Healthy Diet Box by Nyein

Healthy Diet Box by Nyein

Share

Healthy Meal

28/08/2026

Hello Hello
Have a beautiful Friday to all of you ❤️

နေကောင်းကျန်းမာကြပါရဲ့လားရှင်
Healthy Lifestyleရရှိခြင်း ရဲ့အကျိုးကျေးဇူးတွေကို သိရှိခံစားပြီး
ကျန်းမာစွာ အိုမင်းကြစေရန် ပြင်ဆင်ထားကြဖို့ တိုက်တွန်းပါရစေရှင်

ဒီနေ့တော့ ကျမက
ကဖောင်ကြော်စပ်စပ်လေးစီစဥ်ပါတယ်
ဝက်သားစားတဲ့သူက ဝက်ကဖောင်
ဝက်မစားတဲ့သူအတွက် ကြက်ကဖောင်ပေါ့
ဘရိုကိုလီလေး ကြက်ဥဖောက်ကြော်လေး ချက်ပါတယ်
သာမန်ရိုးရိုး အိမ်စားသလိုပါပဲ
ဒါကိုမှ ဆီကို သတ်မှတ်ချက်အတိုင်းထက် ပိုမထည့်ပဲ
ပန်းရောင်ဆားလေးတမျိုးထဲနဲ့ အရသာရှိအောင် ချက်ထားပါတယ်
Healthy Food ချက်ရတာ ဗမာ့နည်းဗမာ့ဟန် ချက်ပြုတ်နည်းတွေနဲ့ လုံးဝဆန့်ကျင်ဖက်မို့
လက်ဝင်သလို အချိန်လည်း ပေးရပါတယ်
ကျမကတော့ ရောဂါသည် မိခင်ကြီးကို ချက်ပြုတ်ကျွေးမွေးခဲ့ရသူမို့ Healthy Food နဲ့ မစိမ်းခဲ့ပါဘူး
ကိုယ်တိုင်ရောဂါသည် ဖြစ်လာချိန်ကျပြန်တော့လည်း Healthy Food ပဲ စားရမှာမို့
ဒါကိုပဲ အမြဲချက်ဖြစ်နေတာမို့ ထူးပြီး မခက်ခဲတော့ပါဘူးရှင်
Healthy Food ဟာ ​ရေရှည်စားသုံးဖို့ သင့်တော်တာမို့ စားကြည့်ပါလို့ တိုက်တွန်းပါတယ်

ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေရှင်

မေတ္တာဖြင့်
Healthy Diet Box by Nyein 💜

Photos from Healthy Diet Box by Nyein 's post 27/08/2026

Good Morning All
Have a blessed Thursday 💚

ဝိတ်ချကြတဲ့ အခါမှာ
အစာကို လျှော့စားရတာလား
ကယ်လိုရီintake ကို လျှော့ရတာလား
သေချာသိအောင် ထပ်မံပြီး sharing လုပ်ပေးပါရစေ ရှင့်

Diet is not about skipping meals or not eating , just about we eat right food !

ဟုတ်ပါတယ် ဒိုင်းယက် လုပ်တယ် ဝိတ်ချတယ် ဆိုပြီး အစားတွေ လျှော့
မစားမသောက်ပဲ နေကြတယ်
တနေ့တနပ်ပဲ စားတယ် တို့
ညစာဖြတ်တယ်
ဆန်ဖြတ်တယ် တို့
ဟုတ်ကဲ့ ပိန်သွားတယ်
ပိန်မှာပေါ့ ရေဝိတ်တွေ ဒလဟောထိုးကျသွားတာကိုး
အဲ့၂ လလောက် ဝိတ်ချပြီး ပိန်သွားပြီ ဆိုပြီး ဖြတ်ခဲ့သမျှ ပြန်စားတော့ ပြန်တက်တော့တာပဲ
အဲ့ဒီလို ဝိတ်ချခြင်းကို မကျန်းမာစေသော ဝိတ်ချနည်း Unhealthy Weight Loss လို့ ခေါ်ပါတယ်

