Mudita
USA တိုက်ရိုက်ဖြည့်စွက်စာများ
29/07/2026
ရေယုန်၊ ရေကျောက် ရောဂါကြောင့် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ထွက်လာပြီး ပူလောင်နာကျင်တာမျိုး စတင်ခံစားရပြီဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်စေချင်ပါတယ်။
အသုံးပြုပုံ - ငှက်ပျောစိမ်းတစ်လုံးကို ယူပြီး ဓားနဲ့ ထိပ်ကနေ လှီးဖြတ်လိုက်ပါ။
လိမ်းနည်း - အဲ့ဒီနောက် ထွက်လာတဲ့ ငှက်ပျောအစေးကို အရည်ကြည်ဖုထွက်နေတဲ့ နေရာပေါ် တိုက်ရိုက် လိမ်းပေးရုံပါပဲ။
ငှက်ပျောစိမ်းအစေးကို လိမ်းလိုက်တာနဲ့ ပူလောင်နေတဲ့ဒဏ်ရာက ချက်ချင်း အေးမြသွားတာကို ခံစားရပါလိမ့်မယ်။ ဒီအစေးကို ခဏခဏ ထပ်ခါတလဲလဲ လိမ်းပေးမယ်ဆိုရင် အနာက တဖြည်းဖြည်း တင်းလာပြီး မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ခြောက်သွေ့ကာ အဖတ်လန် ကွာကျသွားမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ ကိုယ်တိုင်လည်း စမ်းသပ်အောင်မြင်ဖူးသလို၊ ရောဂါဝေဒနာ ခံစားရသူတွေကိုလည်း မျှဝေပေးခဲ့လို့ ထိရောက်မှုရှိတာကို အတည်ပြုပြီးသား ဖြစ်ပါတယ်။
အားလုံးပဲ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ။ 🙏🏻
29/07/2026
Astaxanthin ဆိုတာ ဘာလဲ🤔?
Astaxanthin ဆိုတာပင်လယ်ရေအောက် သန္တာကျောက်တန်းတွေမှာ ရှိတဲ့ အနီရောင်ရေမှော်(ရေညှိ)(Red Microalgae) ကနေ ရတာပါ၊ပင်လယ်ပုဇွန်,ဆော်လမွန်ငါး စသည်တို့ကနေလည်း ရရှိနိုင်ပါတယ်၊ရှားပါးပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။
အဓိက အာနိသင် ၃ ခုရှိပါတယ်
1.Anti-inflammatory
2.Antioxidant
3.Immunomodulating တို့ ဖြစ်ပါတယ်။
1.Anti-inflammatory(ရောင်ရမ်းခြင်းကို လျှော့ချနိုင်ခြင်း)ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ဖြစ်တဲ့အချိန်မှာ ကုသနိုင်မယ့် ဆေးဝါး,ကုထုံးတွေကို ရှာဖွေကြပါတယ်၊ကိုဗစ်ကို ကုသရာမှာ လူနာရဲ့ အသက်ကို ကယ်နိုင်ဖို့ မူ ၂ ခု အသုံးပြုရပါတယ်၊တစ်ခုက ကိုယ်ခံအားကို မြှင့်တင်ခြင်း(Immune Boosting) နဲ့ အခြားတစ်ခုက ရောင်ရမ်းခြင်းကို လျှော့ချခြင်း((Anti-inflammatory) တို့ ဖြစ်ပါတယ်၊ဒီ ရည်ရွယ်ချက် ၂ ခု ကို ဟန်ချက်ညီအောင် လုပ်နိုင်မှ ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေကနေ ရှောင်ရှားနိုင်လို့ အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါဖြစ်တဲ့အခါ ပြင်းထန် အဆုတ်ရောင်ခြင်း အခြေအနေကြောင့် အောက်ဆ်ီဂျင်ကျ,မောကြပ်ပြီး သေဆုံးတတ်ပါတယ်၊ဒီဖြစ်စဥ်ကို 'Cytokine Storm' လို့ ခေါ်ပါတယ်၊နားလည်လွယ်အောင် ထပ်ရှင်းရရင် တိုင်းပြည်နှစ်ပြည် စစ်ဖြစ်လို့ စစ်မြေပြင်ပျက်ဆ်ီးကျန်ခဲ့သလိုပဲ ရောဂါပိုးနဲ့ ကိုယ်ခံအား တိုက်ပွဲဖြစ်ကြတဲ့အခါ အဆုတ်အပါအဝင် ကလီစာတွေပျက်ဆီးပြီးကျန်ခဲ့တတ်ပါတယ်။ရောဂါပိုး နဲ့ ကိုယ်ခံအားရဲ့ တိုက်ပွဲမှာ ခန္ဓာကိုယ်အထိမနာအောင် ရောင်ရမ်းခြင်းကို လျှော့ချဖို့ မဖြစ်မနေပြုလုပ်ရပါတယ်၊ဒီ့အတွက် တန်ဖိုးကြီးမားတဲ့ ဆေးဝါးတွေနဲ့ ကုသရသလို အာဟာရကုထုံးအနေနဲ့ ချွဲပျော်အရောင်ကျဆေး(NAC),ငါးကြီးဆီ(Omega-3) နဲ့ အကျိုးပြုပိုးလေးများ(Probiotics)ကို အသုံးပြုကြပါတယ်။Astaxanthin ဟာ ရောင်ရမ်းခြင်းကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်၊ဒါ့ကြောင့်မို့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကို ထိန်းညှိရာမှာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
2.Antioxidant(ဓာတ်တိုးဆန့်ကျင် အာနိသင်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant) တွေဆိုတာ ခန္ဓာကိုယ်ရဲ့ အမှိုက်သိမ်းသမားတွေပါပဲ၊အိုမင်းရင့်ရော်ခြင်း နဲ့ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးတယ်,အရွယ်တင် နုပျိုစေတယ်,ရောဂါဖြစ်ရင်လည်း ကုရလွယ်စေပါတယ်။Astaxanthin က လူသိများတဲ့ Antioxidants တွေထက်တောင် အဆများစွာထိရောက်တယ်လို့ Dr.Eric Berg က ပြောပါတယ်...
�ဗီတာမင် A ထက် တစ်ဆယ်ဆ
�ဗီတာမင် E ထက် အဆ တစ်ရာ
�ဗီတာမင် C ထက် အဆ တစ်ထောင် အစွမ်းပိုထက်ပါသတဲ့။ဒီ အာနိသင်ကြောင့်ပဲ အသက်ကြီးလို့ ဖြစ်တဲ့ အတိတ်မေ့ခြင်း(Alzheimer's Disease),မျက်စိမှုန်ခြင်း(Macular Degeneration), အပြင် အချို့သော ကင်ဆာရောဂါ(ဥပမာ-အဆုတ်ကင်ဆာ) တွေမှာပါ တွဲဖက် အသုံးပြုကြပါတယ်။
3.Immunomodulating(ကိုယ်ခံအားကို ထိန်းညှိပေးတဲ့ အာနိသင်)ကျန်းမာနေဖို့က လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံက ဘရိတ်ကောင်းတဲ့ကားတစ်စီးလို ဖြစ်နေရပါမယ်၊ကားရဲ့ ရည်ရွယ်ချက်က ခရီးသွားဖို့ ဆိုပေမယ့် ရပ်သင့်တဲ့နေရာမှာ ရပ်နိုင်မှ အဆင်ပြေမှာပါ။ဒီလို ဟန်ချက်ညီနေဖို့ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေကို အူလမ်းကြောင်းနဲ့ အစားအစာက ညွှန်ကြားပေးပါတယ်၊Astaxanthin ဟာ ကိုယ်ခံအားကို ထိန်းညှိပေးတာမို့ ကိုယ်ခံအားတက်စေခြင်းအပြင် ကိုယ်ခံအားကစဥ့်ကလျားဖြစ်တဲ့ အော်တိုအင်မြူန်းရောဂါ(Autoimmune Diseases) တွေမှာပါ အသုံးတည့်ပါတယ်။
Astaxanthin က အရေပြားကိုလှပစေနိုင်ပါတယ်၊အမည်းစက်နဲ့ အရေပြားညိုညစ်တာတွေကို သက်သာစေပါတယ်၊ကျနော်ခု စသောက်တာ တစ်ပတ်ဝန်းကျင်မှာကို အရင်ထက် အသားရည်ကြည်လာတာ သတိထားမိပါတယ်။
Astaxanthin က အဆီမှာ ပျော်ဝင်တာမို့ အစာစားပြီးချိန် ဒါမှမဟုတ် အဆီစားပြီးချိန်မှာ သောက်ရင် ပိုကောင်းပါတယ်၊သောက်လို့ရတဲ့ သံလွင်ဆီ,အုန်းဆီ စသည်တို့နဲ့ ရောသောက်လို့ ရပါတယ်။
