွာဖြငိ့
Htet lin
ဒီ post ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လုပ်ပေးပါခင်ဗျ
ဒီ page ကနေ တိုးတက်ဖို့အတွက်အများကြီးကူညီပေးသွားပါမယ်ခင်ဗျ
ရေအကြောင်းကိုလည်းနောက်ထပ်မျှဝေပေးသွားဦးမယ်ခင်ဗျ

18/05/2022

🆗1️⃣Self-confidence လည်းရှိ
2️⃣ ဆုံးဖြတ်ချက်ကိုလည်းချ
3️⃣အောင်မြင်မှုခံစားနေရသလို

မိနစ်တိုင်း စက္ကန့်တိုင်း အချိန်နာရီတိုင်းကိုကြိုးစားအသုံးချ action ပါအောင်လုပ်ဆောင်ပေးပါချစ်သူငယ်ချင်းတို့

သင့်ကိုဘယ်သူမှဆွဲမချနိုင်ပါဘူး
#မိမိသာမိမိရဲ့အရှင်သခင်
#လေးစားစွာဖြင့် Htet lin
crd

18/05/2022

စိတ်အစာမကြေခြင်း❓

ရောဂါတွေရဲ့အစကအစာမကြေခြင်းကနေလာပါတယ်

ကျွန်တော်တို့စိတ်တွေဟာလည်းနှစ်ပေါင်းများစွာပစ်ထားမစောင့်ကြည့်တော့စိတ်မှာအစာမကြေခြင်းဖြစ်တာသဘာဝပါပဲ⚠

ဘာကြောင့်အစာမကြေဖြစ်တာလည်းဆိုတာကိုကျွန်တော်နည်းနည်းမျှဝေသွားပါမယ်

1️⃣အတိတ်ကိုမစွန့်လွှတ်နိုင်လို့ပါ

🔶ကျွန်တော်တို့အားလုံးဟာအတိတ်နဲ့မကင်းခဲ့ကြပါဘူး
တစ်နည်းအားဖြင့အတိတ်ဆိုးနဲ့မကင်းခဲ့ကြပါဘူး
ကျွန်တော့်မှာလည်းအတိတ်ဆိုးများစွားရှိပါတယ်
အခုဒီစာကိုတွေ့နေတဲ့သူတွေမှာရောအတိတ်ဆိုးတွေးရှိခဲ့ကြမှာပါ

အတိတ်ဆိုးမှာအမျိုးမျိုးရှိပါတယ်
🔰ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့အတိတ်ဆိုးတွေ 😢

🔷ကျွန်တော်တို့ဆီသွယ်ဝိုက်ရောက်လာတဲ့အတိတ်ဆိုးတွေဆိုး😢

🔶ကျွန်တော်တို့ရဲ့သတိ/အသိ ကြိုးစားအားထုတ်မှုကင်းပြီးဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေ😢

🔶ကျွန်တော်တို့ကိုယ်တိုင်အနေမတ် ပြောမတတ် တွေးမတတ်လို့ ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေ😢

အတိတ်ဆိုတာရှည်ရှည်ဝေးဝေးသွားမကြည့်နဲ့ဒီမနက်လည်းနေ့လယ်အချိန်ရောက်မယ်ဆိုရင်အတိတ်ဖြစ်သွားတော့မယ် /ဒီနေ့လယ်ဟာလည်းညနေရောက်မယ်ဆို အတိတ်ဖြစ်သွားမယ်/ ဒီညနေဟာလည်းမနက်ဖြန်ရောက်ရင်အတိတ်ဖြစ်သွားတော့မယ်‼✅

ကျွန်တော်ဒီစာရေးနေပြီးဒါကလည်းအတိတ်ဖြစ်သွားမှာပဲ
⚠ပြီးခဲ့တဲ့အတတ်တွေကိုပြန်စဥ်းစားမယ်ဆိုရင်အချိန်တာကုန်သွားမယ်
အချိန်ပိုပေးပါဦးဆိုရင်တောင်လောက်မယ်မထင်ပါဘူး
ကျွန်တော်ကိုယ်တိုင်ရဲ့ရလာတဲ့resultပါ

📀ကျွန်တော်အတိတ်ကိုဘယ်လောက်စဥ်းစားတာနဲ့ပတ်သက်ပြီးနည်းနည်းပြောပြပါမယ် နည်းနည်းပါ အများကြီးဆိုကုန်နိုင်မယ်မထင်ဘူး