ကျန်းမာအောင် ဘယ်လို ဝိတ်ချကြမလဲ
Eat Healthy
Eat full but less calories
Exercise
တွေနဲ့ ကျန်းမာစွာ ဗိုက်ဝစွာ ဝိတ်ချနိုင်ပါတယ်

တနေ့တာ လိုအပ်တဲ့ ကယ်လိုရီ အကြမ်းဖျင်း ၂၀၀၀ ရှိတယ်
ကိုယ်က တနေ့တာလုံးအတွက် ကယ်လိုရီ ၁၅၀၀ စားမယ်
တနေ့ကို ၅၀၀ ကယ်လိုရီ နည်းနေပြီ

မနက်စာ ကြက်ဥပြုတ် ၂ -၁၆၀ကယ်လိုရီ
နို့ကော်ဖီတခွက် -၁၀၀ ကယ်လိုရီ
ကော်ဖီကြမ်း န်ု့/သကြားမပါ ဇီးရိုးကယ်လိုရီ ပါကိုယ်သောက်တဲ့ကော်ဖီပေါ် မူတည်ပြီး
၁၆၀- ၂၆၀ ကယ်လိုရီ
နေ့လည်+ ညစာ healthy meal ၂ဘူး
၁၃၀၀ ကယ်လိုရီ

တနေ့လုံး ၁၄၆၀- ၁၅၆၀ကယ်လိုရီပဲ ရှိပါတယ်
တနေကုန် ပရိုတင်းတွေ ဖိုက်ဘာတွေ ကာဗိုတွေ အပြည့်စားထားလို့ ကယ်လိုရီ နည်းပေမယ့် ဗိုက်က ပြည့်အင့်ပြီး ဘာဆိုဘာမှ ထပ်စားချင်စိတ်မရှိအောင် စိတ်ကျေနပ်မှုရစေပါတယ်

ပြီးရင် မနက်စောစော သို့မဟုတ် ညနေစောင်းလေး
လမ်းတနာရီလောက် ခပ်သွက်သွက်လေးလျှောက်မယ် ဆို ကယ်လိုရီ ၂၀၀-၂၅၀ လောက် ထပ်လောင်ကျွမ်းမယ်
အစားနဲ့ လျှော့ထားတာ ကယ်လိုရီ ၅၀၀
လေ့ကျင့်ခန်းနဲ့ လျော့လိုက်တာ ကယ်လိုရီ ၂၀၀
တနေ့တာလုံးအတွက် နည်းသွားတဲ့ ကယ်လိုရီပေါင်း ၇၀၀ ရှိပါတယ်
အဆီစစ်စစ်တပေါင်ကျဖို့ ကယ်လိုရီ ၃၅၀၀ ဆုံးရှုံးလောင်ကျွမ်းရတယ်
ကျမတို့က တနေ့ ကယ်လိုရီ ၇၀၀ ဆုံးရှုံးနေတယ် ဆိုတော့
၅ ရက် ဆိုရင် အဆီတပေါင် ကျပြီးနေပြီ
ဖြစ်ပါတယ်
တခါမှ ဝိတ်မချဖူးသေးသူတွေအတွက်ကတော့ ဆီကြော်ဖြတ် သကြားဖြတ်နဲ့တင် ရေဝိတ်က အတော်ကျသွားမှာပါ ကယ်လိုရီလျှော့ စားတာပါ လုပ်ရင် ပိုမြန်မြန်ကျမယ် ရေဝိတ်ကုန်လို့ အဆီပဲ ကျန်ရင်ကျ အပေါ်က နည်းအတိုင်းလုပ်ရင် အဆီက ထပ်ကျနေမှာပါ

အိပ်ရေးဝအောင်အိပ်မယ်
ရေတနေ့ ၃ လီတာ အနည်းဆုံး ၂ လီတာသောက်မယ်
စိတ်ဖိစီးမှုနည်းအောင် ပြူမူနေထိုင်မယ် ဆိုရင် ဝိတ်ချခြင်းကို ပိုမြန်စေပါတယ်

