DATE TREE

DATE TREE

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DATE TREE, Beauty, cosmetic & personal care, Mandalay, Airlie Beach.

16/02/2022

💪💪💪 ယုံကြည်ချက် 💪💪💪
-
၁၉၅၀ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ ကာ့တ်ရစ်ခ်ျတာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ သူက ကြွယ်ဆယ့်နှစ်ကောင် ကို ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေထဲကိုထည့်လိုက်တယ်။ အဲဒီဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့မရအောင် ရှည်လျားသလို ခုန်ထွက်လို့လည်းမရနိုင်‌အောင် စီမံထားတယ်။
-
ဆယ့်ငါးမိနစ်ဝန်းကျင် ကြာတဲ့အခါမှာ ကြွက်တွေဟာ ခြေကုန်လက်ပန်းကျပြီး ရေနစ်သေဆုံးကုန်ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ်ကြာတယ် ပြောရမှာပေါ့။ နောက်တစ်သုတ် စမ်းသပ်ရာမှာတော့ ရစ်ခ်ျတာက ဗျူဟာတစ်ခုကိုထပ်လုပ်ကြည့်လိုက်တယ်။
-
ဒီတစ်ခေါက်တော့သူဟာ ကြွက်တွေ လက်ပန်းမကျခင်အချိန်လောက်မှာ သူတို့အားလုံးကို ဖန်ခွက်ထဲကနေ ဆယ်ထုတ်လိုက်တယ်။ ခြောက်သွေ့စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေးလိုက်တယ်။ အဲဒီနောက်တော့ စောစောကအတိုင်း ရေတစ်ဝက်ဖြည့်ထားတဲ့ဖန်ခွက်ထဲကို တစ်ဖန်ပြန်ပြီးထည့်လိုက်တယ်။
-
အဲဒီဒုတိယအခေါက်မှာ ကြွက်တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ခင်ဗျားထင်လဲ
နောက်ထပ်ဆယ့်ငါးမိနစ်လား?
ဆယ်မိနစ်လား?
ငါးမိနစ်လား?
-
အဲလိုထင်ရင်တော့ ခင်ဗျားမှားပြီလို့ပဲပြောချင်တယ်။ ကြွက်တွေဟာ နာရီ ခြောက်ဆယ်ကြာအောင် ဆက်ပြီး ရုန်းကန်ကူးခတ်နေကြတယ်။ (နာရီခြောက်ဆယ်)နော်
-
အဲဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကြွယ်တွေဟာ တစ်ချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ်လိမ့်မယ်။ သူတို့ဟာ တစ်ချိန်မှာ အသက်ရှင်ကျန်နေမယ်ဆိုပြီးယုံကြည်သွားကြတယ်။ အဲဒီယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီးခံနိုင်ရည်ရှိသွားစေတယ်။ အဲဒီအထဲက ကြွက်တစ်ကောင်ဆိုရင် ၈၁ နာရီအထိ ရုန်းကန်ရှင်သန်သွားတယ်လို့တောင်ဆိုတယ်။
-
ဆိုလိုတာက ကိစ္စတစ်ခုမှာ ကျွန်တော်တို့ ရုန်းကန်နေရချိန်တိုင်းမှာ ကျွန်တော်တို့အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။ ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက်တစ်ခုရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံနိုင်သေးရင်၊ အသိဉာဏ်ရှိတဲ့ ကျွန်တော်တို့မှာသာ တစ်ကယ်တမ်းယုံကြည်ချက်ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တစ်ချိန်မှာ မုချ လွန်မြောက်လာမယ်။
-
မုချ အောင်မြင်မယ်၊ မုချလွန်မြောက်မယ် ဆိုတဲ့ “Hope and optimism” ဟာ အောင်မြင်မှုတစ်ခုအတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာပြောချင်တာပါ။
-
ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ်ကြစတမ်းပေါ့လေ။
-
✨"တစ်ခုပဲ ကြွက်တွေရေကူးနေသလို ကျွန်တော်တို့ ရုန်းကန်နေဖို့တော့လိုတာပေါ့ဗျာ။ "✨
-
to original writer with respect

09/02/2022

သင်မသိသေးတဲ့ နတ်သုဒ္ဓာအသီး (သို့) စွန်ပလွန်သီး
======================================
စွန်ပလွန်သီးကို ငယ်စဉ်အရွယ်အခါ စာရေးသူမြန်မာပြည်မှာနေထိုင်စဉ်က အကြိမ်အနည်းငယ်မျှစားသုံးဖူးပါတယ်။ ယိုထိုးထားတဲ့အတွက် ချိုအီဆိမ့်တဲ့အရသာမျိုးဖြစ်ပါတယ်။ ထို့ထက်ပိုပြီးစိတ်မဝင်စားမိခဲ့ပါဘူး။

စင်္ကာပူမှာနေထိုင်စဉ် စာရေးသူရုံးမှလုပ်ဖော်ကိုင်ဖက် အစ္စလမ်ဘာသာဝင်မိတ်ဆွေ(ကျား/မ) ဥပုဒ်ဖြေချိန်မှာစားသုံးတာတွေ့မိပါတယ်။ ရံဖန်ရံခါတောင်းယူစားသောက်မိပါတယ်။ ထို့ထက်ပိုပြီးစိတ်မဝင်စားမိခဲ့ပါဘူး။

ဒီနေ့တော့ ရုံးအားလပ်ရက်ဟင်းချက်စရာစျေးဝယ်ထွက်ရင်း အမှတ်မထင်စွန်ပလွန်သီးယိုအထုပ်ကို စျေးမှာတွေ့လို့ကိုင်ကြည့်မိရင်း သူရဲ့ Nutrition Fact လို့ခေါ်တဲ့ သဘာဝအဟာရပါဝင်မူ့နှုန်းဇယားကိုကြည့်မိလိုက်ချိန်မှာတော့ အံသြမူ့အကြီးကြီးဖြစ်မိပြီး စွန်ပလွန်သီးကို စွန်းခိုက်မိပါတော့တယ်။

စျေးကအမြန်ပြန်ပြီး Date Fruit လို့ခေါ်တဲ့ စွန်ပလွန်သီးအကြောင်းကို ကွန်ပြူတာဖွင့် Google ခေါက်ပြီး စူးစမ်းရှာဖွေ research လုပ်မိသမျှကို စာဖတ်သူ ညီ၊ညီမတို့ ဗဟုသုတအတွက်မျှဝေလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စွန်ပလွန် ခေါ်( Dates ) ပင်ကိုရေရှားပြီး အခြားသီးနှံစိုက်ပျိုးရန် ခက်ခဲသောမြေတန်းစားများ အပူပိုင်းဒေသ သဲမြေ စသည့် မြေအမျိုးစားတွေမှာ စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ အပင်မှာထန်းပင်ကဲ့သို့ဖြောင့်တန်းပြီး အရွက်မကြွေပါဘူး။ အသီးမှာ ဇီးချိူသီးသဏ္ဍာန် လုံးဖြောင့်တန်းပြီး အစေမှာလည်း ဇီးသီးအစေ့ဖြင့်ခပ်ဆင်ဆင်ရှိပါတယ်။

လက်မအရွယ်အစား စွန်ပလွန်သီးတနေ့ ၁ လုံးစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာနေ့စဉ်လုပ်ဆောင်မူ့များအတွက် ခွန်အားဖြစ်ထွန်းစေပါတယ်။သဘာဝအပင်မှာရှိနေစဉ်တွင် အသီးမှာအဝါနုရောင်ဖြစ်ပြီး ချိုမြသောအရသာနှင့်စေးကပ်သောအတွင်းသားတွင်ဖိုက်ဘာအမျှင်ဓါတ်များဖြင့်အစေ့ကိုဖုံးကွယ်ထားပါတယ်။ပျမ်းမျှခြင်းအားဖြင့် စွန်ပလွန်သီး ၁ လုံးတွင် ၂၃ ကယ်လိုရီပါဝင်ပြီး၊ ကိုယ်လက်စထရောလုံးဝ ၁၀၀% ကင်းစင်တာက အံဖွယ်ရာပါဘဲ။

