May Thu Aung. Beauty salon
Hair & face Beauty salon
😁ကောင်းမလေးတွေရဲ့ဆံပင်အရှေကိုမြင်တိုင်း နှစ်ခါပြန်ငေးလောက်အောင်လုပ့်ပေးရမယ့်တာဝန်ကမေသူတာဝန်ထားပါ😉ငေးယုံတင်မကဘူး ဘဲမရှိတဲ့သူတွေဘဲပါရသွားစေရမယ်😂😂မယုံရင် မေသူစီမှာ ဆံသာလေးတွေဘာလုပ်ရင်ကောင်းမလဲဘာလုပ်သင့်တယ်ဆိုတာကိုဆွေနွေလိုံရတယ်နော်😁
အားလုံးကို ချစ်လို့စတာပါ😛
22/11/2022
မျက်နှာ စတီးရွိုက်ထိခြင်း
စတီးရွိုက်ထိလို့ မျက်နှာအသားအရေပျက်ဆီးသူတွေ တော်တော်များနေပါပြီ။ အရင်တုန်းက စတီးရွိုက်ဆေးအများစုဟာ ထိုင်းနိုင်ငံထုတ် အလှအပပစ္စည်းတွေမှာသာ ပါနေပေမယ့် ဒီနေ့ခေတ်မှာတော့ ကိုရီးယားနိုင်ငံထုတ်ပစ္စည်းတချို့မှာပါ ပါဝင်နေတဲ့သဘောမှာ ရှိတယ်။ တချို့ ပစ္စည်းတွေဟာ ကိ်ုရီးယားနိုင်ငံထုတ်ဆိုပေမယ့် ကိုရီးယားမှာ မရှိတဲ့ product တွေ ဖြစ်တယ်။ တနည်းအားဖြင့် တရားဝင်မဟုတ်တဲ့ ပစ္စည်းတွေဖြစ်တယ်။
ဒီဖက်ခေတ် တရားဝင်မဟုတ်ဘဲ ဝင်လာတဲ့ အလှကုန်ပစ္စည်းတွေမှာ စတီးရွိုက်အနည်းနဲ့အများ ဆိုသလို ပါလေ့ရှိပါတယ်။ ဒါမှလည်း ဝယ်ယူသုံးစွဲသူသဘောကျ အာနိသင်က ချက်ချင်းသိသာမှာကိုး။ အထူးသဖြင့် အရေပြားလိမ်းဆေးတွေမှာ အသားအရေ ချက်ချင်းချောမွေ့ပြီး ဖြူဖွေးသွားတယ်ဆိုတာ စတီးရွိုက်ပါလို့ဖြစ်ပါတယ်။ ရေတိုမှာတော့ ဝမ်းသာစရာကြီး။ သို့သော် ရေရှည်သုံးရင် ဆိုးကျိုးတွေဖြစ်လာတာ လူသိနည်းတယ်။ ဖြတ်လိုက်တာနဲ့ အရေပြားက ရစရာမရှိအောင် ပျက်ဆီးသွားပါတယ်။ ဘယ်လောက်ပျက်ဆီးမလဲဆိုတာ ပါဝင်တဲ့ စတီးရွိုက်အပြင်းအပျော့နဲ့ဆိုင်ပါတယ်။ ဒီထဲမှာ clobetasol ပါတဲ့ဆေးတွေက အပြင်းဆုံးနဲ့ အရေပြားကို ဒုက္ခအပေးဆုံးပါ။ hydrocortisone ပါတဲ့ဆေးတွေက အဲလောက်မပြင်းထန်ပါ။ မပြင်းတာတောင် သုံးဖို့သတိထားရတယ်။
စတီးရွိုက်ဆေးတွေရဲ့ အာနိသင်က မနည်းလှပါ။ အရောင်ကျစေတယ်။ နေ့စဉ်သုံးရင် အသားအရေပါးပြီး သွေးကြောလေးတွေ ပေါ်လာတတ်တယ်။ အဲဒီထက်ပိုဆိုးတာက အဆီထုတ်လုပ်မှုကို အဆမတန်များစေတာမို့ ဝက်ခြံတွေ ထွက်လာတယ်။ သုံးနေတုန်းတော့ မသိသာဘူး။ ရပ်လိုက်ရင် ဝက်ခြံတွေ ပရပျစ်ထွက်လာလိမ့်မယ်။
စတီးရွိုက်လိမ်းဆေးတွေသုံးပြီး ဖြစ်တဲ့ ဝက်ခြံကို steroid induced rosacea ခေါ်တယ်။ steroid acne ဆိုတာလည်းတခုရှိသေးတယ်။ ဒီ နှစ်ခုက မတူပါ။ steroid acne ဆိုတာ စတီးရွိုက်သောက်ဆေးတွေ အလွန်အကျွံသောက်ပြီး ဖြစ်တာကို ခေါ်တာ။ ဒီနေရာမှာ steroid rosacea အကြောင်း ဦးစားပေးဖော်ပြပါမယ်။