ဆိုတော့ကာ
တနေ့၃ နပ်လည်း ပြည့်တင်းနေအောင် စားပြီး
ဝိတ်တွေလည်းကျ
ကျန်းလည်းကျန်းမာ
အာဟာရလည်း မချို့တဲ့ သော
Healthy Weight Loss journey ကို မှန်ကန်စွာ ရွေးချယ် နိုင်ကြဖို့ ဆန္ဒပြုပါတယ် ရှင်
မေတ္တာဖြင့်
Healthy Diet Box by Nyein

26/08/2026

ယနေ့စားဖွယ်
ပုစွန် ငရုတ်သီးစိမ်းချက်
သီးစုံချဉ်ရည်ဟင်း

စားကောင်းကြပါစေရှင်💜

24/08/2026

Good Morning All
Have a good day ahead

သာယာအေးချမ်းတဲ့ မနက်ခင်းလေးမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာကြစေဖို့ ဆုမွန်တောင်းပါတယ်ရှင်
ဒီနေ့တော့ Key to Healthy Lifestyle ဆိုတဲ့အ​ကြောင်းလေး share ပေးပါရစေ

Heathy lifestyle ရယူရာမှာ consistency and balance က အရေးကြီးပါတယ်
Consistent ဖြစ်ရမယ်
ဘာတွေကို consistent ဖြစ်ရမလဲ

ကျန်းမာစေတဲ့အဟာရတွေ စားခြင်း
ရေများများသောက်ခြင်း
အိပ်ရေးဝအောင် အိပ်ခြင်း
စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း
လေ့ကျင့်ခန်း/ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း
တွေမှာ consistent ဖြစ်ရမယ်
ဒီနေ့ စားပြီး နောက်နေ့ မစား တာမျိုး
တပါတ်လောက် gym သွား ၃ ပါတ်လောက်နားတာမျိုး
ဒီနေ့ တော့ ရေ၃ လီတာသောက်ပြီး နောက်ရက်ကျ ရေ တလီတာတောင် မဝင်တာမျိုး
တွေကို ရှောင်ကြဥ်ပြီး နေ့စဥ်
နိစ္စဓူဝ အလုပ်တခုလို လုပ်ရမှာပါ

နောက်ပြီး Balance ဖြစ်ရမယ်
အပေါ်က ပြောခဲ့တဲ့အရာတွေကို နေ့စဥ်လုပ်ရာမှာ balance ဖြစ်ဖို့ လိုပါတယ်
ဒီနေ့တော့ ခြေလှမ်း၂၀၀၀၀လျှောက်လိုက်မယ် မနက်ဖြန်တော့ ၅၀၀၀ ပဲ လျှောက်မယ် လို့မရပါဘူး
Balance ဖြစ်ဖြစ် တနေ့ တသောင်းဆို တသောင်း ရအောင် လျှောက်ရပါတယ်
ပိန်ချင်ဇောနဲ့ gym ၃/၄ နာရီကြာအောင်လည်း ဆော့လို့မရပါဘူး
အများဆုံး ၂ နာရီ ပဲ ဆော့သင့်ပါတယ်
ထို့အတူပဲ မြန်မြန်ဝိတ်ကျအောင် တနေ့ ကယ်လိုရီ ၁၀၀၀ အောက် ပဲ နေ့တိုင်းစားလို့မရပါဘူး
တနေ့ကို အနည်းဆုံး ၁၄၀၀-၁၆၀၀ ကယ်လိုရီ စားပေးရပါတယ်
Balance ဖြစ်ရမယ်ဆိုတာ ဒါပါပဲရှင်

Healthy lifestyle အတွက် key factor လေးတွေ သိသွားပြီ ဆိုတော့ လိုက်နာလြပ်ဆောင်ဖို့က မိမိတာဝန်ပါပဲ

