ELIZA Prestige Lounge
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ELIZA Prestige Lounge, Skin Care Service, Ranchi.
12/01/2023
အားလုံးရဲ့အချစ်တွေနဲ့ Eliza Skin Republic ဆရာစံဆိုင်ခွဲသစ်လေးက သက်တမ်းတစ်နှစ်ပြည့်ခဲ့ပါပြီ 🎊🥳 ဒီနေ့ ဆရာစံဆိုင်ခွဲမှာ တစ်နှစ်ပြည့်နေ့အထူးအစီအစဉ်တွေကို အတူတူပါဝင်ပေးခဲ့ကြလို့လည်း ကျေးဇူးတင် ပီတိဖြစ်ရပါတယ် 🥰
တစ်နှစ်ပြည့်မှ နောက်နှစ်များစွာတိုင် ချစ်သော Customer များနဲ့အတူတူဖြတ်သန်းနိုင်ဖို့ မျှော်လင့်ရင်း စဉ်ဆက်မပြတ် အားပေးခဲ့ကြတဲ့ Customer အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေနော်
23/05/2022
Eliza Skin Republic ရဲ့ VIP card နဲ့ Reward card လေးတွေ ကိုယ်စီရှိပြီးကြပြီလား ???
Eliza ရဲ့ အမြဲတမ်း Customer တွေအတွက် VIP card လေးတွေကို ဆိုင်ဖွင့်စထဲက ၁ သိန်းဖိုးပြည့်တိုင်း ပေးခဲ့တယ်နော်။ နောက်ပိုင်းမှာ VIP Card အပြင် ကိုယ်သုံးသလောက် stamp လေးတွေနဲ့ အကွက်လေးတွေပြည့်တိုင်း reward ရမယ့် Reward card လေးတွေကိုပါ ထပ်ပြီးထုတ်ပေးခဲ့ပါတယ်။
Eliza ရဲ့ VIP card မှာ Terms & Conditions လေးတွေရှိပါတယ်နော်။
- VIP card holder တွေက အမြဲတမ်း 20% OFF Discount for Facial Treatments နဲ့ 10% OFF for Skincare products ခံစားခွင့် ရှိပါတယ်။
- VIP card member နဲ့အတူ Facial Treatment လာလုပ်မယ့် VIP မဟုတ်တဲ့သူတွေကတော့ 15% OFF for facial treatment ရရှိမှာပါနော်။ အဲလို သူငယ်ချင်း ၁ ယောက်တိုင်းအတွက် VIP card member ကတော့ 5% စီ ထပ်တိုးပြီး ရမှာပါရှင့်။
- အတူ Facial Treatment လိုက်လုပ်မယ့်သူ ၁ ယောက်ချင်းစီအတွက် VIP Card member က ပြန်ရရှိမယ့် 5% တွေကို တခါထဲသုံးနိုင်သလို၊ စုထားပြီး နောက်မှပေါင်းသုံးရင်လည်း ရပါတယ်။
- ကိုယ့်မှာ VIP card မရှိပေမယ့် သူငယ်ချင်းရဲ့ VIP card နဲ့ skincare ၀ယ်မယ်ဆိုရင်တော့ 5% OFF ရရှိမှာပါနော်။
Reward Card ကတော့ Eliza မှာ Facial Treatment လာလုပ်တဲ့ ဘယ် Customer မဆို ၂ သောင်းဖိုးပြည့်တာနဲ့ Stamp ၁ ခု ဖြည့်ပေးမယ့် Card လေးပါ။
- Stamp 5 ခုပြည့်ပြီဆိုရင် VIP card ကို ရရှိနိုင်ပါပြီ။ အဲဒါအပြင် နောက်တကြိမ် Facial Treatment လုပ်တဲ့အခါ အသုံးပြုနိုင်မယ့် ၁၀၀၀၀ ကျပ်တန် coupon ကိုလည်း ရရှိမှာပါ။
- ဒုတိယအကြိမ် stamp 5 ခုထပ်ပြည့်ရင်တော့ 35000 တန် Complete Facial Treatment ၁ ကြိမ်စာကို Free ရရှိမှာပါနော်။
- တတိယအကြိမ် stamp 5 ခု ပြည့်ခဲ့ရင် Complete Facial Treatment ၁ ကြိမ်အပြင် ၁၀၀၀၀ ကျပ်တန် coupon ကိုလည်း ထပ်ရဦးမှာပါ။
