Haewon Toothpaste by ZoZo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Haewon Toothpaste by ZoZo, Beauty, cosmetic & personal care, Mandalay, Airlie Beach.
16/08/2021
သုံးလေကြိုက်လေ ဆိုတဲ့ထဲမှာ
Haewon သွားတိုက်ဆေးကလည်း မပြောမဖြစ်အရာပါ
မနက်တခါ သွားတိုက်ပြီး တနေကုန် ခံတွငိးသန့်ရှင်းရုံမက
သွား၊ခံတွင်းပြသနာဖြစ်တဲ့...
သွားကိုက်ခြင်း
သွားဖုံးယောင် ခြင်းအတွက် တကယ်သက်သာစေတဲ့
အာနိသင်ပေးစွမ်းနိုင်တဲ့ အတွက်..ပေးတဲ့ဈေးထက်
အရမ်းကိုတန်ပါတယ်...
လက်လီလက်ကားလိုသလောက် မှာယူအားပေးလို့ရပါပြီ
1ဗူး 16500
2ဗူး 28500
3ဗူး42500
5ဗူ6း7500
10ဗူးကစ ကိုယ်စားလှယ်ယူရောင်းလို့ရပါတယ်
📲09780720459
#သွားကိုက်
#သွားပိုးစား
#လူတစ်ယောက်ကျန်းမာချင်ရင် သွားက အဓိက ကျပါတယ်...
14/08/2021
Credit Dr Myoe Myint Aung
"ညတွင် သွားကြိတ်ခြင်း နှင့် သွားကျန်းမာရေး"
Health Guide Magazine - Jan 2018 Issue
ကျွန်တော်တို့ ညအိပ်တဲ့အခါ ကိုယ့်ရဲ့သွားတွေကို ကိုယ်တိုင်တောင်မသိလိုက်ပဲ ကြိတ်တာတွေဖြစ်ကြတယ်...။ ညအိပ်ရင်း သွားကြိတ်တဲ့အခါ ကျွန်တော်တို့စိတ်ကို မထိန်းချုပ်နိုင်တာကြောင့် ကြိတ်အားအရမ်းများတယ်...ပုံမှန် အစားဝါးတာထက် အား ဆယ်ဆလောက်သုံးတော့ ကြိတ်တဲ့အသံအကျယ်ကြီးထွက်လာသလို ထိခိုက်မှုကလည်း အရမ်းများပါတယ်...။
ကိုယ်တိုင်ကတော့ ဘာမှမသိပေမယ့် အတူတူနေတဲ့ မိသားစုဝင်တွေကတော့ အဲ့ဒီအသံကြောင့် ညညဆိုတော်တော်အနှောက်အယှက်ဖြစ်ကြရမှာပါ...။ အရမ်းကို တိတ်ဆိတ်တဲ့ညအချိန်ကြီးမှာ အရိုးဝါးနေသလို အသံကြီးကို ကြားရတာကြာလာတော့လည်း အိမ်ကလူတွေ အသားကျကုန်ပါပြီ...။ အစကတော့ "နင် ညက သွားကြိတ်တဲ့အသံကြောင့် ငါ့မှာ အိပ်လို့ကို မရဘူး" ဘာညာ ပြောပေမယ့် အခုတော့ သူ့အကျင့်ဆိုတာ လက်ခံပြီး ဘာမှထပ်မပြောကြတော့ဘူး...။
ဒါကို သဘာဝပဲလို့ လက်ခံလိုက်ကြတယ်ပေါ့...။
ဆေးခန်းပြဖို့ဆိုတာ ဝေလာဝေးပါ...။
တစ်ယောက်တည်းနေတဲ့လူတွေဆိုရင် သူတို့ သွားကြိတ်တာကို သတိပေးမယ့်သူလည်းမရှိတော့ အခြေအနေဆိုးမှ ဆေးခန်းရောက်လာတာမျိုးဗျ...။
ဒီတော့ ကျွန်တော်က သွားကြိတ်တဲ့ လူတွေ ဖြစ်နိုင်တဲ့ သွားကျန်းမာရေးပြသနာလေးတွေကို ဝေမျှပေးချင်ပါတယ်...။
ဘာကြောင့်သွားကြိတ်တာလည်းဆိုတာကတော့ အခုအချိန်ထိ တိတိကျကျမရှိပဲ ပညာရှင်များလေ့လာနေဆဲဖြစ်ပါတယ်...။ ဒါပေမယ့် စိတ်ညစ်စရာတွေရှိတဲ့အခါ၊ စိတ်ဖိစီးမှုတွေရှိတဲ့အခါ အဲ့ဒီလူတွေက ညအချိန် သွားတွေကို ပိုကြိတ်သတဲ့ဗျ...။ ပြီးတော့ ကဖင်းဓာတ်များတဲ့အစားအစာတွေ ၊ အရက် ၊ ဆေးလိပ် တွေသောက်တဲ့သူတွေမှာလည်း ဒီသွားကြိတ်တာကိုတွေ့ရသလို စိတ်ရောဂါနဲ့ပတ်သက်ပြီးဆေးတွေသောက်နေရတဲ့လူတွေမှာလည်း တွေ့ရများပါတယ်...။
