AMARA Inner perfume Offical
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMARA Inner perfume Offical, Beauty, cosmetic & personal care, 60th Road, Bet;31*32st. Chan Aye Tharzan Tsp;, Mandalay West, MB.
01/15/2025
အမျိုးသားတွေရော အသားအရေထိန်းသိမ်းဖို့ လိုလား 🤔
အသားအရေ ထိန်းသိမ်းတယ်ဆိုတာ အမျိုးသမီးတွေအတွက်သာ လုပ်ရမယ့် အလုပ်လို့ ထင်မြင်တတ်ကြပါတယ်။
အမှန်တော့ အမျိုးသားတွေလည်း ကိုယ့်ရဲ့အသားအရေကို ဂရုစိုက် ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျန်းမာတဲ့အသားအရေလေးပိုင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ အမျိုးသားတွေအတွက် လွယ်ကူရိုးရှင်းတဲ့ Skincare နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ် 💁🏻
✅ မျက်နှာကို တစ်နေ့ (၂) ကြိမ် သန့်စင်ပါ
မနက်တစ်ကြိမ် ညအိပ်ယာဝင်ခါနီး တစ်ကြိမ် မျက်နှာကို သေချာဆေးကြောသန့်စင်ပေးပါ။
✅ Moisturizer လိမ်းပါ
မျက်နှာသစ်ပြီးတိုင်း၊ ရေချိုးပြီးတိုင်း moisturizer လိမ်းပေးသင့်ပါတယ်။ Moisturizer လိမ်းပေးခြင်းက အသားအရေကို စိုပြည်စေပြီး အသားအရေခြောက်သွေ့တာကို ကာကွယ်ပေးပါတယ်။
✅ Sunscreen လိမ်းပါ
နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ဖို့ အပြင်သွားခါနီးတိုင်း Sunscreen နေ့စဉ်လိမ်းပေးပါ။
✅ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်ခြင်းက အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။
✅ ရေများများသောက်ပါ
အသားအရေလေး စိုပြည်ကြည်လင်နေဖို့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ ✨
နောက်ရက်တွေမှာလည်း အသားအရေနဲ့ပတ်သက်လို့ ဗဟုသုတရစရာအကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆို Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💗
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
01/13/2025
အတိုင်းမသိ ကြည်လင်တောက်ပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့ Amara ရဲ့ "Moisturizing Lotion"✨
တစ်နေ့ထက် တစ်နေ့ ကိုယ့်အသားအရေလေး ကြည်လင်စိုပြည်ပြီးလှလာတာကို တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးချင်ရင်တော့ Amara ရဲ့ Moisturizing Lotion လေးကိုသာ ဆောင်ထားလိုက်နော် 💗
Amara ရဲ့ Moisturizing Lotion လေးမှာဆိုရင်
✅ Vitamin E မှာ ပါဝင်တဲ့ Antioxidant ရဲ့အစွမ်းသတ္တိကြောင့်
- Smile Lines နဲ့ Wrinkles အရေးအကြောင်းတွေကိုလျော့ပါးစေပါတယ်
- အသားအရေလျော့ရဲခြင်းတွေကို ပြန်လည်တင်းရင်းစေတယ်
✅ Allantoin
