Dr. Khin Sandar Ko

Dr. Khin Sandar Ko

Share

What makes me happy? Achieving perfect symmetry and balance—in my work and in life. Also, discovering a new skincare ingredient that actually works!

Obsessed with helping you age gracefully.

24/06/2026

သိကောင်းစရာ အတိုအထွာ (၅)

"အသက်ကြီးမှ Botox ထိုးရတာ မဟုတ်ဘူးလား?"
😳😳😳

ဒါက တကယ့်အယူအဆအမှားကြီးပါရှင်။
တကယ်တော့ Botox ဆိုတာ အရေးအကြောင်းတွေ နက်နက်ရှိုင်းရှိုင်း မဖြစ်သွားခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်ကတည်းက စထိုးကြတာ ပိုပြီး ထိရောက်မှုရှိပါတယ်။

အရေးအကြောင်းတွေ အရမ်းနက်သွားမှဆိုရင်တော့
ကုသရတာ ပိုကြာတတ်ပြီး ဆေးအာနိသင်ပြဖို့လည်း ပိုသုံးရတတ်လို့ပါပဲ။ အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်ဖို့က အမြဲတမ်း အကောင်းဆုံးနည်းပါပဲ။

အခု စာဖတ်နေသူတို့ကော ဘယ်အသက်အရွယ်မှာ Botox စထိုးရင် အကောင်းဆုံးလို့ ထင်ခဲ့ကြတာလဲ?
ကောမန့်မှာ အရင်က ထင်ခဲ့တာလေးတွေကို မျှဝေပေးခဲ့ပါဦးနော် 👇


#နုပျိုခြင်းလျှို့ဝှက်ချက်
#ဘိုတော့စ် #အရေးအကြောင်းကာကွယ်နည်း

24/06/2026

သိကောင်းစရာ အတိုအထွာ (၆)

"မိုးအုံ့နေတာပဲ... နေကလည်းမပူဘူး၊ Sunscreen
မလိမ်းလည်း ရပါတယ်" လို့ထင်နေကြလားရှင်?
😌😌😌

ဒါက တကယ့်အယူအဆအမှားကြီးပါ။
မိုးအုံ့နေရင်တောင် အသားအရေကို အိုမင်းရင့်ရော်စေတဲ့ UV ရောင်ခြည်တွေက တိမ်တိုက်တွေကို ဖြတ်ပြီး “၈၀ ရာခိုင်နှုန်းအထိ” ကျရောက်နေဆဲမို့လို့ပါ။

ဒေါ်လာထောင်ချီတန်တဲ့ Aesthetic Treatment တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား... မိုးရွာရွာ၊ မိုးအုံ့အုံ့ နေလောင်ကာခရင်မ်ကို နေ့တိုင်း ပုံမှန်မလိမ်းရင် အလကားပါပဲ။

UV ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေအတွင်းပိုင်းက Collagen တွေ ပျက်စီးပြီး ပိုအိုစာလာတတ်လို့ အမတို့ဆီ လာပြတဲ့သူတွေကို အမြဲတမ်း အမအလေးအနက်ထားပြီး မှာရတဲ့ အဓိက အချက်ပါပဲ။

ဒီနေ့ မိုးအုံ့နေပေမယ့် Sunscreen လိမ်းပြီးကြပြီလားရှင်? လိမ်းပြီးရင် “Yes” လို့ ကောမန့်ပေးခဲ့ပါဦးနော် 👇🤗



#နေလောင်ကာခရင်မ်
#အသားအရေထိန်းသိမ်းနည်း
#မိုးရာသီအသားအရေ #နုပျိုခြင်းလျှို့ဝှက်ချက်

24/06/2026

✨ ဒေါက်တာ့အချစ်တော် Top Fans လေးတွေအတွက် လစဉ် အထူးလက်ဆောင်✨

အမရဲ့ Page လေးကို အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ အားပေးပြီး Like, Share, Comment လေးတွေနဲ့ အားဖြည့်ပေးကြတဲ့ Top Fan ချစ်ပရိသတ်တွေကို အထူးကျေးဇူးတင်တဲ့အနေနဲ့... 🥰

"လတိုင်း လတိုင်းမှာ Top Fan Badge ရထားတဲ့သူတွေထဲက (၁) ယောက်ကို ရွေးချယ်ပြီး Treatment (သို့မဟုတ်) Skincare လက်ဆောင်တွေ တစ်လ တစ်မျိုးမရိုးရအောင် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်" 🎁

အခု လက်ရှိမှာ Top Fan Badge ရထားတဲ့သူတွေ ရှိရင် ကောမန့်မှာ လက်ထောင်ပြီး 🙋‍♀️ လို့ မန့်ခဲ့ဦးနော်။

