IvySummer
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IvySummer, Beauty, cosmetic & personal care, Airlie Beach.
25/11/2021
Vaseline UV Extra Brightening Gluta Glow Lotion
Instock
570ml (ဗူးကြီး) - 8700MMK
Expired--/10/23
လက္ကားလိုချင်သူများလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
အရင်က 600 mlပါ
အခုအသစ်ဝင်တာ 570 mlပြောင်းသွားတာပါရှင့်
26/10/2021
💜Innisfree Jeju Orchid Special Kit
Imported from Korea🇰🇷
💜 ဒီ Orchid set လေးကတော့ အသားခြောက်သွေ့ခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ anti-aging အတွက် အရမ်းကို ကောင်းတဲ့ set လေးပဲဖြစ်ပါတယ်
💜ကိုရီးယားနိုင်ငံ Jeju ကျွန်းမှ အဖိုးတန်သစ်ခွပန်းတွေရဲ့ အဆီအနှစ်များကို သုံးပြီးထုတ်လုပ်ထားပါတယ်။ တစ်ဗူးထဲမှာ item ၄မျိုး ပါဝင်တာမို့ ဒီ set လေးက တန်တယ်လို့ ပြောရမှာပါ
💜 အသားအရေခြောက်သွေ့လို့ အရေးအကြောင်းတွေ ဖြစ်ပေါ်လွယ်တာပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့် အရေပြားလျော့ရဲပြီး အရေးအကြောင်းဖြစ်ပေါ်တာပဲဖြစ်ဖြစ် Orchid series လေးကို စိတ်ချစွာသုံးစွဲလို့ ရပါတယ်နော်
💜 ချွေးပေါက်များကို ကျဉ်းစေပြီး အသားအရေကို တင်းရင်းစိုပြေစေပါတယ်။ ဆားဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမဲစက်တွေကိုလည်း လျော့ပါးစေပါတယ်
💜 အသားအရေအတွက် လိုအပ်သော အစိုဓာတ်ကို အပြည့်အဝ ုဖြည့်တင်းပေးတာကြောင့် မျက်နှာလေးကို ကြည်လင်ဝင်းပစေပြီး ငယ်ရွယ်နုပျိုစေပါတယ်။
အသုံးပြုပုံ အဆင့်ဆင့်
မျက်နှာသစ်ပြီးသွားတဲ့အခါ orchid skin(toner)-> orchid lotion (emulsion) -> orchid essence-> orchid cream ဆိုပြီး အဆင့်ဆင့်လိမ်းသွားရုံပါပဲနော်။
(Day/Night အသုံးပြုနိုင်ပါတယ်။)
Price 10500ks
26/10/2021
💚Innisfree Green Tea Special Kit Ex ပြန်ရောက်ပီ
✈️✈️✈️Import From Korea 🇰🇷🇰🇷🇰🇷
⏰⏰Travel kit ပေမယ့် သေချာသုံးရင် ၂လလောက်အေးဆေးသုံးလို့ ရပါတယ်⏰⏰
Green Tea Balancing Skin EX -25ml
Green Tea Balancing Skin Lotion EX - 25ml
Green Tea Seed Serum - 15ml
Green Tea Seed Cream - 10ml
🌿အသားအရည်မညီညာတဲ့သူတွေ, ရေဓာတ်လိုအပ်နေတဲ့သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့
ဂျယ်ဂျူးကျွန်းက လက်ဖက်စိမ်းရနံ့သင်းသင်းလေးနဲ့ Green Tea set လေးပါ
🌿အဆီပြန်ပြီး ချွေးပေါက်ကျယ်တဲ့သူတွေအတွက် သုံးလို့ အဆင်ပြေပါတယ် ချွေးပေါက်တွေကို ထိန်းညှိပေးပြီးအသားအရေမညီတာတွေ သက်သာစေပါတယ်
🌿Green Tea ရဲ့အာနိသင်က ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေတယ်။
🌿ချွေးပေါက်တွေကိုကျဉ်းစေတယ်
🌿ဝက်ခြံအမာရွတ် တွေလည်းသက်သာစေပါတယ်
🌿မျက်နှာအသားရေစိုပြေကြည်လင်ချင်သူတွေသုံးသင့်ပါတယ်
🌿အဆီပြန်တတ်တဲ့သူဆိုရင်တော့ cream ညဘက်မှ လိမ်းပေးပါ
How to Use
Day & Night မျက်နှာသစ်ပြီးတိုင်း
- Skin > lotion > Serum > Cream အဲ့လိုအစဉ် အတိုင်းလေး လိမ်းပေးပါနော်
Price 10500ks
26/10/2021
Innisfree Cherry Blossom Kitထပ်ရောက်ထားပီရှင့်🌸🌸🌸
🌸 Cherry Blossom Skin
Water type လေးမို့ အသားထဲ စိတ်ဝင်တာမြန်ပြီး ရေဓာတ်ဖြည့်ပေးပါတယ်
🌸 Cherry Blossom Lotion
Brightening lotion လေးမို့ အသားအရေကို ကြည်လင်ဖြူဝင်းစေတဲ့အပြင် စေးကပ်ခြင်းလုံးဝမရှိတာ ကြောင့် Daily အသုံးပြုနိုင်ပါတယ်
🌸Cherry Blossom Tone Up Cream
Jeju Cherry ပန်းအဆီအနှစ်နဲ့ ပြုလုပ်ထားတာကြောင့် အသားအရေကို ပန်းနုရောင်သန်းစေပါတယ်...
