Fresh Fuel By Jasmine

Fresh Fuel By Jasmine

共有する

Kitchen & food safety tips
Simple habits for a healthier home 🏡

31/08/2026
30/08/2026

ကြွေပြားပေါ်က ဂတ်စ်အိုး သံချေးရာတွေကြောင့် စိတ်ညစ်နေပါသလား❓❓❓

ဂတ်စ်အိုးအောက်ခြေက သံချေးရာတွေဟာ ရိုးရိုးရေနဲ့ ဆပ်ပြာနဲ့ ဆေးရုံနဲ့ လုံးဝမပြောင်ပါဘူး။

ဒါပေမဲ့ မီးဖိုချောင်ထဲမှာ အမြဲရှိတဲ့ သံပရာသီး နဲ့ ဆား ကို သုံးပြီး အလွယ်ကူဆုံး ပြောင်စင်အောင် လုပ်လို့ရပါတယ်နော်။

ပါဝင်ပစ္စည်းများ -
🍋 သံပရာသီး - ၁ လုံး
🧂 ဆား - စားပွဲတင်ဇွန်း ၃ ဇွန်း

👉ပြုလုပ်နည်း

၁။ သံချေးစွန်းနေတဲ့ ကြွေပြားပေါ်ကို ဆား ဖြူးပေးပါ။

၂။ အပေါ်ကနေ သံပရာရည် ညှစ်ထည့်ပြီး မိနစ် ၂၀ ခန့် ဒီအတိုင်း စိမ်ထားပေးပါ။ (သံပရာသီးမှာပါတဲ့ Citric Acid က သံချေးကို ပျော်ဝင်စေပါတယ်)

၃။ ပြီးရင် ဘရပ်ရှ်နဲ့ တိုက်ပေးပြီး ရေဆေး
ချလိုက်ပါ။

အိမ်မှာ ဂတ်စ်အိုးကြောင့် ကြွေပြားပေါ်မှာ သံချေးရာတွေ ကျန်ခဲ့ရင် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးကိုသုံးရအောင် Save ထားဖို့ မမေ့နဲ့နော်!

#မီးဖိုချောင်

29/08/2026

☕️🚫 #ကော်ဖီ အဖတ်တွေကို ပန်းကန်ဆေး
ဘေစင်ထဲ မသွန်ပါနဲ့!

ကော်ဖီသောက်ပြီးတိုင်း ကျန်တဲ့ ကော်ဖီအဖတ်တွေကို ပန်းကန်ဆေးဘေစင်(sink)ထဲ သွန်ချမိနေပါသလား?

❌ ကော်ဖီအဖတ်တွေက ရေပိုက်ထဲမှာ စုပုံလာပြီး အဆီနဲ့ အညစ်အကြေးတွေကို တွဲကပ်စေနိုင်ပါတယ်။
❌ အချိန်ကြာလာရင် ရေဆင်းနှေးတာ၊
ပိုက်ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

✅ ကော်ဖီအဖတ်တွေကို အမှိုက်ပုံးထဲ အရင်စွန့်ပစ်ပြီးမှ ခွက်နဲ့ ဇွန်းတွေကို ဘေစင်မှာ ဆေးကြောပါ။

💡 ဘေစင်က အမှိုက်ပုံးမဟုတ်ပါဘူးနော်!
ဒီအလေ့အကျင့်လေးတစ်ခု ပြောင်းလိုက်ရုံနဲ့ ရေဆင်းပိုက်ကို ပိုမိုသန့်ရှင်းအောင် ထိန်းသိမ်းနိုင်ပါတယ်။
🚰✨

#ကော်ဖီ #မီးဖိုချောင်

29/08/2026

တွေကို အချိန်အကြာကြီးအထိ စိမ်းစိုလတ်ဆတ်နေအောင် သိမ်းနည်း
ဒီနည်းလမ်းလေးကိုပြန်အသုံးပြုဖို့ဖို့ Save လုပ်ထားဖို့ မမေ့နဲ့နော်!

#မီးဖိုချောင်

27/08/2026

⚠️ #မီးဖိုချောင် ရေပိုက်ပိတ်စေနိုင်တဲ့အမှားတစ်ခု

(ထမင်း၊ ခေါက်ဆွဲ)အကြွင်းအကျန်တွေကို ပန်းကန်ဆေးရင်း ရေပိုက်ထဲ လောင်းချမိနေပါလား?