Top Fan မဖြစ်သေးတဲ့သူတွေလည်း တင်သမျှ
ပို့စ်လေးတွေကို Like, Share, Comment လေးတွေ ပုံမှန်လုပ်ပြီး Top Fan Badge ရအောင် အခုကတည်းက ယူထားလို့ ရပါတယ်ရှင်။ အားလုံးပဲ လစဉ် လက်ဆောင်လေးတွေ ကံထူးကြပါစေနော်…!
(ဒီလအတွက်ကတော့ ဒေါက်တာ့ favorite 🤩 Authentic Anessa Sunscreen ပဲဖြစ်ပါတယ်ရှင်)



#အချစ်တော်ပရိသတ်များအတွက် #လစဉ်မဲဖောက်ခြင်း

24/06/2026

📝 Wednesday Myth Busters: Episode 7

မျက်နှာသစ်ခရမ်က အမြှုပ်တွေတဖွားဖွားထွက်နေမှ ဂျီးပြောင်တာလား?

အားလုံးပဲ မင်္ဂလာပါ ဒေါက်တာခင်ပါရှင်။
ဒီတစ်ပတ်မှာတော့ မျက်နှာသစ်ပြီး အသားတွေ တင်းပြောင်သွားမှ ကျေနပ်တတ်ကြတဲ့ "အမြှုပ်ထောင်ချောက်"အကြောင်း ပြောပြပါရစေ။

❌အယူအဆအမှား (The Myth):အမြှုပ်များများထွက်ပြီး သစ်ပြီးရင် ကျိကျိမြည်အောင် တင်းခြောက်သွားမှ မျက်နှာပိုပြောင်စင်တယ်လို့ ထင်တတ်ကြတာ။
🔅အမှန်တရား (The Fact):အမြှုပ်ထွက်လွန်းပြီး အသားကို တင်းအစ်သွားစေတဲ့ Cleanser တွေက အရေပြားရဲ့ သဘာဝအဆီလွှာကို အတင်းခွာချပစ်လိုက်တာပါ။

ပြင်းထန်တဲ့ ဆပ်ပြာဓာတ်တွေပါဝင်တဲ့ Cleanser တွေကြောင့်:
1. Skin Barrier ပျက်စီးခြင်း:

သဘာဝအဆီနဲ့ အစိုဓာတ် ခမ်းခြောက်သွားစေပါတယ်။

2. အဆီပိုပြန်ပြီး ဝက်ခြံထွက်ခြင်း:

အသားခြောက်သွားလို့ မိမိကိုယ်ကိုပြန်ကာကွယ်ဖို့ အဆီတွေ ပုံမှန်ထက် ပိုထုတ်လုပ်ရာကနေ ဝက်ခြံ ပိုဆိုးလာတတ်ပါတယ်။

⚠️ ရလဒ် အနေနဲ့ အရေပြားက ပိုခြောက်သွေ့၊ နီမြန်း၊ ယားယံပြီး အဆီပြန်လာတတ်ပါတယ်။

💡 ဒေါက်တာ့ရဲ့ Skin Care Tips
✅အမြှုပ်နည်းတာကို ရွေးပါ:** သစ်ပြီးရင် အသားအရေ စိုစိုအိအိလေး ကျန်နေမယ့် Low-pH Gel သို့မဟုတ် Cream Cleanser မျိုးကို ရွေးချယ်ပါ။

✅တင်းအစ်နေရင် လဲပစ်ပါ: သစ်ပြီးတာနဲ့ ပြုံးလို့မရအောင် အသားတွေ တင်းခြောက်နေရင် သင့်အရေပြားနဲ့ မကိုက်ညီလို့ ချက်ချင်းလဲပစ်ပါ။
မျက်နှာသစ်တယ်ဆိုတာ အဝတ်လျှော်သလို ဂျီးချွတ်တာမဟုတ်ဘဲ အရေပြား Barrier ကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်ရှင်။

ချစ်ခြင်းဖြင့်...
ဒေါက်တာခင်

Photos from Dr. Khin Sandar Ko's post 23/06/2026

"ကိုယ်အလေးချိန် လျှော့လိုက်လို့ ကိုယ်လုံးက ပိန်သွားပေမယ့်... မေးစေ့နှစ်ထပ် (Double Chin) ကြီးကတော့ ကျမသွားဘူး" ဆိုပြီး စိတ်ညစ်နေရပါသလား? 😫

ဓာတ်ပုံရိုက်တဲ့အခါ ဘေးစောင်းလေးပဲ ရိုက်ရိုက်၊ ရှေ့တည့်တည့်ကပဲ ရိုက်ရိုက် မေးရိုးလိုင်း (Jawline) လေး ပေါ်မလာဘဲ မေးစေ့အောက်က ဖောင်းနေတာက အသက်ပိုကြီးပုံပေါက်စေသလို၊ လူကိုလည်း
တကယ့်ထက် ပိုဝသလို ထင်ရစေပါတယ်။