ကိုယ့်အသားအရေထက် တဆင့်ဖြူစေလို့ သ ဘာဝကျကျ စိုပြေကြည်လင်စေပါတယ်...
🌸 Cherry Blossom Jelly Cream
Hydration Cream လေးမို့ ရေဓာတ်ဖြည့်ပေးပြီး အေးအေးလေးနဲ့ စေးကပ်ခြင်းမရှိတာကြောင့် Oily Skin တွေအတွက်ပါ အဆင်ပြေပါတယ်
Price 10500ks
18/10/2021
✨5 colors BKKရက်ကန်း ဇင်းမယ်ဝမ်းဆက် ✨
💛၂ ဖက်လှ
Price-11500Ks
(instock)
*(print မဟုတ်ပါ)✨
Cash on delivery 🚚
18/10/2021
✨5 colors BKKရက်ကန်း ဇင်းမယ်ဝမ်းဆက် ✨
💛၂ ဖက်လှ
Price-12500Ks
(instock)
*(print မဟုတ်ပါ)✨
Cash on delivery 🚚
18/10/2021
Bkk က Tee ထဲမှာတော့ အသားရှယ်ကောင်း
အပြာ အသားရောင်ဘဲ ရပါတော့မယ်
💜Czesc cotton shirt 💜
Direct from Bkk
Lb 150 ထိ
💜အရမ်း မိုက်နေ ရော💜
Price-7000ks💜
01/10/2021
မှိုတက်မှ မှိုတက် မေးနေကြတဲ့ ကာကာတွေအတွက်
Chic Chic & All in (Bkk instock)
Tie-dye tee 🖤🤍
Price-8500Ks
Free size(lb 175 ထိရ)
Cash on delivery 🚚Mdy
29/07/2021
KF 94 Masks 😷 လိုသလောက်ရပါတယ်
၁ထုတ် (၁၀ခုပါ)- 2,000 ks ဖြူပဲရ
အများစျေးရှိပါတယ်
09254610880
*KF94 mask လေးတွေက
4 layers ဖြစ်တဲ့အတွက်
ရိုးရိုး surgical mask တွေထပ် ပို safe ဖြစ်ပါတယ်
*3D type မို့လို့ စကားပြောရတာ/ အသက်ရူရတာလဲအဆင်ပြေပါတယ်
*မျက်မှန်သမားတွေအတွက်လဲရေငွေ့မရိုက်ပါဘူးနော်
*ပိုးမွှားအန္တာရယ်တွေကိုလဲ 94% safe ဖြစ်တယ်
*သီးသန့်အိတ်လေးတွေနဲ့မို့ သိမ်းရ ယူသွားရလွယ်ကူပါတယ်
28/07/2021
The delta variant ဒယ်လ်တာမျိုးကွဲ
ဆရာ ဗီဇပြောင်း covid delta က အရင်က covid နဲ့ ရောဂါလက္ခဏာတွေ မတူဘူးဆိုတာ ဟုတ်လား ဆရာ
မြန်မာလို့ရေးတဲ့ ဖေ့စ်ဘွတ်မှာ ဟိုကဒီကရှာယူလာတဲ့ပုံတွေနဲ့ တင်ကြတာ မှားတယ်။
delta variant ဒယ်လ်တာမျိုးကွဲ ၂၀၂၀ အကုန်နဲ့ ၂၀၂၀ နှစ်ဆန်းမှာ စတွေ့တယ်။ ရှိရင်းစွဲ Alpha variant အမျိုးအစားနဲ့ ရောဂါလက္ခဏာတွေ နည်းနည်းလေး ကွာတယ်။ အရသာနဲ့ အနံပျောက်တာ နည်းတာ တွေ့ရတယ်။ ချောင်းဆိုးမယ်။ အသက်ရှူမဝဖြစ်မယ်။ ဖျားမယ်။ ကိုက်ခဲမယ်။ နှာစေးမယ်။ ကျန်တာတွေလည်း ရှိနိုင်တယ်။
အန္တရာယ်မရှိဘူးဆိုပြီး ဆရာဝန်တယောက်အမည်နဲ့ တင်တာလည်း လွဲတယ်။ WHO က စိုးရိမ်စရာအဖြစ် သတ်မှတ်ထားတယ်။ ကူးစက်မှု ပိုမြန်လို့။ increased transmissibility လို့ခေါ်တယ်။ ကူးစက်သူတွေရဲ့ နှာခေါင်းမှာ ဗိုင်းရပ်စ်ပမာဏ ပိုများတယ်။ နှာခေါင်းစည်း အရင်ကထက်ပိုလိုတယ်။ ဟိုဟိုဒီဒီမသွားရေး အရင်ကထက်ပိုလိုတယ်။ တိုင်းပြည်အတော်များများကို ပြန့်နေပြီ။ ၉၆ နိုင်ငံရှိပြီ။
ယူအက်စ်အေမှာ အရင်ကလောက်မဆိုးတော့ဘူး ယူဆချက်နဲ့ လူတွေ ပုံမှန်လိုလို ကူးလူး သွားလာ ထိစပ်လာကြလို့ ဆိုးလာတာဖြစ်တယ်။ ကန့်သတ်ချက်တွေ လျှော့လိုလည်း ကူးစက်မှုနဲ့ သေဆုံးမှု တက်လာတာဖြစ်တယ်။ ကာကွယ်နည်းတွေနဲ့ ကာကွယ်ဆေးနဲ့သာ ထိန်းနိုင်မယ်။
