China Foreign Trade Company

China Foreign Trade Company

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from China Foreign Trade Company, Health/Beauty, Guangzhou.

🇨🇳“မင်္ဂလာပါချစ်မိတ်ဆွေ”🇲🇲
တရုတ်စက်ရုံတိုက်ရိုက်ပစ္စည်းမှာယူလိုသည်ဖြစ်စေ၊ပစ္စည်းသီးသန့်Cargoအပ်ချင်သည်ဖြစ်စေ၊ယုံယုံကြည်ကြည်
ကျွန်တော်တို့နဲ့လက်တွဲနိုင်ပါတယ်ခဗျာ😇

📲Wechat :TMDEQQ34/Viber+8615986652251
📲Mdyရုံးဖုန်း-09797446800/09772101245

13/06/2025
19/05/2025

ပစ္စည်းတင်သွင်းမည့်သူများ သိထားရမည့် နဲ့

Logistic companyတွေကို ပစ္စည်းတွေတင်သွင်းတဲ့အခါ စျေးနှုန်းဖွင့်တဲ့ပုံစံလေးကို မျှဝေပေးပါ့မယ် ဥပမာ china က ပစ္စည်းသွင်းတဲ့အခါ စျေးနှုန်း ၂ခုပြောလေ့ရှိပါတယ် kg နဲ့ CBMဆိုပြီး စျေး ၂မျိုးပြောပါတယ်။
ဥပမာ 1kg ကို 3 Yuan , 1CBM ကို 900 Yuan စသဖြင့် ပစ္စည်းသယ်စျေးဖွင့်ကြလေ့ရှိပါတယ်။

Kgဆိုတာက Kilogram ဖြစ်ပြီး weight အလေ့ချိန်အပေါ်မှုတည်ပြီးတောင်းတာဖြစ်ပါတယ် ဥပမာ ကိုယ့် ပစ္စည်းက 1000kg အလေးချိန်ရှိတယ်ဆိုရင် 1kg ကို 3 Yuan ကျတဲ့အတွက် စုစုပေါင်း 3 Yuan x 1000kg = 3,000Yuan ကျမှာဖြစ်ပါတယ် မြန်မာငွေနဲ့ ပြန်တွက်ရင် 1 Yuanကို 480ksရှိတယ်ဆိုရင် 3,000Yuan x 480ks = 1,440,000ks သယ်ခကျမှာဖြစ်ပါတယ်။ဒီဟာက အလေးချိန်အပေါ်မှုတည်ပြီး စျေးနှုန်းတွက်တာဖြစ်ပါတယ်။နောက်တမျိုးက

Cubic Meter CBM ဆိုတဲ့ ထုထည်အပေါ်မှုတည်ပြီး တွက်ချက်တာဖြစ်ပါတယ် Cubic meterဆိုတာက ပုံမှာပြထားတဲ့အတိုင်း အလျား x အနံ x အမြင့် ဟာ 1meter စီ အရှည်ရှိပြီး မြှောက်ထားတဲ့ သဘောဖြစ်ပါတယ် meter ၃ခုမြှောက်ထားတာဖြစ်တာကြောင့် ထုထည် Cubicဖြစ်သွားတာဖြစ်ပါတယ် တကယ်လို့ meter ၂ခါ မြှောက်ထားရင် squareဖြစ်သွားပြီး areaဖြစ်သွားပါမယ်။1meterမှာ 3.25ft ( 3ft 3.37inches) ရှိပြီး inchesလက်မနဲ့ပဲဆိုရင် 1meterမှာ 39.37inches လက်မရှိပါတယ်။

ဒါဆိုရင် Cubic meter မှာ ဘယ်လောက် Cubic Inchရှိလဲတွက်မယ်ဆိုရင်
= 1m x 1m x 1m
=39.37inches x 39.37inches x 39.37inches
=61023.744 Cubic Inch ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ဥပမာ အနေနဲ့ ကိုယ်က လျှပ်စစ်ထမင်းအိုး အလုံး၈၀ သွင်းလာတယ် ဆိုပါဆို ၈လုံးကို တစ်ဖာဖြစ်ပါမယ် စုစုပေါင်း ၁၀ဖာ အလုံး၈၀ဖြစ်ပါတယ် ဒါကို CBM အရ ကုန်ကျစရိတ် logistic cost ကိုတွက်မယ်ဆိုရင် တစ်ဖာကို တိုင်းတာကြည့်တဲ့အခါ အလျားက 4ftပေ x အနံက 1ftပေ x အမြင့်က 2ftပေ ရှိမှာဖြစ်ပါတယ်ဒါကို လက်မနဲ့ဖွဲပြီးပြောင်းလိုက်မယ်ဆိုရင်
= 48 inches x 12inches x 24inches = 13,824 Cubic inch ရပါတယ်။

1CBM မှာ 61023.744 Cubic inch ရှိတာကြောင့် တစ်ဖာရဲ့ CBM ကို သိချင်ရင် 13,824/61023.744 =0.23CBM တစ်ဖာအတွက် ရပြီး ၁၀ဖာအတွက်ဆိုရင်
=10 x 0.23 = 2.3 CBM ရမှာဖြစ်ပါတယ်။
1CBMကို သယ်ခ 900Yuanပေးရတယ်ဆိုရင် 2.23CBMအတွက်ဆိုရင် 2.3 x 900 = 2070Yuan ကျသင့်မှာဖြစ်ပါတယ် မြန်မာငွေနဲ့ဆိုရင် Yuanစျေး 480ks ရရှိရင်

= 2070Yuan x 480ks = 993,600ks

၁၀ဖာအတွက်ကျသင့်မှာဖြစ်ပြီး ထမင်းအိုးတစ်ခုချင်း unite cost ဆိုရင်

= 993,600 / 80 = 12,420ks တစ်လုံးကို ကျမှာဖြစ်ပါတယ်။
အပေါ်ကတွက်ချက်မှုတွေမှာ meter ft inches ကို မိမိအဆင်ပြေသလို mathsအရ unitပြောင်းတွက်လို့ရပါတယ်။

ဒါဖြင့် logistic companyတွေက Kg နဲ့ CBM ဘယ်ဟာနဲ့တွက်လဲဆိုတော့ ဝန်ကျစ်ပြီး လေးတဲ့ပစ္စည်းတွေဆိုရင် Kg နဲ့တွက်ပြီး ဝန်ပွရင် CBM နဲ့တွက်ပါတယ် နောက် ၂ခုစလုံးနဲ့တွက်ကြည့်ပြီး ငွေamountများတဲ့ ဟာကိုပဲ စျေးအတည်တွက်ယူပါတယ် ဥပမာ kgနဲ့တွက်လို့ ငွေများရင် kgနဲ့ ယူပြီး CBMနဲ့တွက်လို့ ငွေများရင် CBMနဲ့ယူပါတယ်။
စျေးနှုန်းအနည်းအများက မိမိသယ်မယ့် ပစ္စည်းအမျိုးအစားအပေါ်မှုတည်ပြီး ကွာခြားပါတယ် လူသုံးကုန် ပစ္စည်းတွေလား၊ကျိုးနိုင်ကွဲနိုင်တဲ့ electronicပစ္စည်းတွေလား ၊ အန္တရာယ်ရှိတဲ့chemical DGတွေလား စတာတွေအပေါ်မှုတည်ပါတယ်။

#𝙔𝙐𝙎𝙝𝙪𝙎𝙪𝙥𝙥𝙡𝙞𝙚𝙧𝘾𝙖𝙧𝙜𝙤🇨🇳🇹🇭🇲🇲
်ရုံအထိုင်orderအဝယ်ဒိုင်🤝
#တရုတ်မြန်မာမြန်မာတရုတ်ကုန်ပစ္စည်းတာဝန်ယူသယ်ဆောင်ပေးပါသည်🚛🛳️✈️

13/02/2025
06/11/2024

🇨🇳Myanmarကနေ 🇲🇲Chinaပို့ရင်စျေးအရမ်းကြီးတဲ့တွက်ကြောင့်ကျွန်တော်လက်မခံတာပါ..တကယ်အရေးကြီးမဖြစ်မနေပို့ရမဲ့ပစ္စည်းတွေသာပို့ပါ✈️✈️

04/11/2024

ကုန်းလမ်းတွေဘက်တော့ခြေနေကြာအုံးမယ်ထင်ပါတယ်ဗျ …✈️✈️Airနဲ့သယ်လို့ရတဲ့ပစ္စည်းတွေ စျေးနိုင်ရင် Airနဲ့တင်ကြပါလို့အကြံပြုချင်ပါတယ်✈️✈️

30/10/2024

အလိမ်အညာတွေသတိထားဖို့ပါ

လမ်းပိတ်တာကိုအခွင့်အကောင်းယူပြီးလိမ်စားတာတွေရှိနေပါတယ်…

အခုချိန်မှာလူတိုင်းကပစ္စည်းထုတ်ချင်ကြတော့ ပစ္စည်းထုတ်ပေးတယ်ဘာညာတွေပြောရင်မယုံကြဖို့ပါ

သေချာလေ့လာကြပါလို့သတိပေးချင်ပါတယ်ခဗျ🤝



🇨🇳🇲🇲

27/10/2024

ဒီချိန်မှာတော့ ကုန်းလမ်းတွေတော့ စောင့်ကြရုံကလွဲပြီး ကျွန်တော်တို့ဘာတတ်နိုင်မှာလဲဗျ…..🇨🇳🇲🇲

✈️✈️Airနဲ့တင်လို့ရတဲ့ပစ္စည်းတွေတောင် အကန့်အသတ်နဲ့လက်ခံရတယ် ပစ္စည်းတွေများလို့ပါ📦📦

Want your business to be the top-listed Beauty Salon in Guangzhou?
Click here to claim your Sponsored Listing.

Category

Website

Address


Guangzhou