ဒါ့အပြင် Reward Card တွေကို Level 2, 3, 4 & 5 ဆိုပြီး အသစ်ထပ်တိုးပေးထားလို့ အသေးစိတ်ကို ဒီ Link လေးတွေကနေလည်း ကြည့်နိုင်ပါတယ်နော်။
https://www.facebook.com/761646583993388/posts/1401001200057920?sfns=mo
https://www.facebook.com/761646583993388/posts/2212580675566631/?sfnsn=mo
Promotion အစီအစဉ်တွေက တစ်ခုနဲ့တစ်ခု ပေါင်းသုံးလို့တော့ မရပါဘူးနော်။ Eliza မှာ လစဉ်ပြုလုပ်ပေးတဲ့ Promotion လေးတွေလည်း ရှိတတ်လို့ .. Card Promotion နဲ့ တခြား promotion နဲ့ယှဉ်ကြည့်ပြီး ကိုယ့်အတွက် ပိုရမယ့် Promotion ကို Eliza ရဲ့ Cashier မှာ တိုင်ပင်ပြီးတော့ ရွေးချယ်နိုင်ပါတယ်ရှင်။
VIP Customer တွေအတွက် VIP Member Day လေးတွေက Surprise ရှိတတ်တာမို့ Page လေးကို See First လုပ်ပြီး စောင့်ကြည့်ပေးနော်။
အကောင်းမွန်ဆုံး ဝန်ဆောင်မှု အသက်သာဆုံး ဈေးနှုန်းတွေ နဲ့ ဝန်ဆောင်မှုပေးနေတဲ့ ELIZA မှာ Facial Treatment ပုံမှန်လုပ်ရင်း အသားအရေလှပဖို့အတွက် ရင်းနှီးမြှုပ်နှံကြစို့နော်။
▪️▪️▪️
ELIZA (Sayarsan)
လိပ်စာ - အမှတ် (၄၂ အေ) ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-441696672
Open Daily - 9:00 am – 7:00 pm
ELIZA (Sanchaung)
လိပ်စာ - အမှတ် (၄၀)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-444926276
Open Daily - 9:00 am – 7:00 pm
ELIZA (Waizayantar)
လိပ်စာ - အမှတ် ၉၇(A)၊ ဝေဇယန္တာလမ်း၊ သစ္စာလမ်းနှင့်ပါရမီလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Hotline - 09 447420811, 09 447420815
Open Daily - 9:00 am – 7:00 pm
ELIZA (Mandalay)
လိပ်စာ - အမှတ် ၂၅၇၊ ၃၃ လမ်း (၈၃ x ၈၄)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
Hotline - 09 427666411
Open Daily - 9:00 am – 7:00 pm
10/05/2022
ဒီတစ်ပတ်မှာတော့ ELIZA ချစ်သူတွေအတွက် လွယ်မလိုလိုနဲ့ ခက်တဲ့ Combination skin ထိန်းသိမ်းနည်းအကြောင်း ပြောပြပေးချင်ပါတယ်။ မျက်နှာတစ်ခုတည်းမှာ အဆီပြန်တဲ့နေရာရော ပုံမှန်/အသားခြောက်တဲ့နေရာရော ရှိနေတာဖြစ်ပါတယ်။ အဆီပြန်တာလည်းသက်သာရမယ် အသားအရေကိုလည်း စိုပြေစေရမယ်ဆိုတော့ အထူးဂရုစိုက်ပြီး Treatment လုပ်ဖို့လိုလာပါပြီ။ ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ဆင့်ချင်းဖတ်ကြည့်ရအောင်
✔️Skincare step တွေရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Cleansing step လေးနဲ့ အရင်စမယ်နော်။ Cleansing water နဲ့ တစ်နေကုန် လိမ်းထားသမျှ မိတ်ကပ်နဲ့ အညစ်အကြေးတွေ အရင်သန့်စင်ပါမယ်။ ဘာမှမလိမ်းထားဘူးဆိုရင်တောင် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ကပ်နေနိုင်တာမို့ Clansing water က သုံးကိုသုံးပေးရပါမယ်ရှင်