ဒီနေ့ Tuesday Treatment Guide မှာတော့ ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ မေးစေ့နှစ်ထပ်ပြဿနာနဲ့ မျက်နှာအောက်ပိုင်း တွဲကျတာကို ခွဲစိတ်စရာမလိုဘဲ (Non-surgical) ချက်ချင်း ပြန်သွယ်လျသွားအောင် ဘယ်လိုလေးတွေ လုပ်နိုင်မလဲဆိုတာ ပြောပြပေးပါမယ်။

လူအများစုက ဝလို့ပဲ မေးစေ့နှစ်ထပ် ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။

🌸Aging (အသက်အရွယ်): အသက် ၃၀ ကျော်၊ ၄၀ ထဲ ရောက်လာတဲ့အခါ မျက်နှာအသားအရေကို ထိန်းထားတဲ့ ကော်လာဂျင်တွေ လျော့နည်းပြီး မျက်နှာအောက်ပိုင်း အရေပြား (SMAS Layer) က အောက်ကို တွဲကျလာတာပါ။
🌸🌸Genetics (မျိုးရိုး): အသားအရေ တင်းအား လျော့ရဲလွယ်တဲ့ မျိုးရိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
🌸🌸🌸Stubborn Fat (ခေါင်းမာတဲ့ အဆီခဲ): ခန္ဓာကိုယ်ပိန်ပေမယ့် မေးစေ့အောက်က အဆီကတော့ ဂျင်ဆော့ရုံ၊ ဝိတ်ချရုံနဲ့ ဖယ်ရှားရ ခက်ခဲတတ်ပါတယ်။

Aesthetic ဆေးခန်းတွေမှာ ဒီပြဿနာကို ဖြေရှင်းဖို့ စက်ပစ္စည်း ကုထုံးနဲ့ ထိုးဆေးကုထုံး ဆိုပြီး (၂) မျိုး ရှိပါတယ်။ ကိုယ့်အခြေအနေပေါ် မူတည်ပြီး ရွေးချယ်လို့ ရပါတယ်ရှင်။

✨ နည်းလမ်း (၁) - HIFU / RF Lifting (အသားအရေ ပင့်တင်တဲ့စက်ကုထုံး)

🌸👉ဘယ်သူတွေအတွက်လဲ: အဆီသိပ်မရှိဘဲ အသားအရေ တွဲကျလို့ မေးစေ့နှစ်ထပ် ဖြစ်နေသူများ။
🌸👉ဘယ်လိုလုပ်ပေးလဲ: High-Intensity Focused Ultrasound လှိုင်းက အရေပြားအနက်ဆုံးလွှာအထိ ရောက်သွားပြီး တွဲကျနေတဲ့ ကြွက်သားလွှာကို ချက်ချင်း ကျုံ့သွားအောင် (Lifting ဖြစ်အောင်) ဆွဲတင်ပေးပါတယ်။
👉😇အားသာချက်: အပ်ဒဏ်ရာ လုံးဝမရှိဘူး၊ နာကျင်မှုမရှိဘူး၊ လုပ်ပြီးတာနဲ့ မေးရိုးလိုင်း ချက်ချင်း သိသာလာတတ်ပါတယ်။

✨နည်းလမ်း (၂) - Fat Melting Injection (အဆီဖျော်ဆေးထိုးခြင်း)

🌸👉ဘယ်သူတွေအတွက်လဲ: မေးစေ့အောက်မှာ လက်နဲ့ဆွဲညှစ်ကြည့်ရင် အဆီခဲကြီး အထိုင်လိုက် ပါလာသူများ။
🌸👉ဘယ်လိုလုပ်ပေးလဲ: ဒါကတော့ အဆီဆဲလ်နံရံတွေကို ခြေဖျက်ပေးမယ့် ဆေးကို မေးစေ့အောက်ထဲ ထည့်သွင်းပေးတာပါ။ ခန္ဓာကိုယ်ကနေ အဆီတွေကို သဘာဝအတိုင်း စွန့်ထုတ်ပစ်မှာ ဖြစ်ပါတယ်။
👉😇အားသာချက်: ရက်သတ္တပတ် အနည်းငယ်အတွင်း မေးစေ့အောက်က ဖောင်းနေတာတွေပျောက်ပြီး မျက်နှာကို V-Shape ပုံစံ ပိုပေါ်လာစေပါတယ်။

ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုချက်😃
တချို့လူနာတွေမှာတော့ အဆီလည်းရှိ၊ အသားလည်းတွဲနေတာမို့ HIFU နဲ့ အဆီဖျော်ဆေး (Combo) တွဲလုပ်လိုက်တဲ့အခါ အံ့ဩစရာကောင်းလောက်အောင် မေးရိုးလိုင်း (Jawline) က ပြတ်ပြတ်သားသားနဲ့ လှသွားတတ်ပါတယ်။
"ခွဲစိတ်ရမှာလည်း ကြောက်တယ်၊ ဒါပေမယ့် မေးစေ့နှစ်ထပ်ကြီးတော့ မလိုချင်ဘူး" ဆိုရင် စိုးရိမ်မနေပါနဲ့တော့ရှင်။

