U Tan Soe
Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de U Tan Soe, Beauté, cosmétiques et remise en forme, Democratic Republic of the.
လက်ရှိအချစ်ရေးကတော့ ဖြူဖြူကျော်သိန်းသီချင်းလိုပဲ
ရင်ဘတ်နဲ့ရင်းပီးချစ်ခဲ့ရသမျှ တစ်ခုမှအဖတ်မတင်ပါ
25/04/2024
ဘ၀မွာ ကိုယ်တောင်မသိလိုက်ဘဲ
ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်သွားတဲ့
လူတချို့ရှိခဲ့တယ်။
အရှေ့ကြတော့ ထွက်မပြော
နောက်ကွယ်ကနေ
သူတို့သာလျှင်အမှန်ဆိုပြီး
အသံကောင်းဟစ်ခဲ့ကြတဲ့သူတွေ။
ကိုယ့်အပေါ်မူမမှန်တာလုပ်ထားတဲ့သူက
ကိုယ်ဘာလေးပဲလုပ်လုပ်
သူတို့ကိုပြောတာပါ သူတို့ကိုရွဲ့တာပါဆိုပြီး
ခေါင်းစဉ်တပ်ပြီး အထိနာပြတဲ့သူတွေပေါ့။
အစကေတာ့
တော်တော်လေးစိတ်ဆိုးသလို
ပြန်ဖြေရှင်းဖို့လည်း ကြိုးစားဖူးတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ
ကိုယ့်ဘ၀မှာအရေးမပါတဲ့သူတွေက
အလိုလို ထွက်သွားပေးတာပါလားလို့
တွေးမိလာတယ်။
ကောင်းတဲ့သူတွေနားမှာ
မကောင်းတဲ့သူတွေက
ကြာကြာမနေနိုင်တတ်ကြဘူးကိုး။
တကယ်တော့
အခုလိုတွေကြုံလာတဲ့အခါ
လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါပဲ။
ဘ၀မှာစိတ်မမှန်တဲ့သူတွေနဲ့
ကင်းကွာသွားတာ
ဘယ်လောက်များကောင်းလိုက်သလဲ။
ကိုယ့်ဘဝကြီးကို
စိတ်ကြိုက်ပျော်ပျော်နေပစ်လိုက်ပါ
အေရးမပါတဲ့ လူတချို့ကြောင့်
ကိုယ့်ဘ၀ရဲ့ပျော်ရွှင်ရတဲ့အချိန်တွေကို
ဖဲ့ပေးရတာ အရမ်းနှမြောဖို့ကောင်းပါတယ်။
အားလုံးပဲ အရေးမပါတာတွေ
ခေါင်းထဲကထုတ်ပြီး
ကိုယ့်ဘ၀ကို
အပျော်ရွှင်ဆုံး ဖန်တီးလိုက်ပါနော်
Crd
#ကျွန်မဖတ်ဖို့
24/03/2024
24/03/2024
24/03/2024
ဗီယက်နမ်စစ်ပွဲတုန်းက မြောက်ဗီယက်နမ် ရဲမေတစ်ဦးကို အမေရိကန်စစ်သားတွေ ဖမ်းမိခဲ့တဲ့ပုံရိပ်လေးပေါ့။သူ့ကိုဖမ်းမိတာက ၁၅ ပေလောက်နက်အောင်တူးထားတဲ့ မြေအောက်ဥမင်လှိုင်ခေါင်းထဲကနေမိခဲ့တာ။
အလင်းရောင်မမြင်ရတာ လနဲ့ချီကြာနေလို့ မျက်လုံးကိုပုဝါစီးပေးပြီးလက်ကိုကြိုးတုပ် ထားရတယ်။မိတဲ့အချိန်ထဲက ကိုယ်ဘာသာကိုသတ်သေဖို့ကြိုးစားတယ်၊သူ့ကိုတစ်ခါထဲ သေနတ်နဲ့ ပစ်လိုက်ပါလို့တောင်းဆိုခဲ့တယ်။