✔️ပြီးရင် မျက်နှာသစ်ပါမယ်။ Combination skin ဖြစ်တဲ့အတွက် နူးညံ့တဲ့ Honey Facial Foam, Honey Cleansing Gel လိုမျိုး သုံးပေးနိုင်ပါတယ်။ Heavy makeup on တာများလို့ မျက်နှာညစ်နေတယ်လို့ ခံစားရရင် Daily Scrub Foam ကို သုံးပေးပါရှင်
✔️မျက်နှာသစ်ပြီးပြီဆို Toner နဲ့ထပ်ပြီး သန့်စင်ပါမယ်။ Combination skin အတွက်ဆို Essential Toner နဲ့ Centella Toner ကို အသုံးပြုနိုင်ပါတယ်။ Essential Toner က Alcohol free ဖြစ်ပြီး ဝက်ခြံ၊ အမာရွတ်တွေကို သက်သာစေတယ်။ Centella Toner က Sensitive skin ကြောင့် နီရဲရောင်ယမ်းတာတွေကို လျှော့ချပေးနိုင်ပါတယ်။
✔️Exfoliate အပျော့စား သဘောမျိုး လုပ်ချင်တယ်၊ Physical Chemical Exfoliate သီးသန့်လုပ်ဖို့ ဂရုစိုက်အချိန်မပေးချင်ဘူးဆိုရင် Toner ပြီးပြီးချင်း Step မှာ AHA BHA Gel ကို အသုံးပြုပေးပါရှင်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေပြီး ချွေးပေါက်တွေရှင်းပေးတာကြောင့် နောက်လိမ်းမယ့် Skincare အာနိသင် အပြည့်အဝရစေပါတယ်
✔️Toner ပြီးရင် Serum ဆက်သုံးပါမယ်နော်။ Combination skin အတွက် Miracle Drop Serum/ Essential Serum ကို အသုံးပြုလို့ရပါတယ်။ ချွေးပေါက်တွေကို တင်းတင်းရင်းရင်းနဲ့ ပြန်ကျဉ်းစေပြီး အသားအရေကို အားဖြည့်ပေးပါတယ်ရှင်
✔️Serum ပြီးရင် အစိုဓာတ်ထိန်းဖို့ Moisturizer လိမ်းပေးရပါမယ်။ Combination ဆိုတော့ အေးမြတဲ့ Gel type လေးကိုပဲ ရွေးချယ်သုံးပေးပါနော်
✔️Moisturizer ပြီးရင် Skincare အဆင့်အားလုံးပြီးပါပြီ။ Skincare တွေလုပ်ထားပြီး မျက်နှာလေးက နုနေမှာမို့ နေ့ခင်းဘက်ဆိုရင်တော့ နေရောင်ကာ Sunscreen ထပ်လိမ်းပေးဖို့ လိုပါတယ်။ ညဘက်ဆိုရင်တော့ ဒီတိုင်းအိပ်လိုက်ရုံပါပဲရှင်
ဒီအဆင့်တွေအတိုင်း ပုံမှန်လုပ်ပေးသွားမယ်ဆို မျက်နှာလေးက အနာအဆာမရှိ ကြည်လင်ဝင်းပတဲ့ Dream skin လေးဖြစ်လာမှာပါ။ စိတ်ရှည်ရှည်နဲ့ မှန်မှန်လေးသာ ဂရုစိုက်ပေးဖို့ပဲ လိုပါတယ် 😘😘😘
▪️▪️▪️
ELIZA (Sayarsan)
လိပ်စာ - အမှတ် (၄၂ အေ) ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-441696672
Open Daily - 9:00 am – 7:00 pm
ELIZA (Sanchaung)
လိပ်စာ - အမှတ် (၄၀)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-444926276
Open Daily - 9:00 am – 7:00 pm
ELIZA (Waizayantar)
လိပ်စာ - အမှတ် ၉၇(A)၊ ဝေဇယန္တာလမ်း၊ သစ္စာလမ်းနှင့်ပါရမီလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Hotline - 09 447420811, 09 447420815
