Pann Ni Ni Beauty Salon
Pann Ni Ni
#ပညာသင်ဝန်ထမ်း များအလိုရှိပါတယ်
#ပညာအရည်ချင်း မလိုအပ်ပါဘူး
#အသက်၁၈နှစ်မှ၂၅နှစ်
အတွင်း
စိတ်ပါဝင်စားပါက
စုံစမ်းရန်
09887741110
ချစ်တို့တွက် မိုးတွင်း အထူးလျော့စျေးအဖြစ်
1.8.2022 မှ 31.8.2022ထိကို
💆💆💆ဆံပင် ကောက်၊ဖြောင့်၊ဆေးဆိုး 20%off
💅💅💅ဘယ်Gel ကာလာဆိုးဆိုး 20%off အပြင်
🔔🔔🔔မိုးတွင်း package ဆိုပြီး ခြေထောက် spa +Gel ဆိုးတာကို 13000ks တည်းနဲ့ ရရှိမှာဖြစ်ပါတယ်ရှင့်
ခြေလှမ်းလေးတွေတိုင်း ဖွေးနုသန့်ရှင်းစေဖို့ဒီpackage လေးလုပ်သင့်ပါတယ်နော်🦶
ခြေထောက် spa မှာပါဝင်တာကတော့
♦️Spa Bath Salt လေးနဲ့စိမ်
♦️Peeling လေးလုပ်မယ်
♦️Scrubလေးတိုက်မယ်
♦️Gelလေးစိမ်မယ်
♦️ပေါင်းတင်မယ်
♦️အသားမာလေးတိုက်ပီး ခြေချောင်းလေးတွေသန့်ရှင်းရေးလုပ်မယ်
♦️Lotion လေးလိမ်းမယ်
ပြီးလျှင် မိမိ ကြိုက်နှစ်သက်ရာ gel colour ပြောင်လေးFreeဆိုးပေးအုံးမှာပါရှင့်🥰
🏠အမှတ်(၃၄/၁) ၁လမ်းတို၊သဉ္ဇာဦးလမ်းမကြီး၊ပြည်တော်ဦးဆေးရုံအနီးလှည်းကူးမြို့နယ်
☎️09450037757
မဂ်လာပါ
ပန်းနီနီ ချစ်သောသူများအတွက်
မိုးရာသီအကြို Promotions လာပါပြီနော်
1.7.2022 မှ 31.7.2022ထိကို
ဆံပင် ဖြောင့်၊ကောက်၊ဆေးဆိုး ကို 20%off
လက်သည်း(or) ခြေသည်း only 10% off
လက်ရော ၊ ခြေထောက်ေရာဆိုလျင် 20% off
Discount ရရိှမှာဖြစ်ပါတယ်ရှင့်
09450037757
အမျိုးသမီး ဝန်ထမ်း ခေါ်တာပါရှင့်
ခေါင်းလျှော် စက်ဆွဲ တစ်ဦး
လက်သည်း ပန်းချီ တစ်ဦး
လိုချင်ပါတယ်ရှင့်
လစာ /
uniform /
% /
ဘောနပ် /
ဖုန်းဘေ /
WiFi Free
နေစားငြိမ်းပါရှင့်.........
