Fatma Nawab Makeup Artist
♥️အဆင်ပြေပါစေ ချစ်သူရယ်❤️
09/07/2025
၊🤍🤍 #ကင်ဆာကြောင့်မသေနိုင်ပါ...
( ထပ်ဆင့်မျှဝေပေးခြင်း )
ကင်ဆာကြောင့် မသေနိုင်ကြတော့ပါဘူးဟု
ဒေါက်တာ Gupta က ပြောတယ်...
ကိုယ့်ကိုကိုယ်သာ သေချာဂရုစိုက်ပေးနိုင်ရင် ဘယ်သူမှ ကင်ဆာကြောင့် သေစရာမလိုတော့ပါဘူးတဲ့ ....
- ပထမအဆင့်က
#သကြားလုံးဝမစားပါနဲ့ ....
ရှောင်ပါ ...
အဲဒါကင်ဆာဆဲလ်က အလိုလိုသေသွားပါလိမ့်မယ်....
- ဒုတိယအဆင့်က
#အစာမစားခင်မှာ #သံပုရာတစ်လုံးကို
#ရေနွေးနဲ့Blendလုပ်ပြီးသောက်ပါ
တစ်လ ကနေ သုံးလခန့် သောက်ပေးပါ ...
Maryland College of Medicine ရဲ့ Research အရ အဲလိုသောက်ပေးတာက ကင်ဆာဆဲလ်ကို ဓာတ်ကင်ကုသတာထက် အဆတစ်ထောင် ကောင်းတယ်တဲ့....
- တတိယအဆင့်က
#အုန်းဆီစစ်စစ် #သုံးဇွန်းကို
#မနက်တစ်ခါ #ညတစ်ခါသောက်ပေးပါ....
ကင်ဆာဆဲလ် အလိုလို ပျောက်သွားပါလိမ့်မယ်..
အဲဒီကုသနည်း နှစ်ခုကို သကြားလုံးဝရှောင်ပြီးတဲ့
နောက်ပိုင်းမှာ လိုက်နာနိုင်ပါတယ်...
ဖိုသီဖတ်သီနေရင်တော့ ကင်ဆာဆဲလ်က သင့်ကို အနိုင်ယူသွားပါလိမ့်မယ်...
"ဒီဆေးနည်းက ကျွန်တော် ဖြန့်ဝေနေတာ ငါးနှစ်ရှိသွားပါပြီ ...
ဒါဆေးနည်းက ကင်ဆာကြောင့် အသက်ဆုံးရှုံးရတော့မဲ့ သူတွေအတွက် အလွန်အကျိုးရှိမှာပါ ...
တခြားသူတွေ သိအောင်လည်း ပြန်လည်မျှဝေပေးပါ."...လို့ Post မူရင်း စတင်ပေးသူက ပြောထားပါတယ်...
17/06/2025
နှလုံးသား အပိုမပါလို့
တစ်ယောက်ထဲနဲ့ လုံလောက်တယ်
အပိုပါခဲ့ရင်လည်း မင်းကိုပဲ နှစ်ခါချစ်မယ်
အပျော်လည်းမတွဲချင်ဘူး မင်းတစ်ယောက်ထဲကိုပဲ
အချိန်အကြာကြီးချစ်ပြီးမင်းနဲ့ပဲ လက်တွဲသွားချင်တယ်
ပြောင်းလဲဖို့စိတ်ကူးမရှိဘူး
နောက်တစ်ယောက်လည်းမရှာဘူး
ထားသွားဖို့လည်းစိတ်ကူးမရှိဘူး
မင်းရှိနေရုံနဲ့ ဘဝကပြည့်စုံတယ်
ရှေ့ဆက်လည်းမင်းတစ်ယောက်ထဲကိုပဲ
သစ္စာရှိပြီး ဆက်ချစ်သွားမယ်
အသက်ရှူမရပ်သ၍ပေါ့ အချစ်ရယ်
🌻🥀
#အချစ်စာတို
17/06/2025
အိမ်ထောင်ရေး သက်တမ်း
ခိုင်မြဲအောင် ဒီအချက်တွေကိုရှောင်
💚💚💚💚💚💚
၁။ လူရှေ့ သူရှေ့ မရှောင်
အိမ်ထောင်ဖက်ကို အပြစ်တင်ခြင်း။
🍎🍎🍎🍎🍎🍎
လင်နဲ့ မယားဆိုတာ
လျှာနဲ့ သွားပါ။
အိမ်ထောင်သက် ရလာတာနဲ့အမျှ
အထစ်အငေါ့လေးတွေတော့
ရှိတတ်ကြပါတယ်။
လူရှေ့သူရှေ့ မရှောင် တဘက်သားကို
အပြစ်တင် ရန်ထောင်ရင်တော့
ရန်ပွဲပဲ ဖြစ်လာမှာပါ။
အဲဒီလို ရန်ဖြစ်တာဟာ
ပြဿနာကို ပြေလည်အောင်
မဖြေရှင်းနိုင်တဲ့အပြင် မီးလျှံထဲကို
ဓါတ်ဆီ လောင်းထည့်လိုက်သလို
ဖြစ်သွားတတ်ပါတယ်။
💚💚
နောက်ဆုံးကျရင်
ဘယ်သူမှ အလျော့ပေးလို့ မရတဲ့
အနေအထား ရောက်သွားတတ်ပြီး
ခက်ခဲသွားပါတယ်။
ဒါကြောင့်မို့လို့
လင်မယား မှတ်ထားရမှာက
မည်သူရဲ့ ရှေ့မှာမဆို
အိမ်ထောက်ဖက်ကို အပြစ်တင်မိတာမျိုး
လုံးဝ ရှောင်ကြဉ်ပါ။
💜💜
လက်ဝါးတစ်ဘက်ထဲ ဘယ်တော့မှ
လက်ခုတ်တီးလို့ မရပါဘူး။
၂။ သားသမီးရှေ့မှာ ရန်ဖြစ်ခြင်း။
💙💙💙💙
မိဘဆိုတာ…
သားသမီးရဲ့ အားကိုးရာဖြစ်သလို
ခိုလှုံရာလည်း ဖြစ်ပါတယ်။
လင်မယားနှစ်ယောက်
ပြဿနာတစ်ခုခု ရှိခဲ့ရင်
သား သမီးကို ရှောင်ပါ။
လင်မယား ရန်ဖြစ်တယ်ဆိုတာ
လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။
မိဘရန်ဖြစ်တာကို
ကလေးတွေ တွေ့သွားရင်
ကလေးတွေရဲ့ အတွင်းစိတ်ကို
ထိခိုက်သွားနိုင်သလို
သူတို့ရဲ့ အနာဂတ်
အိမ်ထောင်ရေးအပေါ် ထားရှိတဲ့
စိတ်ထားကိုပါ ထိခိုက်နိုင်ပါတယ်။
💚💚💚
တကယ်လို့ သားသမီးများဟာ
အိမ်မှာ သာယာတဲ့ အရသာကို
မခံစားရဘူးဆိုရင် ...
နောင်မျိုးဆက် တစ်ခုလုံးကို
ထိခိုက်သွားစေနိုင်ပါတယ်။
၃။ အိမ်ထောင်ဖက်
နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း။
💜💜💜💜
အိမ်ထောင်ဖက် တစ်ဦးဦးက
နာမကျန်းဖြစ်နေရင်
စိတ်ဓါတ်ကျပြီး
စိတ်ဆိုးလွယ်တတ်လေ့ ရှိပါတယ်။
အဲဒီအချိန်မှာ ရန်ဖြစ်မိရင်
အိမ်ထောင်ရေးကို
လုံးဝ ထိခိုက်သွားနိုင်ပါတယ်။
၄။ အနာဟောင်း ပြန်ဖော်ခြင်း။
🍎🍎🍎🍎🍎🍎🍎🍎🍎
ရန်ဖြစ်တိုင်း
အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
မမှားတဲ့ ရှေ့နေ မသေတဲ့ ဆေးသမား
မရှိ ဆိုသလို လူတိုင်းကိုယ်စီ
တစ်ခုခု မှားဖူးတတ်ကြစမြဲပါ။
အနာဟောင်းကို
လက်ကိုင်တုတ် အဖြစ်
ခဏခဏ ထုတ်သုံးရင်တော့
အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့
ခက်ခဲသွားတတ်ပါတယ်။
၅။ အိမ်ထောင်ဖက်၏
မိဘနဲ့ အိမ်သားများကို
ထိခိုက်စေသော စကားများ။
🍎🍎🍎🍎🍎🍎
ရန်ဖြစ်တယ်ဆိုတာ…
တစ်ခုခုအပေါ် မကျေနပ်လို့
သဘောမတူနိုင်လို့ ဖြစ်ပါတယ်။
အဲဒီကိစ္စ အပေါ်သာ
အချေအတင် ငြင်းခုန်သင့်ပါတယ်။
အိမ်ထောင်ဖက်ရဲ့ မိဘနဲ့
မိသားစုကို စောင်းပြောတာမျိုး
ထိခိုက်စေတဲ့ စကားလုံးမျိုးကို
လုံးဝ ရှောင်ကြဉ်ရမှာပါ။
၆။ ပစ္စည်း လွင့်ပစ်တတ်တဲ့အကျင့်။
✅✅✅✅✅✅
ရန်ဖြစ်ပြီဆိုမှတော့
နဂိုကတည်းက
အသံက ကျယ်လောင်ပြီးသား၊
ပစ္စည်းလွင့်ပစ်တဲ့ အသံ၊
ခုန်ထုတဲ့ အသံ၊
ပစ္စည်းကျကွဲသွားတဲ့ အသံတွေနဲ့
ရောသွားရင် ပွဲအများကြီး
ပိုကြမ်းသွားတတ်ပါတယ်။
ချစ်လို့ ယူထားကြတာပဲ၊
ပစ္စည်းလွင့်ပစ်လို့
ကျကွဲတယ်ဆိုတာ
နှလုံးသား ကျကွဲတာနဲ့
တူတတ်ပါတယ်။
၇။ စိတ်နာစေတဲ့
စကား အသုံးအနှုန်းများ။
💚💚💚💚💚💚💚
စိတ်ဆိုးအောင် လုပ်လို့ရတယ်။
စိတ်နာအောင် မလုပ်ကြပါနဲ့။
စိတ်နာစေတဲ့ စကားမျိုးကို
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
ရှင့်ကို အားကိုးလို့ကတော့
သူတောင်းစားပဲ ဖြစ်သွားမှာ။
သူများယောက်ျားတွေကို
ကြည့်ပါဦး။ ပိုက်ဆံရှာတာ
ဘယ်လောက် တော်သလဲ-?
ရှင်နဲ့တစ်စက်ကလေးမှ မတူဘူး
စတဲ့ စကားမျိုးကို မပြောဆိုရပါ။
၈။ သေတာနဲ့ ချိန်းခြောက်ခြင်း။
✅✅✅✅✅✅✅✅✅
ငါ အသက်ရှင်နေတာ
ဘာထူးသေးလဲ-?
ငါ အသက်မရှင်ချင်တော့ဘူး။
ငါ မင်းကို သေပြမယ် စသည်ဖြင့်
သေတာနဲ့ ချိန်းခြောက်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
၉။ လက်ပါခြင်း။
💚💚💚💚💚
ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး
ကိုယ့်လက်ကို
လုံးဝ ထိန်းချုပ်ထားရပါမယ်။
တစ်ချက် ရိုက်မိသွားရင်
ချစ်ခဲ့သမျှ အတိုးရော အရင်းပါ
ဆုံးရှုံးသွားနိုင်ပါတယ်။
ပြင်ပက ဒဏ်ရာဟာ
ကုစားရ လွယ်သလောက်
စိတ်တွင်းက ဒဏ်ရာကို
ဖျောက်ပစ်ဖို့တော့ မလွယ်လှပါ။
၁၀။ ကွဲမယ်ဆိုတဲ့ စကား
အလွယ်တကူ သုံးခြင်း
💙💙💙💙💙💙💙
ဘယ်သူပဲ ဖြစ်ဖြစ်
စိတ်ဆိုးတဲ့ အခါ
ဖြစ်ချင်ရာဖြစ် ဆိုတဲ့စိတ်မျိုး
ဝင်တတ်ပါတယ်။
ကွဲမယ်ဆိုတဲ့ စကားဟာ…
အင်မတန်မှ ကြောက်စရာကောင်းတဲ့
နိမိတ် ဖြစ်တတ်ပါတယ်။
နောက်ဆုံး ပြောချင်တာကတော့
ရန်မဖြစ်တာ အကောင်းဆုံးပါ။
အချစ်ဆိုတာဟာ ...
အိမ်ထောင်သက် ကြာလာတာနဲ့အမျှ
ရင်ခုန်တာတွေ၊ ဓါတ်လိုက်တာတွေ
တဖြည်းဖြည်း ပျောက်ကွယ်သွားပေမယ့်
တစ်ဦးအပေါ် တစ်ဦး
ဆက်ပြီး တန်ဖိုးထားနေသေးခြင်းကို
ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်။
✅✅✅✅✅✅✅✅✅✅
16/06/2025
အဆင်ပြေရဲ့လားလို့
တစ်ချက်မေးတိုင်း
မေတ္တာတစ်ပွင့်တိုးတယ်။
ဂရုစိုက်ပါလို့
တစ်ခါပြောတိုင်း
သံယောဇဉ်တစ်ခါဖြစ်တယ်။
နေကောင်းရဲ့လားလို့
တစ်ကြိမ်မေးတိုင်း
ပီတိတစ်ခါဖြစ်တယ်။
ဘဝမှာတန်ဖိုးထားစရာအကောင်းဆုံးက
လေးနက်သက်ဝင်မှုတွေပါတဲ့
ချစ်ခြင်းတရားပဲ။
🌻❤️🌻
#အချစ်စာတို
08/06/2025
ငါ့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တဲ့ အမျိုးသား။
စိတ်ညစ်စရာတွေကို မေ့မေ့ဖျောက်ဖျောက် အိပ်မောကျစေတယ်။ ပျော်အောင်ထားတယ်။ စိတ်ချမ်းသာအောင် ပျိုးထောင်ပေးတယ်။
ငါ့ဆန္ဒတစ်ခုတိုင်းအတွက် သူ့ဘဝကို ပုံအပ်ထားတယ်။ ငါ ဘာဖြစ်ချင်တာလဲ ? ဘာကို အလိုမကျတာလဲ ? ပြောစရာမလိုအောင် အရိပ်အကဲ နားလည်တဲ့သူ။ တစ်ခုခုဆို ချော့ဖို့ ဝန်မလေးပဲ
ငါ ဆိုးသမျှလဲ သည်းခံနိုင်တဲ့ အမျိုးသား။
တော်တော်လေးကို ကောင်းတဲ့လူပါ။
ငါက ပြန်ပေးနိုင်တဲ့ အချစ်တစ်ခုတည်း အတွက်
ငါ့ကို ဘယ်လိုချစ်ပေးရမလဲ သူ့ခေါင်းထဲမှာ
အမြဲ ရှိတယ်။
💛🌻
07/06/2025
ချစ်ခြင်းမေတ္တာမှာ
ဒုတိယအကြိမ်ဆိုတာ မရှိဘူး
ချစ်မြဲ ချစ်နေတာရယ်
ဆက်မချစ်နိုင်တော့တာရယ်ပဲ ရှိတယ်
ဒါ့ကြောင့်ပဲ
တချို့လူတွေက စောင့်မြဲစောင့်နေပြီး
တချို့လူတွေက ဘယ်တော့မှပြန်မလာကြတော့တာ
🌻🤍
Sn
05/06/2025
ချစ်ပါတယ်ဆိုမှကွယ် သေချာပေါက် ပိုင်ဆိုင်ချင်တာပေါ့။
အဝေးကလဲ မငေးနိုင်ဘူး။ဘယ်သူ့ကိုမှလဲ မပေးနိုင်ဘူး။
အချစ်ဟာ ကိုယ့်ကြိုးကလေးပဲ။
မောင့်လက်ကောက်ဝတ်မှာပဲ ချည်ရမယ်။
🌻🤍
04/06/2025
ကျွန်တော် သင်ခန်းစာတစ်ခုရလိုက်တယ်
ဘဝမှာ ဘယ်ဟာကိုမှ အတင်းလုပ်မယူဖို့ပဲ
အထူးသဖြင့် လူတစ်ယောက်ရဲ့ Attention ၊
အချစ်၊ သံယောဇဉ်၊ သစ္စာရှိမှု၊ သိတတ်မှုတွေ
အဲ့ဒါတွေက အတင်းလုပ်ယူဖို့လည်း မတန်ဘူး
တွန်းအားပေးလို့ဖိအားပေးလို့ ရလာခဲ့ရင်လည်း
ကြာကြာမခံဘူး။
မပေးရင်မယူနဲ့ ...
ပေးရင်ယူလိုက် မငြင်းနဲ့ ...
အဲ့လိုလေးနေတာပဲ အဆင်ပြေတယ် ။
🖤🍀
02/06/2025
ချစ်မိတာကို နောင်တ မရဘူး။
ချစ်လို့မဝတာကိုပဲ နားမလည်ဖြစ်ရတယ်။
လူတစ်ယောက်ကိုချစ်ရတာ ဒီလောက်တောင် ပျော်ဖို့ကောင်းရလား။
ကမ္ဘာ့အနွေးဓာတ်လေးကို အမှတ်မထင် တွေ့ရှိ။
ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံးဟာ ငါ့မိဘတွေပြီးရင် မင်းဖြစ်တယ်။
🌻💚
31/05/2025
ကိုယ့်ကိုယုံပါ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုယုံပါ
ဒီကမ္ဘာမှာမင်းကိုပစ်မသွားတဲ့သူဟာ
ကိုယ်ဘဲဖြစ်တယ်
နေ့ရက်တိုင်းကိုခေါ်သွားချင်တယ်အချစ်ရယ်
🌻🤍
#ခက်နှောင်
29/05/2025
တစ်နှစ်ပဲဖြစ်ဖြစ်၊ငါးနှစ်ပဲဖြစ်ဖြစ်
တစ်ကယ်ချစ်ရင်တော့ စောင့်ကြတာပါပဲ။
အချိန်တွေကြာတဲ့အထိ စောင့်နေတယ်ဆိုကတည်းက
သင့်ကိုတကယ်ချစ်လို့၊တန်ဖိုးထားမြတ်နိူးလို့ပါ။
ဒါကြောင့် တစ်ဖတ်လူရဲ့သစ္စာစောင့်တည်မှုကို တန်ဖိုးထားပေးပါ။
🌻🤍
Click here to claim your Sponsored Listing.
Telephone
Website
Address
Cairo