Open Daily - 9:00 am – 7:00 pm
ELIZA (Mandalay)
လိပ်စာ - အမှတ် ၂၅၇၊ ၃၃ လမ်း (၈၃ x ၈၄)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
Hotline - 09 427666411
Open Daily - 9:00 am – 7:00 pm
01/05/2022
မေလ (၁) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ "အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုပါသည်
30/04/2022
ELIZA ရဲ့ May 2022 Birthday Promotion 🥳🤩
Birthday Month Promotion ကတော့ ဟိုးအရင်ကတည်းက Customer တွေဆိုရင်တော့ သိလောက်ပေမယ့် မသိသေးတဲ့ New Customer တွေအတွက်လည်း ပြန်ပြီး ပြောပြချင်ပါတယ်နော်။ May ဒီလတစ်လလုံးကို Complete Facial Treatment ယူတိုင်း
▫️VIP Member 15000 Ks Off
▫️Reward Customer 10000 Ks Off
▫️New Customer 5000 Ks Off ပေးမှာဖြစ်ပါတယ်။
ဒီ Birthday Promotion လေးအတွက် May လမွေးနေ့ရှင်တွေက မွေးလဖြစ်ကြောင်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ Passport တွေနဲ့ အထောက်အထားပြပေးဖို့အပြင် ကိုယ့်မှာရှိတဲ့ ELIZA Card လေးတွေကိုပါ ပြပေးဖို့တော့ လိုပါမယ်နော်။
Appointment System နဲ့ပဲ လက်ခံမှာဖြစ်တာကြောင့် ကြိုတင်ပြီး Booking လုပ်ပေးဖို့တော့ ထပ်မံမေတ္တာရပ်ခံချင်ပါတယ်။ Promotion တွေကိုလည်း တစ်ခုနဲ့တစ်ခုရော သုံးလို့မရဘူးနော်။
အကောင်းမွန်ဆုံး ဝန်ဆောင်မှု အသက်သာဆုံး ဈေးနှုန်းတွေ နဲ့ ဝန်ဆောင်မှုပေးနေတဲ့ ELIZA မှာ Facial Treatment ပုံမှန်လုပ်ရင်း အသားအရေလှပဖို့အတွက် ရင်းနှီးမြှုပ်နှံကြစို့နော်။
▪️▪️▪️
ELIZA (Sayarsan)
လိပ်စာ - အမှတ် (၄၂ အေ) ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-441696672
Open Daily - 9:00 am – 7:00 pm
ELIZA (Sanchaung)
လိပ်စာ - အမှတ် (၄၀)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-444926276
Open Daily - 9:00 am – 7:00 pm
ELIZA (Waizayantar )
လိပ်စာ - အမှတ် ၉၇(A)၊ ဝေဇယန္တာလမ်း၊ သစ္စာလမ်းနှင့်ပါရမီလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Hotline - 09 447420811, 09 447420815
Open Daily - 9:00 am – 7:00 pm
ELIZA (Mandalay )
လိပ်စာ - အမှတ် ၂၅၇၊ ၃၃ လမ်း (၈၃ x ၈၄)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
Hotline - 09 427666411
Open Daily - 9:00 am – 7:00 pm
17/04/2022
သင်္ကြန်တွင်းမှာတစ်နှစ်တာလုံးရဲ့အမောတွေ စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ခဲ့ကြပြီလား?
ဒီနှစ်သစ်ကို ကိုယ့်ကိုယ်ကိုယ်ပိုချစ် ပိုဂရုစိုက်ပြီး စတင်ကြရအောင်နော်!