သဘာဝက ရတဲ့ အာဟာရမို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘူးလို့တော့ ဆိုပါတယ်၊တစ်နေ့ကို 4 mg(၄ မီလီဂရမ်) မှ 20 mg(၂၀ မီလီဂရမ်) ထိသောက်ပေးလို့ ရပါတယ်။
ဦးနှောက်နဲ့ အာရုံကြော,မျက်စိ,အဆုတ်,ကိုယ်ခံအားနဲ့ အရေပြား လှပခြင်းထိ အသုံးဝင်တဲ့ Astaxanthin အကြောင်းမျှဝေပေးလိုက်ပါပြီ၊Astaxanthin ပါဝင်တဲ့ အစားအစာတွေက ဒီမှာ ရှားပါးတဲ့အတွက် တတ်နိုင်သူတွေက ဆေးအနေနဲ့လာတာကို ဝယ်ယူပြီး ဖြည့်စွက်သောက်သုံးပေးလို့ ရပါတယ်။
ဖြည့်စွက်စာများကိုမှာယူလိုပါက
09764326240
09883491972(viber or pho)
ကို ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
ဆေးနဲ့ပုဆိုးတွဲပီးအားပေးနေကျတဲ့အမတွေကိုMudita မှကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏🧡
ချစ်တဲ့အမများအားလုံးကျန်းမာချမ်းသာပီးလိုရာတွေလည်းပြည့်ဝကျပါစေလို့ဆုတောင်းပေးပါတယ်ရှင် 🙏💜
#ပိုးမင်းသား #ချည်ချောလုံချည်
27/07/2026
Life Extension Optimized Folate (L-Methylfolate 1700 mcg DFE)
ကျန်းမာရေးကောင်းမွန်ဖို့ Folate (Vitamin B9) က မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ Life Extension Optimized Folate ကတော့ ခန္ဓာကိုယ်က အလွယ်တကူအသုံးပြုနိုင်တဲ့ L-Methylfolate (Active Folate) ပုံစံနဲ့ ထုတ်လုပ်ထားတာကြောင့် စုပ်ယူအသုံးပြုမှု ပိုကောင်းစေပါတယ်။
အဓိကအကျိုးကျေးဇူးများ 🌿
- သွေးနီဥဖွဲ့စည်းမှုကို အားပေးကူညီ ပေးပြီး ကျန်းမာသောသွေးဆဲလ်များ ဖြစ်ပေါ်စေပါတယ်
- ဦးနှောက်နှင့် အာရုံကြောကျန်းမာရေးကို ထောက်ပံ့ပေးပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်
- DNA နှင့် ဆဲလ်အသစ်များ ဖွဲ့စည်းခြင်း၊ ဆဲလ်ကြီးထွားဖွံ့ဖြိုးခြင်းကို အားပေးပေးပါတယ်
-နှလုံးသွေးကြောကျန်းမာရေးအတွက် Homocysteine Level ကို ပုံမှန်ထိန်းသိမ်းရာတွင် ကူညီပေးနိုင်ပါတယ်
- ကိုယ်ဝန်ဆောင်ရန် စီစဉ်နေသူများနှင့် ကိုယ်ဝန်အစောပိုင်းအမျိုးသမီးများအတွက် Folate လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်ရှင့်
‼(ကိုယ်ဝန်ဆောင်နေသူများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။)
🌿 MTHFR Gene ပြောင်းလဲမှုရှိသူများတွင်လည်း အသုံးပြုလေ့ရှိသော Active Folate ပုံစံဖြစ်ပါတယ်နော်
မှာယူလိုပါက
09764326240
09883491972(Viber or pho)ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
26/07/2026