- အသားအရေကို အစိုဓာတ်ပြည့်ဝပြီး ကျန်းမာစေတဲ့အပြင် အသားအရေမွဲခြောက်ခြင်းကနေလည်း အထူးကာကွယ်ပေးတယ်
✅ MoistShield HA
- အသားအရေကိုနုပျို ကြည်လင်ဝင်းပစေပါတယ်
✅ Suncqt MTA
- အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တယ်
အသားအရေကိုအစိုဓာတ်အပြည့်အဝပေးနိုင်တဲ့ Lotion လေးဖြစ်လို့ ဆောင်းရာသီမှာတောင် အသားအရေကို ခြောက်သွေ့ခြင်းမရှိဘဲ စိုပြေတင်းရင်းမှုကို သိသိသာသာခံစားရစေမှာပါ ✨
ဒါကြောင့် အသားအရေအတွက် ကောင်းကျိုးအဖြာဖြာကို ဆောင်ကြဉ်းပေးနိုင်တဲ့ Amara Lotion နဲ့အတူ အသားအရေလေးကို ထိန်းသိမ်းကြရအောင်နော် 🙆🏻♀️
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
01/13/2025
ဒီနေ့လေးဟာ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တွေအားလုံးကို ဂုဏ်ပြုကြိုဆိုတဲ့ အမေများနေ့ပဲဖြစ်ပါတယ် ✨
ဒါကြောင့် ယနေ့မှာကျရောက်တဲ့ အမေများနေ့မှစလို့ အမေများအားလုံး အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ Amara မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 💗
'sday #အမေများနေ့ #ပြာသိုလပြည့်နေ့
01/10/2025
အသားအရေတွေထဲမှာ အထူးဂရုစိုက်သင့်တဲ့ အသားအရေပိုင်ရှင်တွေကတော့ Sensitive Skin သမားတွေပါပဲ 🤗
တကယ်လို့ သင်က အထိမခံကြွေပန်းကန် အသားအရေပိုင်ရှင်ဆိုရင်တော့ Skincare ဝယ်တဲ့အခါ ဒီအချက်တွေကို သတိထားသင့်ပါတယ် ✨
✅ Skincare ဝယ်မယ်ဆို လက်ပေါ်မှာအရင်စမ်းပါ။
ကိုယ့်အသားအရေက ထိခိုက်လွယ်နေတဲ့အတွက် Skincare ဝယ်မယ်ဆို ကိုယ်နဲ့တည့်မတည့် လက်ပေါ်မှာ အရင်စမ်းကြည့်သင့်ပါတယ်။ အဲ့လိုစမ်းကြည့်တဲ့အခါ လက်က နီရဲနေတာ၊ ယားနေတာ၊ အဖုအပိန့်ထနေတာမျိုး မရှိဘူုးဆိုရင် ဝယ်လို့ရပါပြီ။
✅ အမွှေးနံ့နဲ့၊ Alcohol ပါတဲ့ Product တွေရှောင်ပါ။
အမွှေးနံ့နဲ့ Alcohol ဆိုတာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေ ထိပ်ဆုံးက ရှောင်ရမယ့်အရာတွေပါပဲ။ ဒါကြောင့် အလှကုန်ဝယ်ရင် “Fragnance Free” နဲ့ "Alcohol Free" ဆိုတဲ့ ထုတ်ကုန်တွေကိုသာ ရွေးဝယ်ပါ။
✅ Skincare ပစ္စည်းတွေ မကြာခဏပြောင်းသုံးတာမျိုး ရှောင်ပါ။
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ကိုယ်နဲ့တည့်တဲ့ ထုတ်ကုန်တစ်ခု တွေ့ပြီဆိုရင် မလွတ်တမ်း အဲ့ဒီတစ်မျိုးတည်းကိုပဲ စွဲသုံးသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ Sensitive အသားအရေပိုင်ရှင်တွေသိထားသင့်တဲ့ အချက်လေးတွေကို သိလောက်ပြီလို့ထင်ပါတယ်နော် 💁🏻♀️
တကယ်လို့ ကိုယ်က ဘယ်လိုအသားအရေမျိုးလဲဆိုတာမသိသေးဘူးဆိုရင် ဒီ Link လေးထဲ ဝင်ကြည့်သွားနော် 👇🏻
https://www.facebook.com/share/p/17Mx33KwMf/