သူ့ကိုမိခဲ့တဲ့ Cu-Chi ဆိုတဲ့ ဥမင်လှိုင်ခေါင်းက အခုကာလမှာတော့ ကမ္ဘာလှည့် ခရီးသည်တွေကို အဓိက ဆွဲဆောင်ရာနေရာတစ်ခုဖြစ်နေပေမယ့် ဗီယက်နမ်စစ်ပွဲမှာတော့ ကမ္ဘောဒီယား၊ဗီယက်နမ်နယ်စပ်ကနေ ဆိုင်ဂုံထိတူးခဲ့တဲ့ ဥမင်လှိုင်ခေါင်းတခုပါ။
ခြတောင်ပို့တွေ သစ်ငုတ်တိုတွေ၊မြစ်တွေနဲ့ သဘာဝအတိုင်းပုံမပျက်အောင် တူးပြီးမှ အဲ့ထဲကနေ ဆိုင်ဂုံထိချီတကိခဲ့တာ။အထဲမှာ ထမင်းစားခန်းနဲ့ စာဖတ်ခန်းတွေ၊အစည်းအဝေးလုပ်တဲ့နေရာ တွေအပြင်ကုန်ခြောက်တွေ၊ရိက္ခာတွေထားသိုနိုင်အောင် စီမံထားတဲ့ ဧရာမဥမင်လှိုင်ခေါင်းတွေပေါ့။
ဗီယက်နမ် ပြည်သူပေါင်း ၃.၅ သန်းနီးပါးသေဆုံးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲမှာ မြောက်ဗီယက်ကောင်း ၅ သောင်းလောက်ဟာ ဒီဥမင်လှိုင်ခေါင်းထဲမှာပဲ လေဝင်လေထွက် မကောင်းတာရယ် ပိုးမွှားနဲ့ ဧရာမနှစ်ချို့မြွေ
တွေရဲ့အန္တရာယ်ပေးမူကြောင့် သေဆုံးခဲ့ရတယ်။
အမေရိကန်ဟာ ဗီယက်ကောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတဲ့ အစီအစဉ် မအောင်မြင်ခဲ့တာဟာ ဒီဥမင်တွေကြောင့်ပဲ။
ဒါတောင် တောင်ဗီယက်နမ်ဒလန်တွေကသတင်းပေးလို့အခုပုံမှာပါတဲ့ အမျိုးသမီး ရဲဘော်တွေ၊ပျောက်ကျားစစ်သားတွေ မိခဲ့တာမနည်းဘူး။
အဲ့ဒီ့ဒလန်တွေကို မြောက်ဗီယက်ကောင်းတွေက မိရင် သူတို့မိသားစုကိုမေးတယ် သူတို့လူမျိုးတွေကိုဘာလို့မထောက်ခံပဲ အနောက်အရပ်ကိုသစ္စာခံတာ ဘာကြောင့်
လဲဆိုပြီး မေးတယ်။နောက်ဆုံးဘယ်လိုမှ ပြောမရရင် အကုန်လုံးကို အဆုံးစီရင်တယ်။
ဒါဟာ ကွန်မြူနစ်တော်လှန်ရေးမှာ သတင်းပေးဒလန်တွေအတွက်အဖြေက ငရဲပဲရှိတယ် ဆိုတဲ့ ဗီယက်ကောင်းတွေရဲ့လက်သုံးစကား။
အမေရိကန်တွေ ဆိုင်ဂုံကနေ လေယာဉ်နဲ့ ပြေးတော့၊တောင်ဗီယက်နမ်ဒလန်တွေဟာ မဲခေါင်မြစ်ဝှမ်းကနေ လှေတွေ၊သင်္ဘောတွေနဲ့ ထွက်ပြေးကြတယ်တဲ့။ခေတ်သစ် အာဖဂန်လိုပေါ့။
အဓိကပြောချင်တာကတော့ စစ်ပွဲရယ်လို့ ဖြစ်လာရင်အရင်ဆုံးသေရမှာက ပြည်သူပဲ။နောက်မှသေရတာကစစ်သားတွေပေါ့။ရှောင်လွှဲ လို့မရတဲ့စစ်ပွဲတစ်ပွဲကိုဦးတည်တော့မယ်ဆိုရင် သူ့ဖက်ကိုယ့်ဖက်အထိအခိုက်အကျအဆုံးကတော့ရှိကိုရှိမှာပဲ။အဲ့ဒီ့အတွက် ပြင်ဆင်ထားရမယ်။
