Cho Zin HM Online Shopping

Cho Zin HM  Online Shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cho Zin HM Online Shopping, Beauty, cosmetic & personal care, Mandalay, Airlie Beach.

26/05/2025

အသက်အရွယ်ကြောင့်လား
အတွေ့အကြုံတွေကြောင့်လား ...

ဒီနှစ်တွေထဲ ကိုယ့်စိတ်လေး
သိသိသာသာ ပြောင်းလဲလာတယ် ။

ဟိုတုန်းက ..
မက်မက်မောမော လိုချင်ခဲ့တဲ့အရာတွေကို
ရက်ရက်ရောရော စွန့်လွှတ်တတ်လာတယ် ။
မရှိရင်မဖြစ်ဘူးဆိုတဲ့ လူတွေရဲ့အဝေးမှာ
မတွေး ၊ မဆွေး၊ မငေး
အေးအေးဆေးဆေး နေတတ်လာတယ် ။

လိုချင်တာတွေ၊ လိုအပ်တာတွေထက်
ရှိပြီးသားအရာလေးတွေနဲ့
ရောင့်ရဲကျေနပ်တတ်လာတယ် ။

ဖြစ်ချင်တာတွေ ၊ ဖြစ်သင့်တာတွေထက်
ဖြစ်နေတဲ့ အခြေအနေတိုင်းမှာ
သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်လာတယ် ။

အချစ်တွေ လိုချင်ပါလျက်
အမုန်းတွေ ပေးရက်တယ်ဆိုရင်လည်း
အပြုံးမပျက် ပျော်ပျော်နေတတ်လာတယ် ။

မေတ္တာတွေ တောင့်တမိပေမဲ့
ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျရင်း
ဥပက္ခာတွေနဲ့ လိုက်ရောညီထွေ နေတတ်လာတယ် ။

စေတနာတွေ ဝေဒနာထင်ခံရတဲ့အခါ
ဗီဇဆိုတာ ပြင်ရခက်တယ်ဆိုတဲ့
အသိနဲ့ ပြုံးပြုံးလေး ကြည့်တတ်လာတယ် ။

ငြိမ်သက်နေတဲ့ စိတ်လေးကလွဲရင်
ဘယ်အရာကိုမှ မမက်မောတော့တဲ့အတွက်
အတွေးတွေကို ထိန်းထားတတ်လာတယ် ။

အခုအချိန်မှာတော့
အသက်တစ်ရက် ကြီးလာလေလေ
စိတ်အေးချမ်းမှုရဲ့ အရသာကို
ပိုခံစားတတ်လာလေလေပါပဲ ။

🤍🌿🍂

Want your business to be the top-listed Beauty Salon in Airlie Beach?
Click here to claim your Sponsored Listing.

Website

Address


Mandalay
Airlie Beach, QLD
4802