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
01/08/2025
ဆောင်းရာသီဟာ အေးမြပြီးနေလို့ထိုင်လို့ကောင်းတယ်ဆိုပေမယ့်
💢 အသားခြောက်တာ
💢 အသားပက်တာ
💢 အသားအရေအက်ကွဲတာ
စတဲ့ အသားအရေပြဿနာတွေကြုံတွေ့ရနိုင်တာကြောင့် ပုံမှန်ထက်ပိုပြီး အသားအရေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
ဒီတော့ အသားအရေအစိုဓာတ်ကို အချိန်တိုအတွင်း အထိရောက်ဆုံးဖြည့်တင်းပေးနိုင်ပြီး ရာသီမရွေး စိုပြည်တင်းရင်းနေစေဖို့ဆို Amara ရဲ့ Moisturizing Lotion လေးရှိတယ်နော် ✨
Amara ရဲ့ Moisturizing Lotion လေးမှာ Vitamin E နဲ့ Hyaluronic Acid တွေ အဓိကပါဝင်လို့ အသားအရေစိုပြည်ဝင်းလက်ဖို့ အချိန်တိုအတွင်း ကူညီပေးနိုင်တယ်လေ 🤩
UV Filter ပါဝင်တာဖြစ်လို့ အပြင်ထွက်တိုင်း နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့ ☀️
ကဲ......ဒါဆို အအေးဓာတ်ကဲတဲ့ဆောင်းရာသီမှာ Amara ရဲ့ Moisturizing Lotion လေးနဲ့အတူ စိုပြည်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ရအောင်နော် 💁🏻♀️
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
01/06/2025
ပိတ်ရက်မှာ ခရီးတွေသွားပြီး နေလောင်ဒဏ်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးနေလောက်ရောပေါ့ 👀
ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်၊ နေရောင်ထဲမှာ အကြာကြီးနေမိလို့ပဲဖြစ်ဖြစ် နေဒဏ်၊ လေဒဏ်တွေကြောင့် အသားအရေတွေ ခြောက်သွေ့ပျက်စီးနေတယ်ဆိုရင် ဒီစာလေးကို အဆုံးထိဖတ်သွားပေးနော် 💗
ကိုယ်က ခရီးကပြန်လာလို့ပဲဖြစ်ဖြစ်၊ တစ်နေ့တာလုံးနေရောင်အောက်မှာ လှုပ်ရှားနေရလို့ဖြစ်ဖြစ် အသားအရေတွေ နေလောင်ပျက်စီးတာမျိုး ဖြစ်နေတယ်ဆိုရင် ဒီနည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်နော် 👇🏻
✅ အပြင်းစား Scrub နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ရှားပါ။
✅ အစိုဓာတ်ပေးနိုင်မယ့် Lotion မျိုးကို မဖြစ်မနေလိမ်းပါ။
✅ နေ့ဘက်အပြင်ထွက်တဲ့အခါ SPF ပါတဲ့ Lotion မျိုး မဖြစ်မနေလိမ်းပါ။
✅ ညဘက်မှာဆိုရင်တော့ Amara ရဲ့ Moisturizing Lotion လိုမျိုး အစိုဓါတ်ပေးပြီ ဖြူဝင်းစေနိုင်မယ့် Lotion မျိုး လိမ်းပေးပါ။
ဒီနေ့မှာတော့ နေလောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေလေးကို အမြန်ဆုံး ဘယ်လိုပြန်လည်ကုသရမလဲဆိုတဲ့ အချက်လေးတွေကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ် 💁🏻♀️
နောက်ရက်တွေမှာလည်း ဒီလိုမျိုး အသားအရေနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာအကြောင်းအရာလေးတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော် 🤗
#နေလောင်ဒဏ်