ကျန်းမာကြံ့ခိုင်ကြပါစေ ရှင်

Photos from Healthy Diet Box by Nyein 's post 24/08/2026

Good Morning ပါချစ်ရသူများရှင်
နေကောင်းကျန်းမာကြပါရဲ့လား

ရေလေးတွေ သောက်
လမ်းလေးတွေလျှောက်
အသက်လေးတွေ ရှူကြမယ်နော်

ချစ်မိတ်ဆွေများကို ကျမက အသိပေးစရာလေး တခုရှိလို့ပါရှင်

ကျမရဲ့ Healthy Diet Box by Nyein healthy food delivery service လေးကို
28/8/2026သောကြာနေ့အထိပဲ ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်

မိမိရဲ့ ကျန်းမာရေးကြောင့် အပြင်
Busy Schedule တွေကြောင့် အချိန်မလုံလောက်တော့လို့ ဒီအလုပ်လေးကို ရင်နာနာနဲ့ ရပ်နားဖို့ ဆုံးဖြတ်လိုက်ရပါတယ် ရှင်

ဝါသနာပါလို့ သေချာလေး အချိန်ယူတည်ဆောက်ခဲ့ပြီး အောင်မြင်စပြုနေတဲ့
အချိန်မှာ ရပ်တန့်လိုက်ရမှာမို့ ကျမ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်

ကျမလက်ရာလေးတွေ မစားရတော့ပေမယ့် page လေးကနေ အချိန် ရရင် ရသလို
Health Tips လေးတွေ share ပေးနေဦးမှာပါ
အစဥ်တစိုက်အားပေးလာခဲ့ကြတဲ့ ကျမရဲ့ အမာခံအားပေးသူကြီးများကိုလည်း အားနာရပါတယ်ရှင်

ကျန်းမာသော Lifestyle နဲ့ အသားတကျ ကျန်းမာကြံ့ခိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်

ဒီကနေ့အတွက် ကျမက ကြက်ကလယ်ချက်လေးနဲ့ ပန်းငရုတ်ပွရောင်စုံလေး ကြော်ပါတယ်ရှင်
လိုက်ဖက်အောင် အညာငရုတ်သီးထောင်းလေး စီမံပါတယ်

Winter Dates ချိုမွမွလေးတွေနဲ့ စားကြမယ်နော်
စားကောင်းကြပါစေရှင့်
အပတ်စဉ်အားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ်များကို ရင်နဲ့အမျှ ကျေးဇူးတင် အသိအမှတ်ပြုပါရစေရှင့် 💜🙏

Photos from Healthy Diet Box by Nyein 's post 20/08/2026

Good Morning All
Have a blessed Thursday 💙

နေကောင်းကြရဲ့လား
အိပ်ရေးဝလန်းဆန်းကြရဲ့လားရှင်
ဒီနေ့တော့
မနက်စာ စားခြင်းရဲ့ အကျိုးကျေးဇူးနဲ့
မနက်စာကို ဘယ်အချိန်မှာစားသင့်လဲ ဆိုတာလေး sharing လုပ်ပေးပါရစေ

မနက်စာကို သေချာလေး စားဖြစ်တယ် ဆ်ုရင် အောက်ပါအကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်ရှင်
၁-စွမ်းအင်ရရှိစေတယ်
မနက်ပိုင်းမှာ အလုပ်လုပ်ဖို့၊ စာလေ့လာဖို့ energy ရစေပါတယ်
၂-အာရုံစူးစိုက်မှုကောင်းစေတယ်
အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး စာလေ့လာရာမှာ အထောက်အကူပြုတယ်
အတွေးအခေါ်အသစ်အဆန်းတွေ ရရှိနိုင်တယ် အလုပ်မှာ project တွေမှာ Idea အသစ်အသစ်တွေနဲ့ လန်းနိုင်တယ်
၃-ဆာလောင်မှုကို ထိန်းပေးနိုင်တယ်
နေ့လယ်ပိုင်းမှာ အစာအလွန်အကျွံစားမိခြင်းကို လျော့နည်းစေတယ်
၄- အာဟာရပြည့်ဝစေတယ်
ကြက်ဥ၊ နို့၊ အသီးအနှံ၊ whole grains စတဲ့ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကို စားပေးခြင်းဖြင့် တနေ့တာလိုအပ်သော အာဟာရဓါတ်တွေကို ပြည့်စေပါတယ်
၅-Eating Habbit ကောင်းမွန်စေတယ်