စွန်ပလွံသီးတွင် ပါ၀င်သော အာဟာရဓါတ်နှုန်းမှာတော့

Proteins . 2.0
Fats /
Calories . 23.0
Sodium . 4.7
Potassium . 754.0
Calcium . 67.9
Magnesium . 58.9
Copper . 0.21
Iron . 1.61
Phosporus . 638.0
Sulphur . 51.6
Chlorine . 290.0
vitamins A1, B1, B2, B3 and B5

(၁) စွန်ပလွန်သီးသည် ကိုလက်စရောဓာတ်ကို များစွာလျော့ချ ပေးနိုင်သည့် အပြင် အဝလွန်သူများအတွက်လည်း ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။

(၂) ဗီတာမင် B1, B2, B3 နှင့် B5 တို့ကြွယ်ဝစေသည့် အပြင် ပရိုတိန်းဓာတ်ကိုလည်း ကြွယ်ဝစေတယ်လို့ ဆိုပါတယ်။ Gym အားကစားသမားများအတွက် (Pre and Post Workout)မကစားခင်နှင့်ကစားပြီးချိန်တွင် အနည်းဆုံး စွန်ပလွန်သီး ၂ လုံးမျှစားသုံးယူသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုနေသူများအတွက် သဘာဝအချိုဓါတ်ပါဝင်တဲ့ စွန်ပလွန်သီးတနေ့ ၃-၄လုံးရဲ့အချိုဓါတ်ဟာ ကျန်းမာရေးအပေါ်သက်ရောက်မူ့များစွာမဖြစ်စေပါဘူး။

(၃) စွန်ပလွန်သီးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုလည်း ပေးပါတယ်။ ဆိတ်၊နွားနို့နှင့် တွဲသောက်ပေးပါ။

(၄) စွန်ပလွန်သီးသည် အာရုံကြောများအတွက်လည်း ကောင်းမွန်ပါတယ်။ စွန်ပလွန်သီးကိုချေမွပြီး ဆိတ်၊နွားနို့ဖြင့် မနက် ၁ ခွက်၊ ည ၁ ခွက် သောက်သုံးခြင်းဖြင့် အံဖွယ်ကာမစွမ်းအားကိုဖြစ်ထွန်းစေပါတယ်။

(၅) သွားများ ဆွေးမြေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) စွန်ပလွန်သီးကို ရေဖြင့် သောက်ပေးပါက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင် ပါတယ်။

(၇) စွန်ပလွန်သီးသည် ကြွက်သားများကို သန်မာစေနိုင်တဲ့ အပြင် ခန္ဓာကိုယ် သွယ်လျစေချင်သူတို့ အတွက် စားသင့်ပါတယ်။

(၈) အရက်ကြောင့် ဖြစ်သော ရောဂါ ခန္ဓာကိုယ်တွင်း ဖြစ်သော ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

(၉) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

(၁၀) Low blood Pressure သွေးပေါင်ကျခြင်း၊ Paralyisis လေဖြတ်ခြင်း၊ Facial Paralysis မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း တို့ကို ကာကွယ်ပေးပါသည်။

Wsda Dom

ဒေါမနစ် (စင်္ကာပူ)
Credit Org

04/02/2022

#စိုက်ပျိုးရေး_စိတ်ဝင်စားသူတိုင်း_သိထားသင့်သော_ရှေးစကားပုံများ

၁။ ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်
၂။ ခဝဲပွင့်တုန်း တန်ဆောင်မုန်း
၃။ ခဝဲပွင့်ချိန် ခင်းကထိန်
၄။ ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်
၅။ ခံသီးပြိုးပြောင် လဝါခေါင်
၆။ ငှက်ပျောပင်စိုက် မိလိုက်ဘပါ
၇။ ငှက်ပျောတစ်ခိုင် သားတစ်ထိုင်
၈။ ဖွဲထောင်းလို့ ဆန်ကောင်းမရ
၉။ ငှက်ပျောတစ်နှိုက် အုန်းတစ်မိုက်
၁၀။ ကျူး၊ လာ၊ မိုးသက် ပျိုးကြဲရက်
၁၁။ တမန်းအိုအို ပျိုးပျိုပျို
၁၂။ မိုးလင့်၍ ပျိုးရင့်သည်
၁၃။ ကောက်သီးဝါဝင်း တော်သလင်း
၁၄။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း
၁၅။ နွေထနောင်း ဆောင်းမန်ကျည်း
၁၆။ ဖျောက်ဆိပ်မွန်းလွဲ နှမ်းကြီးကြဲ
၁၇။ ပြောင်းနှင့်ပိစပ် လူးနှင့်ဆပ် မအပ်မဖွယ်ရာ
၁၈။ ပေါက်လဲလည်းငုံ ရာသီကုံ မြူဖုန်မထသေး
၁၉။ ဖရုံတစ်ညှာ ဘူးတစ်ညှာ ဘယ်ခါတည့်မလဲ
၂၀။ မျောက်နှင့်ဖရုံ နီးစိုက်တုံ ဖျင်းသုဉ်းပျက်တက်ကြောင်း
၂၁။ နယုန်မိုးသေး မြက်သားမွေး
၂၂။ ဝါကဆုန် နှမ်းနယုန်
၂၃။ သစ်အဖျား ဝါးအရင်း
၂၄။ ငှက်ပျောကဆုန် ဝါးနယုန်
၂၅။ သဇင်ပွင့်သော် လနတ်တော်
၂၆။ စိုက်ပျိုးချိန်တန် မူရင်းသန် ဟေမာန်ဆောင်းအခါ
၂၇။ အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊ မြောက်ကြော လက်ပံ၊ နောက်ယံသဖန်း ဒန်းနှင့်သပြေ စိုက်လေနှင့်
၂၈။ ဝါခေါင်တစ်ကြောင်း ထနောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသဲ
၂၉။ ဆောင်းမှာသားရေ၊ နွေမှာသစ်ခေါက်၊ မိုးမှာ ဝါးယောင်းခြောက်
၃၀။ ခွေးတောက်မြစ်ယှက် စိုက်ရောဖက်က သရက်ပင်မင်း သီးချိုကင်း၏။
၃၁။ ငုံးပျံဖုန်ထ နှမ်းကြဲရ
၃၂။ ယာမှာအသုတ် လယ်မှာအပုပ်
၃၃။ မိုးဖြူမစဲ မိုးမဲမရွာ

Source Nyan Myint

Credit ထွက်တိုး

04/02/2022

ဒါမျိုးက ရှယ်ထားသင့်တယ်..လိုတဲ့ခါကျ ရှာရခက်လို့😁

12လက္မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်နြ္ဒိတ်
20 ဟနြ္ဒိတ်= 1 တန်

2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1 ft3 = 6.24 Gallons
1Gallon = 2 Viss ( ပိသာ )
1CWT = 31.11 Viss
1lb = 0.278 Viss
Water 1Gallon = 8.34 lbs
Glue 1Gallon = 10.70 lbs
1Inch = 2.54 centimeter
1cm = 0.3937 inch
1ft = 0.3048 meter
1 m = 3.28 ft
1 m2 = 10.80 ft2
1 Yard (ကိုက် ) = 0.9144 m
1 m = 1.0940 yards
1mile = 1.6090 Km
1Km = 0.6214 Mile
1 Gallon = 4.54 Liters
1Liter = 0.22 Gallon
1Ounces = 28.53 Grams
1Gram = 0.0352 Ounce
1Kg = 2.2 lb
1lb = 0.4536 Kg
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
မြေဧက ဖွဲ့နည်း တွက်နည်း နှင့် စိုက်ပျိုးပင် တွတ်နည်း
=============
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနား ၅မျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အဝန်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(A) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
(C) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

Credit 📚

-----------------------------------------

27/01/2022

ဧပြီလ သို့မဟုတ် မေလတွင် အသီးများ သီးပြီး သြဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလအတွင်း ကောက်ဖို့ မှည့်သည်။ အပင်တစ်ပင်သည် တစ်နှစ်လျှင် အသီးပိဿာ ၂၀၀ မှ ၃၀၀ အထိ ထွက်နိုင်ပြီး တစ်ကြိမ်တည်း မမှည့်သေးသောကြောင့် တစ်ရာသီလုံး အကြိမ်များစွာ ရိတ်သိမ်းနိုင်သည်။