ဗိုက်ပူနေလို့ စိတ်ညစ်နေသူများအတွက် အဓိက အကြောင်းရင်းတစ်ခုကတော့ ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းထဲမှာ အညစ်အကြေးတွေနဲ့ အနည်အနှစ် ဂျီးတွေ ကပ်ငြိနေလို့ပဲ ဖြစ်ပါတယ်။
🩸 အူသန့်မှ သွေးသန့်မည်
လူတစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက် သွေးက အဓိကကျပြီး ထိုသွေးဟာ အူလမ်းကြောင်းကနေ စတင်ဖြစ်ပေါ်တာပါ။ ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အစားအသောက်တွေကရတဲ့ အာဟာရရည်ကို အူနံရံတွေက စုပ်ယူပြီး သွေးအဖြစ် ပြောင်းလဲပေးပါတယ်။
အူသန့်ရင် သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူး ဆိုတာ ထင်ရှားတဲ့ အမှန်တရားတစ်ခုပါပဲ။ အူလမ်းကြောင်းကို သန့်ရှင်းပေးမှသာ အဆိပ်အတောက်ကင်းတဲ့ သွေးသန့်ကို ရရှိပြီး ရောဂါဘယ ကင်းဝေးမှာ ဖြစ်ပါတယ်။
🥬 အူလမ်းကြောင်း သန့်ရှင်းရေး နည်းလမ်း
အူတွေကို သန့်ရှင်းအောင် ပြုလုပ်ဖို့က မခက်ခဲပါဘူး။ သဘာဝက ပေးထားတဲ့ စင်ထိုးစိုက်ပျိုးရသော အညွန့်အရွက်များကို စားသုံးပေးရုံပါပဲ။
စားသုံးပေးရမည့် အရာများ: ဘူးညွန့်၊ ဂေါ်ရခါးညွန့်၊ ရွှေဖယုံညွန့် စသည့် အညွန့်အရွက်များ။
ထူးခြားချက်: ဒီအညွန့်အရွက်တွေမှာ သေးငယ်တဲ့ အမွှေးအမျှင်လေးများ ပါရှိပါတယ်။
အကျိုးသက်ရောက်မှု: မျက်နှာသုတ်ပဝါမှာ ပါတဲ့ အမွှေးလေးတွေက အညစ်အကြေးကို ပြောင်စင်အောင် သုတ်သင်သလိုမျိုး၊ ဒီအရွက်တွေက အူနံရံမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းသွားအောင် သုတ်သင်ပေးပါတယ်။
💡 ရရှိမည့် အကျိုးကျေးဇူးများ
၁။ အစာခြေလမ်းကြောင်း တစ်လျှောက်လုံး သန့်ရှင်းသွားမည်။
၂။ သန့်ရှင်းသော သွေးကို ရရှိပြီး အနာရောဂါ ကင်းဝေးမည်။
၃။ အူထဲမှာ အညစ်အကြေး ချိုးကပ်မှုကြောင့် ဗိုက်ပူနေသူများ တဖြည်းဖြည်း ဗိုက်ချပ်သွားမည်။
၄။ အသက်ရှည်ကျန်းမာပြီး လန်းဆန်းမှုကို ခံစားရမည်။
အကြံပြုချက်: အဆိုပါ အညွန့်အရွက်များကို ကြော်ချက်၍ဖြစ်စေ၊ ဟင်းချိုချက်၍ဖြစ်စေ ပုံမှန်စားသုံးပေးခြင်းဖြင့် ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ မိမိကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရင်း မိမိရဲ့ မိတ်ဆွေများပါ သိရှိစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူကြပါစို့။ 🥰🥰
26/07/2026
Life Extension Creatine Capsules လေးညွှန်းပေးမယ်နော်သူကတော့ဆေးမဟုတ်ဘဲ အားကစားလုပ်သူတွေ၊ gym ကစားသူတွေ၊ muscle strength တိုးချင်သူတွေ သောက်တဲ့ အာဟာရဖြည့်စွက် (dietary supplement) တစ်မျိုးပါ။
Creatine က ဘာအတွက်သောက်တာလဲဆိုတော့..☝🏻
Creatine က ခန္ဓာကိုယ်ထဲ muscle တွေအတွက် energy ထုတ်ပေးရာမှာ ကူညီတဲ့ compound တစ်မျိုးဖြစ်တယ် အများဆုံး အသုံးများတာတွေကတော့..
💪🏻Muscle strength တိုးစေပြီး
Gym performance ကောင်းမွန်စေတယ်
🏋🏻အလေးမ ပိုနိုင်စေနိုင်တယ်နော်
Muscle size နဲ့ lean muscle တိုးဖို့ ထိရောက်စွာ ကူညီပေးတယ်
🙋🏻ပင်ပန်းနွမ်းနယ်မှု လျော့စေတယ်
Workout ပြီး recovery ပိုမြန်စေတယ်နော် အဲ့တာ ကြောင့် ဘယ်သူတွေ သောက်လေ့ရှိလဲ ဆိုတော့
🏋🏻Gym / bodybuilding လုပ်သူ
Athlete
Running / football / sports လုပ်သူ🏃🏻⛹🏻
Muscle mass တိုးချင်သူတွေ အတွက် အားကိုး ရာ ဘဲ ပေါ့...
ဘယ်လိုသောက်ရမလဲဆိုတော့
ပုံမှန် creatine monohydrate ဆိုရင်
တစ်နေ့ 3–5 g လောက် သောက်လို့ရပါတယ်
💥ရေများများသောက်ဖို့ အရေးကြီးတယ်နော်။💥
သတိထားပီး သောက်ရမယ့်သူတွေက
Kidney disease ရှိသူနဲ့
သွေးပေါင် / ဆီးချို / chronic disease ရှိသူ
ကိုယ်ဝန်ဆောင် / နို့တိုက်မိခင်
များကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာပိုပီးကောင်းပါတယ်နော်
*မှာယူလိုပါက*
09-764326240
09-883491972(viber or ph)
မှာယူလို့ရပါတယ်ရှင့် 🤗
24/07/2026
🌧️🎉 မိုးရာသီအထူး Live Sale ကြီး စတော့မယ်နော်...!! 🎉🌧️
ချစ်သော Customer တို့ရေ... ❤️
ဒီတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ Mudita Mira Live Sale ကို အထူး Promotion တွေနဲ့ ပြန်လာပါပြီ။ 🥰
25.7.2026 (စနေနေ့) ⏰ မနက် 10:30 နာရီ
Live ထဲမှာသာ ရရှိမယ့် အထူးအခွင့်အရေးများ... 🎁
✨ ဆေး ၁ ဗူး ဝယ်ယူရုံဖြင့် 2,000 Ks Discount ✨ ဆေး ၂ ဗူး ဝယ်ယူရုံဖြင့် Free Delivery ✨ ဆေး ၅ ဗူး ဝယ်ယူရုံဖြင့် 10,000 Ks Discount + Free Delivery
💊 USA Supplements၊ Vitamins နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးအစုံကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးပါ။
🚚 နယ်မှမှာယူသူများအတွက် တန်ဆာခ 3,000 Ks အထိ ကူညီခံပေးမှာဖြစ်ပါတယ်။
💥 Promotion က Live အတွင်းမှာသာ အကျုံးဝင်တာမို့ အခွင့်အရေးကို လက်မလွတ်လိုက်နဲ့နော်။
📲 လိုအပ်တဲ့ဆေးတွေကို Comment မှာဖြစ်ဖြစ်၊ Live ထဲမှာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။
💚 25.7.2026 (စနေနေ့) | မနက် 10:30 နာရီ Mudita Mira Live Sale မှာ စောင့်နေမယ်နော်... 🥰
❤️ တန်တန်လေးဝယ်၊ များများလေး Save ကြရအောင်! ချစ်တဲ့ Mudita Mira
22/07/2026
🌿 ဆေးနည်းတိုမှတ်စု (၄၅) သွယ်
၁။ ဆီးခဏခဏသွားလျှင် - ဥသျှစ်ရွက်ကို သုပ်စားပေးပါ။
၂။ နှုတ်ခမ်းရေယုံပေါက်လျှင် - လေးညှင်းပွင့်ကို သွေး၍လိမ်းပါ။
၃။ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် - ဧကရာဇ်မြစ်ကို ဆန်ဆေးရည်နှင့်သွေးသောက်ပါ (သို့မဟုတ်) မန်ကျည်းခေါက် သွေးသောက်ပါ။
၄။ ဝှေးဥရောင်ခြင်းအတွက် - ဝက်ကြိမ်ရွက်နှင့် ဆနွင်းစိမ်းကို ရောထောင်း၍ အုံပေးပါ။
၅။ နှလုံးအောင့်၊ မောကြပ်လျှင် - ဂျင်းစိမ်း (သို့မဟုတ်) မိတ်သလင်ကို ဆားနှင့်တို့စားပြီး ရေအေးသောက်ပါ။
၆။ အိပ်မပျော်သောရောဂါ - ဒန်ကျွဲပင်ပြုတ်ရည် (သို့မဟုတ်) မဲဇလီရွက်ဟင်းချို သောက်ပေးပါ။
၇။ နှာခေါင်းသွေးလျှံလျှင် - ကျောက်ချဉ်ကို အမှုန့်ပြု၍ ရှူပေးပါ။
၈။ ကင်းကိုက်မိလျှင် - ကျောက်ချဉ်သွေး၍ လိမ်းပါ။ (သားအိမ်ကိုက်ခဲပါက သက်ရင်းကြီးမြစ်နှင့် ဆင်သမနွယ်ရည် ရောသောက်ပါ)
၉။ သွေးပျစ်ခြင်းအတွက် - ရှောက်ရည်၊ သံပုရာရည် (သို့မဟုတ်) ကင်ပွန်းချဉ်ရွက်ပြုတ်ရည် သောက်ပေးပါ။
၁၀။ ကျောက်တည်ခြင်းအတွက် - ကျောက်ကွဲပင် (သို့မဟုတ်) ကဒက်ခေါက်ကို သံပုရာရည်နှင့် သွေးသောက်ပါ။
၁၁။ အဆီကျ၊ အကြောတက်ဆေး - သက်ရင်းကြီး၊ ငု၊ ပွေးကိုင်း၊ ရှားဖြူ၊ မန်ကျည်း၊ ကင်ပွန်းချဉ် (၆ မျိုး) အရွက်ရင့်များကို ကျိုသောက်ပါ။
၁၂။ ချောင်းဆိုးလျှင် - ခရေပွင့်ကို တစ်ညစိမ်ထားသောရေကို နံနက်တွင် စစ်သောက်ပါ။
၁၃။ ရင်ပြည့်ရင်ကယ်ဖြစ်လျှင် - ကြက်ဟင်းခါးသီးကို နှမ်းဆီ၊ ပရုပ်ဆီတို့ဖြင့်ဖျော်၍ ရင်ဘတ်ကို သပ်ချပေးပါ။
၁၄။ နှာပိတ်လျှင် - ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်ကြိတ်ရည်ကို ရှိန်းခိုအနည်းငယ်ထည့်၍ ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲလိမ်းပါ။
၁၅။ အတက်ရောဂါ - ဆင်ငိုမြက်ပြုတ်ရည်ကို တိုက်ပေးလျှင် အတက်ကျစေပါသည်။
၁၆။ ရေငတ်ဝမ်းကျရောဂါ - ဆီးစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောစားပါ။
၁၇။ ကင်းထိုးလျှင် - ငဖြူကြီးမြစ်ကို သွေး၍ လိမ်းပေးပါ။
၁၈။ ကြို့ထိုးခြင်းအတွက် - ကြက်သွန်နီကို ထန်းလျက်နှင့် ရောကြိတ်၍ စားပါ။
၁၉။ ခရုသင်းရောဂါ - ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့် ရော၍ ရက်ရှည်စားသုံးပါ။