မနက်စာ နေ့လည်စာ ညစာ အာဟာရမျှတစွာ စားပေးခြင်းဖြင့် ကောင်းမွန်စနစ်ကျတဲ့ စားသောက်မှုပုံစံကို အကျင့်ဖြစ်စေပါတယ်

၆- ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးတယ်
မနက် နေ့လည် ည ၃ နပ်လုံးကို တနေ့တာ ကယ်လိုရီထက် ၅၀၀-၆၀၀ လောက် လျှော့ စားပေးရင် တနေ့ ၃ နပ်စားပြီး ဝိတ်ချလို့ ရပါတယ်
ဝိတ်ကျဖို့ မနက်စာ skip ဖို့မလိုပါဘူးရှင်

ဒါပေမယ့် သင်စားတဲ့ မနက်စာသည် Healthy Breakfast ဖြစ်ဖို့တော့ လိုအပ်ပါတယ်

Helathy Breakfast တပွဲမှာ ဘာတွေပါဝင်မလဲ
ကြက်ဥပြုတ် + wholemeal bread + အသီးတလုံး+ သကြားမပါသော ကော်ဖီ/လက်ဖက်ရည်
ကြက်ဥ မွှေကြော် + ကန်စွန်းဥပြုတ် + ဒိန်ချဥ် + သကြားမပါသော ကော်ဖီ /လက်ဖက်ရည်

စတဲ့ protein များပြီး Carbohydrates နည်းတဲ့ မနက်စာများကို စားသုံးပေးသင့်ပါတယ်
မနက်စာကို healthy breakfast မစားပဲ
မြန်မာကြိုက်
မုန့်ဟင်းခါး အသုပ်စုံ ထမင်းကြော် economic beehoon စတဲ့ ကာဗိုဟိုက်ဒရိတ်များတာတွေ စားဖြစ်ရင်
မနက်စာ စားခြင်းဟာ သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများမှာပါပဲ
အပေါ်က ပြောထားတာတွေနဲ့ အကုန် ပြောင်းပြန် ဖြစ်မှာပါ

ဘယ်လိုမနက်စာ စားရမလဲ ဆိုတာ သိပြီးရင်တော့ ဘယ်အချိန် စားရမလဲ ဆိုတာ ပြောပြပေးပါ့မယ်ရှင်
မနက်စာ စားဖို့ အသင့်တော်ဆုံး အချိန်က
အိပ်ရာထပြီး ၂ နာရီ နောက်ပိုင်းပါ
မနက် ၆ နာရီ နိုးရင် ၈ နာရီကျော်မှာ စားပါ
Breakfast in bed ဆိုတာ လုံးဝဆိုးရွားတဲ့ habbit တခုဖြစ်ပါတယ်
ကျန်းမာရေးအရ မလုပ်သင့်တဲ့ အပြုအမူပါပဲ
နောက် ရေစိမ်ရင်း မနက်စာ စားတာ
Vacation ထွက်ရင်း breakfast in swimming pool လုပ်ခြင်း ကို ဆိုလိုပါတယ်
အစာခြေစနစ်ကို အနှောက်အယှက် ပေးတာမို့ လုံးဝမလုပ်သင့်ပါဘူး
သင့်တော်ရာနေရာမှာ သက်တောင့်သက်သာ အနေအထားနဲ့ ထိုင်ပြီး သေချာ အစာစားခြင်းက အစာခြေစနစ်ကို ပုံမှန် ဖြစ်စေတာမို့ အကောင်းဆုံးပါပဲ

မနက်စာလေး သေချာရွေးချယ်စားသောက်ရင်း ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ကြပါစေ နော်

ကျမလက်ရာ Healthy meal လေးတွေ မှာယူလိုပါက Healthy Diet Box by Nyein ကို စာပို့ပေးပါရှင်
အပတ်စဉ်
တနင်္လာမှ သောကြာအထိ
အိမ်/ရုံးအရောက် ပို့ပေးပါတယ်
ပို့ခအပြီးအစီး ၅ ရက်စာကိူ $၁၀၀ ပါရှင်