21/01/2022

ကျွန်းပင်အကြောင်း သိကောင်းစရာ
# # # # # # # # # # # # # # # # # #

၁။သိပ္ပံအမည် _ Tectona Grandis

၂။အရောင် _ အကာသား အဖြူ နှင့် အညိုရောင်အနည်းငယ်စွတ် ပြီး အဝါရောင်ထိရှိ

၃။ ထိတွေ့မှု _ ချောမွေ့မှုရှိ

၄။အနံ့ _ နံသာဖြူ ကရမက်
၊ယူကလစ်ဆီများကဲ့သို့မွှေးကြိုင်သောအနံရှိ

၅။အလေးချိန် _ ရေငွေ့ ၁၅% ပါဝင်သောကုဗ၁ပေအလေချိန် ၄၃ပေါင်ရှိ

၆။အသားအခြေအနေ _ သစ်မျှင်ဖြောင့်တန်း ၊မှိုမတက်၊ ခြမစား ၊ရေစိမ်ခံ

ကျွန်းပေါက်ရောက်ရာဒေသ
*********************************

အိန္ဒိယပြည်၊ ဘုံဘေပြည်နယ်အနောက်မှစ မြောက်ဘက် ဟိမဝန္တာတောင်ခြေထိ၊ တောင်ဘက် ကျွန်းဆွယ်အဆုံးကြာဗန်ပြည်နယ်အဆုံး၊အရှေ့ဘက် မြန်မာပြည်၊ယိုဒယားပြည်၊ကမ္ဘောဒီးယားနယ်စပ် ထိပေါက်ရောက်။ မြန်မာပြည်သည်ကျွန်း၏အလယ်တွင်ရှိသောကြောင့် အကောင်းဆုံးနှင့် အကြီးဆုံးကျွန်းပင်များ အများဆုံးထွက်ရှိ။

ကျွန်းပင်ပေါက်ရောက်မှု့
*****************************

အောက်မြေဆီလွှာစိမ့်ဝင်နိုင်ပြီးအပေါ်ယံမြေတွင်သဲနှင့်ရွှံပါဝင်သည့် နုံးမြေသည့်ကျွန်းပင်အတွက် အကောင်းဆုံးဖြစ်။
မိုးရေချိန် လက္မ ၅၀မှ ၁၅၀ ထိအပူချိန် ၄၂°မှ ၁၁၀° စင်တီဂရိတ်တွင်ရှိရမည်။
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ ကျော်မြင့်သော တောင်များတွင် ကျွန်းမပေါက် ။ပေါက်သော်လည်း အရည်အသွေး စံချိန် မမီပါ။

ကျွန်းပင်၏ ထင်ရှားသော အကျင့်စရိုက်အသင့်အတင့် ကြီးထွားမြန်သောအပင်ဖြစ် သောကြောင့် (Light Demander )လင်းလုပင်သစ်မျိူးဖြစ်သည်။
ကျွန်းသီးများ များစွာသီးလေ့ရှိပြီး အသီးအတွင်းအစေ့အိမ် ၃အိမ်မှ၄အိမ် ထိရှိ။ အပြင်း၌မာကြောသောအခွံရှိသောကြောငအသေ့အဆန်အားလုံးအပင်ပေါက်ရန် ခဲရင်းသည်။
အောက်မြန်မာပြည်တွင် အထက်ရွက်ပြတ်ရောနှောတောစို (MUDU)ကြက်သောင်းဝါး တင်းဝါး တို့ပေါက်သည့်နေရာနှင့် အထက်မြန်မာပြည်တွင် ကြက်သောင်းဝါးအစား ဝါးပိုးမျက်ဆံကျယ် ဝါးဖြူနှင့် တင်ဝါး ပေါက်သောနေရာများတွင်း ကျွန်းပေါက်ရောက်ပြီး ရောနှောပေါက်သောသစ်မျိူးများမှာ ပျဉ်းကတိုး၊ဂွေး၊ဒီဒူး၊ ထောက်ကြံ့ ၊ရုံး ၊နဘဲ၊ဘင်ဂ ၊ပိတောက်ပျဉ်းမစသည့်သစ်မျိူးများပေါက်သည်။

ကျွန်းစိုက်ခင်း ထူထောင်လိုလျှင် အကွာအဝေး ၆ပေ×၆ပေ၊ ၉ပေ×၉ပေ အကွာအဝေးများစိုက်ပျိူးကြပြီး ၅နှစ်သားအထိ မီးကာကွယ်ခြင်းလုပ်ဆောင်သင့်ပါသည်။
စိုက်ပြီး ၇နှစ်သား အရွယ် တပင်နှင့်တစ်ပင်ရွက်အုပ်ထိသည့်အချိန်တွင်၁ပင်ကျော်၁ပင်ကြား ပင်ကြပ်နုတ်သင့်ပါသည်။ ပထမအကြိမ်ပင်ကြပ်နုတ်ပြီး ၁၅နှစ်သားတွင် ဒုတိယအကြိမ်ပင်ကြပ်နုတ်သင့်ပါသည်။ တတိယအကြိမ်ပင်ကြပ်နုတ်ခြင်းအား အနှစ်၂၀ နှင့် ၂၅ကြားသင့်လျှော်သလို့ ရွှေးချယ်ပင်ကြပ်နုတ်ခြင်းလုပ်ဆောင်သင့်ပါသည်။

ကျွန်းပင်ပျိုးနည်း
******************

ကျွန်စေ့ကို ဂုန်နီအိတ် (သို့)ပိုက်အိတ် နှင့်ထည့်ပြီး ညကိုရေစိမ်ထားကာ မနက်ကျလျှင် နေဖြန့်လှန်းပါ
၇ ရက်ခန့်လုပ်ပါ
၄ လက်မထုရှိသော သဲကြမ်းဘောင်အတွင်း
လိုင်းဆွဲ၍ အစေ့ချပါ
ပြီးလျှင်အပေါ်ကအစေ့ဖုံးရုံသဲပြန်ဖြူးပါ
ရေလောင်းလျှင်အပေါက်စိမ့်သောရေပန်း
ရေမှုန်ထွက်သောရေပန်းနှင့်သာနေ့လည်တွင်ရေဖြန်းပေးပါ
၂၅ ရက်မှ ၃၀ ရက်အတွင်းအပင်များပေါက်လာမည်
မင်္ဂလာရွက် ၃ရွက်ရှိလျှင်ပျိုးအိတ်အတွင်းသို့
ပြောင်းပါ
အပင်ပေါင်းသောင်းချီပြီးပျိုးခဲ့တဲ့နည်းပါ ၊ သစ်တောသုတေသနကနည်းပါ
မီးရိူ့သောနည်းကရိူ့တာများသွားလျှင်လောင်သွားနိုင်ပြီးရိူ့တာနည်းရင်လဲအပင်ပေါက်နှုန်နည်းပါတယ်။

တနည်း---****

ကျွန်းစေ့သည် အခွံ့မာ အစေ့မျိူးဖြစ်သဖြင့် ပျိူးထောင်ရန် စနစ်တကျပျိူးထောင်သင့်ပါသည်။ ကျွန်းမျိူးစေ့ပျိူးထောင်နည်းများအနက်မှ ရေစိမ်နေလှန်းနည်းအားသိသမျှ ဝေငှပါသည်။
ကျွန်းသီးများအားအအပေါ်ရံအခွံချွတ်ပြီး အခွံမာအသီးများအား အိတ်ထည်းတွင်ထည့်ပြီး ရေမြုပ်အောင်တစ်ညလုံးစိမ်ပြီး နောက်တစ်နေ့နေပူချိန်နံနက် ၈း၀နာရီ၉း၀နာရီတွင်နေထုတ်လှန်းရပါမည်။နေထုတ်လှန်ပြီး ညနေ ၃း၀နာရီ၄း၀နာရီတွင်အိတ်ထည်းသို့ပြန်ထည့်ပြီး ရေပြန်၍စိမ်ရပါမည်။ ၎င်းအတိုင်းအနည်းဆုံး ၇ရက် ၁၀ရက်ခန့်ပြုလုပ်ရပါမည်။ ရေစိမ်နေချိန်တွင်သဲကြမ်းဘောင်ပြုလုပ်ထားရပါမည်။သဲဘောင်အား အနံ ၄ပေထက်မကျယ်စေပဲပြုလုပ်ရပါမည်။ သဲဘောင်လုပ်မည်မြေနေရာအားပေါင်းမြက်ကင်ရှင်းအောင်အမှိုက်များပုံပြီမီူနာအောင်ရှို့ရပါမည်။၎င်းးနောက်သဲဘောင်အား ၄လက်မခန့် ဘောင်အတွင်းသို့သဲထည့်ပြီး ရေဖြန်းပါ။ ထိုနောက် ရေစိမ်နေလှန်းပြုလုပ်ထားသောသစ်စေ့များအားဘောင်အတွင်းသို့မြုပ်ယုံထည့်ပြီး သဲဖုန်း၍ရေဖြန်းပါနေပူချိန်တွင်ရေနေစဉ်ဖြန်းပေးရပါမည်။ နောက်အကျဆုံ၂၁ရက် ရှိလျှင် ကျွန်ူစေ့များအစေ့ရွက်ပေါက်လာပါမည်။
အစေ့ရွက် ၂ရွက်ထွက်လျှင်ပျိူးအိတ်ထည်းသို.ကူးနိုင်ပါပြီ။