ခရီးသွားပြန်လာတဲ့သူပဲဖြစ်ဖြစ် အိမ်မှာပဲနေတဲ့သူပဲဖြစ်ဖြစ် Sunscreen တော့မဖြစ်မနေလိမ်းကြရမယ်နော်။
နေ့ဘက်တွေမှာခြောက်သွေ့သွားတဲ့အသားအရေပေါ် Centella Mist လေးမကြာကြာဖြန်းပေးရင် မျက်နှာလေးက Glow ပြီး လန်းဆန်းနေမှာပါ။
ညဘက်ကျရင် Centella Toner လေးကို ဂွမ်းလေးပေါ်ရွှဲနေအောင်စိမ်ပြီး မျက်နှာပေါ်ကပ်ထားရင်လဲ Instant Soothing Effect ကိုပေးမှာနော်။
Toner ပြီးတာနဲ့ရေဓာတ်ဖြည့်ပေးမယ့် Moisturizer တစ်ခုခုကိုလိမ်းပေးပါ။ ELIZA က Aloevera Gel လေးသုံးမယ်ဆို ခေါင်းအစခြေအဆုံး သုံးလို့ရလို့ အကောင်းဆုံးပဲပေါ့။
ရေမြေနဲ့ ဓာတ်မတည့်လို့ပဲဖြစ်ဖြစ် အဖုတွေထွက်ပြီဆိုရင်တော့ Acne Gel လေးကို ဝက်ခြံဖုလေးတွေပေါ်တို့ပေးနော်။
လုံးဝကိုဇိမ်ခံချင်တယ် မျက်နှာလဲ Glow ချင်တယ်ဆိုရင်တော့ ELIZA မှာ ခရီးကပြန်လာတဲ့သူတွေအတွက်သီးသန့် Post trip Treatment လာလုပ်ဖို့ Booking အမြန်ယူလိုက်တော့။ 🤩
17/04/2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့်ပြည့်စုံစေရန် မဟာရတနာမိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်
မနက်ဖြန် နှစ်ဆန်း၂ရက်နေ့ 18.4.2022 ( Monday ) တွင် Eliza Skin Republic ဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။ Appointment လေးတွေ ကြိုယူပေးဖို့ မမေ့ကြနဲ့နော်။
13/04/2022
အေးချမ်းသာယာသော သင်္ကြန်နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ
12/04/2022
သကြင်္န်ကာလမှာ ကြုံတွေ့ရတဲ့ အသားအရေ ပျက်စီးမှုကို ဘယ်လိုထိန်းသိမ်းကာကွယ်ကြမလဲ? ရာသီဥတု အရမ်းပူတာမို့ ကိုယ့်အိမ်ထဲမှာပဲ ရေကစားမယ်ဆိုရင်တောင် ဒီအချက်လေးတွေကို လိုက်နာပေးပါနော်
✅Sunscreen သုံးပါ
သကြင်္န်ကာလမှာ အများစု ကြုံတွေ့ရတာတော့ နေလောင်ဒဏ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ရေစိုခံတဲ့ Sunscreen ကောင်းကောင်းလေးကို သေချာလိမ်းပေးဖို့ မမေ့ပါနဲ့နော်။ အိမ်ထဲ၊ ခြံထဲ အရိပ်ရတဲ့နေရာမှာ ရေကစားမယ်ဆိုရင်တောင် UV rays တွေနဲ့ ထိနိုင်တာမို့ Sunscreen ကို မဖြစ်မနေ လိမ်းပေးရပါမယ်
✅Skin Soothing Remedy များ ပြုလုပ်ပေးပါ
Sunscreen ဘယ်လိုပဲသုံးသုံး ရေဒဏ်နဲ့ နေလောင်ဒဏ်ကို အချိန်ကြာထိတွေ့ထားရတာမို့ ညဘက်မအိပ်ခင် သခွါးသီးကပ်ပေးတာလိုမျိုး အသားအရေအေးမြစေမယ့် Skin Soothing Remedy လေးတွေ ပြုလုပ်ပေးသင့်ပါတယ်။ လွယ်လွယ်ကူကူ Aloe Vera Soothing Gel လိမ်းပေးတာမျိုးလည်း ရတယ်နော်
✅Peeling နဲ့ Scrub လုပ်တာရှောင်ပါ
နေလောင်ဒဏ်ကြောင့် အသားမဲမှာကြောက်ပြီး Scrubတို့ Peeling တို့ ချက်ချင်းကြီး မလုပ်ပါနဲ့ဦးနော်။ ဒီအချိန်မှာ အသားအရေက အားနည်းပြီး ထိခိုက်လွယ်နေတာမို့ Scrub/ Peeling လုပ်တာက ပိုဆိုးစေပါတယ်။ ရက်ပိုင်းလောက် အနားယူ အားဖြည့်ပြီးမှ Scrub/ Peeling ပြုလုပ်သင့်ပါတယ်။
✅ရေများများသောက်ပါ
ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေဓာတ်ဆုံးရှုံးနေနိုင်ပါတယ်။ ရေများများသောက်ပေးဖို့လည်း မမေ့နဲ့နော်။ အပြင်ပိုင်းက အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းတာအပြင် အတွင်းပိုင်းက ရေဓာတ်ဖြည့်ဖို့ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်