အသားအရေ ထိန်းသိမ်းရမယ်ဆိုရင် တော်တော်များများက မျက်နှာကိုပဲ ပြေးမြင်ကြပါတယ် 🤦🏻♀️
တကယ်တော့ အသားအရေထိန်းသိမ်းတယ်ဆိုတာ မျက်နှာတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာနေဖို့ကလည်း အရေးကြီးပါတယ် ✨
အသားအရေကို ကျန်းမာနေအောင် ထိန်းသိမ်းလို့ရတဲ့နည်းလမ်းတွေအများကြီးထဲကမှ အစိုဓာတ်ထိန်းတဲ့ Lotion တွေလိမ်းပေးတာကလည်း အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ ✌🏻
Amara ရဲ့ Moisturizing Lotion ဟာဆိုရင် Vitamin E နဲ့ Hyaluronic Acid တွေကနေ အဓိကထုတ်လုပ်ထားတာကြောင့် အသားအရေကို ရေဓာတ်ပြည့်ဝပြီး ကျန်းမာစေပါတယ် 💧
ဒါတင်မကဘဲ Allantoin ပါဝင်လို့ အသားအရေမွဲခြောက်ခြင်းကနေလည်း အထူးကာကွယ်ပေးပြီး Suncqt MTA ပါဝင်လို့ အသားအရေကို နေလောင်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ် ☀️
ဒါကြောင့် ကျန်းမာပြီးရေဓာတ်ပြည့်ဝတဲ့အသားအရေလေးပိုင်ဆိုင်နိုင်စေဖို့ Amara ရဲ့ Moisturizing Lotion လေးက အပြည့်အဝကူညီပေးမှာ အသေအချာပါပဲ 💗
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
01/02/2025
Skin Type အမျိုးမျိုးရှိတဲ့အထဲကမှ ကိုယ့်ရဲ့အသားအရေက ဘယ်လိုအသားအရေမျိုးလဲဆိုတာ လေ့လာကြည့်ရအောင်နော် ✨
✅ Dry Skin (ခြောက်သွေ့အသားအရေ)
အရေပြားကို လက်နဲ့ကိုင်ကြည့်တဲ့အခါ တင်းနေသလို၊ ချောမွေ့မှုမရှိဘဲ အနည်းငယ်ကြမ်းရှနေသလို ခံစားရတယ်ဆို (Dry Skin) ခြောက်သွေ့အသားအရေမျိုးပါ။ ဆောင်းရာသီလို ရာသီဥတုအေးလွန်းတဲ့အချိန်မျိုးမှာ အသားအရေက အဖြူဖတ်တွေ မကြာခဏကွာကျတာ၊ အသားက ခြောက်ပြီးကြမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
✅ Normal Skin (ပုံမှန်အသားအရေ)
ကိုယ့်ရဲ့ အသားအရေဟာ အဆီပြန်နေတာမျိုးလည်းမရှိဘူး၊ ခြောက်သွေ့ပြီး အသားအရေတင်းနေတာမျိုးလည်းမရှိဘူးဆိုရင် ဒါဟာ (Normal Skin) ပုံမှန်အသားအရေပါ။
✅ Sensitive Skin (ထိခိုက်လွယ်တဲ့အသားအရေ)
အသားအရေက ထိခိုက်ပျက်စီးလွယ်တာ၊ နီရဲပြီးယားယံတာ၊ စပ်ဖျဥ်းဖျဥ်းဖြစ်သလိုခံစားရတာ၊ တစ်ခါတရံမှာ ရောင်ရမ်းသလိုဖြစ်တာမျိုးတွေ မကြာခဏ ဖြစ်တတ်တယ်ဆိုရင် (Sensitive Skin) ထိခိုက်လွယ်တဲ့အသားအရေပါ။
ဒီလောက်ဆိုရင် ကိုယ့်ရဲ့အသားအရေက ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်နော် 💁🏻♀️
နောက်ရက်တွေမှာလည်း အသားအရေနဲ့ပတ်သက်လို့ ဗဟုသုတရစရာအကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆို Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 💗
12/30/2024
မိန်းကလေးတွေကိုင်တဲ့ အိတ်ထဲမှာ အမြဲပါတတ်တဲ့ ပစ္စည်းတွေကဘာတွေလဲ 🤔
(၁၀) မှတ်လုံးအပြည့်ရတဲ့သူရှိလား....