ပုဂ္ဂလိက သစ်တောစိုကခင်းတည်ထောင်သူများအနေဖြင့် စိုက်ခင်းတည်ထောက်တော့မယ်ဆိုရင်.....
၁။ မြေနေရာရွေးခြယ်ခြင်း
၂။ ရရှိထားသောမြေအမျိူးစားနှင့်သင့်လျှော်သော သစ်မျိူးများကိုသာရွေးချယ်စိုက်ပျိူးခြင်း
၃။ မျိူးစေ့စုဆောင်းရာတွင် အောင်လုံ ကောင်းမွန်သော အပင်များ နှင့် သစ်စေ့ထုတ်ဧရိယာများမှ မျိူးစေ့များကိုပျိူးထောင်ခြင်း။
၄။ တောင်ယာခုတ်ခြင်း တောရှင်းခြင်းအား ဒီဇင်ဘာလမှစ၍ ဇနဝါရီလကုန် သို့ ဖေဖဝါရီ ၁၅ ရက်ထက် နောက်မကျစေပဲ တောခုတ်ရပါမည်။
၅။ တောင်ယာခုတ်စနေစဉ်မိုးဦးကျအပင်စိုက်ပျိူးနိုင်ရန်ပျိူးဥယာဉ်ကိုတပြိုင်တည်းဆောင်ရွက်ပျိူးထောင်ရ
ပါမည်။
၆။ တောခုတ်ပြီးနေလှန်ချိန် ၁လကောင်းစွာရပြီး မတ်လ နောက်ဆုံးအပတ်တွင်မီးရှို့ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါမည်။
၇။ တောင်ယာရှို့ပြီး မီးလောင်ချက်မကောင်းသော သစ်ကိုင်းအစအနများကို မီးလောင်ပြီး မီးငြိမ်အေးသွား ချိန် ၁ပတ်အကြာတွင် စုပုံ မီးရှို့ကျွန်းခွေခြင်းဆောင်ရွက်ရပါမည်။
၈။ တောင်ယာခုတ်စဉ်နှင့်ကျွန်းခွေစဉ် လိုအပ်သောပန္နက်အရေအတွက်အားစုဆောင်ထားရပါမည်။
၉။ ကျွန်းခွေခြင်းလုပ်ငန်း ပြီးဆုံးချိန် ၅လပိုင်းပထအပတ်နှင့်ဒုတိယအပတ်တို့တွင်ပန္နက်ရိုက်ခြင်းလုပ်ငန်းကို သတ်မှတ်ထားသည့်အကွာအဝေးအတိုင်း ဖြောင့်တန်းစွာ ရိုက်မှက်ရပါမည်။ပျိူးဥယျာဉ်မှအပင်များကို ချမစိုက်မီ အပင်များသန့်ခြင်း အမြစ်ဖြတ်ခြင်း နေရောင်ပေးခြင်း ရေဖြတ်ခြင်း စသဖြင့်အပင်များ ခံနိုင်ရည်ရှိအောင်ကြိုတင်လုပ်ဆောင်ထားရပါမည်။
၁၀။ ကျင်းတူးလုပ်ငန်းဆောင်ရွက်မည်ဆိုလျှင် မေလကုန်အပြီးဆောင်ရွက်ရပါမည်။
၁၁။ မိုးရွာပြီးမြေအစိုဓာတ်ရသည့်နှင့်အပင်များ မြေလုံးမကွဲအောင် စနစ်တကျသယ်ယူစိုက်ပျိူးရပါမည်။
၁၂။ စိုက်ပျိူးပြီးအပင်များအမြစ်စွဲပြီး ၁လသား ရှိလျှင် ပေါင်းရှင်းမြေသြဇာကျွေးခြင်းကို ၃ကြိမ် ပြုလုပ်ဆောင်ရွက်ရပါမည်။
၁၃။ အောက်တိုဘာလပိုင်း နှင့် နိုဝင်ဘာလပိုင်းတွင်စစ်ဆေးရေးလမ်းဖောက်လုပ်ခြင်းများဆောင်ရွက်ရပါမည်။
၁၂လပိုင်းတွင် မီးတာလမ်းဖောက်လုပ်ခြင်း၊မီးကာကွယ်ခြင်းနှင့်အတူ သေပင်ရှင်ရေတွက်ခြင်း များပြုလုပ် ထားရပါမည်။
၁၄။ မီးကာကွယ်ခြင်းလုပ်ငန်းအား ဇနဝါရီလမှ မေလကုန်မိုးရွာသည်အထိမီးစောင့်များခန့်ထားပြီး ဆောင်ရွက်ရပါမည်။အောင်မြင်သောစိုက်ခင်းဖြစ်ဖို့အတွက် ဘယ်အချက်အရေးကြီးဆုံးလည်းဆိုတော့ အထက်ဖော်ပြပါအချက်များအားလုံးအရေးကြီးပါတယ်။

(၁) သစ်မျိုးရွေးချယ်ခြင်း။
စိုက်ပျိုးမည့် နေရာဒေသ၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ ကိုက်ညီမည့်သစ်မျိုးအား ရွေးချယ်စိုက်ပျိုးသွားရမည်ဖြစ်ပါသည်။ သစ်တောဦးစီးဌာန လူထုဖြန့်ပျိုးဥယျာဉ်များတွင် ပျိုးထောင်ထားရှိသော ပျိုးပင်များကိုလည်း အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး ပျိုးဥယျာဉ်မှ ပျိုးပင်အား စိုက်ပျိုးမည့်နေရာသို့ စနစ်တကျ သယ်ယူရန် လိုအပ်ပါသည်။

(၂) မြေပြုပြင်ခြင်း
(က) ပန္နက်ရိုက်ခြင်း။ စိုက်ပျိုးမည့် သစ်မျိုးနှင့် မြေနေရာရရှိမှုပေါ်မူတည်ပြီး ပန္နက် အကွာအဝေး (၆' X ၆') သို့မဟုတ် (၉' X ၉') သို့မဟုတ် (၁၂' X ၁၂') သို့မဟုတ် (၁၅' X ၁၅') ပန္နက်ရိုက်မှတ်ရပါမည်။ တစ်ဦးချင်းစိုက်ပျိုးခြင်းဖြစ်ပါက ပန္နက်ရိုက်မှတ်ရန် မလိုအပ်ပါ။
( ခ) မြေလုံးတင်ခြင်း/ကျင်းတူးခြင်း။ ရေဝပ်သည့်နေရာများတွင် စိုက်ပျိုးပါက စိုက်ပင်များ ရေဝပ်သေကြေ ပျက်စီးမှု မရှိစေရေးအတွက် ပျိုးပင်စိုက်ပျိုးမည့် မြေနေရာတွင် လုံ လောက်သော မြေကိုစုပုံ၍ မြေလုံးတင်ခြင်း၊ တောင်ပေါ်/မြေပြန့်နှင့် အပူပိုင်းဒေသ နေရာများတွင် စိုက်ပျိုးသည့်အပင်များလျင်မြန်စွာ ရှင်သန်ကြီးထွား ဖွံ့ဖြိုးစေရန် အတွက် ကျင်းတူးခြင်း၊ ရေစီးရေလာမကောင်းမွန်သောနေရာများတွင် ရေနုတ်မြောင်း ဖော်ခြင်း ဆောင်ရွက်ရပါမည်။
( ဂ) မြေဆီသြဇာထည့်ခြင်း။ စိုက်ပျိုးမည့် မြေအတန်းအစားပေါ်မူတည်၍ နွားချေး ၊ မြေဆွေးရောစပ်၍ မြေအစားထိုးပြုပြင်ဆောင်ရွက်ရပါမည်။