✅Cleansing သေချာလုပ်ပါ
မသန့်ရှင်းတဲ့ရေ၊ နေလောင်ဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့် ဝက်ခြံနဲ့ အခြားအသားအရေ ပြဿနာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေကစားပြီးတာနဲ့ မျက်နှာကို Cleansing သေချာလုပ်ပေးဖို့ မမေ့ပါနဲ့နော်
▪️▪️▪️
ELIZA (Sayarsan)
လိပ်စာ - အမှတ် (၄၂ အေ) ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-441696672
Open Daily - 9:00 am – 7:00 pm
ELIZA (Sanchaung)
လိပ်စာ - အမှတ် (၄၀)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-444926276
Open Daily - 9:00 am – 7:00 pm
ELIZA (Waizayantar)
လိပ်စာ - အမှတ် ၉၇(A)၊ ဝေဇယန္တာလမ်း၊ သစ္စာလမ်းနှင့်ပါရမီလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Hotline - 09 447420811, 09 447420815
Open Daily - 9:00 am – 7:00 pm
ELIZA (Mandalay)
လိပ်စာ - အမှတ် ၂၅၇၊ ၃၃ လမ်း (၈၃ x ၈၄)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
Hotline - 09 427666411
Open Daily - 9:00 am – 7:00 pm
11/04/2022
နှစ်သစ်ကူး ဆိုင်ပိတ်ရက် ကြေငြာခြင်း ❗
Eliza Skin Republic (ဆရာစံဆိုင်ခွဲ) ကို Skincare ဝယ်ချင်သူများအတွက် 15th April ထိဖွင့်လှစ်ထားပါတယ်။ကျန်ဆိုင်ခွဲများအားလုံးကို 13th April မှ 17th April အထိ ပိတ်ပါတယ်နော်။ 18th April မှာ ဆိုင်ခွဲများအားလုံးပြန်ဖွင့်ပါမယ်။
09/04/2022
Nann Myat ရဲ့ သင်္ကြန်အကြို Live Sales လေးမှာ Eliza Skin Republic ရဲ့
▪️ Skincare Treatment တွေအကြောင်းပြောမယ်
▪️ Skincare Product တွေကို လုံးဝမထင်ထားတဲ့ Crazy Deals တွေနဲ့ရောင်းမယ်
ဒါကြောင့် Sunday နေ့ခင်းနေ့လည် အချိန် ၁နာရီရတယ်ဆိုရင် ကော်ဖီလေးဖျော် ဖုန်းလေးအားသွင်းပြီး နန်းမြတ်နဲ့အတူတူ ဆုံရအောင် 3PM မှာ ဖုန်းကို Alarm ပေးထားလိုက်တော့နော်။
အလုပ်တွေများပြီး ကိုယ့်ကိုကိုယ်ဂရုမစိုက်ဖြစ်တဲ့အခါ ELIZA Skin Republic ကိုလာပြီး Me Time လေးပေးဖြစ်တယ်ဆိုတဲ့ နန်းမြတ်ရဲ့ Red Carpet Ready Treatment လေးလုပ်ရ
တဲ့ Experience နဲ့ Feedback လေးကိုတူတူကြည့်လိုက်ကြရအောင်နော် ❤️
Feedback ကောင်းတွေရထားတဲ့အပြင် တစ်ကြိမ်လုပ်ပြီး နောက်တစ်ကြိမ်အတွက် အမြဲကြိုဝယ်သွားကြလောက်အောင် သဘောကျနှစ်ခြိုက်ကျတဲ့ Red Carpet Ready - Premium Treatment အသစ်လေးကို ELIZA Skin Republic (Sayarsan Branch) ဆိုင်မှာ reservation လေးကြိုတင်ပြုလုပ်ပြီး လာရောက်ရယူနိုင်ပါပြီ။
▪️▪️▪️
ELIZA (Sayarsan)
လိပ်စာ - အမှတ် (၄၂ အေ) ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Hotline - 09-441696672
Open Daily - 9:00 am – 7:00 pm
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ranchi
11201
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |