The Sibs

The Sibs

Share

Shopping is always a good idea.

Photos from The Sibs's post 25/02/2026

# All sold out ☺️

🔔သယ်ရလွယ်ကူ စားရလည်းအဆင်ပြေတဲ့ ဘူးခြောက်ဆွဲလေး🍜တွေ ဒီတခေါက်ကုန်သွားရင် ရဖို့ကြာအုန်းမှာနော်🤗

Photos from The Sibs's post 18/02/2026

ဟလိုဟလို 🙋🏻‍♀️
ခရီးသွားရင်ပဲ အလွယ်တကူ ဆောင်သွားမလား 🏕️🏖️
ညဘက် ဗိုက်ဆာရင်ပဲ လွယ်ကူစွာ လုပ်စားမလား 🌃🍜

စားရတာ အရမ်းအဆင်ပြေတဲ့ ခေါက်ဆွဲဘူးလေးတွေ ရောင်းနေပြီနော်။ 📦 အခုလောလောဆယ် လက်ကျန်အရေအတွက် နည်းနည်းပဲ ရှိတော့လို့ အမြန်လေး ဝယ်ထားလိုက်တော့နော် 🤗

✨ ရနိုင်တဲ့ အရသာလေးတွေကတော့ -
🦆 မားမား ဘဲသား
🧀 မားမား ချိစ်
🔥 မားမား မာလာရှမ်းကော

စျေးနှုန်းလေး သိချင်ရင်ဖြစ်ဖြစ်၊ မှာယူချင်ရင်ဖြစ်ဖြစ် Chat box (သို့မဟုတ်) Comment မှာ မေးမြန်းနိုင်ပါပြီရှင်။ 💌

🇹🇭

Photos from The Sibs's post 14/02/2026

Hello 🙋🏻‍♀️Buldak Spicy ခေါက်ဆွဲ cheeseနဲ့ carbonara ရောင်းပြီးရှင့် အရေအတွက်ကနည်းနည်းဘဲရလို့ ဦးသူယူနော် 🥹

🔔ခေါက်ဆွဲဘူးလေးတွေလည်း ရောင်းပေးနေပြီနော် သူလည်းအရေအတွက် နည်းနည်းဘဲရှိလို့ အမြန်လေးဝယ်ထားလိုက်တော့နော် 🤗

မားမားဘဲသား
မားမားချိစ်
မားမားမာလာရူမ်းကော

🇹🇭 #ခေါက်ဆွဲ #စပိုင်စီ

13/02/2026

📣📣📣 Hello The Sibs ပြန်လာပါပြီရှင့် 🙋🏻‍♀️😊

#ကွိစိကွစ

25/12/2022

Merry Christmas!!! 🧑‍🎄🎄⛄

Wishing you joy, love & peace this Christmas and throughout the New Year ပါ။

စပါယ်ရှယ်တန် လက်ကျန်ရှင်းလေးတွေ ခု share ထားတဲ့ post ရဲ့ comment မှာ တင်နေပါပြီနော်။ 🙆🏻‍♀️

20/12/2022

ဟဲလို!!!!!

ခဏပြန်လာပါပြီ။
(ပစ်ထားမိတဲ့ page လေး ဖုန်တွေတော်တော်တက်နေလို့ လာရှင်းတာ။)😁😁

သူများတွေ Black Friday sales ကြကတည်းက အက်မင်လည်းရောင်းချင်တာ ဘာပစ္စည်းမှ မယ်မယ်ရရ ရှိမနေလို့။🥹 သို့ပေမယ့်လည်း year end တော့ sale လိုက်မယ် စိတ်ကူးတယ်။ ထုံးစံအတိုင်းလက်ကျန်လေးတွေဖြတ်ချင်လို့ပါ။

အစကတော့ မွေးနေ့လည်းရှိလို့ luck draw လုပ်မလား စိတ်ကူးမိပေမယ့် ပိုက်ဆံလေးပိစိလောက်ပြန်ရရင် သုံးစရာလေးရှိလို့ပါ။😬 စိတ်မပူပါနဲ့နော် အလကားနီးနီး ဈေးတွေနဲ့ရောင်းမှာပါ။ ဘာတွေကျန်သေးလဲဆိုတာတော့ အထုတ်တွေဖြေပြီး ဓာတ်ပုံတွေရိုက်ပြီးပြန်လာမယ်နော်။
ဒီပို့စ်ရဲ့ comment မှာပဲတင်သွားမှာပါ။

ဘိုင်းရီ!!

Photos from The Sibs's post 26/08/2022

Update - L/XL ဆို အညို၊ အနက်နဲ့အသားရောင်၊ S/M ထဲက
နီညို၊ အဖြူ၊ နက်ပြာ၊ အသားရောင် တစ်ထည်စီပဲ ရပါတော့မယ်နော်။

ကိုယ်ကြိုက်တဲ့အရောင်လေးကျန်‌သေးရင် အမြန်ယူလိုက်တော့နော်။ နောက်တခါဒီဈေးနဲ့မရတော့သလို ထပ်လည်းမရောင်းတော့ပါဘူး။🥲

Photos from The Sibs's post 18/08/2022

Update - L/XL ဆိုအနက်နဲ့အသားရောင်၊ S/M ထဲက ကာကီ၊ အသား၊ နီညို၊ ဖြူ၊ နက်ပြာ၊ ခဲပြာ ရပါမယ်ရှင့်။ ..