၂၀။ ခြေတုန်လက်တုန်ဖြစ်လျှင် - ကြိတ်မှန်ရွက်ကို ယိုထိုး၍ စားပေးပါ။
၂၁။ ခါးနာခါးကိုက်ခြင်း - ညောင်ခြေထောက်ပင်မှထွက်သော နို့စေးကို လိမ်းပေးပါ။
၂၂။ ငှက်ဖျားတက်လျှင် - မြင်းခွာရွက်ရည်နှင့် ငရုတ်ကောင်းကို အချိုးကျကြိတ်၍ သောက်ပါ။
၂၃။ ခံတွင်းပျက်လျှင် - ကြိတ်မှန်ရွက်ယိုကို စားပေးပါ။
၂၄။ ခေါင်းတစ်ခြမ်းကိုက်လျှင် - ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေးလိမ်းပါ။
၂၅။ စကားထစ်လျှင် - နံနက်တိုင်း မြင်းခွာရွက်ကို ပုံမှန်စားပေးပါ။
၂၆။ စအိုယားနာ - ကြိတ်မှန်ရွက်ရည်ကို စအိုဝတွင် သုတ်လိမ်းပေးလျှင် ပိုးများကျဆင်းစေပါသည်။
၂၇။ ဆီးချုပ်လျှင် - ငုနှစ်ကို သွေး၍ ချက်အောက်တွင် လိမ်းပေးပါ။
၂၈။ ဆီးတစ်စက်စက်ကျလျှင် - ကြက်သွန်နီပြုတ်ရည်ကို သောက်ပေးပါ။
၂၉။ ဆီးချုပ်ခြင်းအတွက် - ကြက်သွန်နီအစိမ်းကို များများစားပေးပါ။
၃၀။ ဆီးအောင့်၊ ကျောက်တည်ခြင်း - ကြာဟင်းရွက်ကို နွားနို့၊ သကြားတို့နှင့် ရောစားပါ။
၃၁။ ဆီးချိုရောဂါ - ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
၃၂။ ဆီးအနှစ်ကျလျှင် - သင်္ဘောရွက်၊ ထန်းလျက်၊ ဆားတို့ကို ၃ ခွက် ၁ ခွက်တင်ကျို၍ တစ်နေ့လုံး သောက်ပါ။
၃၃။ ဆီးပူလျှင် - ဗူးသီးကို ပြုတ်၍ စားပေးပါ။
၃၄။ ဆံပင်ပြန်ပေါက်စေရန် - သံပုရာစေ့ကို ရေနှင့်ကြိတ်၍ ဦးရေပြားကို လိမ်းပေးပါ။
၃၅။ တင်းတိပ်အတွက် - နနွင်းနှင့် ငဖြူကြီးအစေးကို ရောစပ်လိမ်းပေးပါ။
၃၆။ ဝမ်းချုပ်လျှင် - ထန်းလျက်နှင့် မန်ကျည်းသီးကို ဆားအနည်းငယ်ထည့်၍ ကျိုစားပါ။
၃၇။ နားကိုက်လျှင် - ကြက်သွန်နီမီးဖုတ်ရည်ကို နွေးနွေးလေး နားထဲထည့်ပေးပါ။
၃၈။ နားအူ၊ နားလေထွက်ခြင်း - သင်္ဘောရွက်ကို မီးအုံ၍ အတို့အမြှုပ်အဖြစ် စားပါ။
၃၉။ နားပြည်ယိုလျှင် - ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ နားထဲကျပ်ပေးပါ။
၄၀။ နားထဲပိုးဝင်လျှင် - ခရမ်းကစော့သီး မီးရှို့အခိုးခံပြီး မုန်ညင်းဆီနှင့် ကျပ်ပေးပါ။
၄၁။ နို့ကြောင်းပိတ်လျှင် - ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ဟင်းချက်စားပါ။
၄၂။ နို့ထွက်ကောင်းစေရန် - စမြိတ်စေ့ကို လှော်၍ စားပေးပါ။
၄၃။ နှလုံးရောဂါအတွက် - ခရေခေါက်ပြုတ်ရည်သောက်ပါ၊ အပွင့်ရှူပါ၊ အသီးစားပေးပါ။
၄၄။ နှာခေါင်းသွေးလျှံလျှင် - ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ။