😔ကျွန်တော်ဆယ်တန်းအောင်တော့ပညာရေးကောလိပ်တတ်ဖြစ်ခဲ့တတ် ကျောင်းသားဆောင်ရောက်လည်းရောက်ရောသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြတော့နင်အမှတ်ဘယ်လောက်ရ ငါအမှတ်ဘယ်လောက်ရ နင်ကဘယ်ဘာသာမှာဘယ်နှစ်မှတ်ရ ငါကဘယ်ဘာသာမှာဘယ်နှစ်မှတ်ရ စသဖြင့်ပေါ. ကျွန်တော်လည်းသူတို့အမှတ်များတဲ့ဘာသာဆိုအားကျ စာသင်ခန်းရောက်တော့လည်းအမှတ်တွေမေးကြ တစ်ချို့ဆိုပညာရေးတက္ကသိုလ်တက်ဖို့အမှတ်နည်းနညိးလို
ကျနော်လည်းပညာရေးတက္ကသိုလ်ကိုပဲတတ်ချင်စသဖြင့်ကျနော်သူငယချင်းတွေလည်းအတိတ်ကိုရောက်မှန်းမသိရောက်ခဲ့ကြတယ်အမှတ်ကမမှီလို့ပေါ့ ကျနော်အတိတ်ရောက်လိုက်ပုံက အမှတ်တွေကိုပြင်ချင်တဲ့စိတ်ဖြစ်ခဲ့တယ် ဒီဘာသာမှာဆို ဘယ်နှစ်မှတ်ရရင် ဟိုဘာသာမှာဘယ်နှစ်မှတ်ရရင်အဲ့ဒါကိုမှီမှာပေါ့ စသဖြင့်တစ်ယောက်တည်းpen
တစ်ချောင်းစာရွက်တစ်ရွက်ကိုင်ကဂုဏ်ထူးထွက်မတတ်တွက်ချက်နေတာပေါ့ ဒါနဲ့ဆရာမတွေကဒီကနေပြီးတော့နောက်ထပ်အခွင့်အရေးရှိသေးတယ် ကြိုးစားလို့ရသေးတယ်ပြောမှ အ့တာကိုနည်းနညိးဖျောက်နိုင်ခဲ့တယ် ဒါလည်းကျောင်းသားအများစုဖြစတတ်တဲ့အရာပဲလို့ကျနော်တွေးခဲ့တယ် ဒီပညာရေးကောလိပ်တက်ရတာဆယိတန်းကြောင့်ပဲစသဖြင့်တွေးခဲ့တယ်

အခုဆိုရင်ကျနော်ဆယ်တန်းအမှတ်ကိုလည်းမမှုတော့ဘူး ပညားရေးကောင်းတာ/မကောင်းတာကိုလည်းမမှုတော့ဘူး
အားလုံးကိုလွှတ်ချလိုက်ပြီး

🔺ကျွန်တော်ပြောချင်တာကဒီအတိတ်ကဘဝကိုရှေးဆက်တဲ့အခါဘာမှအရေးမပါတဲ့ အတိတ်ဖြစ်သွားမှာပဲ

🛑ကုိယ့်အတွက်ခံစားချက်မကောင်းတဲ့အတိတ်ကိုလွှတ်ချဖို့ဝန်မလေးပါနဲ့

⛔လွှတ်ချတဲ့အခါပြန်ရမယ်.ပျော်ရွှင်မှု စိတ်ရောကိုယ်ပါလန်းဆန်မှု ကိုပြန်ရမှာပဲလို့ရဲရဲကြီးတွေးပြီးလွှတ်ချပါ

📛မလွှတ်ချရင်ဖြစ်လာမယ့်အပြစ်(ပေါင်းသင်းဆက်ဆံရေး/ စီးပွားရေး /ပညါရေး /ဘာသာရေး)စတဲ့အရေးတွေမှာထိခိုက်မှာပဲတွေးပြီးလွှတ်ချပါ

🚫သတိထား စိတ်ကိုယ်အမြဲစောင့်ကြည့်ပြီးတော့လွှတ်ချပါ

💯 ကိုယ်လွှတ်ချမှဒီအစာမကြေခြင်းကပျောက်မယ်ဆိုပြီးပြင်းပြတဲ့ဆန္ဒထားပြီးလွှတ်ချပါ

💢 တွေးတိုင်းတွေးတိုင်းလွှတ်ချနိုင်အောင်ကြိုးစားပါ

💚 ကိုယ့်ကိုယ်ကိုအသည်းပေးပြီးကောင်းတဲ့အရာတွေလုပ်ခဲ့တာတွေကိုတွေးပြီးလွှတ်ချပါ

♦အတိတ်တိုင်းကိုမခံစားတတ်တော့တဲ့သူတစ်ယောက်ဖြစ်တဲ့အထိလွှတ်ချပါ

😊အရေးကြီးဆုံးကတော့လွှတ်ချလိုက်ပါ😊
#အားလုံးသတိရှိစေချင်သောဆန္ဒဖြင့်
#စိတ်အစာမကြေမှုနည်းစေလိုသောဆန္ဒဖြင့်
လေးစားစွာမျှဝေပါသည်

ဒီနည်းအတိုင်းလွှတ်ချနိုင်ကြပါစေ

လွှတ်ချမယ်ဆိုYesလို့မန့်ခဲ့ပါခင်ဗျ

Videos (show all)

ကိုယ့်ruleနဲ့ ကိုယ်နေပါ
အလုပ်တစ်ခုကိုစဖို့ခက်ခဲနေသူများကြည့်ပေးကြပါ

Website