Moe
Changes
15/08/2026
မိုးလင်းတော့
အရှေ့အရပ်က လှတယ်။
မိုးချုပ်တော့
အနောက်အရပ်ကလှတယ်။
မင်းလှတာကြတော့
တစ်နေ့လုံး ဘယ်အချိန်ငေးငေး။
#ဝင်းမြင့်
တချို့မေတ္တာတရားတွေက
အသံမထွက်ပေမယ့်
ယုံကြည်လို့ရတယ်
အပြည့်အဝချစ်ပေးလည်း
ဘာထိခိုက်နာကျင်မှုမှမရှိဘူး ။
#ဖားစည်ရည်ကျော်
အသက်ကလည်း မငယ်တော့
အရွယ်ကလည်း ရင့်ပြီ
ကိုယ့်ရင် ကိုယ်ဖွင့်ကြည့်မိတော့ အံ့အားသင့်စရာ
ပန်းခြောက်လေး တပွင့်တောင်မှမရှိ။
- လှသန်း
ကိုယ် ဗေဒင်တွေ
မေးဖြစ်တယ်။
ဗေဒင်ဆရာတွေက
မင်းနဲ့ကိုယ်
မပေါင်းရဖူးတဲ့။
ခု တားရော့ဘက်
ပြောင်းမေးနေပြီး ။
-ဥက္ကာ
03/08/2026
ဘုရားကျောင်းကန် သွားကြပါရဲ့
တရားဓမ္မ ပျောက်နေတဲ့မြေ၊
'ဩကာသ’ ဆိုတာ၊ နှုတ်ဖျားက သံစဉ်တစ်ခုပဲလား
တစ်ကိုယ်ကောင်းဆန္ဒ၊ ကိုယ်ချင်းစာစိတ်မရှိ၊
ဒီလို လူကြီးတွေရဲ့၊ ရိပ်မြုံထဲမှာ
လူငယ်တွေ...
လူကောင်းဖြစ်ဖို့၊ ဝေးခဲ့ရပေါ့။
_မောင်ဟေမာ
14/07/2026
စိတ်ထဲက အသံတွေကိုကြားရဖို့
နားရွက်တွေမလိုဘူး
နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ ။
#ဂန္ဓမာ
14/07/2026
မမှားအောင် နေရုံနဲ့
လူပီသတယ် ပြောမရဘူး
တရားသော အလုပ်ကို
နှလုံးသားနဲ့ လုပ်ဝံ့ပါမှ
လူတစ်ယောက်လို့ သတ်မှတ်ရတယ်။
သူလိုကိုယ်လို
ရင်ခုန်တတ်ရုံလောက်နဲ့
လူပီသတယ်ဆိုပြီး
လက်ခမောင်းမခတ်ပါနဲ့
လူကြီးမင်း ။ ။
#ခွန်ဟိဏ်း ( ရေစကြို )
07/07/2026
တစ်ချို့ပုံပြင်ဟောင်းတွေကျတော့လည်း
ဘယ်ချိန်ပြန်ဖတ်ဖတ် အနုပညာဆန်နေတာမျိုး ။
#မောင်ဟေမာ
02/07/2026
အရှေ့ကိုသွားပေမယ့်
အနောက်မှာ ကျန်ခဲ့တဲ့အတိတ်ကလည်း
ပြန်ငေးတိုင်း လှနေဆဲ
အမှတ်တရထဲ မင်းပါလို့ ထင်ပါရဲ့။ ။
#ဆန်းကျော်စွာဝင်း
တိတ်ဆိတ်နေတဲ့သူတိုင်း
ပြောစရာ
မရှိတာ မဟုတ်ဘူး။
နားထောင်မယ့်သူ
မရှိတော့လို့။
-ဂျိန်းစ်
Click here to claim your Sponsored Listing.
Category
Website
Address
Ranchi