နောက်တစ်ခုက ပါးစပ်ထဲမှာ နူတ်ထားတဲ့သွားတွေကို ပြန်မစိုက်ရင် ၊ ပျက်စီးနေတဲ့ သွားဖာထားတဲ့နေရာတွေကို မပြုပြင်ရင် ၊ ကျိုးပဲ့နေတဲ့သွားတွေ ချွန်နေတဲ့နေရာတွေ ရှနေတဲ့နေရာတွေရှိရင် လည်း သွားကြိတ်တတ်တယ်လို့ဆိုပါတယ်...။
သွားကြိတ်တဲ့လူတွေမှာ အဓိကဖြစ်နိုင်တဲ့ ပြသနာကတော့ ဝါးတဲ့သွားမျက်နှာပြင် ကြွေလွှာတွေ ပျက်စီးကုန်တာပါပဲ...။ သဘာဝအရဆို အသက် (၅၀) ကျော်မှသာ ကြွေလွှာတွေအနည်းငယ်ပြုန်းလာမှာဖြစ်ပေမယ့် အခုတော့ ညတိုင်းကြိတ်တဲ့ဒါဏ်ကြောင့် အချိန်မတန်ခင်ပျက်စီးကုန်ပါတယ်..။ ကြွေလွှာတွေမရှိတော့တဲ့အခါ အပူတွေအအေးတွေသောက်ရင် ကျဉ်တာတွေဖြစ်လာမယ်...။ နောက်အရမ်းဆိုးလာရင် တစ်နေကုန်ဆက်တိုက်ကျဉ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်...။
နောက်တစ်ခုက ကိုယ်မှာတပ်ထားတဲ့ သွားအတုတွေလည်း ပျက်စီးနိုင်ပါတယ်...။
အကြီးမားဆုံးဖြစ်နိုင်တာကတော့ မေးရိုးအဆစ်တွေ၊ မေးရိုးကြွက်သားတွေ နာလာနိုင်တာပါပဲ...။ အားများများနဲ့ ကြိတ်ထားတဲ့ဒါဏ်ကြောင့် ကြွက်သားတွေဟာ မနက်ရောက်တော့ ညောင်းနေပြီး အစားတောင်ကောင်းကောင်းမစားနိုင်တော့ဘူး...။ ဒါလိုဖြစ်နေတာတောင် သတိမထားမိသေးပဲ နေ့အတော်ကြာနေမိတဲ့အခါ မေးရိုးတွေပါ နာလာပြီး နာတာရှည်နာကျင်ခြင်းဝေဒနာကို ခံစားရမှာပါ...။ ဒီလိုဖြစ်လာပြီဆို အရမ်းခံရခက်သလို အရမ်းလည်းကုသရတာ အချိန်ကုန်ပါတယ်...။
ဒါ့အပြင် သွားကြိတ်ရင်း ပါးစောင်တွေ လျှာတွေကိုပါ ကိုက်မိပြီး အဲ့ဒီနေရာတွေကိုပါ ထိခိုက်စေနိုင်ပါသေးတယ်...။
ဒီလိုတွေ ထိခိုက်ပျက်စီးမှုတွေ မရှိအောင် ကာကွယ်လို့ရပါတယ်...။
သွားဘက်ဆိုင်ရာဆရာဝန် တစ်ယောက်ယောက်နဲ့ ဆွေးနွေးပြီး လိုအပ်ရင် Mouth Guard ( သွားကြိတ်ခြင်းကို ကာကွယ်တဲ့ပစ္စည်း) လေးတပ်ပြီး သွားကြိတ်ခြင်းကို ကာကွယ်နိုင်ပါတယ်...။
ဒီ Mouth Guard လေးဟာ ညအိပ်ခါနီးမှ တပ်ရတာဖြစ်ပြီး ပျော့ပျော့လေးဖြစ်တဲ့အတွက် အရမ်းနေရခက်တာတွေလည်းမရှိဘူး...ကြိတ်မိရင်လည်း အသံမထွက်သလို သွားတွေကိုလည်း ထိခိုက်မှုမရှိစေပါဘူး...။
အပေါ်မှာပြောခဲ့တဲ့ ပျက်စီးနေတဲ့ သွားအတုတွေ ဖာထားတဲ့နေရာတွေရှိရင်လည်း ဆရာဝန်က တစ်ခါတည်းကုသမှုပေးပါလိမ့်မယ်...။
သွားမစိုက်ရသေးတဲ့နေရာတွေရှိရင်လည်း တစ်ခါတည်း သွားစိုက်ပေးပါလိမ့်မယ်...။
ဒီတော့ မိသားစုထဲမှာ ၊ အသိမိတ်ဆွေထဲမှာ သွားကြိတ်တဲ့သူတစ်ယောက်ယောက်ရှိနေခဲ့မယ်ဆိုရင် ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတာမို့ ဘာမှမဖြစ်ခင် ဒီအကြောင်းလေးတွေကို သေချာပြောပြပြီး နီးစပ်ရာသွားနှင့်ခံတွင်းဆေးခန်းကို ခေါ်သွားပါ...။ သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဒီသွားကြိတ်တဲ့ကိစ္စကို ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်...။
ဒါကြောင့် Haewon သွားတိုက်ဆေးလေး ဆောင်ထား ကြမယ်..
သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးကြပါစေ..
ဒေါက်တာ ကိုကိုလွင် PKU
သွားနှင့်ခံတွင်း ဆရာဝန်
ဒေါက်တာမျိုးမြင့်အောင်
MYOE Dental Health
#သွားနှင့်ခံတွင်းကျန်းမာရေး
Thank U Health Guide Magazine Team ❤
14/08/2021
☘️ ငွေ 16500 တည်းနဲ့ သွားဆေးခန်းမှာ ကွမ်းဂျိုး/ကော်ဖီဂျိုးတွေ ပျောက်အောင် လုပ်လို့ရလား? NOပါ ❎
☘️ ငွေ 16500 တည်းနဲ့ သွားဆေးခန်းမှာ သွားပိုးပေါက်တွေကို ဖာလို့ရပါသလား?? ဒါလဲ ❎❎
☘️ 16500 တည်းနဲ့ သွားဆေးခန်းမှာ သွားဖြူအောင် လုပ်လို့ရလား?? ဒါလဲNO ပါပဲ✌✌
☘️ 16500 ကျပ်တည်းနဲ့ သွားဆေးခန်းမှာ ခံတွင်းနံ့ဆိုးတွေကို မဖယ်ရှားပေးနိုင်သလို သွားဖုံးယောင်တာတွေကိုလဲ မပျောက်စေ နိုင်ပါဘူးနော်❎❎❎
😍 ဒါကြောင့် Haewon သွားတိုက်ဆေးလေးကို 16500 ကျပ်နဲ့ဝယ်ပြီးသွားပြသနးပြသနာတွေကိုဖြေရှင်းလိုက်တော့နော် 😍
💥💥အာမခံသွားတိုက်ဆေးလေးပါရှင့် 💥💥
သုံးပြီးပီးထူးခြားမှုမရှိရင်ငြွေပန်အမ်းပါမယ် 🌺🌺
1 ဗူးဆိုအကြိမ်ရေ 500 ကျော်တိုက်နိုင်တယ်နော်😍😍
သေချာတွက်ရင် တစ်ခါတိုက်မှ 33 ကျပ်ပဲကျမယ်နော်......
📱09780720459 (or) cb မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင့်🙆♀️🙆♀️
1 ဗူး 80 g _ 16500 ks
💦💦Promotion 💦💦
2 ဗူး 28500
3 ဗူး 42500
khin thi dar kyaw
ာဝဆေးပင်သွားတိုက်ဆေး
14/08/2021
#လူတစ်ယောက်ကျန်းမာချင်ရင် -
- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။
ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။
#လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။
#သွေးသန့်အောင်ပြုပြင်မယ်
သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။
အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။
- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။
- အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။
ဆီးသန့်အောင် ဆောင်ရွက်မယ်
- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။
- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။
- ဆေးကုလားမ ဖျော်ရည်သောက်ပါ။
- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။
#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။
- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။
- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။
- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။
(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ
အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
#ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်။
ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါသည်ခမျာ
(မောင် ယဉ်ကျေး)
#တိုင်းရင်းဆေးနည်းများ
https://www.facebook.com/1555987857970217/posts/2746771695558488/
14/08/2021
ကဲကဲ မျှော်လိုက်ရတဲ့
Haewon လေးရောက်ပါပြီ
ဈေးကြီးတယ် ..မှန်ပါတယ်..
ခံတွင်းပြသနာ အတွက် တကယ်ကိုထိရောက်လို့
ဝယ်သုံးဖူးသူတွေကတော့...အရမ်းကိုတန်ပါတယ်တဲ့..
#အစကကိုယ်တိုင်လက်လီရောင်းဖို့ဘဲယူထားတာ
မထူးတော့ဘူး
#လိုချင်သူများကြိုက်သလောက်ယူစေတော့
၁၀ဗူးကစ လက်ကားဈေးရပါမယ်😁😁
🥰🥰🥰🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Airlie Beach, QLD
4802