(၃) စိုက်ပျိုးခြင်း
(က) ပျိုးအိတ်ခွဲခြင်း။ ပျိုးပင်များ မြေချမစိုက်ပျိုးမီ ပျိုးအိတ်(ပလပ်စတစ်အိတ်)ကို မြေလုံးကျစ်လစ်စေရန် လက်ဖြင့်ညှစ်ပြီး အိတ်၏ တစ်ဖက်တစ်ချက်ကို ဓါးဖြင့်ခွဲ၍ ပျိုးပင်မြေလုံးမကွဲအောင် သေချာစွာ ဂရုစိုက်၍
ပလပ်စတစ်အိတ်အား ဆွဲချွတ်ဖယ် ထုတ်ရပါမည်။
( ခ) စိုက်ပျိုးခြင်း။ မြေလုံးနှင့်ပျိုးပင်အား မြေကျင်းထဲသို့ မြေချစိုက်ပျိုးရာတွင် မြေလုံးမကွဲစေရန် ဂရုပြုရပါမည်။ မြေပြန်လည်ဖို့ရာတွင် လေဟာမှု မရှိစေရန် စိုက်ပင် ဘေးမှ ပြန်ဖို့သောမြေကိုသိပ်အောင်လက်နှစ်ဖက်ဖြင့် သေချာစွာဖိပေးရန် လိုအပ်ပါ မည်။ ပျိုးအိတ်မြေလုံးကို မြေပေါ်သို့ ပေါ်မနေစေရန်နှင့် ကျင်းအတွင်းသို့ များစွာမြုပ် မနေစေရန် သတိပြုရပါမည်။

(၄) ပြုစုထိန်းသိမ်းခြင်း
(က) အမာခံတိုင်စိုက်ထူခြင်း/ခြံစည်းရိုးကာရံခြင်း။ စိုက်ပျိုးပင်များ လေတိုက်ခတ်မှု ကြောင့် ပျိုးပင်များလဲပြိုခြင်း၊ ကျိုးပဲ့ပျက်စီးခြင်း မရှိစေရေးနှင့် ကျွဲ၊ နွား တိရစ္ဆာန် တို့၏ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အမာခံ တိုင်စိုက်ထူ၍ တွဲချည်ခြင်း၊ တစ်ပင်ချင်း (သို့) အပင်အစုလိုက်အား ခြံစည်းရိုး ကာရံခြင်း ဆောင်ရွက်ရပါမည်။
( ခ) ပေါင်းသင်ရှင်းလင်းခြင်း။ စိုက်ပင်များ မြေသြဇာ၊ အစိုဓါတ်နှင့် အလင်းရောင် ပိုမို ရရှိစေရန်၊ ပိုးမွားဖျက်စီးမှုအန္တရာယ် လျော့နည်းစေရန်နှင် နှင့် ရှင်သန်ကြီးထွားမှု ကောင်းမွန်စေရန် ၎င်းတို့နှင့်အတူ ရောနှောပေါက်ရောက်နေသည့် အခြားမလိုလား အပ်သော အပင်များ၊ ပေါင်းပင်များအား တစ်လ တစ်ကြိမ်ခန့် ရှင်းလင်းခြင်း ဆောင် ရွက်ရပါမည်။
( ဂ) မြေတောင်မြှောက်ခါးဆွခြင်း။ လေဝင်လေထွက် ကောင်းမွန်စေပြီး အပင်ရင်း ရေဝပ်ခြင်းမှ ကာကွယ်နိုင်ရန်၊ မြေအတွင်း အဏုဇီဝ ပိုးမွှားများ၏ လှုပ်ရှားမှုအား ပိုမိုကောင်းမွန်စေရန်နှင့် အမြစ်အဖွဲ့အစည်း တိုးတက်ကြီးထွားစေပြီး အစာ ပိုမိုစုတ်ယူ စားသုံးနိုင်ရန်အတွက် အပင်၏ တစ်ထောင်ပတ်လည်မှ မြေတောင်မြှောက်ခါးဆွခြင်း ကို မိုးရာသီအတွင်း ဆောင်ရွက်ရပါမည်။
(ဃ) မြေသြဇာကျွေးခြင်း။ စိုက်ပင်များ အမြစ်စွဲချိန်တွင် ပေါင်းရှင်းခြင်း၊ မြေတောင် မြှောက်ခါးဆွခြင်း လုပ်ငန်းများနှင့်အတူ မြေဆီသြဇာကျွေးခြင်းအား တွဲဖက်ဆောင် ရွက်ရပါမည်။ သဘာဝမြေသြဇာပြုလုပ်၍ အသုံးပြုပါက ရေရှည်တွင် မြေအဆင့် အတန်း ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။
( င) သေပင်ဖာထေးခြင်း။ စိုက်ပင်များအားလုံး ရှင်သန်စေရေးအတွက် တစ်ပင်သေ တစ်ပင်ဖာစနစ်ဖြင့် သေပင်များအား အစားထိုး ဖာထေးစိုက်ပျိုးရပါမည်။
( စ) ရေလောင်းခြင်း/အစိုဓါတ်ထိန်းခြင်း။ မိုးနှောင်းကာလ အစိုဓါတ် လျော့နည်းလာချိန်/ ပူပြင်းခြောက်သွေ့ ချိန်များတွင် စိုက်ပင်များ ရှင်သန်နိုင်ရေးအတွက် ရေလောင်းခြင်း၊ ရေအစက်ချခြင်း၊ မြေအစိုဓါတ်ကို ထိန်းပေးနိုင်ရန် စိုက်ပင်၏ ပတ်လည်တွင် ပေါင်း သင်ရှင်းလင်းလိုက်သော အပင်များနှင့် ဖုန်းအုပ်ကာကွယ်ပေးခြင်း ဆောင်ရွက်ရ ပါမည်။
(ဆ) မီးကာကွယ်ခြင်း။ ပူပြင်းခြောက်သွေ့ချိန်တွင် စိုက်ပင်များ မီးလောင်ခြင်းမှ ကာ ကွယ်နိုင်ရန် မီးတားလမ်းဖောက်လုပ်ခြင်း၊ လောင်စာအမှိုက်များ ရှင်းလင်းခြင်းစသည် ဖြင့် မီးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရပါမည်။