စစ်ပွဲမှာ လူသားဆန်တယ်ဆိုတဲ့စကားနဲ့အသုံးအနှုန်းကို မသုံးမိဖို့အရေးကြီးတယ်။ သုံးမိရင် မင်းဟာစောစောသေနိင်တယ်လို့ ဟိုချီမင်းက သူ့ရဲဘော်တွေကို ပြောခဲ့ဖူးတယ်။
ပစ္စည်းမဲ့လူတန်းစားတွေကနေ စတင်တော်လှန်
ခဲ့တဲ့ဗီယက်နမ် စစ်ပွဲမှာ အင်အားကြီးအနောက် နိုင်ငံတွေကိုဘာလို့ အနိုင်ရခဲ့လည်း မေးလာရင် ကိုယ့်ကိုကိုသေလူလို့သတ်မှတ်ပြီး ကယ်တင်ရှင်ကို အားမကိုးတာရယ်၊စစ်ပွဲဆိုတာ သူမသေရင်၊ကိုယ်သေရမယ်၊ကိုယ်မသေဖို့သူ့ကို အလျော့ပေး လို့မရဘူးဆိုတာတွေကို ဥမင်လှိုင်ခေါင်းထဲမှာ မြောက်ပိုင်းတပ်ဖွဲ့ကနေ့တိုင်းရွတ်ဆိုခဲ့ပြီး။
စစ်သားတွေ ရဲမေတွေအပြင်သေရဲတာ မဟုတ်ပဲနဲ့လယ်သမားတွေနဲ့ပစ္စည်းမဲ့ လူတန်းစားတိုင်းဟာ မြောက်ဗီယက်ကောင်းတွေကို သူတို့မိသားစုဝင်လိုသဘောထားပြီး၊လယ်ထဲမှာကောက်စိုက် နေရင်းနဲ့ ပျောက်ကြားစစ်သားတွေကိုဖွက်ပေးခဲ့တာတွေ။
ရိက္ခာမရှိလို့ရိက္ခာပြတ်နေတဲ့စစ်သားတွေကို
အာလူးတစ်လုံးရှိရင် ကလေးအတွက်တစ်စိတ်ပဲ
ချန်ပြီး အကုန်သွားပေးခဲ့တာတွေက ပြည်သူနဲ့စစ်သားတစ်သားထဲဖြစ်လို့အောင်ပွဲဆင်ခဲ့တာ
လို့ပြောနိုင်ပြီး တစ်ဖက်မှာတော့ ဒါနန်းတို့ဆိုင်ဂုံ
တို့မှာ ညကလပ်တွေ၊ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်ပါး
နေတဲ့တောင်ဗီယက်နမ်တွေကို သူတို့နားထိဥမင်
တူးပြီးရောက်နေတဲ့ မဗီယက်နမ် စစ်သားတွေက
ကြည့်ရင်းမျက်ရည်ဝဲရတယ်တဲ့။
အာဏာရှင်ကို တိုက်ဖျက်ဖို့ကြိုးစားနေတဲ့
ဘဝတွေကို စာနာနားလည်မူမပေးနိုင်ပဲ
ဘယ်သူတက်တက် ငါတို့အဆင်ပြေဖို့အရေး
ကြီးတယ်ဆိုတဲ့ တောင်ဗီယက်နမ်တွေ ဆိုင်ဂုံကို
ဟိုချီမင်းတို့ သိမ်းတော့ မဲခေါင်မြစ်ဝှမ်းကနေ
ပြေးတာ၊မြစ်ထဲမှာတင်လှေမှောက်၊သင်္ဘောမှောက်လို့ သေကြတာ မနည်းဘူးတဲ့။
ဒလန်တွေဆိုရင်လည်း နောက်စေ့ကိုကျည်တစ်ထောင်ပဲလက်ဆောင်ပေးရင်း လူသုံးသန်းကျော်သေဆုံးခဲ့တဲ့ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်
ကျရှုံးခဲ့တာဟာ အထက်မှာပြောခဲ့တဲ့အချက်တွေကြောင့်ပဲဗျ။တော်လှန်ရေးမှာ ဖိုမဝါဒီမရှိဘူး။မရှိအောင်လည်း စွဲနေအောင် စိတ်ထဲမှတ်ထားရမယ်။
#ကိုးကား
24/03/2024
