L.Y.H
အားပေးမှူကိုကျေးဇူးတင်ပါတယ်
ဗုဒ္ဓဟူးမကျော်
5
ဗုဒ္ဓဟူးမကျော်လိုချင်သူများcbမှာစတင်ပြီးhiထားလို့ရပါပြီ
အခကြေးငွေမလို
Freeပါ
ဖုန်းကိုခဏဆိုပြီးငှားပြီးcbဝင်မွှေသွားလို့မှားပို့ထားတဲ့သူတွေကိုတောင်းပန်ပါတယ်အမှန်ကိုပြန်ပို့ပေးထားပါတယ်
Cb hiသူများသာပို့ပေးပါမည်
Freeပါ
ဗုဒ္ဓဟူးမကျော်ပတ်သီးတစ်လုံးပဲမွေးချင်ပါတယ်ဆိုတဲ့သူတွေhiထားပေးပါfreeပေးမှာမို့စိတ်ဝင်စားရင်hiထားပေးပါတနဂ်နွေနေ့တွင်hiထားသူများကိုfreeပို့ပေးထားပါ့မယ်
လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ်အိမ်မှာစားဖို့ပဲဖြစ်ဖြစ်မျှင်ငပိကောင်းကောင်းလေးရှိတယ်နော်အားပေးလို့ရတယ်
... #အသုံးဝင် #ဆေးနည်းတိုများ
၁ ) - ကိုက်ခဲညောင်းညာလျှင်
မိတ်ဿလင်နဲ့ဂျင်းဆတူညက်နေအောင်ထောင်း၍ မီးတောက်အရက်ခေါ်အရက်
ဦးရေနဲ့ ပုလင်းတစ်ခုထဲမှာထည့်ပြီး အဖုံးလုံအောင်ပိတ် စိမ်ထားပါ.
၃ ပတ်ခန့်စိမ်ပြီးလိမ်းနိုင်ပါသည် -
လနဲ့ချီစိမ်ထားပါက ကိုက်ခဲသည့်နေရာကိုပွတ်လိမ်းနှိပ်နယ်ပေးပျောက်ကင်းစေပါသည်
၂ ) - ဆီးအောင့်ဆီးနာဖြစ်လျင်
ဇာတိပ္ဖိုလ်သီး ၅ ပုံ ၁ ပုံခန့်သွေး ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍သောက်လျှင်
ဆီးအောင့် ဆီးနာများ ချက်ခြင်းသက်သာ ပျောက်ကင်းစေနိုင်သည်။
၃ ) - ချောင်းဆိုးတီဘီရောဂါဖြစ်လျှင်
မိုးတွင်းအခါအလေ့ကျပေါက်သော အပွင့်ဝါ၍ အသီးမှာလေညှင်းနဲ့တူသော
တောလေညှင်းပင်ကို အမြစ်ပါအောင် နုတ်ယူပြီး ရေစင်အောင်ဆေးကြောပါ ။
ရေ ၃ ခွက် ၁ ခွက်တင်အောင်ကျို၍ တစ်နေ့ကို မနက် ည တစ်ခွက်စီသောက်ပါ
၃ ရက်ခန့်သောက်ပါကချောင်းဆိုးပျောက်ပါမည်။
တီဘီရောဂါဆိုလျှင်၄င်းဆေးရည်ကိုရေရှည်စွဲသောက်ပါကရောဂါပျောက်ကင်းစေနိုင်ပါသည်။
၄ ) - လေးဖက်နာ အဆစ်မြစ်နာ သဘာဝဆေးနည်း
တောရှောက်ခါးသီး ခေါ် ရှောက်ခါးသီး ၄ လုံးခန့်ကို ဆားနဲ့နယ်. ၃ မိနစ်ခန့်ထားပြီး
ရေဆေးပါ - အခွံနဲ့အတူ အကွင်းလိုက် ပါးလှီးပါ
နနွင်းမူန့် ၁၅ ကျပ်သားထည့်ပါ အဝကျယ် ပုလင်းထဲသို့ ရှောက်သီးကွင်းနဲ့ နနွင်းမူန့် ထည့်ပြီးလျှင် တောအရက် ခေါ် အရက်ဦးကို မြုပ်နေအောင် လောင်းထည့်ပါ (လေလုံ၌အောင် အဖုံး ပိတ်ထားပါ) စိမ်ထားတဲ့ဆေးကို. ၅ ရက်ခန့် ထားပြီး အဆစ်
အမြစ်နာများကို တစ်လခန့် လိမ်းနိုင်ပါသည်။
၅ ) - လေးဖက်နာ လိမ်းဆေး
ထိကရုန်းဆူးပေါက် ပဉ္စငါးပါးကို ရေစင်အောင်ဆေးပြီး ညက်အောင် ထောင်းပါ-
ပြီးလျှင် အရက်ဖြူနဲ့ စိမ်ပြီး တညတာ ထားပြီးလျင် လိမ်းပါ။
၆ ) - သည်းခြေ ဆီး ကျောက်တည်သူများ
စောင်းလျားသီး အချဉ်သီးနဲ့ ငါးပြေမကို ဆတူရောချက်စား ၄ ခါလောက် ချက်စားလျှင်
ခွဲစိတ်စရာမလို ပျောက်သွားမည်။ ဘေးထွက် ဆိုးကျိုး မရှိပါ။
၇ ) - အသည်းအဆီဖုံးခြင်း
ရဲယိုရွက်က အထိရောက်ဆုံး ကာကွယ်ပေးပါတယ်
ငါးခူ. ငါးဖယ်. ငါးကြင်းတိုကို ခြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်များနဲ့ ဖက်ထုတ်ပြုလုပ်
ကာ ချက်စား ပြုတ်စား. ပေါင်းစားနိုင်သည်။
ရဲယိုရွကိကို ရေနွေးဖျောကာ ငပိ တို့စရာအဖြစ် စားသံးနိုင်သည် - တပတ် ကြိမ်စားပေး
လျင် အသည်း အဆီဖုံးရောဂါ ပျောက်ကင်းစေသည်။
ရောဂါ မဖြစ်သူများလည်း မကြာခဏ စားခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။
၈ ) - သဘာဝ အသည်းဆေးနည်း
မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်
ထန်းလျက်ခဲ ၃ ခဲ
ဆား အနည်းငယ် - အဝကျယ် ဖန်ပုလင်းထဲထည့် ရေနွေးပူ လောင်းထည့်ပြီး. အဖုံး
အုပ်ထားပါ. နေ့လည်လုပ်ထားပြီး ညနေအရည်ညှစ်ယူ , သံပုရာသီးစိပ်ညှစ်ထည့်ပြီး
ည အိပ်ရာဝင် သောက်ပါ။
မနက်အိပ်ရာထ ဝမ်းမပျက်ပါ. တစ်ပတ်တိတိသောက်ပေးပါ. ဝမ်းဗိုက်ထဲက အဆိပ်
အတောက်. အပူအပုပ်များ ကင်းစင်ကာ ဘီပိုး စီပိုးလည်း မဖြစ်ပဲ အသားအရေ စိုပြေ
လာမည်။
၉ ) - ဆီးကျောက်တည် ဆေးနည်းများ
- ထိကရုန်းပင် ပဉ္စငါးပါးကို. ရေနဲ့ပြုတ် ၃ ရက် သို့မဟုတ် ၁ ပတ် ရေနွေးသောက်သကဲ့
သို့ သောက်ပါ။
ထိကရုန်းမြစ် ပြုတ်သောက်ခြင်းက ဆီးအိမ်က ကျောက်ကို ပျော်ပြီး ကွဲကျစေတယ်
ဆီးကို ကောင်းစေတယ် - ဆီးပူ ဆီးအောင့်ရင် ထိကရုန်းပင် ပဉ္စငါးပါးကို အခြောက်
လုပ်ပြီး လက်ဖက်ရည် သောက်သလို သောက်ရသည်။
၁၀ ) - လေးဘက်နာအတွက် သဘာဝ ဆေးကောင်းတစ်လက်
- ရှောက်သီး ၁ ခြမ်းကို ထမင်းစားဇွန်း ၁ ဇွန်းရအောင် အရည်ညှစ်ယူပါ ။
- ချင်း ( ဂျင်း ) အရည် လက်ဖက်စားဇွန်း ၁ ဇွန်းရအောင် ထုထောင်း အရည်ညှစ်ယူပါ။
- သဘာဝ ပျားရည်စစ်စစ် ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ပါ။
ဖန်ခွက် ၁ ခွက်ထဲတွင် ၄င်းတို့ ၃ မျိုးကို အတူရောထည့် မွှေပြီး ရေနွေးကြမ်းနဲ့သော်၄င်း
မနက်. နေ့. ည ၃ ကြိမ် သောက်ပါ။
ပျားရည်ကို သဘာဝ ပျားရည် -
ရှောက်သီးကို ရှောက်ခါးသီး (တောရှောက်သီး ) ဆိုလျှင် ပိုကောင်းပါသည်။
၄င်းသဘာဝဆေးကို ပုံမှန် သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း ကိုက်ခဲခြင်း
အညောင်း အညာ ဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
၁၁ ) - နှာစေး နှာပိတ် ရင်ကျပ်ခြင်း
ခွက်တခုထဲ ချင်း ( ဂျင်း ) အနေတော် ထောင်း ထု ထည့်ပြီး ရေနွေး ပူပူ လောင်း
ထည့် အဖုံးအုပ်ထားပါ - အေးသွားလျှင် ပျားရည် ၁ ဇွန်းထည့် သောက်ပါ။
၁၂ ) - လေအန်ရောဂါ
အထက်သို့ လေများအန်၍ အစာမစားနိုင် လေမျိုး ၈၀ တွင် ပါဝင်သည့် အတိဥဂ်ဂါရ
အလွန်အန်သော လေရောဂါ အတွက်...
၁ - ရှောက်သီး အရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း စပ်သောက်ပါ။
၂ - ဒိန်ချဉ် သကြားနဲ့ စပ်သောက်ပါ။
၃ - ကင်ပွန်းချဉ်ရွက် ကန်စွန်းရွက်တို့ကို မန်ကျည်းမှည့်ထည့်၍ ဟင်းရည် ချက်
သောက်ပါ။
၄ - မန်ကျည်းမှည့် ထန်းလျက် ဖျော်ရည်တွင် ဆားလှော်ထည့်သောက်ပါ။
# စောနွဲ့နေဆိုင်( ပူတာအို ) 2015
LYP...
03/12/2022
စေတနာကိုအသိအမှတ်ပြုရင်
pageကို
like
shareလေးလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်
07/10/2021
#အမျိုးသမီးသွေးဆုံးကိုင်သူများအတွက်
#အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။ မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။ အဲဒီမီး၃မီးကို အမျိုးသမီးတိုင်း မဖြစ်မနေ တွေ့ကြုံရလိမ့်မယ်။ အဲဒီမီး ၃မီးထဲက နောက်ဆုံးမီးဖြစ်တဲ့ မီးဆုံး အကြောင်းကို ပရိဿတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။
မီးဆုံးတဲ့အချိန်ဟာ အမျိုးသမီးတွေ အသက် ၄၀ ကျော်ကနေ ၅၅ နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သွေးဆုံးတဲ့ အသက်ချင်းမတူညီတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က ဓာတ်၄ပါးချင်းသော်လည်းကောင်း ၊ သွေးအားနည်းအများသည်လည်းကောင်း၊ အပူအအေးသည်လည်းကောင်း၊မျိုးရိုးဗီဇသည်လည်းကောင်း မတူညီကြလို့ပဲဖြစ်ပါတယ်။
ကျန်းမာဝဖြိုးပြီးသွေသားစိုပြည်ကြတဲ့ အမျိုးသမီးတွေဟာ သွေးဆုံးမီးယပ်ဖြစ်တာနောက်ကျကြလေ့ရှိတယ်။ အသက်၅၀ ကျော်လောက်မှသွေးရပ်သွားကြတယ်။ တစ်ချို့ဆိုရင် အသက် ၆၀ ဝန်းကျင်အထိ သွေးမရပ်သေးဘူး။
အသက် ၆၀ ကျော်ကျော်လောက်မှ သွေးဆုံးသွားသူတွေတောင်ရှိပါတယ်။ ငယ်ငယ်ကတည်းက ချူချာပြီး သွေးအားမကောင်းလို့ ကျန်းကျန်းမာမာမရှိကြတဲ့ အမျိုးသမီးတွေကတော့ စောစောစီးစီးအသက် ၄၀ ကျော်ကျော်လောက်မှာပဲ သွေးဆုံးသွားလေ့ရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့ မချူချာပေမယ့် သားသမီးတွေ အများကြီးမွေးဖွားရတဲ့အတွက် စောစောစီးစီး သွေးဆုံးသွာတာမျိုးလည်းရှိပါတယ်။
ဘယ်အရွယ်မှာပဲ သွေးဆုံးသည်ဖြစ်ပါစေ အားလုံးခံစားရတဲ့ ဝေဒနာကတော့ အတူတူပဲဖြစ်ပါတယ်။ သွေးဆုံးမီးယပ်ဖြစ်တဲ့ အချိန်မှာ ဝေဒနာတွေပြင်းထန်ပါတယ်။ အဲဒါကို သွေးဆုံးကိုင်တယ်လို့ ခေါ်ပါတယ်။ သွေးဆုံးကိုင်တယ်ဆိုတာ အလကားနေရင်းဒေါသတွေထွက်ခြင်း၊ ယောကျ်ားအပေါ်သဝန်တိုခြင်း၊ ရန်ဖြစ်ခြင်း၊ အော်ဟစ်ပြီးသောင်းကျန်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာများသာမက ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေလည်း အများအပြားခံစားရပါတယ်။
ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေအဖြစ် ညညအိပ်မပျော်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ လည်ပင်းပတ်ပတ်လည်းမှာ ချွေးစေးတွေထွက်ခြင်း၊ အစာစားလိုစိတ်မရှိဘဲ ခံတွင်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အော့အန်ခြင်းစသည်ဖြင့် ဝေဒနာတွေကတော့ တစ်နေ့ရွေ့တစ်နေ့ငွေဖြစ်နေတတ်ပါတယ်။ အဲဒါကို သွေးဆုံးကိုင်ဝေဒနာများလို့ပြောကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာတွေဖြစ်လာတဲ့အခါမှာ အမျိုးသမီးအများစုက ဆေးတစ်ခုခုရှာပြီး ဝေဒနာတွေကို သက်သာဖို့ အတွက်ကုသကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာ ခံစာကြရတဲ့ အမျိုးသမီးများဟာ အပူဆေးလည်းမသောက်နဲ့၊ အအေးဆေးလည်းရှောင်၊ အကောင်းဆုံးကတော့ ဓာတ်စာစားခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးကိုင်တဲ့အချိန်ဟာကာလတစ်ခုကြာပါတယ်။ ၁နှစ်တန်သည် ၂နှစ်တန်သည်အထိတောင်ကြာတတ်ပါတယ်။ ဓာတ်စာတစ်မယ် နှစ်မယ်လောက်တင်ပေးလို့မရပါဘူး ဓာတ်စာစုံအောင်ပေးဖို့လိုပါတယ်။
သွေးဆုံးမီးယပ်ဟာအားနည်းပြီး သွေးဝမ်းဆီးလေ မညီညွှတ်တဲ့အတွက် ဓာတ်စာပေးရာမှာ အားကို အင်မတန်ကောင်းစေပြီး သွေးဝမ်းဆီးလေညီညွှတ်မယ့်ဓာတ်စာတွေကို ရွေးချယ်ပြီးပေးရမှာဖြစ်ပါတယ်ဆိုတာကို
ဆရာမင်းကျော်ဝင်း
ရေးသားတဲ့ ဓာတ်စာ စာအုပ်နှင့်
အမျိုးသမီး ကျန်းမာရေးဆောင်းပါး
ပေါင်းစုံမှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ
Latt Well Thone
အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)
အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်း စေနိုင်ပါလိမ့်မယ်။
(၁) 'မိန်းမတို့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။
(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။
(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။
(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။
(၅) ဆီးဖြူသီး စားပါ။
(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။
(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)
(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။
(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။
(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။
(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။
(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။
(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။
(၁၄) ကြက်သွန်ဖြူစားပါ။
(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။
(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။
(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ (သို့မဟုတ်) EPO (ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။
(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)
(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။
(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။
Credit
ဆောင်းပါးမျိုးစုံ မှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ
Haga clic aquí para reclamar su Entrada Patrocinada.
Categoría
Página web
Dirección
Ayarza