အပင်ဖောက်ခြင်း
*******************
ကျွန်းစေ့ကြွေကျပြီးပြီးချင်းမှာ အပင်ဖောက်မယ်ဆိုရင် အထဲကအစေ့ဆံဟာ အပင်ပေါက်လာဖို့ အလုပ်မလုပ်သေးတဲ့အတွက် အချိန်ပိုကြာသွားပါလိမ့်မယ် ... ဒါမှမဟုတ် အစေ့တွေ အလဟသ ဖြစ်ကုန်ပါလိမ့်မယ်တဲ့ ...
ဒါကြောင့် အပင်ကကြွေပြီး သုံးလကျော်လောက်သက်တမ်းရှိတဲ့ ကျွန်းစေ့ကိုသာ မျိုးဖောက်ပါတဲ့ ...
ဒါကြောင့် စုဆောင်းရလာတဲ့ ကျွန်းစေ့တွေကို သန့်ရှင်းရေးလုပ်ပါ ...
အလုံးအဖန်လှပြီး အဝန်းကောင်းတဲ့ အစေ့တွေကို စနစ်တကျရွေးချယ်ပါ ...
အလှေးအမွှား အဖျင်းအမှော်တွေ ဖယ်ပစ်ပါ ...
ဒါပေမယ့် လွှင့်မပစ်နဲ့ ရေမစိုမခြောက်နေရာမှာ ဖြန့်ခင်းပစ်ထားလိုက်ပါ ...
နောက်တော့ ပယ်တဲ့ထဲက အပင်ပြန်ပေါက်ပါသေးတယ် ...
ဒီလိုသန့်စင်ရွေးချယ်ပြီးသား ကျွန်းသစ်စေ့တွေကို တစ်ညရေစိမ် တစ်နေ့နေလှမ်း (နေ့ခင်းမှာ နေလှန်း ညခင်းမှာ ရေစိမ်) စသည်ဖြင့် ဒီနည်းစဉ်အတိုင်း ၂ ပတ် (၁၄ ရက်) ကျော်လောက် လုပ်ရပါလိမ့်မယ် ...
ဒါပေမယ့် အညှောင့်ထွက်လာဦးမှာမဟုတ်ဘူး ...
ဒီလို ၂ ပတ်လောက် ရေစိမ်နေလှမ်းလုပ်ထားတဲ့ ကျွန်းစေ့တွေကို ပျိုးခုံပေါ်တင်ရပါတော့မယ် ...
သဲကြမ်းနဲ့ ဖွဲပြာ ဆတူရောထားတဲ့ ပျိုးခုံပေါ်ကို အစေ့တွေ တစ်စေ့နဲ့တစ်စေ့ မထပ်အောင် ဖြန့်ခင်းပါ ...
နောက် ဖွဲပြာ ၁ လက္မလောက် ကျွန်းစေ့တွေပေါ်က အုပ်ပေးပါ ...
ဖွဲပြာသုံးရတဲ့အကြောင်းရင်းက ဖွဲပြာက အဆွေးမြန်စေတဲ့ဂုဏ်သတ္တိရှိလို့ပါ ...
ကျနော်တို့ ကွမ်းသီးတွေ အပင်ဖောက်ရင် ဒီနည်းလည်းသုံးပါတယ် ...
တချို့ကျတော့ ကျွန်းစေ့တွေမြန်မြန်အပင်ပေါက်အောင် ခြတောင်ပို့ထဲထည့်ပြီး အပေါ်ခွံပါးသွားအောင် စားခိုင်းပစ်တယ် ...
နည်းမှားလို့ထင်ပါတယ် ...
ဒီတော့ ပျိုးခုံပေါ်တင်ပြီး ဖွဲပြာပါးပါးအုပ်ထားတဲ့ မျိုစေ့တွေပေါ် ညနေခင်းမှာ ရေတောက်လျှောက်လိုက်ပေးပါ ...
၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ Sowing ပြပါလိမ့်မယ် ...
ဆိုလိုတာက ကျွန်းသီးတွေကွဲအက်ပြီး အညှောင့်စို့ထွက်လာပြီပေါ့ ...
ဒီတော့မှ ပျိုးထောင်အိတ်ထဲ ပြောင်းထည့်ပြီး ပုံမှန်သစ်ပင်တွေပျိုးသလို ရေလောင်းပြုစု လုပ်သွားရုံပါပဲ ...

ဒါကတော့ ကျွန်းစေ့အပင်ဖောက်ရုံသက်သက်ပဲပြောတာဖြစ်ပါတယ် ...
ကျွန်းသစ်စိုက်ပျိုးသူများ တိုးတက်အောင်မြင်ကြပါစေ ...

ကိုးကား မေးမြန်း လေ့လာ -
ကိုကျော်ထွန်းဝင်း (နံ့သာဖြူ၊ နံ့သာနီ၊ လျှော်ဖြူ၊ ကျွန်း စိုက်နည်းပျိုးနည်း)
ကိုထင်လင်းအောင် (သစ်နေခြည် ပျိုးဥယျဉ် တပ်ကုန်းမြို့)
ကိုကျော်ထင်လတ် (လက်ပံခုံ သစ်တောသင်တန်းကျောင်းနှင့် မျိုးစေ့ထုတ်ခြံ၊ အုတ်တွင်း)
ကိုစိုးဝင်း (ရေးဆင်းတက္ကသိုလ်)

ကျွန်းစေ့ပျိုးထောင်နည်း
************************
ပျိုးနည်းအမျိုးမျိုး ရှိပါတယ်။
ပုံမှန် တလလောက်အချိန်ယူရပါတယ်။
တစ်ချို့လဲ10ရက်နဲ့ ပေါက်အောင် အက်ဆစ်နဲ့ အပေါ်ခွံကိုစိမ်တာလဲတွေ့ရတယ်။
အနည်းငယ် မီးရှို့တာလဲတွေ့ရပါတယ်။
သစ်တောမှာလဲ နည်းအမျိုးမျိုးနဲ့ပျိုးကြတယ်။

1.. မျိုးစေ့အရင့်ကို နေလှန်းပြီးအခွံချွတ်ပါ ဝယ်ယူတဲ့အစေ့ဆိုရင် ချွတ်ထားပြီးသား။

2..အခွံချွတ်ပြီး မျိုးစေ့ကို ညပိုင်းရေစိမ်။နေ့ပိုင်း သိပ်မပူလွန်းသောနေရာတွင်ဖြန့်လှန်းပါ။
ထိုနည်အတိုင်း 6ရက်လုပ်ပါ။

3...ပျိုးထောင်မည့် နေရာသည် တနေကုန်နေပူသော အရိပ်မကျသောနေရာကိုရွေးချယ်ပါ။

4 ... ပျိုးဘောင် မြေသားမွနေအောင်ပေါက်ပါ။ ပေါက်ပြီးသဲ။ဖွဲ ဆတူထည့်ပါ။အောက်ခံမြေသားအပေါ် သ ဲဖွဲဆတူ 1လက်မထုရအောင်ထည့်ပါ။

5... ရေစိမ်နေလှန်း 6ရက် လုပ်ထားသေားမျိုးစေ့အား ပျိုးဘောင်သို့ ထည့်ပါ။တစေ့နှင့်တစေ့လက်မတစ်ပြားစာ သို့2cm ခန့်ခွာ၍ ထည့်ပါ။အပေါ်ယံမြှုပ်ရုံလေး သဲဖြူးပါ။

6... ရေတရက်တခါ ရွဲအောင်လောင်းပေးပါ။
ရေလောင်းချိန် နံနက် 10နာရီမှ နေ့ခင်း3နာရီ အတွင်း။ပထမ တရက်ရေလောင်းပြီး အစေ့ပေါ်နေပါက သဲထပ်ဖြူးပေးပါ။ပျိုးဘောင်မှာ အစေ့အနည်းငယ်ပေါ်နေလို့ရပါတယ်။
လုံးဝ ပေါ်နေတာ ။အောက်ထဲမြှုပ်နေတာမဖြစ်ရပါ။

7... ပျိုးထောင်ချိန်သည် ဆောင်းကုန် နွေဦး ဖေဖေါ်ဝါရီလကုန် အကောင်းဆုံးပါ။အေးတဲ့အချိန် သို့ မိုးတွင်းမကောင်းပါ။25 ရက်မှ 30ရက်အတွင်း
အပင်ပေါက်လာပါမယ်။အရွက် 4ရွက် ထွက်လျင် အသင့်ပြင်ထားသော ပျိုးအိတ်အတွင်း ညနေခင်းအချိန်တွင်ပြောင်းပါ။နေရိပ်တွင်ထားပါ။နေ့စဉ်ရေလောင်းပါ။ရွဲနစ်အောင်မလောင်းရတော့ပါ။

#ကျွန်းစိုက်ပျိူးဖို့စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက် _

ကျွန်းမျိုးစေ့ (1)တင်း - 45000 ကျပ်
ကျွန်း ပျိုးပင် - 350 ကျပ်

ဆက်သွယ်ရန် -09263394897
ကိုနိုင်လင်းထွန်း
ဝမ်းတွင်း

(လာမည့်နှစ် စိုက်ပျိုးရာသီအတွက် ပျိုးပင်အော်ဒါကြိုမှာသူများ ထက်ဝက်ခန့်စျေးသက်သာပါမယ်။ဧကပြတ် အပြီးအစီး စိုက်ပျိုးရေး ဝန်ဆောင်မှုလဲရှိပါတယ်)

16/01/2022

ကျွန်းပင်

ကျွန်းပင်ကို ရုက္ခဗေဒအရ တက်တိုးနာဂရန်ဒစ်ဟု ခေါ်သည်။ ကျွန်းပင်သည် မိုးရေချိန် လက်မ ၄၀ မှ ၁၂၀ ရှိသော ဒေသများ၌ ဖြစ်ထွန်းသည်။ မြေအမြင့်ပေ ၃၀၀ အောက်တွင် သန်စွမ်းစွာပေါက်နိုင်သည်။ ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ မှ ပေ ၁၅၀ ထိမြင့်သည်။ ဖြောင့်တန်းနေသော ပင်စည်ပေါ်တွင် ကြယ် ပုံသဏ္ဌာန် အမွေးနုများ ရှိသည်။ အပွေးအညိုရောင်ရှိ၍ ချောသကဲ့သို့ ဖြစ်နေသော်လည်း အမျှင်လိုက် အကြောင်း ကလေးများ ရှိသည်။ အရွက် ရွက်ဆိုင် ထွက်သည်။ ရွက်ပြားကြီး၍ ဝိုင်းပြီး ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်အောက်မျက်နှာပြင်တွင် ကတ္တီပါအမွေးနုများ ရှိသည်။ အပေါ်မျက်နှာပြင် ကြမ်းတမ်းသည်။ ရွက်နုများ နီညိုရောင်ရှိသည်။ ခြောက်သွေ့သည့် ဒေသများနှင့် မိုးအလွန်များသည့် နေရာများ၌ ကျွန်းပင် မပေါက်ချေ။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ တစ်လျောက်၌ လည်းကောင်း၊ မုတ္တမနယ်ရှိ တောင်ကုန်းများနှင့် ယင်းတို့၏မြောက်ဘက် တောင်ကုန်းဆက်များ၌လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် ကာမိုင်းနယ်တို့၌ လည်းကောင်း၊ ကျွန်းပင်များကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကျွန်းပင်စိုက်ပျိုးခြင်း၊ ကျွန်းပင် ခုတ်လဲခြင်းတို့ကို အစိုးရက စီမံအုပ်ချုပ်သည်။ ပေ ၃၀၀၀ အထက်မှ အပ မြန်မာနိုင်ငံ နေရာအနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာဝပေါက်ပင် အဖြစ် ပေါက်ရောက်သည်။

သဘာဝအနေအထား
ကျွန်းပင်သည် ရာသီအလိုက် အရွက်ကြွေသော သစ်ပင်မျိုးဖြစ်သည်။ နွေရာသီတွင် ကျွန်းရွက်များသည် တရွက်မကျန် ကြွေကျလေ့ ရှိသည်။ ထိုသို့ ကြွေကျပြီးသည့်နောက်မှ ရွက်သစ်များတဖန် ပြန်ထွက်လာသည်။ ရွက်သစ်ပေါက်ချိန်မှာ မိုးဦးကျချိန်ဖြစ်သည်။ မိုးရာသီတွင် ကျွန်းပင်များသည် စိုပြည်သော အရွက်ကြီးများနှင့် စိမ်းလန်းအုပ်ဆိုင်းလျက် ရှိကြသည်။ ဝါဆို ၊ တော်သလင်း လများတွင် အပွင့် ပွင့်လေ့ရှိသည်။

အသီး အသီးလုံးသည် အချင်း ၁ လက်မခန့် ထိရှိသည်။ အခန်း ၄ ခန်း ပါဝင်၍ အမြှေးရှိသည်။ အသီးထိပ်တွင် တည်မြဲသော ပွင့်ဖတ်ဖြင့် ဖုံးအုပ်နေသည်။ တပေါင်း ၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။ အပွင့် အဖြူရောင်ဖြစ်သည်။ ပန်းခိုင်တွင် အဝါရောင် အမွေးနုများ ရှိပြီး အပွင့်များ အခိုင်လိုက် ပွင့်သည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေလွယ်သဖြင့် မကြခဏ ကြွေကျသော်လည်း ပန်းခိုင်မှာ ခိုင်မြဲစွာ ကျန်ရစ်သည်။

အပင်
ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ မှ ပေ ၁၅၀ ထိမြင့် သည်။ ဖြောင့်တန်းနေသော ပင်စည်ပေါ်တွင် ကြယ်ပုံ သဏ္ဌာန် အမွေးနုများ ရှိသည်။ အပွေးအညိုရောင်ရှိ၍ ချောသကဲ့သို့ ဖြစ်နေသော်လည်း အမျှင်လိုက်အကြောင်း ကလေးများ ရှိသည်။

အရွက်
ရွက်ဆိုင် ထွက်သည်။ ရွက်ပြားကြီး၍ ဝိုင်းပြီး ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ အရွက်အောက်မျက်နှာပြင်တွင် ကတ္တီပါအမွေးနုများ ရှိသည်။ အပေါ်မျက်နှာပြင် ကြမ်းတမ်းသည်။ ရွက်နုများ နီညိုရောင်ရှိသည်။

အပွင့်
အဖြူရောင်ဖြစ်သည်။ ပန်းခိုင်တွင် အဝါရောင် အမွေးနုများ ရှိပြီး အပွင့်များ အခိုင်လိုက် ပွင့်သည်။ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေလွယ်သဖြင့် မကြခဏ ကြွေကျသော်လည်း ပန်းခိုင်မှာ ခိုင်မြဲစွာ ကျန်ရစ်သည်။ ဝါဆို ၊ တော်သလင်း လများတွင် ပွင့်လေ့ရှိသည်။

အသီး
အသီးလုံးသည် အချင်း ၁ လက်မခန့် ထိရှိသည်။ အခန်း ၄ ခန်း ပါဝင်၍ အမြှေးရှိသည်။ အသီးထိပ်တွင် တည်မြဲသော ပွင့်ဖတ်ဖြင့် ဖုံးအုပ်နေသည်။ တပေါင်း ၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။

အသုံးပြုမှုများ
ကျွန်းရွက်သည် ၁ ပေမှ ၃ ပေခန့် အထိရှည်၍ မျက်နှာပြင် ကြမ်းသည်။ ကျွန်းရွက်ကြီးများကို ပစ္စည်းထုပ်ရန် ဖက်အဖြစ် အသုံးပြုလေ့ ရှိသည်။ အချို့ ကျွန်းတောနှင့်နီးသော ကျေးရွာများတွင် ကျွန်းရွက်ကို အတန်းလိုက်သီ၍ အိမ်မိုးကြသည်။ တစ်ချို့ကလည်း ကျွန်းရွက်တွင် အနီရောင်ဆေးတမျိုး ပါရှိသဖြင့် ကျွန်းရွက်များကို ဆိုးဆေးအဖြစ် အသုံးပြုကြသည်။

ကျွန်းသားသည် မာ၍ ခိုင်ခံ့သည်။ ကျုံ့ခြင်း၊ ကြွခြင်း မရှိ။ ထိုဂုဏ်သတ္တိများကြောင့် ကမ္ဘာပေါ်၌ ပထမတန်းသစ်အဖြစ် ထင်ရှားလေသည်။ ကမ္ဘာကျော်သစ်အများသည် ကျွန်းထက် ၂ ဆမျှ ကျုံ့ခြင်း ကြွခြင်း ရှိ၏။ ခိုင်မာရာ၌လည်း ကျွန်း၏ ခိုင်မာခြင်း ၄ ပုံ ၃ ပုံမျှသာ ရှိ၏။ ကျွန်းသားကို ခြလည်းမစား၊ အက်ဆစ်လည်း မစားပေ။ ကျွန်းသား ၁ ကုဗပေသည် ၄၅ ပေါင်ခန့် အလေးချိန်စီးသည်။ အသားသေပြီး ကျွန်းသားကို ရေထဲချလျှင် ပေါလော ပေါ်လေသည်။ ကျွန်းသားကို အခြောက်ပေါင်းခံခြင်းဖြင့် မည်းနက်သော ကတ္တရာစေးတမျိုးကို ရနိုင်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ဤကတ္တရာစေးကို ဆေးအဖြစ် အသုံးပြုကြသည်။