ဘယ်နှမှတ်ရကြလဲဆိုတာ Comment မှာ မန့်ပေးသွားဦးနော် ✨
12/27/2024
နုပျိုခြင်းတွေ ပေးစွမ်းနိုင်ဖို့ စေတနာအပြည့်နဲ့ထုတ်လုပ်ထားတဲ့ Amara ရဲ့ Moisturizing Lotion ✨
အသားအရေအတွက်အကောင်းဆုံးဆိုတဲ့ ပါဝင်ပစ္စည်းများနဲ့အတူ ထိုင်းနိုင်ငံမှ နည်းပညာများနဲ့ ပေါင်းစပ်ပြီး လူတိုင်းအတွက် အသားအရေကောင်းမွန်ခြင်း၊ နုပျိုခြင်းတွေကို စွမ်းဆောင်ပေးနိုင်ဖို့ Amara က စေတနာအပြည့်နဲ့ ထုတ်လုပ်ထားတဲ့ Lotion လေးပဲဖြစ်ပါတယ် 🌸
ဒီ Moisturizing Lotion လေးမှာဆိုရင်
✅ Vitamin E မှာ ပါဝင်တဲ့ Antioxidant ရဲ့အစွမ်းသတ္တိကြောင့်
- Smile Lines နဲ့ Wrinkles အရေးအကြောင်းတွေကိုလျော့ပါးစေပါတယ်
- အသားအရေလျော့ရဲခြင်းတွေကို ပြန်လည်တင်းရင်းစေပါတယ်
✅ ဒါ့အပြင် Allantoin ပါဝင်လို့ အသားအရေကို အစိုဓာတ်ပြည့်ဝပြီး ကျန်းမာစေတဲ့အပြင် အသားအရေမွဲခြောက်ခြင်းကနေလည်း အထူးကာကွယ်ပေးပါတယ်
✅ MoistShield HA ကြောင့် အသားအရေကိုနုပျို ကြည်လင်ဝင်းပစေပါတဲ့အပြင်
✅ Suncqt MTA ပါဝင်လို့ အသားအရေကို နေလောင်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်
ဒီလို အသားအရေအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ Amara ရဲ့ Moisturizing Lotion ထုတ်လုပ်ပုံလေးတွေကို Customer လေးတွေ သိစေဖို့ ဝေမျှပေးလိုက်ပါတယ်နော် 💁🏻♀️
🏠 ဆိုင်လိပ်စာ - လမ်း62၊ 30*31ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
12/26/2024
Body Lotion သုံးဖို့ တကယ်ပဲ အရေးကြီးရဲ့လား 🤔
အသားအရေထိန်းသိမ်းတာနဲ့ ပတ်သက်လာရင် လူအများစုဟာ မျက်နှာကိုအာရုံစိုက်ကြပေမယ့် ခန္ဓာကိုယ်ကို လျစ်လျူရှုထားတတ်ကြပါတယ် 😓
တကယ်တော့ မျက်နှာအသားအရေလိုပဲ ခန္ဓာကိုယ် အသားအရေကိုလည်း ဂရုစိုက်ဖို့အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အသားအရေဟာလည်း နေဒဏ်၊ လေဒဏ်နဲ့ ဖုန်မှုန့်တွေရဲ့ ဒဏ်ကို ခံစားရပြီး ခြောက်သွေ့ပျက်စီးနိုင်လို့ပါပဲ 💁🏻♀️
တကယ်လို့ ကိုယ်ကဂရုမစိုက်ဘဲ ပစ်ထားမိမယ်ဆိုရင်
✅ အရေးအကြောင်းတွေဖြစ်ပေါ်ခြင်း
✅ မွဲခြောက် ညိုညစ်ခြင်း
✅ ခြောက်သွေ့ကြမ်းတမ်းခြင်း
စတဲ့ ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်အသားအရေလေး ကြည်လင်စိုပြည်စေဖို့၊ အရေးအကြောင်းကင်းဖို့ Body Lotion မဖြစ်မနေလိမ်းသင့်ပါတယ်နော် 💗
ဒီလိုမျိုး အသားအရေနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာအကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင် Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော် 😚
🏠 ဆိုင်လိပ်စာ - လမ်း60၊ 31*32ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9 973 880 479
12/25/2024
မိဘပြည်သူများအားလုံး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ်စမတ်အချိန်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Amara မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 💗
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
60th Road, Bet;31*32st. Chan Aye Tharzan Tsp;
Mandalay West, MB
MYANMAR