1. လက်ဆေးပါ။
2. နှာခေါင်းစည်းသုံးပါ။
3. လူစုလူဝေးရှောင်ပါ။
4. လူတွေနီးနီးကပ်ကပ် မနေပါနဲ့။
5. အခန်းက လေဝင်လေထွက် ကောင်းပါစေ။
6. ကာကွယ်ဆေးထိုးပါ။
အဲဒါက တိုးတက်တဲ့နိုင်ငံတွေက အသိပညာပေးဖြစ်တယ်။ မြန်မာပြည်အတွက် လူတွေ မကူးစေချင် မသေစေချင်ရင် -
1. မဟုတ် မမှန် လိမ်ညာ မှားယွင်း ရေးတာမှန်သမျှကနေ ရှောင်ပါ။
2. မလိုက်နာပါနဲ့ ဘလော့ပါ။
3. တင်နေတာတွေတွေရင် ဖျက်ပါလို့ပြောပါ။
4. မှန်တာကို ၁၀၀% လိုက်နာပါ။
5. မှားတာကို ၀% သာ လိုက်နာပါ။
ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၂၁
26/07/2021
KF 94 Masks 😷 လိုသလောက်ရပါတယ်
၁ထုတ် (၁၀ခုပါ)- 2,000 ks ဖြူပဲရ
အများစျေးသီးသန့်ရှိပါတယ်
09254610880
*KF94 mask လေးတွေက
4 layers ဖြစ်တဲ့အတွက်
ရိုးရိုး surgical mask တွေထပ် ပို safe ဖြစ်ပါတယ်
*3D type မို့လို့ စကားပြောရတာ/ အသက်ရူရတာလဲအဆင်ပြေပါတယ်
*မျက်မှန်သမားတွေအတွက်လဲရေငွေ့မရိုက်ပါဘူးနော်
*ပိုးမွှားအန္တာရယ်တွေကိုလဲ 95% safe ဖြစ်တယ်
*သီးသန့်အိတ်လေးတွေနဲ့မို့ သိမ်းရ ယူသွားရလွယ်ကူပါတယ်
25/07/2021
အပန်းမကြီးပါဘူး ဖတ်ကြည့်လိုက်ပါ
== === == == === === ====
Covid_လက္ခဏာများ_နှင့်_အကြံပြုချက်များ
1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်
6. ခေါင်းကိုက်တယ်
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________
1. အားမရှိဘူး_နုံးနေတယ်
နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။
- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်
- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)
သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)
4. ချောင်းခြောက်ဆိုးတယ်
အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်
- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။
5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်
သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။
- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။
အရေးတကြီးမှာလိုတာက
👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်
6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး
ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်
👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား
စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။
- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
09:20 am/24.07.2021
Click here to claim your Sponsored Listing.
Category
Website
Address
Airlie Beach, QLD
4802