ထိုင် ဆုတောင်းနေလို့ မရတဲ့ အရာရှိတွေ
ရှိတယ် 🏃♀️
အားလုံးလဲ ဒီစကားလေးကို ကြားတဲ့အခါ
အရင်က သို့ အခုကြုံနေရတဲ့ ပြသနာ
တစ်ခုက တော်တော်နဲ့ အဆင်မပြေကြုံခဲ့
ရတာကို သတိရမိမှာပါ။
လက်လျော့ဖို့ အကြိမ်ကြိမ် တွေးမိခဲ့တဲ့အထိ
အဆင်မပြေတဲ့ ဘဝ အခိုက်အတန့်
တစ်ခုလည်း ရှိခဲ့မှာပါ။
ဒါကို လူတိုင်း ကြုံတွေ့ရပါတယ်။
သဇင်လည်း ကြုံတွေ့ဖူးတယ်။
ထပ်လည်း ကြုံလာဦးမှာပါပဲ။
ဒါလို အခက်အခဲတွေ ဖြစ်လာတာ
အလုပ်တစ်ခုကို ကိုယ်က ပိုတိုးတက်အောင်
ကြိုးစားနေလို့ပါ။
အခု အဆင်ပြေနေတဲ့ အလုပ်တွေကလဲ
အရင် က အခက်အခဲ ကြုံဖူးရာမှ
အဆင်ပြေခဲ့ကြတာမဟုတ်ဘူးလား❓
ဒါကြောင့် အခက်အခဲ အဆင်မပြေမှု
တစ်ခုကြုံတိုင်း ငါတိုးတက်တော့မှာပါလားလို့
တွေးပြီး မြန်မြန် ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။
ဒီ အခက်အခဲ ကို ဖြေရှင်းမှ
ကြိုးစားမှု ရလဒ် တစ်ခုကို ရမှာ ဖြစ်လို့
ထိုင် ဆုတောင်းနေလို့ကတော့ ဘာမှ ထူးမလာပါဘူး။
ဆုတောင်းတာ ကံကောင်းအောင်လို့
ပြောကြတယ် တစ်ချို့က။
သဇင်တို့ ကံကောင်းမှု လိုအပ်တယ်
ဆိုတာ မှန်ပါတယ်။
ဘယ်လို အချိန်လိုတာလဲ ဆိုရင်
ကိုယ် အစွမ်းကုန် ကြိုးစားပြီးတဲ့အချိန်
ထိုက်သင့်တဲ့ အကျိုး ပြန်ရဖို့
ကိုယ်လုပ်ထားတာတွေ အလကား
မဖြစ်သွားဖို့ အတွက် ကံကောင်းမှုက
လိုအပ်ပါတယ်။
ဒါကြောင့် အရင် အဓိက ဖြစ်တဲ့
ကြိုးစား အားထုတ်မှု ဖြေရှင်းဖို့ နည်းလမ်းရှာမှုကို
အရင်ဦးစားပေးလုပ်ပြီးမှ
ငါ အစွမ်းကုန် ကြိုးစားပြီးပြီ ပိုအဆင်ပြေ
ချော့မွေ့အောင် ကံကောင်းခြင်းတွေ
က အထောက်အပံ့ပေးအောင်
ဘုရားရှိခိုး ကောင်းမှု ကုသိုလ် လုပ်တာတွေ
ပိုတိုးလုပ်ရတာပါ။
နေ့တိုင်း ဘုရား ရှိခိုး ဆုတောင်း
ကုသိုလ် လုပ်နေတာတွေကတော့
ပုံမှန် လုပ်နေရမှာပါ။
ဒါကိုမှ ကိုယ့်ကြိုးစားမှုရော
ပိုမို ကုသိုလ် ကောင်းမှု ပြုပြီး
ကံကောင်းမှုတွေ ရအောင် ရောလုပ်ပြီး
ဘဝကို အခက်အခဲ မရှိအောင်
ရှိလာတဲ့ အခက်အခဲကို မြန်မြန်
ဖြေရှင်း ကျော်လွှားနိုင်အောင် လုပ်ရမှာပါ။
ချစ်တဲ့ သဇင်
Cliquez ici pour réclamer votre Listage Commercial.
Site Web
Adresse
Democratic Republic Of The