Zaw Myo Htet
well come 🫴
Miss DJ လေးနံ့အတူမြို့ပတ်ကြမယ်🌿🌿🌿🌿
DJ လေးနဲ့အတူ မြို့ပတ်ကြမယ်🌿🌿🌿🌿
17/10/2023
အတွေးလွန်ခြင်းကို ဘယ်လိုလျှော့ချမလဲ
၁ ။ အလုပ်များအောင်နေပါ ။
အလုပ်ရှုပ်နေလေလေ၊ အလုပ်လုပ်စရာ ရှိနေလေလေ ဒီအတွေးတွေက မဖြစ်လာနိုင်ပါဘူး။ အလုပ်အများကြီး လုပ်ထားရတော့ ညဆို ပင်ပန်းပြီး အိပ်ချင်လာရင်လည်း ညဘက်ထိ တွေးမနေနိုင်တော့ပါဘူး။ အလုပ်များ များပြီး လာရင်လည်း ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။
၂။ လက်ရှိမှာ နေထိုင်ပါ ။
မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိုးရိမ်မှုရှိနေတာ ၊ ဖြစ်ပြီးသွားတာတွေအတွက် ပြန်တွေးပြီး လိုက်ပူနေတာတွေက အတွေးလွန်ခြင်းရဲ့ အဓိက တရားခံတွေပါ ။ လက်ရှိမှာ ကိုယ် ဘာလုပ်နေလဲ ၊ ဘာလုပ်ရမလဲ ဆိုတာပဲ တွေးပြီး နေထိုင်ပါ အတိတ်နဲ့ အနာဂတ်က ကိုယ်လိုက် ပြောင်းလဲလို့ မရပါဘူး ။ လက်တွေ့ကသာ ပြောင်းလဲနိုင်တာပါ ။
၃။ Horror Movie တွေ ကြည့်တာ လျှော့ပါ ။
Monica ဆို သ၊ရဲတွေ ၊ သွေ၊းတွေ မကြောက်တတ်ပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အိမ်ကမသိအောင်တောင် ခို၊းကြည့်ပါတယ် ။ ဘာတွေဖြစ်လာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုေ-သ
မှာလဲဆိုပြီး ကြော၊က်လာတာပါ ။ အဲဒီဇာတ်ကားတွေရဲ့ လွမ်းမိုးမှုက ကိုယ်တစ်ယောက်တည်းသာမက မိသားစုကိုလည်း ပိုစိတ်ပူပြီး ညဘက်ဆို အိပ်မပျော်ပါဘူး ။ အဲဒါကြောင့် အရမ်းကြိုက်ရင်တောင် လျှော့ကြည့်ကြပါ ။
၄။ တစ်ယောက်တည်း မနေပါနဲ့ ။
စကားများများ ပြောပါ ။ များများ hangout လုပ်ပါသူငယ်ချင်း အများကြီး ထားပါ ။ သူတို့နဲ့ စကားပြောပြီး ပျော်နေရတာက ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို လျော့နည်းစေပါတယ် ။ စိတ်ညစ်ရင်တောင် ဖွင့်ပြောလို့ရတာမို့ တစ်ယောက်တည်း ရှိနေရင်တောင် အတွေးတွေ မဝင်လာနိုင်ပါဘူး ။
၅။ အလုပ်သေးသေးလေးတွေ ထလုပ်ပါ ။
အခန်းထဲ နေနေမယ့်အစား ၊ ဖုန်းသုံးနေမယ့်အစား တံမြက်စည်း ထလှည်းတာ ၊ သန့်ရှင်းရေး ထလုပ်တာ အဲဒီလို အိမ်မှာလုပ်နိုင်တဲ့ အလုပ်တွေ လုပ်ပါ ။ အိမ်နားက ဆိုင်မှာ မုန့်သွားဝယ်တာ ၊ ဓာတ်ပုံထွက်ရိုက်တာ စသည်ဖြင့် အိမ်ထဲမှာ ၊ အခန်းထဲမှာ အမြဲမနေဘဲ လှုပ်ရှားမှုလုပ်ပါ ။
၆။ ကြော၊က်စရာကောင်းတဲ့ စာတွေ မဖတ်ပါနဲ့ ။
Facebookမှာ တင်ထားတဲ့ Un-cover ပုံတွေ ၊ videoတွေကို ဖွင့်မကြည့်ပါနဲ့ ။ ကြော၊က်စရာကောင်းလို့ coveမထားတာကို သွားပြီး မဖွင့်ကြည့်နဲ့နော် ။ ပြီးတော့ သ၊ရဲအကြောင်းတွေ ၊ စိတ်ကို ချောက်ချားစေတဲ့ စာတွေဆိုရင် မနက်ကျမှ ဖတ်ပါ ။ပြီးရင် ညကျ ပြန်မတွေးနဲ့နော် ။
၇။ အတွေးတွေကို ပြောင်းပါ။
မဖြစ်နိုင်တာတွေ ၊ စိုးရိမ်နေတာတွေကို တွေးမယ့်အစား ငါ ဘာဖြစ်ချင်လဲ ။ စာကို ဘယ်လိုရအောင်လုပ်မလဲ ။ ရည်မှန်းချက်ပြည့်အောင် ဘာတွေလုပ်မလဲ စတဲ့ လက်တွေ့မှာ လုပ်ရမယ့် အတွေးတွေကို တွေးပါ ။ အချိန်မဆွဲနဲ့ ။
တစ်ခုခု လုပ်တော့မယ် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်တစ်ခုထိပဲ စဉ်းစားပါ ။ လိုတာထက် ပိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် ။
၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
လူငယ်တစ်ယောက်အနေနဲ့ Monica တို့ လုပ်နိုင်တာ အများကြီးရှိသလို ရှေ့ဆက်ရမယ့် လမ်းတွေလည်း အများကြီးပါ ။ ရွေးချယ်စရာတွေ ရှိနေတဲ့အပြင် ဖြစ်ချင်တာတွေ ဖြစ်ဖို့လည်း နောက်မကျသေးပါဘူး ။ အဲဒါကြောင့် ကိုယ်က ဘာမှမလုပ်နိုင်ဘူး ။ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုး မတွေးဘဲ တစ်လှမ်းစီ လျှောက်ရအောင် ။
၁၀။ မထွက်ပြေးပါနဲ့ ။
အမှားလုပ်မိတယ်ထင်ရင် ဝန်ခံလိုက်ပါ ။ တောင်းပန်လိုက်ပါ ။ ဖြေရှင်းပေးလိုက်ပါ ။ ကိုယ် သိချင်တဲ့ မေးခွန်းရှိရင်လည်း မေးလိုက်ပါ ။ ဖြစ်သမျှကို စိတ်ထဲမှာ မသိမ်းထားပါနဲ့ ။ လက်တွေ့မှာပဲ နေထိုင်ရအောင် ။
အပိုင်း ၁ ရဲ့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ် ကြရအောင် ။
Let's start
တစ်ရက်တာအတွက်-
၁၁ ။ ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတာ လျှော့ရန် ။
၁၂ ။ တစ်နေကုန် အခန်းအောင်းတာကို ရှောင်ရန် ။
၁၃ ။ ဟင်း ၅ မျိုး ချက်တတ်ရန် ။
၁၄ ။ ဘုရားစာ အလွတ်ရရန် ။ ကိုယ် ရွတ်ချင်တဲ့ ဘုရားစာကိုပါ ။
၁၅ ။ ဘာသာစကားအသစ်ကို တစ်နာရီ အမြဲ အချိန်ပေး လေ့လာရန် ။
ဒီ ၁၅ ချက်ကတော့ တစ်လတည်း အချိန်ပေးရုံနဲ့ ရရှိလာနိုင်တဲ့ အကျိုးတွေ သိသာတာမို့ Accept လုပ်ပြီး လိုက်လုပ်ကြည့်ပါ ။
ကောင်းတဲ့အရာဆို အကျင့်ဖြစ်အောင် လုပ်ယူလို့ရတာမို့ အခုပဲ စလိုက်ရအောင် ။ Monica ကတော့ Accept လုပ်ပါတယ် ။ စာဖတ်သူတို့ကော ဘယ်လိုလဲ ။
#အသက်၂၀မှာပြောင်းလဲရမယ့်အချက်၂၀
(မူရင်းလေးစားစွာcrd)❤
စာအုပ်-4000ကျပ်
-----------------------
စာအုပ်ကို သဘောကျဖတ်ရှုလို၍ မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🌿📖
Click here to claim your Sponsored Listing.
Category
Website
Address
Letpadan
Bago, NSW
2004
13/12/2023