19/08/2026
Photos from Healthy Diet Box by Nyein 's post 19/08/2026

ဟလို ဟလို
အားလုံးပဲ မင်္ဂလာမနက်ခင်းလေးပါရှင်
နေကောင်းကျန်းမာကြပါရဲ့လား

ရေလေးတွေရောသောက်ဖြစ်ကြပါလားရှင်

ဒီနေ့တော့ health tips လေးတွေ မshare ပေးတော့ပဲ ဟင်းအမယ်လေးတွေပဲ ပြောပြတော့မယ် နော်

ရှားရှားပါးပါးဘော့ချိတ်ပုစွန်လေးတွေရလို့ ငရုတ်အစပ်ချက်လေး ချက်ဖြစ်ပါတယ်
လိုက်ဖက်အောင် သပွတ်သီးနုနုလေးတွေနဲ့ဥနီလေးနဲ့ အာလူးလေးကို ကြော်ချက်လေး စီမံလိုက်ပါတယ်
စပျစ်သီး စိမ်းစိမ်းချိုချိုလေးတွေနဲ့ စားကြမယ်နော်

ကယ်လိုရီလည်း နည်း
အာဟာရလည်းပြည့်စုံ
အစာအုပ်စုကြီး၃ ခုလုံးလည်း ပါဝင်တဲ့
Balanced Healthy Meal လေးတွေ မို့
ရေရှည်စားသုံးလို့ ရပါတယ်ရှင်

စိတ်ဝင်စားလို့ မှာယူလိုရင်
Healthy Diet Box by Nyein ကို စာလေးပို့ပေးပါနော်
အပတ်စဉ်
တနင်္လာမှ သောကြာအထိ
အိမ်/ရုံး( မိတ်ဆွေတို့ ပို့စေလိုသော နေရာ ) အရောက် ပို့ပေးပါတယ်
ပို့ခအပြီးအစီး ၅ ရက်စာကို $၁၀၀ ပါရှင်

Photos from Healthy Diet Box by Nyein 's post 18/08/2026

မင်္ဂလာပါ ရှင်
အေးချမ်းသာယာတဲ့ အင်္ဂါနေ့ မနက်ခင်းလေး ဖြစ်ကြပါစေ နော်
ရေလေးတွေ သောက် ဖြစ်ကြလား
လမ်းလေးတွေ လျှောက်ဖြစ်ကြလား
အိပ်ရေးလေးတွေ ဝကြရဲ့လားရှင်

ဒီနေ့တော့ Why We Need To Get A Healthy Lifestyle ဆိုတာလေး ဆွေးနွေးပေးပါရစေ

ကျန်းမာသော လူနေမှုပုံစံ (Healthy Lifestyle) ကို ဘာကြောင့် လိုအပ်တာလဲ

ကျန်းမာသော လူနေမှုပုံစံကို လိုက်နာလုပ်ဆောင်ခြင်းဟာ ကျမတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့်
အရမ်းကို အရေးကြီးပါတယ်

ဘာကြောင့် ကျန်းမာတဲ့ Lifestyle လိုအပ်သလဲဆိုရင်တော့
၁-ရောဂါကြီးတွေကို ကာကွယ်ပေးနိုင်တယ်
အာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ် ဒါ့အပြင် ကင်ဆာလို ရောဂါမျိုးတွေ ဖြစ်နိုင်ခြေကို လျော့စေပါတယ်

