Healthy & Happy

Healthy & Happy

Share

Fitness | Nutrition | wellness

Empowering women to a healthier version of them with every bite and rep.

My goal is to promote healthy eating habits, weight lifting and help to achieve their fitness goal. I would like to share how to cook fat loss healthy meal.

19/09/2026

Nobody claps for the process. They clap for the results.

They’ll ignore your sacrifice, then ask for your secret when you make it.

But here’s the truth:
Everybody wants the results.
Almost nobody wants the discipline that creates them.. Discipline matters, consistency is king and result don’t cheat..

Keep showing up even if you don’t want to.. Results will follow.

Photos from Healthy & Happy's post 18/09/2026

My healthy lunch

ကြက်ချိုပေါင်းနဲ့ ကြက်ဥ-ရေညှိဟင်းချို

17/09/2026

Credit to original post ..

နာကျင်ရသော အမှန်တရားတခု..

ကိုယ့်ဘဝကိုယ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်မှာ လက်ခုပ်သံကိုမမျှော်လင့်ပါနဲ့။ Behind the scene ကိုဘယ်သူကမှ လာပြီး လက်ခုပ်တီးပေးမှာ မဟုတ်ဘူး။

🥗ကိုယ် diet လုပ်နေချိန်
🥃သူများပါတီမှာ ကိုယ်ကအစား ရှောင်တဲ့အခါ.
🏋️‍♀️Gym သွားတဲ့အချိန်…
😴သူများတွေ ပျော်နေချိန်မှာ ကိုယ်က အိပ်ရာစောစောဝင်ချိန်..

ဘေးလူတွေက “ဒီလောက်တောင် ကြိုးစားစရာလား”
“တစ်ခါတလေပဲ။ တနပ်လောက်စားလိုက်လို့ ဘာမှမဖြစ်ပါဘူး။ တခွက်လောက်သောက်လိုက်လို့ ဘာမှမဖြစ်ပါဘူး” ဆိုပြီး ပြောကြမှာပဲ။

ဒါပေမဲ့ ကိုယ့်ရဲ့စည်းကမ်းအတိုင်း နေ၊စား၊ ကြိုးစားပြီး ရလဒ်ထွက်လာတဲ့အခါကျတော့—

“ဘယ်လိုလုပ်လိုက်တာလဲ?”
“ဘာတွေစားလဲ?”
“ဘာတွေ လုပ်ခဲ့တာလဲ?”
“Tips or secret လေးပြောခဲ့ပါဦး “ဆိုပြီး မေးကြလိမ့်မယ်။

But there is no secret..

စိတ်ဓာတ်ရယ်၊ စည်းကမ်းရယ်၊ စွဲမြဲစွာလုပ်ဆောင်မှူရဲ့ ရလာဒ်ကပဲ စကားပြောသွားတာပါ။

နောက်တစ်ခုက ပိုစိတ်ဝင်စားဖို့ကောင်းတယ်…

ဘယ်လိုလုပ်လဲ၊ ဘာတွေလုပ်လဲဆိုပြီးနည်းလမ်းလာမေးတဲ့ ၁၀ ယောက်မှာ ၉ ယောက်လောက်ကနည်းလမ်းသိသွားပြီးရင်တောင် လိုက်မလုပ်ကြဘူး။

ဘာလို့လဲဆိုတော့—

ရလဒ်ကိုတော့ လူတိုင်းလိုချင်တယ်။
ဒါပေမဲ့ အဲ့ဒီရလဒ်ရဖို့ လိုအပ်တဲ့ စည်းကမ်း၊ အချိန်နဲ့ အနစ်နာခံမှုကိုတော့ လူတိုင်း မပေးချင်ကြဘူး။

ဒါကြောင့် ကိုယ်ကြိုးစားနေတာကို လက်ခုပ်တီးပေးမဲ့လူမရှိလို့.. အားပေးမဲ့လူမရှိလို့ စိတ်မပျက်နဲ့၊ လက်မလျော့နဲ့။

တစ်နေ့ကျရင်
ကိုယ်ရထားတဲ့ ရလဒ်က ကိုယ့်အစား စကားပြောပေးလိမ့်မယ်။
You don’t need to prove it.
Result speak louder than words.. 💪

13/09/2026

ကြည့်ရဲ့ client တွေက မေးကြတယ်။ အိမ်မှာဆော့တာနဲ့ gym မှာဆော့တာ ဘယ်ဟာပိုကောင်းလဲ။ ဘယ်မှာဆော့သင့်လဲတဲ့… အဲ့အတွက် အဖြေကို advantage and disadvantage of home workout vs gym workout ဆိုပြီး ရေးပေးထားပါတယ်။

Home workout..
✅Advantage က

🚘Travel time သက်သာတယ်။
💷 Membership ဖိုးသက်သာတယ်။
🥋Workout set ဖိုးမကုန်ဘူး။ Pyjamas နဲ့ဆော့လဲရတယ်။
⏰ busy Lifestyle သမားတွေ ကိုယ်အားတဲ့အချိန် ထဆော့ရုံပဲ။ အဲ့တော့ consistency ရှိတယ်။
🎼Gym music မဟုတ်ပဲ ကိုယ်ကြိုက်ရာကိုယ်ဖွင့်လို့ရ 😜🤣
🏋️‍♀️ Beginner တွေဆို ကိုယ့်အိမ်မှာကိုယ်ဆော့တာက ပိုပီး comfortable ဖြစ်တယ်။

❌Disadvantage က

🏋️‍♀️ Machine မစုံတော့ တချို့ workout တွေကို ပုံစံပြောင်းပီးလုပ်ရတယ်။ Lap Pulldown, face pull စတာတွေအတွက် exercise limitation ရှိတယ်။
💪 progressive overload ဆော့ဖို့ အလေးကြီးတွေလိုတယ်။ အဲ့တော့ အလေးဝယ်ဖို့ ပိုက်ဆံစုရတယ်။
😜 ဆော့နေရင်း distraction တွေဝင်တယ်။ ကလေးဝင်လာတာနဲ့၊ တခြားကိစ္စပေါ်လာတာနဲ့ဆိုတော့ focus ကောင်းကောင်းမရဘူး။
🏋️‍♀️ အလေးတုံးတွေ ဖြုတ်ရ၊တပ်ရ၊ သိမ်းရတဲ့အချိန် ပေးရတယ်။ အလေးထားဖို့ နေရာပေးရတယ်။

🏋️ Gym Workout

✅Advantage

🏋️‍♀️Equipment ပိုစုံတယ်။ Muscle building / strength training အတွက် progressive overload လုပ်ရလွယ်တယ်။
🏋️‍♀️Dumbbell, barbell, machines စတာတွေကြောင့် exercise variation များတယ်။ အလေးတိုးဖို့ကို ဝိတ်ပြားတွေဖြုတ်၊တပ် လုပ်စရာမလိုဘူး။
🏋️‍♀️Heavy weight တွေသုံးပြီး strength တိုးဖို့ပိုအဆင်ပြေတယ်။
🏋️‍♀️Workout လုပ်ဖို့သီးသန့် environment ဖြစ်လို့ focus & motivation ပိုကောင်းတယ်။
🏋️‍♀️Trainer / workout partner ရှိရင် form correction နဲ့ motivation ပိုရတယ်။

❌Disadvantage

💷Gym သွားလာဖို့ အချိန်နဲ့ကုန်ကျစရိတ် လိုတယ်။
⏰လူများတဲ့အချိန်မှာ equipment စောင့်ရနိုင်တယ်။
🚘Gym မနီးရင် သွားရဝေးရင်consistency ပျက်နိုင်တယ်။
🏋️‍♀️Beginner တချို့အတွက် exercise တွေ၊ machines တွေက intimidating ဖြစ်နိုင်တယ်။
🥋Gym Motivation ရဖို့ Workout set အသစ်တွေ ဝယ်ရတယ်။ ဒါမှ သွားချင်စိတ်ဖြစ်စေတာကိုး.. အဲ့တော့ ငွေပိုကုန်တယ်။
💷Gym membership ဖိုး လစဉ်ပေးရတယ် ( မသွားဖြစ်လဲပေးထားရတယ်။ vacation ထွက်ချိန်ဆို gym membership ဖိုး ဆုံးတယ်)

⚖️ ဒါဆို ဘယ်ဟာပိုကောင်းလဲ?

ဘယ်ဟာ က ပိုကောင်းတယ်လို့ မရှိပါဘူး။ အရေးကြီးဆုံးက ဘယ်နေရာမှာ workout လုပ်ရင် ကိုယ်က ရေရှည် consistent ဖြစ်နိုင်လဲ ဆိုတာပါ။

ဘယ်ဟာက ကိုယ့်ရဲ့ goal, lifestyle, equipment, consistency နဲ့ပိုကိုက်လဲ” ဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။

✅Muscle building / strength / serious resistance training လုပ်ချင်တဲ့လူအတွက် → Gym က advantage ပိုရှိ/ hypertrophy ကောင်းကောင်းလုပ်လို့ရမယ်။

✅Weight loss / general fitness / beginner / busy schedule သမားတွေအတွက်ဆို Home workout က လုံးဝအဆင်ပြေတယ်။

“The best workout is not necessarily where you train, but where you can train consistently and progressively toward your goal.”

06/09/2026

Why you should train your legs?
ယောက်ကျားလေးအများစုက upper body ပဲ ဆော့ကြပီး leg day ဆို skip လုပ်တတ်ကြတယ်။ မိန်းကလေးတွေကတော့ တင်ပါးလှအောင် leg days များများဆော့ပေမဲ့ Quads တွေ မကြီးချင်ကြဘူး။ ဒါပေမဲ့ strong legs, long life လို့ပြောကြတယ်။ ဘာလို့လဲဆို တင်ပါးနဲ့ ခြေထောက်က မာဆယ်တွေက တကိုယ်လုံးကမာဆယ်တွေထက်ကြီးလို့ သူတို့ကို train တဲ့အခါ metabolism ပိုကောင်းစေတဲ့အပြင် ဦးဏှောက်က မှတ်ဉာဏ်လဲကောင်းစေတယ်။ အသက်ကြီးရင် သတိမေ့တတ်တဲ့ရောဂါ ဖြစ်ပွါးမှူကိုလဲ ကာကွယ်ပေးတယ်။
အဲ့တော့ မိတ်ဆွေတို့ leg days ကို skip လုပ်နေဦးမှာလား

Photos from Healthy & Happy's post 31/08/2026

ကိုယ့်ရဲ့ ဟောလီးဒေးပုံ ကိုယ်ပြန်ကြည့်ပီး ငါကြိုးစားခဲ့ရတာ တန်တယ်လို့ တွေးမိတယ်။

You can’t buy a healthy body..
You can’t buy a good physique..
You have to build it by yourself.. 💪

Muscle တွေက ခန္ဓာကိုယ်အတွက် calories burning machines ပဲ။

အသက်ကြီးလာတာနဲ့အမျှ ပိန်ဖို့ထက် မာဆယ်ပိုများဖို့ပဲကြိုးစားတော့တယ်။ ကျမရဲ့ client တချို့ကပြောတယ်။ ကြည့်လို မာဆယ်အကြီးကြီး မလိုချင်ဘူး။ tone body ဆိုရပြီတဲ့။ Tone body meaning you need to build lean muscle mass.. Posture မှန်ဖို့၊ body structure လှဖို့က မာဆယ်ရှိမှ ဖြစ်မှာဖြစ်သလို၊ အသက်ကြီးလာရင် အထိုင်၊အထ အကူမပါပဲ ထနိုင်ဖို့ကလဲ ခြေထောက်ကြွက်သားတွေသန်မာနေဖို့လိုတယ်။
ကျမလဲ ညှစ်ပြမှ မာဆယ်တွေထွက်လာတာ.. ဒီတိုင်း relax နေရင် မာဆယ်က ထင်းထွက်မနေပါဘူး။ အဲ့တော့ အလေးအများကြီး မ ဖို့ မကြောက်ပါနဲ့လို့…

ကျမအတွက်တော့ ကျမရဲ့ဗလဟာ ကျမရဲ့အလှ၊ ကျမရဲ့ဓနပဲ.. 🤣🤭 အဲ့လယ့်..

17/08/2026

ကိုယ်ချက် ကိုယ်ကောင်း အစီအစဉ်လေးပါရှင်..
Chocolate brownie ကို healthy version လေး..
ဒီတခါတော့ မတူးလဲမတူးတော့ဘူး။ အထဲကလဲကျက်တယ်။ စားလို့လဲကောင်းတယ်။ ကယ်လိုရီလဲမများဘူး။ (၃ခါစမ်းပီးမှ လက်တည့်သွားသော brownie လေး)

ပါဝင်ပစ်စည်းတွေက
1/ butternut squash- တခြမ်း
2/oat flour - 30ml
3/ egg white - 250ml
4/ baking powder
5/ salt
6/ vanilla extract
7/ sweetener ( သကြားအစားထိုး)
8/ cocoa powder
9/ chocolate chip
အားလုံးရောသမမွှေ၊ oven ထဲထည့်..
အောက်မှာ လုပ်နည်း video link ပါ ကော်ပီကူးပေးထားတယ်။
Credit to original owner

https://www.facebook.com/share/r/1FHNdKVh24/?mibextid=wwXIfr

15/08/2026

Workout video လေးတွေ ရိုက်မယ်ပေါ့။
ခြံထဲမှာ ကင်မရာချိန်လိုက်တာနဲ့ ထိုင်ခုံတွေ၊ သစ်ရွက်ခြောက်တွေနဲ့ မြင်ကွင်းက မလှနေဘူး။ 😜🤣
အဲ့တော့ မြင်ကွင်းလှအောင်ခြံထရှင်းတော့ ကိုယ်လုပ်ရမဲ့ workout က အချိန်မှီမပြီးတော့ဘူး။
အဲ့တာနဲ့ နေပါစေကွာ.. AI နဲ့ background ပြောင်းမယ်ဆိုတော့လဲ ဗီဒယိုကလှလှထွက်ပါရဲ့ …ကိုယ့်ရုပ်မဟုတ်ပဲ AI က ရုပ်ပြောင်းပီး ပိုလှပေးထားတယ်။ 🤣🤣
အဲ့တော့ Workout ပဲ ပြီးအောင်ဆက်လုပ်ရမလား။ Video လှလှလေးထွက်အောင် ထိုင် edit ရင်းအချိန်ကုန်မလား 😏😏
အဲ့လိုနဲ့ပဲ ကျမမှာ ဗီဒယိုရိုက်ရင် သံသရာလည်..

Photos from Healthy & Happy's post 14/08/2026

Paace ဆိုတဲ့ Application က လမ်းလျှောက်တဲ့လူတွေအတွက် step များများရလေ Discount or free gift လေးတွေ ပေးတယ်ဆိုလို့ download လုပ်ထားတာ..
ဒီအပတ် 10th to 16th Aug မှာ ခြေလှမ်း ၅၆၀၀၀ လျှောက်နိုင်ရင် £10 cash ပေးမယ်ဆိုလို့ ဝင် join ဖြစ်တယ်။ top 10 list ထဲ

Want your business to be the top-listed Beauty Salon in London?
Click here to claim your Sponsored Listing.

Category

Address


London