ဆေးပညာမှာ မျက်နှာရဲတာကို rosacea ခေါ်တယ်။ သွေးကြောတွေ ပါးပြီးကျယ်လာ၊ ဖောင်းလာလို့ဖြစ်တယ်။ စတီးရွိုက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အရင်ဆုံး လိမ်းတဲ့နေရာက ရဲလာလိမ့်မယ်။ နောက်ခြောက်သွေ့ယားလာမယ်။ ဒါစတီးရွိုက်သုံးသူတိုင်း ဖြစ်တဲ့ ကနဦးပြောင်းလဲမှုပါ။ ပြီးရင် အဆီဂလင်းတွေ ပွားများလာပြီး အဆီထွက်များလာတယ်။ အဆီများတဲ့အသားရေဟာ ဝက်ခြံပေါက်တာ လူတိုင်းသိတယ်။ အဆီနဲ့အတူ ရောဂါ ပိုးမွှား၊ အညစ်အကြေးတွေ ကပ်ညှိလာတယ်။ ဗက်တီးရီးယားနဲ့ ဖုန်တွေက မွှေးညှင်းပေါက်ကိုပိတ်ဆို့စေတယ်။ ဗက်တီးရီးယားတွေ ခိုအောင်းတာနဲ့ ဝက်ခြံဆိုတာ ဖြစ်တယ်။ အရင်ဆုံး pastuleခေါ်တဲ့ ပြည်တည်ဖု သေးသေးလေးတွေ စပေါက်လာတယ်။ သုံးတာကြာတာနဲ့အမျှ ပိုဆိုးလာပြီး မျကိနှာတပြင်လုံးရဲပြီး အဖုပိန့်တွေ ထွက်လာလိမ့်မယ်။ သုံးတာ ဖြတ်လိုက်ရင် ဆိုးကျိုးတွေ သိသိသာသာ ဖြစ်လာပြီ။
အဆီများတဲ့ ဝက်ခြံက သိသာတယ်။ အဖုပိန့် အနီဖုကြီးတွေ ထလာတာမျိုး။ သုံးတဲ့ဧရိယာကျယ်သလောက် မျက်နှာတပြင်လုံးဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ ခုခံအားဆိုတာ ရှိတယ်။ ခုခံအားစနစ်မှာ cytokine ထွက်လာရင် ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ ဒါပေမယ့် လောလောဆယ် မသိသာသေးပါ၊ ဘာ့ကြောင့်လဲဆိုတော့ အရောင်ကျစေတဲ့ စတီးရွိုက်သုံးထားတာကိုး။ သုံးတဲ့ဆေးကို ရပ်လိုက်ရင်တော့ ငရဲစကျပါပြီ။ စောစောက မြုံနေတာတွေပြန် ထလာလိမ့်မယ်။ အင်္ဂလိပ်လို rebound flare ခေါ်တယ်။ ဘောလုံးတလုံးကို ပုတ်လိုက်ရင် အပေါ်ပြန်တက်လာတာကို rebound လို့သုံးတယ်။ မြန်မာလို ပြန်ကန်ထွက်လာတာတဲ့။ ဒီအခြေနေက အဆိုးဆုံးပဲ။ မြုံနေတာတွေ ပြန်ကန်ပြီး မျက်နှာတပြင်လုံး ရစရာမရှိအောင် အဖုပိန့်တွေ ထွက်လာလိမ့်မယ်။
လိမ်းတဲ့ ဆေးထဲမှာ အားပြင်းတဲ့ စတီးရွိုက်သုံးလေ အခြေအနေဖြစ်နိုင်ချေပိုများလေပဲ။ ဆေးထဲမှာ clobetasol လို ပြင်အားအများဆုံးသုံးထားရင်တော့ ကုဖို့ ပိုခက်တယ်။ ဒီလို ပြောင်းလဲမှုတွေက စတီးရွိုက်တင်လားဆိုတော့ မဟုတ်ဘူး၊ tacrolimus , pimecrolimus cream လို နှင်းခူအရေပြားမှာ သုံးတဲ့ဆေးတွေလည်း ဒီတိုင်းဖြစ်တယ်။ အဆိုပါဆေးတွေက ပုံမှန်အားဖြင့် နှစ်ပတ်ထက် ပိုသုံးသင့်တဲ့ဆေးတွေ မဟုတ်ကြပါ။ ဆရာဝန်ညွှန်မှ သုံးရတယ်။