အခြားကျွန်းအသုံးချမှုများမှာ အိမ်ဆောက်ခြင်း၊ ပရိဘောဂ ပြုလုပ်ခြင်း၊ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းသုံး ထိုင်ခုံနှင့် စားပွဲများ ပြုလုပ်ခြင်း၊ ဇာတ်ခုံကြမ်းခင်းများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်ကြသည်။ ရာသီဥတုအမျိုးမျိုး၏ ဒဏ်ကို ခံရသော သင်္ဘောများ တည်ဆောက်ရာ၌ ကျွန်းကို မြောက်မြားစွာ အသုံးပြုရသည်။ ကွင်းမေရီခေါ် ကမ္ဘာကျော်ဗြိတိသျှ သင်္ဘောကြီး၌ ကျွန်းသား တန်ချိန် ၁၀၀၀ ကျော် အသုံးပြုထားသည်။ မီးရထားတွဲများ ဆောက်လုပ်ရာ၌လည်း ရာသီဥတုဒဏ်နှင့် မီးရထား၏ လှုပ်ရှားမှဒဏ်ကို ကျွန်းသားသာလျှင် ခံနိုင်သဖြင့်၊ ယခင် ကမ္ဘာပေါ်ရှိ မီးရထားတွဲများကို ကျွန်းသားဖြင့်သာ ပြုလုပ်ထားခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ကျွန်းသားဖြင့် ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်း၊ ဇရပ် စသည့်အဆောက်အအုံအမြားအပြား ရှိသည်။ အမေရိကန်နိုင်ငံ ဖို့ ပြတိုက်ကြီး၌လည်း ကျွန်းဖြင့် ကြမ်းခင်းထားသော အကျယ်မှာ ၁၈ ဧကခန့် ရှိသည်။ ကျွန်းအစား အခြားသစ်များကို သုံးရန် အနောက်နိုင်ငံများ၌လည်း သုသေသနပြု၍ သိပ္ပံနည်းများဖြင့် လုပ်ကိုင်ကြသော်လည်း ယနေ့အထိ ကျွန်း၏ ဂုဏ်သတ္တိများနှင့် ယှဉ်ပြိုင်နိုင်သည့် သစ်ကို မတွေ့ရသေးချေဟု ဆိုသည်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများ
မြန်မာဆေးကျမ်းများ အလိုအရ ကျွန်းသည် ဖန်သော အရသာရှိ၍ အေးသောဂုဏ်သတ္တိ ရှိ၏။ လေ ၊ သလိပ် ကို ကြေစေ၍ ညောင်းကျရောဂါ ၊နူနာ ၊ သွေးအန်သွေးကျ ၊ ဖောရောင်ခြင်း ရောဂါများကို ပယ်ပျောက်နိုင်၏။

အခေါက်
ကျွန်းခေါက် တစ်ညလုံး စိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
ကျွန်းခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏။
အသား
ကျွန်းသားကို သွေးလူးသော် သည်းခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏။
ကျွန်းသားကို သီဟိုဠ် သရက်စေ့ အခွံဆီနှင့် သွေးလိမ်းသော် အပူနှင့် ယှဉ်၍ ဖြစ်သော ရောင်ရမ်းခြင်းများ ပျောက်၏။
ကျွန်းသား မီးသွေးကို ထမင်းရည်နှင့်သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏။
အသီး
အသီးကို ဆီနှင့်သွေးလိမ်းသော် ယားနာ ပျောက်၏။
အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏။
အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်းပိတ်ရောဂါ ပျောက်၏။
ကျွန်းပင်နှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံ၌ ကျွန်းသစ်အဖိုးတန်ပုံကို ရှေးနှစ်ပေါင်းအတော်ကြာကပင် သိရှိခဲ့ကြသည်။ ခရစ် ၁၇၅၂ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ကျွန်းပင်များကို ခုတ်လှဲခြင်း မပြုရ၊ ကျွန်းသစ်များသည် ဘုရင့်ဘဏ္ဍာတော် ပစ္စည်းဖြစ်သည်ဟု ကြေညာ ပညတ်တော်မူခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် ယခု မက္ကရီကာဟု ခေါ်တွင်သည့် ကုမ္ပဏီသည် မင်းတုန်းမင်းတရားထံ ကျွန်းသစ်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထား၍ လုပ်ကိုင်ခွင့် ရရှိခဲ့၏။ ၁၈၆၂ ခုနှစ်တွင် ဘုံဘေဘားမားခေါ် ကုမ္ပဏီသည် မင်းတုန်းမင်းကြီးနှင့် စေ့စပ်၍ ပျဉ်းမနားမြို့အနီးရှိ တောများ၌ ကျွန်းအလုပ်များကို လုပ်ကိုင်ရန်အခွင့်အရေးများ ရခဲ့၏။ ဤသို့ ကုမ္ပဏီကြီးများသည် ကျွန်းသစ်များကို ထုတ်ယူလာကြ၍ ကျွန်းသစ်တောများ တဖြည်းဖြည်းပြုန်းလာသောအခါ ၁၈၅၅ ခုနှစ်၌ အိန္ဒိယဘုရင်ခံချုပ်က ကျွန်းပင်များကို အစိုးရက ရွေးချယ်သတ်မှတ် သင်းသတ်ပေးခြင်းမပြုဘဲ မည်သူမှ မခုတ်မလှဲရဟု ကျေညာရလေသည်။

လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ၌ ဗြိတိသျှအစိုးရသည် အသွားအလာ လွယ်ကူသည့် နေရာများကို သီးသန့်ထား၍ ငွေအင်အားနည်းသည့် နိုင်ငံသားများအား ထုတ်ယူနိုင်ခွင့်ပြုခဲ့သည်။ အသွားအလာခက်ခဲသည့် နေရာများကိုမူ ငွေအင်အားကောင်းသော နိုင်ငံခြားကုမ္ပဏီများအား ရောင်းချလုပ်ကိုင်စေခဲ့သည်။ ထိုအခါက ထင်းရှားသော ကုမ္ပဏီကြီးများမှာ ဘုံဘေဘားမား၊ (ဘုံဘေဘားမားရောင်းဝယ်ရေး) စတီးဘရားသား၊ မက္ကရီကာ၊ ဖူးကား၊ တီဒီ ဖင်းလေးကုမ္ပဏီတို့ ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီးသည့် နောက်တွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကျွန်းတောများကို ပြည်သူပိုင် ပြုလုပ်ရေး ပြီးစီးလေသည်။

မြန်မာပြည်၏ ကျွန်းသစ်ပို့ကုန်များ
ယခုအခါ နိုင်ငံတော် သစ်ထုတ်လုပ်ရေးအဖွဲ့မှ ဦးစီး၍ ကျွန်းသစ်နှင့် အခြားသစ်များကို ထုတ်ယူ သုံးစွဲ ရောင်းချလျက် ရှိသည်။ ကမ္ဘာတွင် မြန်မာနိုင်ငံမှအပ ယိုးဒယား၊ မလေးရှား၊ ဂျားဗား၊ အင်ဒိုချိုင်းနားနှင့် အိန္ဒိယနိုင်ငံတို့၌လည်း ကျွန်းထွက်သည်။ သို့သော် အခြားနိုင်ငံများ၌ ထွက်သည့် တန်ချိန်မှာ မြန်မာနိုင်ငံ၌ ထွက်သည့် တန်ချိန်၏ သုံးပုံ တစ်ပုံမျှသာ ရှိသည်။ ၁၉၈၈ ခုနှစ်မတိုင်၊ မြန်မာနိုင်ငံသစ်တော်များမှ နှစ်စဉ် မူမှန်အထွက်သည် တန်ချိန်ပေါင်း ၄ သိန်းမျှ ရှိနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ ထွက်သည့် ကျွန်းကို အင်္ဂလန်ပြည်က ၂၆.၃ %၊ အိန္ဒိယနိုင်ငံက ၆၁.၅ %၊ အခြားနိုင်ငံများက ၁၂.၂ % ခန့် သုံးစွဲခဲ့ကြသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။[၁] ယခုအခါ မြန်မာ့ကျွန်းသစ်များအား ထုတ်ယူခြင်းတွင်သာ များပြား၍ ပြန်လည်စိုက်ပျိုးမှုမှာ တန်သလောက် မရှိသဖြင့် သစ်တောအရေအတွက်များ နည်းလာပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီးသည်။
Crd သုတဇုန်

Want your business to be the top-listed Beauty Salon in Airlie Beach?
Click here to claim your Sponsored Listing.

Website

Address


Mandalay
Airlie Beach, QLD
4802