LK Make Up Studio
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LK Make Up Studio, .
Anti-aging makeup look လေးလိမ်းပေးထားပါတယ်။
12/05/2026
LK make up studio မှ အွန်းလိုင်း Zoom Class Self Make up သင်တန်းကို လာမည့် 16 - 5 - 2026 မှာ စတင်သင်ကြားပါမည်။ Online Zoom ဖြင့် သင်ကြားရမှာမို့ တိုက်ရိုက် မိတ်ကပ် ကိုအခြေခံ ကစလို့ မိမိကိုယ်ကိုလှပ ပြီ ပြင်ဆင်တက်မှာဖြစ်ပါတယ်။ အွန်းလိုင်း ဗီဒီယိုကြည့်ပြီ သင်ရမှာမဟုတ်ဘဲ လက်တွေ့ အွန်းလိုင်းမှာ သင်ကြားမည့်ဆရာနှင့်တိုက်ရိုက် သင်ကြားသည်များကို
Face to Face သင်ကြားရမှာဖြစ်ပါတယ်။
သင်ကြားသူရဲ့ လိုအပ်ချက်ကအစ တိုက်ရိုက်ကြည့်ပြီ သင်ကြားပေးမှာဖြစ်ပါတယ်။
Online Zoom ဖြင့်တိုက်ရိုက်သင်ကြားပေးမှာမို့လူဦးရေ 5 ဦးသာလက်ခံပါမည်။ စိတ်ဝင်စားသင်ကြားလိုပါက Chat Box သို့ 09965698491
ကို ဆက်သွယ်မေးမြန်းလို့ပါတယ်။
သင်တန်းစတင်မည့်နေ့ - 16 - 5 - 2026 စနေနေ့
သင်တန်း Zoom Class အချိန် - နေလည် 12:00
သင်ကြားပေးမည့် ကာလ - 2 ရက်
သင်တန်းကာလအတွင်းသင်ကြားပေးမည့်အချိန် ပေါင်း- 10 နာရီ
11/05/2026
✨မိတ်ကပ်အခြေခံ အဆင့်ဆိုသည်မှာ ✨
မိတ်ကပ်သင်တန်းတက်မဲ့သူတွေမိတ်ကပ်အကြောင်းသိလိုသူတွေသာဖတ်ပါ။
မိတ်ကပ်သင်ကြားရာမှာ အခြေခံအဆင့်သည် အရေးကြီးဆုံးဖြစ်ပါတယ်။ မိတ်ကပ်သင်ယူကြတဲ့အခါ အခြေခံအဆင့်ထက် မိတ်ကပ်လိမ်းမယ်ဆိုတဲ့ ရိုးရှင်းတဲ့ ခေါင်းစဉ်တခုအောက်မှာ သာရှိကြပါတယ်။
ဘယ်သူလာလာ ဒါဘဲလိမ်းမယ် ဒါမျိုးဘဲပြင်ပေးမယ်ဆိုတာမှာ မိတ်ကပ်ခေါင်းစဉ်မရှိပါဘူး။ ဖန်တီးနိုင်မှုမပြနိုင်ကြဘူး။ လူတယောက်နဲ့တယောက်မျက်နှာအချိုးအစား အသားရည်အရောင်မတူကွဲပြားကြပါတယ် ။ဥပမာ - ဘာနဲ့စားလဲ လို့မေးရင် ကြက်သားနဲ့ စားတယ် လို့ဖြေတာထက် ထမင်းကိုကြက်သားဆီပြန်ဟင်း
လေးနဲ့ စားတယ်လို့ အပြည့်အစုံတန်ဆာဆင် ဖြေတာလေးက ပိုပြည့်စုံ စေပါတယ်။
ယခု Make up Look က ညပွဲBirthday party - Stage show -Photoshoot - Glam event တွေလိုက်ဖက်အောင်လိမ်းပေးထားတာဖြစ်ပါတယ်။
Technique ပိုင်းမှာတော့
Outer corner ကို black/plum နဲ့ deep smokey ဆွဲထားတယ်
Lid အလယ်မှာ shimmer တင်ထားတယ်
Lower lash line ကို dark shadow နဲ့ချထားပါတယ်။
Eyeliner ကို thick wing မဟုတ်ဘဲ smoky style လုပ်ထားပါတယ်။
ဒါကြောင့် မျက်လုံးကြီးပြီး sexy glam vibe ထွက်လာတာဖြစ်ပါတယ်။
မျက်ခုံးကိုအရမ်းထင်းမနေစေဘဲ
မျက်လုံး makeup နဲ့ balance ဖြစ်အောင် natural brown tone သုံးထားပါတယ်။
အခု မိတ်ကပ်look မှာ lipstick က အရမ်းအရေးကြီးပါတယ် အရောင်နဲ့ အသုံးပြုထားတဲ့ မျက်လုံး ကာလာတွေနဲ့ လိုက်ဖက်ဖို့ လိုအပ်ပါတယ်။ မိတ်ကပ်ပြင်ဆင်မှု လက်ယာ ကိုတော့
Smokey Plum Eye + Glossy Wine Lip Look ခေါ်ပါတယ်။
မိတ်ကပ်သင်ယူလို သင်ကြားလိုသူများအတွက် အခြေခံ အဆင့်တွေထဲက ဗဟုသုတ လေးကိုမျှဝေပေးပါတယ်။ သင်ယူလွယ်တက်မြောက်သိရှိ နားလည်နိုင်မယ်ထင်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆို like & Share ပေးသွားပါဦး။
Makeup - LOA KHAM - Tai
မိတ်ကပ်အကြောင်းပညာမျှဝေ မိတ်ကပ်လိမ်း❤️
