Yuna Japanese online class

Yuna Japanese online class

共有する

Yuna Japanese online class, 健康・美容, Shinjuku-kuの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

🇯🇵 Yuna Japanese Online Class
📚 N5 / N4 Classes
🗣 Speaking တိုးတက်အောင် လေ့ကျင့်ပေးပါသည်
📖 読解 အခက်အခဲရှိသူများအတွက် အတန်းရှိပါသည်
📩 Join လိုပါက Messenger မှ ဆက်သွယ်ပါ

02/10/2026

🌸📖 N5 & N4 Reading Zoom Class အတန်းသစ်ဖွင့်ပါပြီ 🇯🇵

Vocabulary နဲ့ Grammar တွေ သင်ထားပြီးသားပေမယ့်
Reading ရောက်တာနဲ့ အမှတ်မရဖြစ်နေပါသလား? 🥲

စာပိုဒ်ကို ဖတ်လို့ရပေမယ့်
「ဒီစာပိုဒ်က ဘာကိုအဓိကပြောချင်တာလဲ?」
「မေးခွန်းရဲ့အဖြေက ဘယ်နေရာမှာရှိတာလဲ?」
ဆိုတာ မဖမ်းတတ်သေးဘူးလား?

ဒီ Class က Reading ကို အဖြေမှန်ရုံအတွက်ပဲ လေ့ကျင့်မယ့် Class မဟုတ်ပါဘူး။ 📚

စာကြောင်းတစ်ကြောင်းချင်းစီရဲ့ အဓိပ္ပာယ်၊ Grammar အသုံးပြုပုံ၊ Vocabulary ရဲ့ Context အလိုက်အဓိပ္ပာယ်၊ စာပိုဒ်တစ်ခုလုံးရဲ့ Main Point ကို အသေးစိတ်နားလည်လာအောင် လေ့ကျင့်ပေးသွားမှာပါ ✨

ပြီးတော့ JLPT Reading ဖြေတဲ့အခါ
🔎 Keyword ဘယ်လိုဖမ်းမလဲ
🔎 မေးခွန်းက ဘာကိုမေးထားတာလဲ
🔎 အဖြေရှိနိုင်တဲ့နေရာကို ဘယ်လိုမြန်မြန်ရှာမလဲ
🔎 ဆင်တူတဲ့ Answer Choice တွေထဲက ဘယ်လိုခွဲမလဲ
🔎 အချိန်မကုန်အောင် ဘယ်လိုဖတ်ပြီးဖြေမလဲ
ဆိုတာတွေကိုလည်း Reading Practice နဲ့အတူ လေ့ကျင့်သွားမယ် 💪

🎯 Reading ကို ပိုပြီးအသေးစိတ်နားလည်ချင်သူ
🎯 ဖတ်တာတော့ဖတ်တတ်ပေမယ့် အဖြေရွေးရင် မှားနေသူ
🎯 JLPT Reading အမှတ်ကို ပိုတိုးချင်သူ
🎯 N5 / N4 Exam အတွက် Reading ကို သေချာပြင်ဆင်ချင်သူ

တွေအတွက် အထူးသင့်တော်ပါတယ် 🌸

💻 Zoom နဲ့ တိုက်ရိုက်သင်ယူပြီး
📖 Level အလိုက် Reading Practice တွေ လေ့ကျင့်ရင်း
“ဖတ်နိုင်ရုံ” ကနေ “နားလည်ပြီး အမှတ်ရအောင် ဖြေနိုင်တဲ့အထိ” အတူတူလေ့ကျင့်ကြမယ် 🇯🇵✨

📩 အတန်းအပ်ချင်သူများ Page Messenger မှာ
“N5 Reading” သို့မဟုတ် “N4 Reading” လို့ ပို့ထားနိုင်ပါတယ်။