ကိစ္စတခု ဖြစ်သွားရင် ကုသဖို့နဲ့ နောင်မဖြစ်ဖို့ပဲ လုပ်ရတော့မယ်။ ဘာဆက်လုပ်မလဲ။ သုံးနေတဲ့ဆေးကို သေချာပေါက် ဖြတ်ပစ်ရမယ်။ ဒါပေမယ့် ဒီတိုင်းဖြတ်လို့မရပါ။ ပညာရှိနည်းနဲ့ ဆေးကို ဖြေးဖြေးချင်း အကြိမ်ရေတွက်လျှော့ပြီး ဖြတ်ပါ။ ဒီနေရာမှာ လိုအပ်ရင် စတီးရွိုက်အပျော့စား hydrocortisone (သို့) bethamethasone အစားထိုးပြီး ဖြတ်လို့ရတယ်။ ပုံမှန်ကတော့ မသုံးသင့်ပါ။ ကြားထဲမှာ အဆီပါတဲ့ဆေး လုံးဝမသုံးရပါ။ အဆီပါတဲ့အစားအသောက်တွေ လုံးဝရှောင်ကြဉ်ရမယ်။ သောက်ဆေးထဲမှာ ပိုးသတ်ဆေး tetracycline (သို့) doxycycline သောက်ဆေးကို အချိန်ကြာစွဲသောက်သင့်တယ်။tetracycline 250mg (သို့) doxycycline 100mg တနေ့နှစ်ကြိမ် အနည်းဆုံး သုံးလသောက်ရမယ်။tetracyclineရဲ့တခြားအားသာချက်က အဆီထုတ်လုပ်မှု လျှော့နည်းစေတာဖြစိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ (၈)နှစ်အောက်ာကလေးတွေမှာ မသုံးရပါ။
မျက်နှာပြင်ရဲတာ ပူတာ အရေပြားခြောကိသွေ့တာ အတွက် ရေဓာတ်အခြေခံ aquaphor oinment သုံးပါ။ အဆီပါတဲ့ မိတိကပ်အောက်ခံ ဘာဆိုဘာမှမသုံးပါနဲ့။ ပုံမှန်အသားအရေဖြစ်တဲ့ထိ ဘာမှမသုံးပဲ ဒီတိုင်းထိထားပါ။ မျက်နှာ ခြောက်သွေ့ရင် ရှားစောင်းလပ်ပက်ကို ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ်တင်ပေးပါ။ ကြားထဲမှာ ရေများများ သောက်သင့်တယ်။ မျက်နှာရဲတာအတွက် ရေခဲကို သုံးနိုင်တယ်။ အရေပြားသိပ်ယားယံလာရင် fexofenadine 120mg တနေ့ တလုံးနေ့စဉ်သောက်နိုင်တယ်။အရေပြားသစ်ဖွဲ့စည်းဖို့ vitamin A, C, E ပါတဲ့ antoxyl forte(သို့) Axiona ဆေးမျိုးသောက်ပါ။ Biotin 5mg က အရေပြားအတွက်ကောင်းတယ်။
ကုသနည်း
လေ့လာမှုတွေအရ Tacrolimus ointment 0.03% တနေ့ နှစ်ကြိမ် တစ်လလောက် လိမ်းပြီး doxycycline 100mg တနေ့ နှစိကြိမ် သုံးလ သောက်ရင် အများစု သက်သာလာတယ်။ မသက်သာသေးရင် doxycycline တနေ့တစ်လုံး (၆)လ ဆက်သောက်ရမယ်။ ဒီဆေးနှစ်မျိုးနဲ့ ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် ဝမ်းသာအားရမလုပ်ပါနဲ့။ ဆက်ဖတ်ပါဦး။ doxycycline က ပိုးသတ်ဆေးမို့ပြဿနာမရှိပေမယ့် tacrolimusက ခုခံအားကို ကျဆင်းစေတာမို့ တချို့လူနာတွေမှာ ပိုဆိုးလာတာရှိတယ်။ တော်တော်လေး သတိထားရတယ်။ ဒီနေရာမှာ ကျွမ်းကျင်ဆရာဝန်လိုတယ်။ ကိုယ့်ဘာသာ သောက်ဖို့မစဉ်းစားပါနဲ့။ acne rosaea လို အဆိုးဆုံးဝက်ခြံဖုတွေမှာ isotretinoin(accutane)သောက်ဆေးမျိုး ပေးနိုင်တယ်။ ဒီဆေးက vitamin A toxic dose မို့ အရေပြားဆရာဝန်တွေက လွဲရင် မသုံးသင့်ပါ။