ထမင်းနဲ့ ခေါက်ဆွဲမှာပါတဲ့ ကစီဓာတ်ဟာ ရေနဲ့ထိရင် ပိုမိုကြီးထွား ပွတက်လာပါတယ်။

ရေပိုက်ထဲမှာ ရေနဲ့စိမ်ထားသလိုဖြစ်ပြီး ကော်
အနှစ်တွေလို ပိုက်နံရံမှာ ကပ်ကျန်ခဲ့ပါတယ်။

စေးကပ်နေတဲ့ ထမင်း/ခေါက်ဆွဲဖတ်တွေက အစားအသောက်အဆီတွေ၊ အမှိုက်စတွေနဲ့ ပေါင်းသွားပြီး နောက်ဆုံးမှာ ပိုက်တစ်ခုလုံးကို ရေစီးဆင်းမှု နှေးကွေးခြင်း၊ ပိုက်ပိတ်ခြင်း ဖြစ်စေနိုင်ပါတယ်။ 🚰⚠️

မီးဖိုချောင်ရေပိုက်လိုင်း သန့်ရှင်းပြီး ရေဆင်းချောမွေ့နေဖို့အတွက် ထမင်း၊ ခေါက်ဆွဲနဲ့ မုန့်ဖတ်အကြွင်းအကျန်တွေကို ဘေစင်ထဲ
မလွှတ်ပစ်ပဲအမှိုက်ပုံးထဲသီးသန့်စွန့်ပစ်ပေးပါ။

✅ အစားအသောက်အကြွင်းအကျန်တွေကို
အရင်ဆုံး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
ပြီးမှ ပန်းကန်ကို ရေဆေးပါ။

📌 ဒီ (kitchen Tip )နည်းလမ်းလေးကို မိသားစုနဲ့လည်း မျှဝေပေးပါနော်။

#မီးဖိုချောင် #ရေပိုက်

26/08/2026

#မီးဖိုချောင် ထဲက လူသိနည်းတဲ့ အမှားတစ်ခု ⚠️

ချက်ပြုတ်နည်းမှန်မှ ကျန်းမာရေးနဲ့ ညီညွတ်မှာဖြစ်ပါတယ်။

ခရမ်းချဉ်သီးလို အက်ဆစ်ပါတဲ့ အသီးအနှံတွေကို အလူမီနီယံအိုးနဲ့ ချက်ပြုတ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။

မိသားစုကျန်းမာရေးအတွက်
အလူမီနီယံအစား စတီးအိုး/
ကြွေအိုး( ceramic) တွေကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။

#မီးဖိုချောင်

26/08/2026

အဖြေမှန်က1️⃣ (or) 2️⃣?

သုံးပြီးရင်.......

1️⃣ ပလပ်ကြိုးကို ချက်ချင်းဖြုတ်မယ်

2️⃣စက်အေးသွားမှ ပလပ်ကြိုးဖြုတ်မယ်

အဖြေမှန်နဲ့ အကြောင်းအရင်းကို Comment ထဲမှာ ရေးထာပေးပါတယ်။

အဖြေမကြည့်ခင် မိမိတို့အိမ်မှာ တကယ်

ပြုလုပ်နေကျ အလေ့အကျင့်လေးကို

1️⃣ ?2️⃣ ? comment မှာ

အရင်ရွေးပေးခဲ့ပါဦးနော်

#မီးဖိုချောင်

25/08/2026

အစားအသောက်မှာယူတိုင်း ရလာတဲ့ သစ်သားတူ/ဝါးတူတွေကို ဒီအတိုင်း စုပြီး သိမ်းထားတတ်လား?

အိမ်မှာ မသုံးဖြစ်ဘဲ စုပုံလာတဲ့ (တူ)တွေကို
မီးဖိုချောင်ထဲမှာ အကြာကြီး ဒီအတိုင်းထားတာက သတိထားသင့်တဲ့ အချက်တစ်ခု ပါ။

(သစ်သား/ ဝါး)တွေဟာ အစိုဓာတ်ကို စုပ်ယူလွယ်တဲ့အတွက်စိုထိုင်းတဲ့နေရာမှာ ကြာကြာထားမိရင် မှိုနဲ့ အခြားပိုးမွှားတွေ ပေါက်ဖွားနိုင်တတ်ပါတယ်။

👉မသုံးဖြစ်တဲ့ သစ်သားတူ/ ဝါးတူတွေကို
အကြာကြီး မသိမ်းဆည်းထားတာက ပိုကောင်းပါတယ်။

မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတ
ဖြစ်အောင် ဒီအကြောင်းအရာလေးကို Share ပေးပါဦးနော်

#သစ်သားတူ #ဝါးတူ #မီးဖိုချောင်

24/08/2026

အိုးမကပ်( )ဒယ်အိုးတွေကြာကြာခံဖို့ အသုံးပြုတဲ့ဇွန်းအမျိုးအစားကကလည်း အရေးကြီးပါတယ် ။

သတ္တု/ စတီးမသုံးဘဲ အိုးမခြစ်မိဘဲ ကြာရှည်ခံဖို့
သစ်သား/ (ဆီလီကွန်)Silicone ကိုရွေးချယ်
အသုံးပြုပါ။

ဒီလိုkitchen tips လေးတွေအတွက်

fresh fuel by jasmine ကို follow လုပ်ထား

ပေးပါနော်
#မီးဖိုချောင်

24/08/2026

Good morning

May you all be healthy and peaceful in body and mind.😊

あなたの事業をビューティーサロンのトップリストNagoya-shiにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所


Nagoya-shi, Aichi