🌸 Yuna Japanese Online Class
Learn • Practice • Grow Together

Photos from Yuna Japanese online class's post 02/10/2026

🌸🇯🇵 N5 / N4 Japanese Class အတန်းသစ်များ လက်ခံနေပါပြီ 🇯🇵🌸

ဂျပန်စာကို စတင်လေ့လာချင်ပေမယ့်
ဘယ်လိုစလေ့လာရမလဲ မသိသေးဘူးလား? 🤔

စာတွေကျက်ပြီး ခဏနေရင် မေ့သွားတာ၊
Grammar တွေ နားမလည်တာ၊
ကိုယ့်ဘာသာလေ့လာရင်း ဘာဆက်လုပ်ရမလဲ မသိဖြစ်နေတာတွေရှိရင်
တစ်ဆင့်ချင်းစီ နားလည်အောင် လေ့လာသွားနိုင်ဖို့ Yuna Japanese Online Class မှာ အတူတူလေ့လာကြမယ်နော် 🌱

ကိုယ့်အချိန်နဲ့ကိုယ် လေ့လာချင်သူတွေအတွက် Video Class 🎥
နေ့တိုင်း ပုံမှန်လေ့လာပြီး တိုးတက်ချင်သူတွေအတွက် Daily Video Class 📚
ဆရာနဲ့ တိုက်ရိုက်သင်ယူချင်သူတွေအတွက် Zoom Class 💻

N5 ရော N4 ရော ကိုယ့်ရဲ့လေ့လာမှုပုံစံနဲ့ ကိုက်ညီတဲ့ Class ကို ရွေးချယ်နိုင်ပါတယ် 💕

✨ မသိတာကနေ သိလာဖို့
✨ မပြောတတ်တာကနေ ပြောရဲလာဖို့
✨ နေ့တိုင်း Small Step လေးတွေကနေ Big Progress ဖြစ်လာဖို့

အတူတူ ကြိုးစားကြမယ် 💪🌸

📩 အတန်းအပ်ချင်သူများ၊ အသေးစိတ်မေးမြန်းချင်သူများ Page Messenger မှာ “N5” သို့မဟုတ် “N4” လို့ ပို့ထားနိုင်ပါတယ်။

🌸 Yuna Japanese Online Class
Learn • Practice • Grow Together 🇯🇵

07/09/2026

🇯🇵 Japanese Basic Video Class — October Batch 1

ဂျပန်စာကို အခြေခံကနေ စနစ်တကျ စတင်ချင်သူတွေအတွက် Basic Video Class လေး ဖွင့်ပါပြီ 🇯🇵✨

ဂျပန်စာ လုံးဝမသိသေးတဲ့သူ၊ Hiragana / Katakana ကနေ စပြီး လေ့လာချင်တဲ့သူ၊ N5 မတက်ခင် Basic Foundation ကို သေချာတည်ဆောက်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ Class ဖြစ်ပါတယ်။

📚 သင်ကြားပေးမယ့်အကြောင်းအရာများ

✏️ ひらがな — Hiragana
✏️ カタカナ — Katakana
🗣️ 濁音(だくおん)— Dakuon
🗣️ 半濁音(はんだくおん)— Handakuon
🗣️ 拗音(ようおん)— Yōon
🗣️ 促音(そくおん)— Sokuon
🗣️ 長音(ちょうおん)— Chōon

ဒါတွေအပြင် Japanese Basic Conversation ကိုလည်း ထည့်သင်ပေးသွားမှာပါ။

💬 နှုတ်ဆက်စကားများ
💬 ပထမဆုံးတွေ့ဆုံခြင်း
💬 ကိုယ်တိုင်မိတ်ဆက်ခြင်း
💬 နာမည် / နိုင်ငံ / လူမျိုး / အလုပ်အကိုင် / အသက်
💬 ဂဏန်း၊ အချိန်၊ နေ့ရက်
💬 Classroom Japanese
💬 これは何ですか? / どこですか?
💬 ဈေးဝယ်ရာမှာ အသုံးပြုတဲ့ Japanese
💬 Restaurant မှာ အသုံးပြုတဲ့ Japanese
💬 好き・嫌い ပြောနည်း
💬 နေ့စဉ်အသုံးဝင်တဲ့ Japanese expressions