ဆရာဝန်မပြပဲ မိမိဘာသာ ကုသချင်တယ်ဆိုရင် မျက်နှာကို ဘာမှမသုံးပဲ ဒီတိုငိးထားလိုက်ပါ။ နောက်ဆုံး tonar ကအစ မသုံးပါနဲ့။ သောက်ဆေးထဲမှာ tetracycline (သို့) doxycycline သုံးလသောက်ပါ။ လိမ်းဆေးထဲမှာ metrogel တနေ့နှစ်ကြိမ်လိမ်းလို့ရတယ်။ အစိုဓာတ်ထိန်းတဲ့ aquaphor oinment နဲ့ vaseline ကို ညစဉ် ပါးပါးလေးလိမ်းပြီး အိပ်ပါ။ ဘာမှမရှိရင် zinc oxide လိမ်းပါ။ မျက်နှာရဲပြီး အရေပြားခြောက်သွေ့ရင် ရှာစောင်းလက်ပပ်အနှစ်ကို ညဖက် သုံးနိုင်တယ်။ အရေပြား ပူတာမျိုးရှိရင် ရေခဲဝတ်ကပ်လို့ရတယ်။ ဗီတာမင် စီနဲ့အီးပါတဲ့ ဆေးမျိုးထည့်သောက်ပါ။
ဘာတွေရှောင်မလဲ
(၁) နေပူထဲသွားတာရှောင်ပါ၊ အပြင်သွားရင် အဆောင်းအကာ ယူသွားပါ။
(၂) ပူတဲ့စပ်တဲ့ အစားအသောက်၊ အဆီများတဲ့ အစားအစာ လုံးဝရှောင်ပါ။
(၃) အချိုကဲတဲ့အစားအသောက် ရှောင်ပါ။ ကော်ဖီ၊လက်ဖက်ရည်၊ ဂတ်စ်ပါတဲ့အချိုရည်။
(၄) အရက်၊ ဘီယာ၊ဝိုင် လုံးဝမသောက်သင့်ပါ။
(၅) အကြေးခွံပါတဲ့ငါး၊ ပင်လယ်စာ၊ ပုဇွန်စတာတွေ ရှောင်ပါ။
(၆) အဆီပါတဲ့ လိမ်းဆေး လုံးဝမသုံးရပါ။
ပျောက်ကင်းဖို့ဘယ်လောက်ကြာနိုင်လဲ
ပုံမှန်အားဖြင့် သုံးလနေရင် ထူးခြားလာပြီ။ အများစုက ၆လ-၁နှစ်လောက်နေရင် ပျောက်ကင်းနိုင်တယ်။ ဒါကြောင့် ဖြစ်တဲ့သူတွေကို အားပေးချင်တာက စိတ်အားမလျှော့ပါနဲ့။ စနစ်တကျနေထိုင်ကုသရင် သက်သာလာမှာပါ။ အရေပြားတထောက်စာဟာ လူတယောက်အတွက် အရေးကြီးဆုံးဖြစ်တာမို့ နောက်ဆိုဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
မိန်းကလေးတွေတွက်။ အိပ်ယာထတိုင်း။ အလေ့အကျင့် လေး လုပ်ကြည့်ကျပါရှင့်♥️♥️
လက်ရှိအချိန်လေးတွေကိုပါ🤗
21/11/2022
အရမ်း တွေဟော့ နေပါပီနော်🤗
သူတို့လေးတွေ လှပါစေ ဆိုတဲ့ စိတ်လေးနဲ့ ဖန်တီးဖန်တီးပေးတာပါ🤗
21/11/2022
ကျမဟာ။ ဖန်ဆင်ရှင် မဟုတ်ပါ😊ဖန်တီရှင်ပါ🤗 🤗 အားလုံးကိုလှစေချင်တဲ့စိတ်နဲ့ အလှဆင်ပေးတာပါ
ဆိုင်ကိုလာတဲ့ဧည့်သည်များအားလုံးကိုကျေဇူးတင်ပါတယ်🙏🙏🙏
ဆံပင်ဖြောင့်ပီတိုင်း။ ရေထိမှာဆိုးရိမ်နေတဲ့သူများအတွက်ပါ 😱ရေစိုလည်ခံ အာမခံနဲ့ ဖြောင်ပေးနေပါပီရှင်
အဝေးကြီးကနေတစ်ကူးတစ်ကလာလုပ့်တဲ့ညီမလေးရေ ကျေးဇူးတင်ပါတယ်ရှင့်😘😘♥️♥️
Cliquez ici pour réclamer votre Listage Commercial.
Téléphone
Site Web
Adresse
Democratic Republic Of The
AUNGZABU