Hello hello 🙋🏻‍♀️

ဟိုတနေ့ကပြောထားတာလေး လာရောင်းပါပြီ။ သူကတော့ local made style pant လေးတွေပါပဲ။ 🎉

သူကို့ မင်မင်စသိတာ မမေသော်၀တ်ထားတုန်းက။ ဒီပို့စ်လေးမှာပေါ့။ 👇🏼
https://www.facebook.com/100044307945526/posts/523922475761346/

ဟယ် မဆိုးဘူး ဈေးလည်းတန်တယ် ပြည်တွင်းဖြစ်ကိုအားပေးရာရောက်တယ်ဆိုပြီး ၀ယ်ချလိုက်တာ ၃ထည်။ အဲ့မှာစကြိုက်သွားတာပဲ။😁 တမေ့တမောစောင့်ရတာက အသက်။🥴 အဲ့ဒါကြောင့် instock ထားရင် လိုချင်တဲ့သူတွေအတွက်အဆင်ပြေမှာပဲဆိုပြီးမှာလိုက်တာ ခုလိုမင်မင်ဈေးရောင်းချင်စိတ်ကုန်ခန်းနေချိန်မှာရောက်လာတော့တာပဲ။

ကဲ ဘောင်းဘီအကြောင်းလေးပြန်ပြောမယ်နော်။
✴️သူက ဆိုဒ်၂ဆိုဒ်ပဲလာပါတယ်။ သားရေကြိုးလည်းပါလို့ တော်ရုံ ပိန်ပိန် ၀၀ အဲ့နှစ်ဆိုဒ်ထဲ၀င်ပါတယ်။ size chart လေးထည့်ထားပါတယ် ကြည့်ပေးနော်။

✴️အသားက မင်မင် (* )လေးပြထားတဲ့ အသားရောင်နဲ့နက်ပြာလေးကချည်သားလိုခပ်ပျော့ပျော့လေးပါ။ ကျန်တာတွေက သူတို့ခေါ်တာဂျပန်ဇောင်းသားဆိုလား မင်လည်းမသိ။ အေးတဲ့အသားမျိုးတော့မဟုတ်ဘူးကွယ်။ ဒါပေမယ့် မင်မင်တော့ကြိုက်တယ်။

✴️သူက high waisted pants ဆိုတော့ crop-top ပေါင်းစုံနဲ့သိပ်လိုက်။ plain ကိုမှ ဘာနဲ့တွဲတွဲလိုက်မယ့်အရောင်လေးတွေကြီးပဲရွေးထားတာ ။ တစ်ထည်၀ယ် ကြိုက်ရာနဲ့တွဲ၀တ်။ ရုံးတက်ရင်ပဲ၀တ်၀တ်၊ ဟိုနားဒီနား ရှော့ပင်ထွက်ဈေး၀ယ်ရင်း၀တ်၀တ် ပေါ့ပါးနေရော။

✴️Style pantတစ်ထည်အတွက် ဒီဈေးနဲ့ဒီကွာလတီပဲရတယ်လို့‌ပြောလို့ရပါတယ်။ ဒါပေမယ့် ပေးရတဲ့ဈေးထက်တန်တယ်ဆိုတာ ၀တ်ကြည့်မှသိမှာပါ။

ထပ်ပြီးအသေးစိတ်သိချင်ရင်လာမေးလို့ရပါတယ်နော်။

🏷️ ‌တစ်ထည်ကို ၇၀၀၀ကျပ်ပါရှင့် ပါနော်။

16/08/2022

Hello 🙋🏻‍♀️

အပျင်းထူနေတဲ့မင်မင် ခဏပြန်ထွက်လာပါပြီ။😬 (တကယ်က ဈေးတွေတက်လို့အသစ်လည်းထပ်မ၀ယ်ချင်တာနဲ့ လက်ကျန်လေးတွေ အရင်ဖြတ်နေတာပါ။ ဈေးရောင်းချင်စိတ်လည်းပျောက်နေတာ ၀ယ်ပဲ၀ယ်ချင်‌နေတယ် ကိုယ့်အတွက်ကို🥹)

ဒါပေမယ့် အခုတော့ instock ထား ရောင်းမယ်ဆိုပြီးမှာထားတဲ့ အရာလေးက နှစ်လနီးပါးအကြာမှာတကယ် ရောက်လာခဲ့ပြီမို့😅 အဲ့ဒါလေးရောင်းဦးမယ်နော်။ သေချာလေးဓာတ်ပုံရိုက်ပြီးမှ တင်ပေးမယ်နော်။

ဘာလေးဖြစ်မလဲ သိလားဟင်။ သူက စားစရာတော့မဟုတ်ဘူး။ လူတိုင်းအတွက်လည်းမဟုတ်ဘူး။🤔 အညာစောင်လည်းမဟုတ်ဘူးနော်။😁 ဒါပေမယ့် သူက local product တစ်ခုပဲ။

Photos from The Sibs's post 10/08/2022

ဒီမိုးအေးအေးလေးနဲ့စောင်ခြုံပြီးကွေးချင်လား 🌧️😴

ဟောဒီမှာ အညာ‌ဒေသထွက် ချည်ကျစ်စောင်လေး၀ယ်။😁

အညိုဆင်လေး ၂ထည် instock ရှိတယ်နော်။ ရေ တစ်ရေလောက်ချလိုက်ရင်ကို အိစက်နွေးထွေးချည်စောင်လေးရမှာဗျို့။

📐အကျယ် ၅ပေ
အရှည် ၆ပေခွဲ

🏷️၁၀၅၀၀ကျပ်

08/08/2022

ကိုယ့်ဘက်ကစခေါ်မှ အသက်ဝင်မယ့်ဆက်ဆံရေးတွေက တကယ်နာကျင်ရပါတယ်။🥺

ဒါပေမယ့် မင်မင်ကတော့အမြဲစခေါ်ပါတယ်။🥹

"ဈေးလာ၀ယ်ကြဦးလေ။" 😁😁

Want your business to be the top-listed Beauty Salon in Pazundaung?
Click here to claim your Sponsored Listing.

Website

Address


Pazundaung