၂-ခန္ဓာကိုယ်ကို သန်မာစေတယ် လေ့ကျင့်ခန်းနဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေက ကြွက်သား၊ အရိုးနဲ့ ကိုယ်ခန္ဓာအင်္ဂါတွေကို ကျန်းမာသန်စွမ်းစေပါတယ်
၃- စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်
လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနဲ့ အာဟာရမျှတစွာစားခြင်းက စိတ်ဖိစီးမှုကို လျှော့ချပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေနိုင်ပါတယ် အာရုံစုးစိုက်မှုနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေပါတယ်
၅- နေ့စဉ်အင်အားပိုရှိစေတယ်
ကျန်းမာတဲ့အလေ့အကျင့်တွေက မိမိက်ု ပိုမိုတက်ကြွလန်းဆန်းစေပြီး တနေ့တာလုံးအားအင်ပြည့်ဝနေစေပါတယ်
၆-အိပ်စက်မှုကို အရည်အသွေးကို ကောင်းမွန်စေတယ်
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အိပ်ချိန်မှန်ခြင်းက ပိုမိုကောင်းမွန်တဲ့အိပ်စက်ခြင်း Quality Sleep ကို ရစေပါတယ်
၇- ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတယ်
အာဟာရမျှတတဲ့အစားအစာ၊ အိပ်ရေးဝဝအိပ်ခြင်းနဲ့ လေ့ကျင့်ခန်းတွေက ကိုယ်ခံအားစနစ် ကိုတိုးတက်ကောင်းမွန်စေပါတယ်
၈- ဘဝအရည်အသွေးQuality of Life ကို မြှင့်တင်ပေးတယ်
အသက်ကြီးလာတဲ့အခါမှာ ကျန်းမာကြံ့ခိုင်တဲ့ ဘဝနဲ့ အနာရောဂါကင်းစင်ပြီး
နေထိုင်နိုင်တယ်
၉- ရေရှည်ကျန်းမာရေးအတွက် အကျိုးရှိတယ်
ကျန်းမာစေတဲ့အလေ့အကျင့်တွေကို ရေရှည်လိုက်နာခြင်းဟာ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

အတိုချုပ်ပြောရရင်
ကျန်းမာတဲ့ နေထိုင်မှု Healthy Lifestyle ဟာ ဒီနေ့အတွက် တင်သာမက နီးသော အနာဂတ်မှသည် ဝေးသော အနာဂတ်ကာလအထိ
ကိုယ်စိတ် ကျန်းမာရေးအတွက် အာမခံမှုရှိသော အလေ့အကျင့်ကောင်းတခု ဖြစ်ပါတယ်

Healthy Lifestyle Change အတွက် အဓိက အရေးကြီးတာတွေထဲက တခုဖြစ်တဲ့ Eating Healthy Food ဟာ
ကျန်းမာစေရုံသာမကပဲ ကိုယ်အလေးချိန်ထိန်းညှိခြင်း လျှော့ချခြင်းတို့မှာလည်း ကူညီပေးပါတယ်

ကျန်းမာစေသော အစားအသောက်တွေကို ရွေးချယ်စားသုံးခြင်း
ဆီစားသုံးမှုလျှော့ချခြင်း
အငန်နဲ့ အချိုစားသုံးမှု လျှော့ချခြင်း
အာဟာရမျှတစွာ စားသုံးခြင်း တို့က မဖြစ်မနေ လိုအပ်ပါတယ်

ကျန်းမာခြင်းသည် လာဘ်တပါး ဆိုတာကိုးလေ
ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာမှသာသိနိုင်တာပါ
အခွင့်အရေးရှိတုန်း Healthy Lifestyle နဲ့ ယဥ်ပါးကြည့်လိုက်ပါ
တဖြေးဖြေး သင်ကိုယ်တိုင်နှစ်သက်လာပါလိမ့်မယ်ရှင်

ကျမလက်ရာ အိမ်ချက် HealthyMealBox လေးတွေ မှာယူလိုရင် Healthy Diet Box by Nyein ကို စာပို့ပေးလို့ ရပါတယ် ရှင့်
အပတ်စဉ်တိုင်း
Monday to Friday တနေ့ ၂ နပ် နှုန်းနဲ့ အိမ်/ရုံးအရောက် ပို့ပေးပါတယ်
ပို့ခအပြီးအစီး ၅ ရက်စာကို $၁၀၀ ပါရှင်

Website

Alerts

Be the first to know and let us send you an email when Healthy Diet Box by Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.