အသေးစိတ်သိလိုပါက
09782222376
14/05/2022
🙏🙏🙏
17/04/2022
⚫ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်ပေါ်လာပုံ
မြန်မာတို့၏ နှစ်ဉီး ကာလ သမယအခါအဖြစ် ဉီးဆုံးရက်ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ကြသည်
နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်သည်။ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်သည်။
မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ
တန်ခူးလဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့မှာ
တန်ခူးလဆန်း (၁) ရက်နေ့ မဟုတ်ပေ။
သူရိယနေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့
ကူးပြောင်းချိန်သည် တန်ခူးလအတွင်း
ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်း
ကျရောက် နိုင်လေသည်။
သို့ဖြစ်၍ တန်ခူးလ သို့မဟုတ် ကဆုန်လ၏ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ ရက်များကို နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်ဟု ခေါ်ဆိုကြသည်။ ဝေါဟာရ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသည့်တိုင် နှစ်မကူးသေးဘဲ နှစ်ဆန်းတစ်ရက်နေ့တွင်မှ နှစ်သစ်ကို စတင်သည်။
ရှေးမြန်မာမင်းများ လက်ထက်ကပင် နှစ်ဆန်းတစ်ရက်နေ့ကို အလေးအမြတ်ပြုကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေမြို့တော် ဓာတ်တံခါးလေးရပ်မှနေ၍ အမြောက်သံပေးရမြဲဖြစ်သည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ သမ္မာဒေဝနတ်အပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဒါန်းပူဇော်မြဲ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်မြဲဖြစ်သည်။ ယင်းနေ့တွင် အတာပွဲတော်ကိုလည်း ဆင်ယင် ကျင်းပလေ့ရှိခဲ့ကြသည်။
မင်းတုန်းမင်း လက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ်
(၁၈၇၁ ခုနှစ်)က နှစ်ဆန်းတစ်ရက်နေ့မှာ
သမိုင်းဝင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်
မင်းတုန်းမင်းသည် ယင်းနေ့တွင် ပဉ္စမသင်္ဂါယနာတင်
အခမ်းအနားကို စတင်ကျင်းပခဲ့သောကြောင့် ဖြစ်သည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် “သက္ကရာဇ် (၁၂၃၃) တစ်ထောင်နှစ်ရာ သုံးဆယ့်သုံးခု တန်ခူးလပြည့်ကျော် တစ်ဆယ့်တစ်ရက် (၁၅ ဧပြီ ၁၈၇၁) နှစ်ဆန်း တစ်ရက် စနေနေ့ ကောင်းမြတ်သော မင်္ဂလာအခါတော်၌ အမြောက်သံကြားစေပြီးမှ ဆဒ္ဒန်ဆင်မင်းသခင်အသျှင် ဘဝရှင်မင်းတရားကြီးဘုရား၊ အရှင်နန်းမတော်မိဖုရား ခေါင်ကြီးဘုရားနှင့်တကွ မင်းညီမင်းသား မှူးတော်မတ်တော် အပေါင်းတို့ဖြင့် ခြံရံလျက် ထွက်တော်မူ၍ ရွှေနန်းပြာသာဒ်တော်ဦး မြေနန်းတော်တွင် အခမ်းအနား ကြီးကျယ်စွာ စီမံခင်းကျင်းပြီးလျှင် သာသနာပြု သုဓမ္မဆရာတော်၊ တံဆိပ်ရမရဆရာတော် သံဃာတော်တို့ကို လျှောက်ထားတောင်းပန်၍ ပဉ္စမသင်္ဂါယနာတင် မင်္ဂလာသဘင် ဆင်ယင်တော်မူသည်” ဟူ၍ ဖော်ပြထားသည်။
မြန်မာမင်းများလက်ထက်တစ်လျှောက် နှစ်ဆန်းတစ်ရက်နေ့တွင် အတာပွဲတော်ကို ကျင်းပမြဲဖြစ်ရာ မြန်မာဘုရင်လက်ထက် နောက်ဆုံး အတာပွဲတော်ကို သီပေါမင်းလက်ထက် ၁၂၄၇ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ကဆုန်လဆုတ် ၂ ရက် (၁၄ ဧပြီ ၁၈၈၅) တွင် ကျင်းပခဲ့သည်။ ယင်းနေ့တွင် လှူဖွယ်ဝတ္ထု အစုစုကို ပွဲလမ်းသဘင်စုံတို့နှင့်တကွ တောင်စမုတ်တော်၌ ခင်းကျင်းပြသလျက် မင်း၊ မိဖုရားတို့ ရေစက်ချ လှူဒါန်းခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန အလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ထင်ရှားသော ပွဲတစ်ပွဲမှာ ငါးလွှတ်ပွဲ ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်ပွဲကိုသာမက အခြားတိရစ္ဆာန်များအား ဘေးမဲ့လွှတ်ပွဲများကိုလည်း မြို့ရွာအနှံ့တွင် ကျင်းပလေ့ရှိကြသည်။ မြို့ရွာအများတွင် ဇီဝိတဒါန ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားကြပြီး ယင်းအဖွဲ့များက တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပွဲ ကျင်းပကြသည်။ ၁၉၃၈ ခုနှစ်က သထုံမြို့၌ ယင်းကဲ့သို့ ဘေးမဲ့လွှတ်ပွဲကျင်းပခဲ့ပုံနှင့် ပတ်သက်၍ ဘေးမဲ့ဇီဝိတဒါန ကယ်ဆယ်ရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် ကျွဲနွားဆိတ် ဝက် ကြက်ငှက် သားငါး တိရစ္ဆာန်များ လွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့က မော်တော်ကား နှင့်တကွ လှည်းပေါင်းများစွာဖြင့် တင်ဆောင်ကာ အတီးအမှုတ် အကအခုန် အမျိုးမျိုးတို့ဖြင့် လှည့်လည်ကျင်းပခဲ့ကြောင်း သူရိယသတင်းစာ၌ ရေးသားဖော်ပြခဲ့ဖူးသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့်လည်း ကုသိုလ်ယူကြသည်။ မိမိတို့နေထိုင်ရာ နယ်မြေဒေသအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြခြင်းမှာ ရှေးအစဉ်အလာ တစ်ရပ်ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလ ဆောက်တည်သူများ၊ စေတီရင်ပြင်တော်တွင် တံမြက်လှည်း သန့်ရှင်းရေး လုပ်ခြင်းဖြင့် ကုသိုလ်ယူကြသူများကို တွေ့မြင်နိုင်သည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်ကျေးရွာတွင်းနေ လူငယ်များက သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေးလျှော်ပေးခြင်းဖြင့် ကုသိုလ်ယူကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါမလာစေရန် အထိမ်းအမှတ်ဖြင့် ဦးခေါင်းဆေးလျှော်ခြင်း ပြုကြသည်။ ဦးခေါင်းတွင် တင်ရှိနေသော အညစ်အကြေးများအား မြန်မာ့ရိုးရာ တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောပေးကြခြင်းဖြစ်သည်။ ၎င်းအပြင် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော် ကန်တော့ခြင်းများဖြင့်လည်း ကုသိုလ်ယူကြသေးသည်။
မည်သို့ပင်ဆိုစေကာမူ မဟာသင်္ကြန် အတာမင်္ဂလာနှစ်ဦးအခါတွင် ရတနာသုံးပါးဘိုးဘွားတို့အား ဝတ္တရားမချွတ်ရအောင် ဆောင်ရွက်အားထုတ်ကြကုန်သော သူတော်ကောင်းအပေါင်းတို့အနေဖြင့် ရောဂါဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းပပျောက်လျက် လူနတ်နိဗ္ဗာန်သုံးတန်သုခ အလိုရှိသမျှ ဣဋ္ဌဖလအာနိသံသ အကျိုးပွားတိုး စုံလင်အောင် မြင်ပြီးစီးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
- တိပိဋက မြန်မာပြန်
post courtesy of ဗုဒ္ဓ၏ ဓမ္မစမ်းရေ
__________________________________________
11/04/2022
မဂ်လာပါရှင့်🙏🙏🙏
အကြိုနေ့ မှ အတက်နေ့
13.4.2022 / 16.4.2022 ထိ
ဆိုင်ပိတ်ပါတယ်
နှစ်ဆန်းတစ်ရက်နေ့17.4.2022
ဆိုင်ပြန်ဖွင့်ပါမယ်
ပန်းနီနီ ကိုလာရောက်အားပေးသော
မိတ်ဟောင်း၊မိတ်သစ်များအားလုံး
ပျော်ရွင်ဖွယ်နှစ်သစ်ဖြစ်ပါစေရှင့်🙏🙏🙏
31/03/2022
အားလုံးဘဲ မဂ်လာပါရှင့် 🙏🙏🙏
April 1to 30 Promotion 😍
လက်သည်း (or) ခြေသည်း Gelဆိုး/Gelဆက် - 20% off
Booking Phone - 09450037757
07/03/2022
Korea Brand 🇰🇷🇰🇷🇰🇷
လေးတွေရောက်ပါပြီ
ကာကာတို့ရေ...😍😍😍
03/01/2022
2.1.2022
ထိုးထားသော မျက်ခုံးတက်တူးလေးပါရှင့်💞
၃ ရက်ကြိုြပီး Booking ယူပေးပါနော်🙏🙏🙏
09450037757
Website
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |
Alerts
Be the first to know and let us send you an email when Pann Ni Ni Beauty Salon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.