Ko Sai Min Aung
စစ်ကိုင်းသားလေး မောင်စိုင်းမင်းအောင် ကားဆေးမှုတ်လုပ်ငန်းလုပ်ကိုင်ပါသည်..
19/12/2023
#ဘယ်သူ့ကိုမှ မဆက်သွယ်ပဲနေကြည့်လိုက်
ဘယ်သူကမှ တရေးတယူလုပ်ပြီး
ဆက်သွယ်မလာတာ သိလာလိမ့်မယ် . . .
ဘယ်သူကိုမှမရောပဲ ဖာသိဖာသာနေကြည့်လိုက်
ဘယ်သူအတွက်မှ အရေးမပါတော့ဘူး
ဆိုတာ သိလာလိမ့်မယ် . . .
လိုမှဆက်သွယ်တတ်တဲ့ လိုသုံးလိုလူတွေက
လွဲရင် ကိုယ်အနားမှာ ကိုယ်ပဲရှိတယ် . . . ။
တစ်ခါတလေတော့ လောကကြီးကမတရားဘူး
ကိုယ်ဘက်ကအစစ်အမှန်တွေပေးပြီး ပြန်ရတာကျ
အတုအယောင်တွေချည်းပဲ . . .
မလိုတစ်မျိုး၊ လိုတစ်မျိုး လူတွေရယ်
မျက်နှာနှစ်ခွနဲ့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လူတွေရယ်
ကိုယ်ထက်သာမနာလိုတဲ့ လူတွေရယ်
ချောက်တွန်းတတ်တဲ့ လူတွေရယ်ကြားမှာ . . .
သိသိရက်နဲ့ဟန်ဆောင်ပြီး ပြုံးပြရတာ
အရမ်းပင်ပန်းလာပြီး . . .
အဆင်မပြေဘူးဆိုပြီး ရင်ဖွင့်တော့လည်း
နောက်ကွယ်မှာ ဟားတိုက်ရယ်တဲ့သူတွေချည်းပဲမို့
ခံစားချက်တွေကို မြိုသိပ်တတ်လာတယ် . . .
နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုယ်အဖော်ပြုပြီး
တဖြေးဖြေးအဆင်မပြေမှုတွေနဲ့ ရင့်ကျက်လာခဲ့တယ် . . .
#မေတ္တာဖြစ်ပြန်လည်မျှဝေသည်
SMA.SGG
10/12/2023
စားမယ်ဝါးမယ်...အချိန်ကိုကျိုးရှိစွာသုံးချမယ်...😋😋😋
SMA.SGG...
အဝါရောင်လေးလည်း မှုတ်ပေးရတာပဲ...
ကျွန်တော်မသိတဲ့ ကားဆေးမှုတ်နည်းအမျိုးမျိုး သင်ယူနေဆဲပါ...
#ဘဝရဲ့ခရီးသည်
လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။
အချစ်ရဆုံးသူထက်
မင်းကိုတန်ဖိုးထားဆုံးသူကိုပိုချစ်ပါ။
နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မှုအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။
မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိန်မှာရှိနေပေးသူကိုပိုချစ်ပါ။
ပျော်ရွှင်မူမပေးနိုင်သူထက်
ပျော်ရွှင်မှုပေးနိုင်သူကိုပိုချစ်ပါ။
မျက်ရည်ကျမှသုတ်ပေးသူထက်
မျက်ရည်မကျအောင်လုပ်ပေးသူကိုပိုချစ်ပါ။
လမ်းရောက်မှလက်တွဲခေါ်သူထက်
လမ်းမရောက်ခင်လမ်းပြပေးသူကိုပိုချစ်ပါ။
မကောင်းသတင်းပြောသူထက်
ကောင်းသတင်းပြောသူကိုပိုချစ်ပါ။
အဆင်ပြေပါစေလို့ဆုတောင်းပေးသူထက်
မင်းအတွက်ငါဘာကူညီပေးရမလဲပြောသူကိုပိုချစ်ပါ။
လိုချင်တာရယူသွားတဲ့သူတွေထက်
မင်းအတွက်ပေးဆပ်ပီးချစ်နေတဲ့သူတွေကိုပိုချစ်ပါ။
မင်းကိုယ်ချစ်ပါတယ်ချစ်ပါတယ်ပြောတဲ့သူတွေထက်
မင်းအပေါ်သစ္စာရှိတဲ့သူကိုပိုချစ်ပါ။
အောင်မြင်ချိန်မှာအားပေးသူထက်
ကျရူံးချိန်မှာနှစ်သိမ့်ပေးသူကိုပိုချစ်ပါ
ပဋာစာရီ ရဲ့ ဆုတောင်း ကျိန်စာ🙏
ကျိန်စာ
ငါ့အိမ်ကို ဓားမြတိုက်ပြီး ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို ငါကိုယ်တိုင် မြင်တွေ့ ပါရစေလို့ ပဋာစာရီဟာကျိန်စာတိုက်ခဲ့ပါတယ်။
တောထဲသွား မြွေကိုက် သေပါစေ။
ရေထဲဆင်း ရေမျော သေပါစေ။
ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေလို့ ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ကျိန်စာက မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး ဆုတောင်း ပြည့်လေတော့ ကိုယ်ပေါ် အဝတ်အစားမကပ်နိုင်အောင်အထိ ရူးသွပ်ခဲ့ရပါတယ်။
#ပဋာစာရီ ဟာ လင်ကို မြွေကိုက်၊ သားကြီး ရေနစ်၊ သားငယ် စွန်ချီ၊ မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် အိမ်ပိလို့ ဆုံးရူံးတာတွေ့ကြုံရတော့ အဝတ်အစားမဲ့သည်အထိ ရူးခဲ့ရပါတယ်။
#မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့်ပွဲတဲ့။
ဘာလို့လည်း ဆိုတော့၊
အတိတ်ဘဝ တစ်ခုတုန်းက
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊ မီးရှို့၊ လူသတ် လုပ်တော့ ချစ်သမီးက စိတ်ဆိုးလွန်းလို့
ဒင်းတို့ (၆)ဦးလုံး ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ် မြင်ရပါစေသား လို့ ကျိန်စာတိုက် ဆုတောင်း ခဲ့ဖူးတယ်။ ခု အဲဒီ ဆုတောင်း ပြည့်ပြီလေ တဲ့။
ဒါကြောင့်
ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း၊ ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။ သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။
ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလဲ။
အတိတ်က ဘဝ တစ်ခုမှာ ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
ကံကောင်းသူများဟာ တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
က တရားအားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။
ဘဝမှာ
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို့ ဖြစ်စေ ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်၊ ချစ်လို့လည်း ဆုမတောင်း လေနဲ့၊ နောင်လာမည့်အကြောင်း မသိရဘူးလေ။
သင်
ကံကောင်း သူလား၊ ကံဆိုး သူလားဆိုတာ ကြိုမသိနိုင်တာကြောင့်ပါ။
ဘဝမှာ
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း ကောင်းမှုကုသိုလ်တစ်ခု အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။
လေးစားစွာဖြင့်ပြန်လည်မျှဝေသည်။
အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
====================
လှေရယ်... မြင်းရယ်... လူရယ်...
လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''
စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''
မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊
အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''
စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''
မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊
''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊
ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့၊
လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။
ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊
မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"
ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။
Credit
#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်
"ပို၍လှသော မနက်ဖြန်"
ငိုကြွေးနေလား_?
မနာကျင်လိုက် ပါနဲ့.......။
အနာဂတ်မှာ... ကြင်နာခြင်းအပြုံးတွေ ဖူးပွင့်နိုင်မှာပါ.....။
အသဲကွဲနေလား_ ?
ဘဝ မပျက်လိုက်ပါနဲ့.......။
အနာဂတ်မှာ...... အသဲစွဲချစ်ရတဲ့သူ တွေ့ဆုံနိုင်ဖို့ပါ......။
လဲကျနေလား?_
စိတ်ဓာတ်မကျလိုက်နဲ့........။
အနာဂတ်မှာ........ အောင်မြင်ခြင်းပန်းတိုင်က.....
အပြုံးလှလှလေးနဲ့..... စောင့်ကြိုနေမှာ......။
သူငယ်ချင်းရေ.........
လောကကြီးမှာ.... အခက်ခဲတွေနဲ့ ကြုံလာရင်.....
စိတ်ဓာတ်တွေ ကျနေခဲ့ရင်......
ကိုယ့်ရဲ့ .လက်ချောင်းလေးတွေကို ပြန်ကြည့်လိုက်ပါ......။
လက်ချောင်းလေးတွေက ....
အနိမ့်..... အမြင့် ....မတူကြသလို......
လောကကြီးမှာလဲ... နိမ့်လိုက်.... မြင့်လိုက်....
နိုင်လိုက်.... ရှုံးလိုက်... ပျော်ရွင်လိုက်.. ငိုကြွေးလိုက်နဲ့...
အမြဲတမ်း တွေ့ကြုံနေရမှာပဲလေ......။
ရှုံးနေလို့.... ပြန်မကြိုးစားရင်......
အောင်မြင်မှု့တွေ.... ပျောက်ဆုံးနေမှာ......။
နိမ့်နေလို့..... အားငယ်နေရင်......
အမြင့်ကို..... မတွေးရဲပဲ နေမှာ........။
ငိုကြွေးနေလို့...... ပြီးဆုံးသွားရင်......
ပျော်ရွင်မှု့.....အရသာ မသိပဲနေမှာ.....။
လာပါ .....သူငယ်ချင်း.........
ထိုင်းပြီး...... တွေဝေမနေပါနဲ့....။
အနာဂတ်..... နေ့ရက်တွေ လှပဖို့......
ဒီနေ့ကစပြီး.............
မနက်ဖြန် များစွာကို.........
ရင်ဆိုင်လိုက် ကြစို့...............။
#ဓမ္မစာစုများ
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Thailand
Surat
351444