အလှပေါ်အလှဆင့်လေးမိတ်ကပ်လိမ်းကြမယ်။ Before & After Make up look ❤️
ဒီလိုလေး လိမ်းပေးမယ်။ လိမ်းချင်တဲ့ သူ မန့်ခဲ့ပေးနော်။
ရေစို tow Way က ဘယ်သူတွေနဲ့လိုက်လဲဆိုရင်
✅ အသားခြောက်
✅ Skin healthy look ကြိုက်သူ
✅ Camera glow ကြိုက်သူ
✅ Wedding / photoshoot
တို့ ဆိုလိုက်ဖက်ပါတယ်။
ဘယ်လိုလူတွေမသုံးသင့်လဲဆိုတာကို နောက်သင်ခန်းစာကြမှတင်ပေးပါမယ်
မိတ်ကပ်ဆံထုံးသင်တန်းသူများရဲ့ သင်တန်းကာလအတွင်း
၁၀ရကိတာကာလသင်တန်းမှာရရှိခဲ့တဲ့ Feedbackလေးတွေ
တွေနဲ့အတူ ၁နှစ်မှ ၁ကြိမ်သာ ဖွင့်သည့် မိတ်ကပ်ဆံထုံး ၁၀ရက်သင်တန်းကို ၉- ၅ - ၂၀၂၆ စတင်ပြန်ဖွင့်ပါပြီ။
သင်တန်းစုံစမ်းမေးမြန်းအပ်နှံနိုင်ပါပြီ။
05/05/2026
သဘာဝမဟုတ်ဘဲ မျက်နှာကို ဖြူပြောင်၊ သွယ်လျပြီး အထင်ရှားဆုံး အောင်တင်းတိတ်အညိုစက်တွေကိုဖုံးကွယ် ပြောင်းလဲလိမ်း ပေးထားပါတယ်။ Before ထက် After မှာ ယုံကြည်မှုရှိစေပြီ လှပအောင်ပြင်ပေးထားပါတယ်။
ဒီလိုမျိုး လိမ်းတက်ချက်ရင် 9-5-2026 မှာမိတ်ကပ်ဆံထုံး 10 ရက်သင်တန်းစဖွင့်ပါပြီ ။
LK Make Up Studio မှာ မိတ်ကပ် ဆံထုံးသင်တန်း
9-5-2026 မှာစတင်ဖွင့်ပါမည်။
1 နှစ်မှ 1 ကြိမ်သာဖွင့်သည့် ရက်တိုသင်တန်းဖြစ်ပါတယ်။ သင်တန်းကာလ 10 ရက်တာဖြစ်ပါတယ်။
သင်တန်းကာလအတွင် ရရှိမည့်ပညာရပ်များ
💄 1. Professional Skill တက်မြောက်နိုင်ခြင်း
Basic ကနေ Advanced အထိ တစ်ဆင့်ချင်းစနစ်တကျ သင်ကြားပေးလို့ မိတ်ကပ်ပညာကို အတိအကျနားလည်နိုင်ပါမယ် ။
💇♀️ 2. Trend နဲ့လိုက်ဖက်တဲ့ Makeup & Hair Style များ သင်ယူနိုင်ခြင်းနှင့်အတူ 2026 ခေတ်မှီ Makeup Trend တွေ၊ Bridal Look တွေ၊ Soft Glam Look တွေကို လက်တွေ့သင်ကြားပေးပါတယ်။
📸 3. Real Practice (လက်တွေ့လေ့ကျင့်မှုများ)
Model ပေါ်မှာ လက်တွေ့လုပ်ပေးရတာကြောင့် Confidence တက်ပြီး Customer Handle လုပ်နိုင်လာပါတယ်။
🎓 4. Certificate ရရှိခြင်း
သင်တန်းပြီးဆုံးပါက Certificate ပေးပါမယ်။
📍 မိတ်ကပ်ဆံထုံး ရက်တို 10 ရက်သင်တန်းတက်ခြင်းဟာ မိမိရဲ့ အရည်အသွေး ယုံကြည်မှု ပေါင်းသင်ဆက်ဆံရေးပါ တိုးလာပါမယ် ။
သင်တန်းတက်ရောက်လိုပါက Chat Box သို့ သင်တန်းလက်ခံဖုန်း 09-965698491 ကိုအသေးစိတ်စုံစမ်းနိုင်ပါတယ်။
01/05/2026
အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲဝင် Best Smile Award ဆုရှင် ချစ်ရသောအမ ထက်ထက်စိုး ကိုလိမ်းခြယ်ထုံးဖွဲ့ ပြင်ဆင်ပေးထားပါတယ်။
အနက်ရောင် မြန်မာဝတ်စုံနှင့် အစိမ်းရောင် ကျောက်မျက်ရတနာများကြောင့် မိတ်ကပ်ကို အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတသော အရောင်များဖြင့်သာ လှပအောင် ပြင်ဆင်ပေးထားပါတယ်။မြန်မာဆန်ဆန် ကျက်သရေရှိပြီး ခေတ်မီလှပသော Classic Glam ပုံစံမျိုး ဖြစ်ပါတယ်။
Make up - LOA KHAM - Tai
ကဆုန်လပြည့် နေ့ လေးမှာ ပညာဒါန လေးတင်လိုက်တယ်။
ပျော်ရွှင်ပြည့်စုံစီးပွားတိုးသော ကဆုန်လပြည့်နေ့ဖြစ်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Contact the business
Telephone
Website
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |