Positive vibe with hazel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Positive vibe with hazel, Health/Beauty, 21B Street, Dubai.
17/11/2025
What’s a dress code?
A dress code is a set of rules, often written, with regard to what clothing groups of people must wear. Dress codes are created out of social perceptions and norms, and vary based on purpose, circumstances, and occasions.
22/04/2024
''လေးစားခြင်းအနုပညာ''
နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက
ဒီလိုပြောဖူးပါတယ်။
“ သူများတွေ ကျွန်တော့်ကိုလေးစားတာ ကျွန်တော် ထူးချွန်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။
နောက်မှ နားလည်လာတာက
သူများ ကျွန်တော့်ကို လေးစားတာ
သူ ထူးချွန်တဲ့အတွက်ကြောင့်ပါ” တဲ့၊
မှန်ပါတယ်။
ထူးချွန်တဲ့သူများဟာ လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။
#လုပ်ဖော်ကိုင်ဘက်ကို လေးစားခြင်းက အလုပ်ကို ပိုမိုအဆင်ပြေစေပါတယ်။
#အောက်လက်ငယ်သားကို လေးစားခြင်းက
စီမံခန့်ခွဲမှုမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။
#စားသုံးသူကို လေးစားခြင်းက
အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။
#ပြိုင်ဘက်ကို လေးစားခြင်းက သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။
#တော်တဲ့လူကို လေးစားခြင်းက အသိအမှတ်ပြုခြင်းကြောင့်ဖြစ်တယ်။
#အားနည်းသူကို လေးစားခြင်းက
စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။
#ဆရာသမားကို လေးစားခြင်းက
ပညာတန်ဖိုးကြောင့်ဖြစ်တယ်။
#နောင်မျိုးဆက်ကို လေးစားခြင်းက
လောကကို ပိုမိုကောင်းမွန်စေချင်တာကြောင့်ဖြစ်တယ်။
#မိသားစုဝင်ကို လေးစားခြင်းက
သာယာတဲ့မိသားစုကို ပိုင်ဆိုင်လိုတာကြောင့်ဖြစ်တယ်။
#ကျောင်းနေဘက်ကို လေးစားခြင်းက
ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်ဖြစ်တယ်။
#လူတိုင်းကို လေးစားခြင်းက
လူ့ကျင့်ဝတ်ကြောင့်ဖြစ်ပါတယ်။
လူတိုင်း တစ်ဦးနှင့်တစ်ဦး
လေးစားနိုင်ကြပါစေ ။
..credit #
17/04/2024
‼️ (16/4/2024) နေ့က သဲကန္တာရမြို့တော်တခုဖြစ်သော UAE နိုင်ငံ Dubai ဒူဘိုင်းမြို့တော်တွင် လွန်ခဲ့သော 75 နှစ်အတွင်း မိုးရေချိန်လက္မအများဆုံး အဖြစ် 5.59" လက္မ (တနင်္လာနေ့ည မှ အင်္ဂါနေ့ ညနေပိုင်းအထိ) မိုးကြီးသည်းထန်စွာရွာသွန်းခဲ့ပါသောကြောင့် ရုတ်တရက်ရေကြီးရေလျှံ အခြေအနေ ဆိုးဝါး ဖြစ်ခဲ့ပါသည်။
( မူရင်း Photos ပိုင်ရှင်များ , Crd ပါရှင်)
Crd
17/04/2024
လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ ✈️✈️
🌹🌹🌹🌹🌹
1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်နီးလေ ဈေးကြီးလေပါ
2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်
3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )
4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24” & 29” & 32” တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ
5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်
6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ
7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီ)
8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
✅ Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ
9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
📌ပြည်ပ ဆိုရင် 20”/ 22” (7kg)
📌ပြည်တွင်း ဆိုရင် 20” (5kg)
10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်
12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ
16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါ။
လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်
- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။
လွတ်လပ်စွာ Share နိုင်ပါတယ်။
အဆင်ပြေချောမွေ့ကြပါစေ 🙏
Crd_မူရင်းရေးသူ
16/04/2024
နှစ်သစ်အတွက်ဆုတောင်း……..
နှစ်ဟောင်းဖစ်တဲ့ မှ’တို့ နိုင်ငံကြီးရဲ့ ကံဆိုးခြင်းတွေ ၊မတရားမူတွေ၊ လူပီသစွာမနေထိုင်ရမူတွေရဲ့ နောက်ဆုံးနှစ် ဖစ်ပီး ၇ရက်သားသမီးရဲ့ အသက်နဲ့ခန္ဓာတည်မြဲပီး ဆန္ဒနဲ့ဘဝ ထပ်တူကျကြပါစေလို့ ရင်ထဲကနေ တကယ်ဆုတောင်းပေးပါတယ် …..
17th April
Kyal nan taw travel and tour ရဲ့ crew အသစ်လေးတွေကို training မစခင် company ရဲ့ rules and regulations လေးတွေကို နားလည်အောင် ပြောပြဖစ်တာလေးတွေနဲ့ customer training လေးကို စတင်ခဲ့ရတဲ့နေ့လေးတနေ့ရဲ့ အချိန်တဖြတ်လေး💭
20th Feb 2024
Hazel 🌻
29/08/2023
Dubai ကိုလာရောက်အလုပ်ရှာတဲ့သူလေးတွေအတွက် အလုပ်ဝင်ဖို့ရန်အတွက် လိုအပ်တဲ့ဆောင်ရန်၊ရှောင်ရန်နဲ့ အင်တာဗျုးဘယ်လိုဘယ်ပုံဖြေဆိုရမလဲဆိုတာကအစ cv ပြင်ဆင်ပုံနဲ့ အလုပ်ရှာတဲ့အခါလိုအပ်တဲ့ info အပါဝင်UAE 🇦🇪 နိုင်ငံ ,Dubai မြို့ရဲ့ Do and Don’t information အဆုံး ပြောပြမျှဝေပေးရတဲ့ Training session လေးတခုကိုအောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်ခွင့်ရတဲ့နေ့လေးတနေ့ပါပဲ..
Hazel 🌻
23/08/2023
Dubai က blue mark အကောင့်နဲ့အကိုကြီးရဲ့ ဝန်ဆောင်မူလုပ်ငန်းအတွက်ပါဝင်အားဖြည့်ကူညီပေးရတဲ့ first stepလေးပေါ့လေ..
စေတနာကောင်းရင်ကံကောင်းတယ်တဲ့
မှ’ရဲ့experience နဲ့ capabilities ကိုယုံကြည်ပီး ကမ်းလှမ်းလာတဲ့ ဘယ်အလုပ်ကိုမဆို contribution အပြည့်ဝပေးတတ်ပီး စေတနာလေးနဲ့ လုပ်ပေးမိတယ်…
ဘယ်နေရာရောက်နေနေ ကိုယ့်အစွမ်းစနဲ့လုပ်ကိုင်လို့ရတဲ့အလုပ်တွေက နောက်ကအမြဲလိုက်လာတယ်ဆိုတာမျိုးပေါ့လေ🥰🥰🤩🤩
Hazel 🌻
18/08/2023
လူတယောက်စီတိုင်း လူ့ကျင့်ဝတ် လူ့စည်းကမ်းဆိုတာကိုတန်ဖိုးထားသင့်တယ်လို့ထင်တယ်..ခုခေတ်ကပါးစပ်ပါတိုင်း ထွက်ချင်တဲ့စကားကို ထွက်နေကြတော့ခက်သားကွယ်..
မှ’သိတဲ့လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ…..
လူတစ်ယောက်က
အခြားလူတစ်ယောက်အပေါ်မှာ
လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု
တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကို နှုတ်ဖြင့်ဖစ်စေ၊ကိုယ်ထိလက်ရောက်ဖစ်စေ မထိခိုက်
မနစ်နာသွားအောင် ပြောဆိုဆက်ဆံပေးရတာကို
ခေါ်တာပဲ ဖြစ်တယ်လို့ သတ်မှတ်ထားတာမို့
အဲလို စိတ်သဘောထားတွေ မရှိတဲ့ဘယ်သူ့ကိုမှလည်း ဒီနေ့ဒီချိန်ထိ မစော်ကားခြင်းဖြငိ့ သီးသန့်နေပေးတတ်ပါတယ်လေ။
တချို့က အတွေးlevel မတူတာမို့ ပြုံးပီးပဲအဲနေရာကလှည့်ထွက်လိုက်တာ တဖက်လူလည်း အရှက်မရပဲ သူ့အတွေးထဲ သူကိုယ်သူ special လို့ထင်မြင်ခွင့်ပေးလိုက်တာလည်း ကုသိုလ်ရပါတယ်☺️☺️
Hazel 🌻
19/07/2023
ဒီနေ့လေးကတော့ Abu Dhabi မှာရှိတဲ့ ကမ္ဘာအကြီးဆုံး ဗလီဝတ်ပြုကျောင်းရဲ့ အမျိုးသမီးတယောက်အနေနဲ့လိုက်နာရမဲ့ စည်းကမ်းလေးတွေနဲ့ အဝတ်စားဆင်ယင်မူကို share ပေးပါရစေနော်
Dubai မြို့လိုမဟုတ်ပေမဲ့ Abu Dhabi ကလည်းအထင်ကရနေရာ တွေအများကြီးရှိတဲ့ မြို့တမြို့ပါပဲ …အဲအထင်ကရတွေထဲကနေမှကမ္ဘာအကြီးဆုံးဝတ်ပြုကျောငိးကcitizen’s တွေရဲ့ အထွဠ်မြတ်ထားရာနေရာတခုဆိုလည်းမမှားပါဘူး
အမျိုးသားတွေအတွက်ကတော့ အရမ်းထွေထွေထူးထူးကြီးတင်းကြပ်တာမရှိပေမဲ့ အမျိုးသမီးတွေအနေနဲ့ ဝတ်ပြုကျောင်းထဲဝင်မယ်ဆို တကိုယ်လုံးလုံအောင် ဖုံးထားရပါတယ် တချို့က ဘောင်းဘီအပွအရှည် အကျ်ီလက်ရှည်နဲ့ ခေါင်းပေါင်း (ဆံပင်မပေါ်အောင်ဖုံးထားရပါမယ်)ဝတိဆင်ကြတဲ့သူရှိသလို တချို့ကျ ခန္ဓာကိုယ်အကျပိအကျ်ီမျိုးဝတ်တာဖစ်ဖစ် လက်ပြတ်ဝတ်ထားလို့ပဲဖစ်ဖစ် စကပ်အကွဲဝတ်မိလို့ဖစ်ဖစ် အဲလိုကျရင် ဝတ်ပြုကျောင်းထဲမဝင်ခင် ဆိုင်ခန်းတွေထဲကနေ Abaya ခေါ် Arabic lady တွေဝတ်နေကျ traditional dress ကိုဝယ်ပီးဝတ်ရပါတယ် အဲလိုလုံခြုံနေမှ ရောက်ဖူးသင့်တဲ့ လေ့လာသင့်တဲ့ The grand mosque 🕌 ကိုဝင်ခွင့်ရမှာပါ
မှ’ကတော့ ရောက်ဖူးသင့်တဲ့နေရာတွေထဲကတခုဖစ်တဲ့ mosque 🕌 ကို ချမှတ်ထားတဲ့စည်းကမ်းအတိုင်းလိုက်နာပီး ဝင်ရောက်ခဲ့ပါတယ်…ဆံပင်ကိုလည်းပုံထဲကအတိုင်း ပုဝါနဲ့ဖုံးထားရပါတယ်
ဝတ်စုံကလည်းခန္ဓာကိုယ်ပေါ် အပြည့် ဖုံးထားရပါတယ်
ရာသီဥတုကပူတော့ abaya ဝတ်ထားတဲ့အချိန် နေရခက်ပေမဲ့ ခုလို traditional abaya ဝတ်ရတဲ့အခိုက်တန့်ကလည်း စိတ်ကို ကျေနပ်မိစေတာ တော့ အမှန်ပါပဲ
ဘယ်ဘာသာ မဆို လေးစားလိုက်နာကြရမဲ့ စည်းကမ်းလေးတွေနဲ့မို့
ကိုယ့်ဘာသာရဲ့ထုံးတမ်းစဉ်လာလေးတွေကိုတန်ဖိုးထားကြတာ လေးစားရမှာပါလေ
မှ’တို့ဗုဒ္ဓဘာသာမှာလည်း ဘုရားပေါ်မတက်ခင် လေးစားလိုက်နာရမဲ့စည်းကမ်းတွေကိုလိုက်နာခဲ့သလို ဒီ ဝတ်ပြုကျောင်းကစည်းကမ်းတွေကို မြန်မာအမျိုးသမီးတယောက်အနေနဲ့ လိုက်နာဝတ်စားဆင်ယင်ခဲ့တဲ့ အခိုက်တန့်လေးတခုပါပဲလေ..
နောက်ရက်မှ ဗလီဝတ်ပြုကျောင်းရဲ့ မဝင်ခင်စည်းကမ်းနဲ့ စည်းမျဉ်းလေးတွေ ကျောင်းထဲရှိတဲ့ စည်းစနစ်လေးတွေကို ထပ်share ပေးမယ်လေနော်
Dubai နဲ့ပတ်သက်လို့ သိချင်တာ မေးချင်းတာရှိလည်း WhatsApp number +971506925740 ကနေမေးမြန်းဆက်သွယ်နိုင်ပါတယ်နော်
သိထားသမျှနဲ့ လိုအပ်တဲ့ info မှန်သမျှပေးပေးပါ့မယ်ရှင့်
Hazel 🌻
08/07/2023
ကဲ ..ဒီနေ့တော့ အချိန်ရပီမို့ ရေးချင်နေတာ sharing လုပ်ချင်နေတာလေးကို ရေးပေးထားတယ်နော် 🤗
စာတော့နည်းနည်းရှည်လိမ့်မယ်🙈
First of all ,ပထမဆုံး အနေနနဲ့ ပြောချင်တာက
What’s the customer service?
What’s the meaning of customer service?
Customer service is mean ‘SKILL’ပါ
တချို့တွေတကယ်ကိုအထင်မှား အတွေးမှား အယူဆမှားတွေနော် ..မြင်ရတွေ့ရတာရော ကြုံရတာရော အဆင်မပြေလို့ပါနော် ခုလိုလေး share လိုက်ရတာကလေ🫣
Customer service ဆိုတာကလေ internal customer service and external customer service ဆိုပီးရှိတယ် သိလား.😎
Internal customer service က ကိုယ့်မိဘ ကိုယ့်မိသားစု ကိုယ့်ချစ်သူ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ဆက်စပ်နေတာကိုဆိုလိုတာပါ
ဥပမာ..ကိုယ့်အမက ရေတခွက်ခပ်ခိုင်းတယ် ဆိုပါတော့
ဟုတ် မမ ခပ်ပေးမယ် ပြောတဲ့သူရှိတယ်
ဟာ ကိုယ့်ဟာကိုယ် ခပ်ပါလား ပြန်ပြောတဲ့သူရှိတယ်
ပြောတဲ့လေသံ သုံးတဲ့စကားလုံးကအစ humble and genuinely ဖစ်နေပီး တဖက်သူကကြားလိုက်ရတာလည်း စိတ်ကျေနပ်မူရှိရင် သူ့ရဲ့ customer service ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့လေ
မလုပ်ပေးချင်လို့ ပြောတဲ့ ခပ်မာမာလေသံကတော့ ကြားရတဲ့သူလည်း စိတ်အဆင်မပြေတာမို့ customer service မကောင်းဘူးပေါ့ အဲလိုသတ်မှတ်လို့ရပါတယ်
ပြောချင်တာက
လူတော်တော်များများ customer service ဆိုတာနဲ့ ငါတို့အလုပ်ကအထက်လူကြီးရှေ customer တွေကိုဘယ်လိုဆက်ဆံပြလိုက်မယ် .customer တွေပြောသမျှငြိမ်ခံလိုက်မယ် .customer ကအော်လည်း ကိုယ် မှားပါတယ်ဆိုတဲ့ feeling မျိုးနဲ့ problems solving ကို handling မလုပ်နိုင်ရင် Customer တွေရဲ့ အတွေးထဲမှာ ..ငါတို့ကဘာလုပ်လုပ်တင့်တယ် တယ်.ငါတို့ကမကျေနပ်ရင် နင်တို့အလုပ်ပြုတ်သွားမယ် ဘာမှတ်ဆိုတဲ့ အယူမှား အတွေးမှားတွေ ဖစ်သွားပါလိမ့်မဉ် ၊တခုပေါ့နော် ကိုယ့်ဘက်ကမှားမှား မမှားမှား
ပထမဆုံး လုပ်ရမှာက တောင်းပန်ရမှာပါ
တောင်းပန်ပုံကကွာတယ်နော် သတိထားစေချင်တာက
အရင်ဆုံး customer ရဲ့ အဆင်မပြေမူကို စိတ်ရင်းနဲ့တောင်းပန်တတ်ရမယ်
ပီးရင် ဖစ်သွားတဲ့ကိစ္စကဘယ်လိုဖစ်တာလဲ သိရမယ်
Customer ကအသံမာမာပြောနေရင်လည်း ငြိမ်ခံရမှာမဟုတ်ပဲ .သူအဆင်ပြေအောင် ဘယ်လိုပြန်လုပ်ပေးရမလဲ သေချာအာရုံစိုက်ပီး eye contact ရှိပီး ဆက်ဆံပေးရမှာပါ .ခေါင်းငုံငြိမ်ခံရမှာ မဟုတ်ပါဘူးနော်..
ပီးရင် customer ရဲ့ ပြောပြတဲ့ ကိစ္စပြသာနာကို ကိုယ့်နှုတ်ကနေ repeat လုပ်ပီး ပြန်ပြောပြရမယ် သူ့ကို customer ရဲ့ ကိစ္စကအဲအချိန်မှာ ကိုယ့်အတွက် ဦးစားပေးတခုဆိုတာ customer ကိုပေးသိလိုက်တာပါ..ပီးရင် ဖစ်သွားတဲ့ကိစ္စမှာ ဘယ်သူ ဘယ်ဝါ who ဆိုတာထက် why ဘာကြောင့်ဖစ်ရတယ်ဆိုတာမျိုးကို customer ကို ပေးသိတဲ့ အသွင်နဲ့ smartly handle လုပ်ပေးရင်း customer ကို calm လုပ်ပေးရပါမယ် ..customer service provider လုပ်နေတဲ့သူတိုင်းသိထားရမှာက Customer always right ဆိုတာ customer right to complain ကိုပြောတာပါ ဘာလုပ်လုပ် အမြဲမှန်နေတယ် လို့ပြောတာမဟုတ်ပါဘူးနော် ..အဲဒါကြောင့် ကိုယ့်ရဲ့ customer service skills ပြည့်ဝလေလေ problems solving က confidence ရှိရှိနဲ့ smooth process ဖစ်လေလေပါပဲလေ …အိမ်ရဲ့ပြင်ပ လုပ်ငန်းခွင်ထဲက သူတွေကိုပဲ customer service ကောင်းကောင်းပေးရမှာမဟုတ်ဘူးနော်
ကိုယ့်မိသားစု က်ိုယ့်အိမ်ကလူတွေကလည်း ကိုယ့်customer တွေပဲမို့ ကောင်းကောင်းမွန်မွန်ဆက်ဆံရင်း ပျော်စရာကောင်းတဲ့အချိန်လေးတွေပိုင်ဆိုင်ကြပါစေနော်
ဒီလောက်ဆို တလွဲခံယူချက်လေးတွေနဲ့ customer တွေမဖစ်မိစေဖို့ရယ်
တလွဲခံယူချက်နဲ့ customer service provider တွေမဖစ်ဖို့ မျှော်လင့်ရင်း🤗🤗🤗
Hazel 🌻
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
21B Street
Dubai