၄၅။ အနံ့မရသောရောဂါ - ကြိတ်မှန်ရွက်ညှစ်ရည်ကို မကြာခဏ ရှူပေးပါ။
လူသားအားလုံး ရောဂါဘယများ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။
22/07/2026
Cinnamon, Cinsulin (သစ်ကြပိုးမှုန့်)
၁။ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် (ဆီး၊ဝမ်း၊သွေး၊လေ) ညီညွတ် မှန်ကန်စေသည်။
၂။ ပိုလီဖီနော ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်တင် နုပျို၍ ကင်ဆာရောဂါ ကာကွယ်သည်။
၃။ အရောင်ကျစေသော အာနိသင်ရှိသဖြင့် ရေရှည် စားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းနာများကို သက်သာစေသည်။
၄။ ကိုလက်စရော နှင့် ထရိုင်ဂလစ်စရိုက် ကို ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေသည်။
၅။ အင်ဆူလင် တုန့်ပြန်မှုအားကောင်းစေပြီး ဆီးချို ကျစေသည်။
၆။ ပါကင်ဆန်ရောဂါ နှင့် အယ်ဇိုင်းမား ရောဂါကဲ့သို့ အာရုံကြောများ ပျက်စီး၍ မှတ်ဥာဏ်ချို့ယွင်းမှုကို သစ်ကြံပိုးက ကာကွယ်ပေးသည်။
၇။ အူမကြီးကင်ဆာ ကာကွယ်နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့သည်။
၈။ ဘက်တီးရီးယားနှင့် မှိုပိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
၉။ သဘာဝ အပင် ၆၉ မျိုးနှင့် စမ်းသပ်ရာမှ သစ်ကြံပိုးသည် HIV -1 ဗိုင်းရပ်ကို ခုခံတိုက်ခိုက်နိုင်ကြောင်းတွေ့ရှိခဲ့သည်
၁၀။ menstrual pains ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း တွေကို သက်သာစေသည်။
သစ်ကြပိုး အမှုန့် (powder)၊ အခဲ (tablet)၊ အတောင့် (capsule) အမျိုးမျိုး ရှိသည်၊
အမှုန့်ဆိုလျင် လ္ဘက်စားဇွန်း (teaspoon) တဝက် တနေ့ တကြိမ် အစာစားပြီး သောက်ကြပြီး အခဲ၊ အတောင့်များကို တခါသောက် တလုံး တနေ့ ၂ ကြိမ် အစာစားပြီး သောက်သုံးလေ့ ရှိကြသည်
ဆီးချိုရှိသူများ အဓိက သောက်သုံးလေ့ ရှိကြသည်၊
Credit
*မှာယူလိုပါက*
09764326240
09883491972(Viber Or Ph)ကိုဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
Cliquez ici pour réclamer votre Listage Commercial.
Type
Contacter l'entreprise
Téléphone
Site Web
Adresse
No. 423, ရာဇာဓိရာဇ် ၂၃လမ်း, ၇ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ်။
Democratic Republic Of The