ကိုယ့်ရဲ့ မျက်နှာအဆီနဲ့ အရေပြားတွဲကျမှု အခြေအနေကို Dr. Khin နဲ့ သေချာဆွေးနွေးပြီး အကိုက်ညီဆုံး ကုထုံးကို ရွေးချယ်နိုင်ဖို့ ဆေးခန်းကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

23/06/2026

မိုးရာသီနှင့် ဝက်ခြံ

23/06/2026

သိကောင်းစရာ အတိုအထွာ (၄)

Lip Fil_ler (နှုတ်ခမ်းဖီလာ) ထိုးပြီးရင်….
❌ မလုပ်ရမယ့် အချက်အလက်တချို့ ❌

(၁) နှုတ်ခမ်းကို မကိုက်ပါနဲ့၊ အပြင်းအထန် မပွတ်မိပါ စေနဲ့ - ဆေးနေရာ မရွေ့သွားအောင်နဲ့ ပုံစံလှလှလေး တည်ငြိမ်သွားအောင် ပထမဆုံး ရက်တွေမှာ သတိထားပေးရပါမယ်။

(၂) အရမ်းပူတဲ့ သောက်စရာတွေ ရှောင်ပါ -
Filler ထိုးပြီးခါစမှာ အပူရှိန်ကြောင့် ရောင်ရမ်းတာ ပိုဆိုးနိုင်လို့ပါ။

(၃) ပိုက်နဲ့ စုပ်မသောက်ပါနဲ့ -
ပိုက်စုပ်တဲ့အခါ နှုတ်ခမ်းကြွက်သားတွေ လှုပ်ရှားမှုကြောင့် Filler ပုံစံကို ထိခိုက်နိုင်ပါတယ်။

နှုတ်ခမ်းဖီလာ ထိုးဖို့ စိတ်ကူးရှိတဲ့သူတွေ သိရအောင် Save ထားလိုက်ဦးနော်။ တခြား သိချင်တာရှိရင်လည်း ကောမန့်မှာ မေးခဲ့လို့ ရပါတယ်ရှင်…။

23/06/2026

✨🌷Tuesday Checklist🌷✨

✨🌷အပြုံးနဲ့ စတင်ပါ:

မနက်ခင်းမှာ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး အကောင်းဆုံး ပြုံးပြလိုက်ပါ။ အဲဒီအပြုံးက သင့်ရဲ့ တစ်နေ့တာလုံးကို တောက်ပစေမှာပါ။

✨🌷ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ:

အသားအရေ ထိန်းသိမ်းတာပဲဖြစ်ဖြစ်၊ ရေနွေးနွေးလေး တစ်ခွက် သောက်တာပဲဖြစ်ဖြစ် မိနစ်အနည်းငယ်လောက် ကိုယ့်အတွက် အေးချမ်းတဲ့အချိန် ပေးပါ။

✨🌷 တန်ဖိုးရှိစွာ ဖြတ်သန်းပါ:

ပြီးခဲ့တဲ့နေ့ကအကြောင်းတွေကို စိတ်မညစ်ဘဲ၊ ဒီနေ့ရဲ့ ပစ္စုပ္ပန်အချိန်လေးကို အကောင်းဆုံးနဲ့ အလှပဆုံး ရှင်သန်လိုက်ပါ။

စာဖတ်ပရိသတ်အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး လှပအေးချမ်းတဲ့ အင်္ဂါနေ့လေး ဖြစ်ပါစေကြောင်း ဒေါက်တာခင်က ဆုမွန်ကောင်းတောင်းရင်း အားပေးလိုက်ပါတယ်ရှင်။ 🤍

22/06/2026

ချွေးရနံ့ကင်းစင် ပြုံးပျော်ရွှင်ဖို့

22/06/2026

"မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံးအချိန်ဆိုတာ

ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့ အချိန်ဖြစ်တယ်..."

• အသက်အရွယ်ကြောင့် လှတာထက်

• အဝတ်အစားကြောင့် လှတာထက်

• စိတ်ရဲ့ တည်ငြိမ်အေးချမ်းမှုကြောင့်

လှလာတဲ့အလှက ပိုပြီး စစ်မှန်ပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့အခါ

မျက်နှာပေါ်မှာ စိတ်တည်ငြိမ်မှုရဲ့ "အကြည်ဓာတ်"က

သဘာဝအတိုင်း ထွန်းလင်းလာပါလိမ့်မယ်။

Website