🎥 သင်ကြားမှုပုံစံ — Video Class

ကိုယ့်အားလပ်ချိန်မှာ Video တွေကို ပြန်ကြည့်ပြီး လေ့လာနိုင်တာကြောင့် အလုပ်လုပ်နေသူတွေလည်း အဆင်ပြေပါတယ်။

📅 သင်တန်းကာလ — 1.10.2026 မှ 31.10.2026 အထိ (1 လ)
💰 သင်တန်းကြေး — 10,000 MMK သာ

ဒီ Class ပြီးသွားတဲ့အခါ Hiragana / Katakana ဖတ်ရေးနိုင်ဖို့၊ Japanese အသံထွက်အခြေခံကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကို မိတ်ဆက်နိုင်ဖို့နဲ့ နေ့စဉ်သုံး Basic Japanese စကားတွေကို ပြောနိုင်ဖို့ ရည်ရွယ်ပြီး သင်ကြားပေးသွားမှာပါ။

🌸 ဂျပန်စာကို Zero ကနေ စချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့သူတွေအတွက် ဒီ Class ကနေ စလို့ရပါတယ်။

📩 သင်တန်းအပ်နှံရန် Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

🇯🇵 October Batch — Japanese Basic Video Class
Start your Japanese journey from Zero! 🌸

02/02/2026

🇯🇵 Free Japanese Mini Lesson
🧍‍♂️ ဒီနေ့ လေ့လာမယ့်အကြောင်းအရာ — Body Parts

Japanese ကို နေ့တိုင်း အနည်းငယ်စီ လေ့လာကြရအောင် ✨
Yuna Japanese Online Class နဲ့ အတူ လွယ်ကူစွာ သင်ယူနိုင်ပါတယ်။

01/02/2026

📣 Yuna Japanese Online Class — Batch စတင်လက်ခံနေပါပြီ 🇯🇵

အခုဖွင့်လှစ်မည့် အတန်းများ —

📚 Beginner Japanese Class
📚 JLPT N5 Level Class
📚 JLPT N4 Level Class

🗣 N5 Speaking Class
🗣 N4 Speaking Class

📖 N5 Level 読解 (Reading) Class
📖 N4 Level 読解 (Reading) Class

✔ အခြေခံမှ စတင်သင်ကြားပေးပါသည်
✔ စကားပြောနိုင်အောင် လေ့ကျင့်ပေးပါသည်
✔ JLPT ဖြေဆိုရန် ပြင်ဆင်နိုင်ပါတယ်
✔ လာမည့် JLPT စာမေးပွဲအမှီ syllabus ပြီးအောင် လေ့ကျင့်သင်ကြားပေးပါသည်

💰 လူတိုင်းလက်လှမ်းမီစေရန် သင်တန်းကြေးကို အနည်းငယ်သာ သတ်မှတ်ထားပါတယ်

📩 အတန်းတက်လိုသူများ Messenger မှ ဆက်သွယ်နိုင်ပါသည်

01/02/2026

🇯🇵 Free Japanese Mini Lesson
🏢 အလုပ်နေရာတွင် အသုံးများသော စကားများ

✅ 少々お待ちください
👉 しょうしょう おまちください
ခဏစောင့်ပေးပါ။

✅ 確認してまいります
👉 かくにんして まいります
စစ်ဆေးပြီး ပြန်လာပါမယ်။

✅ 申し訳ございません
👉 もうしわけ ございません
အထူးတောင်းပန်ပါတယ်။

✅ お手伝いしましょうか
👉 おてつだい しましょうか
ကူညီပေးရမလား?

📌 အလုပ်ထဲမှာ စကားပြောတတ်အောင် Speaking ကို အတန်းထဲမှာ လေ့ကျင့်သင်ကြားပေးပါသည်။

📩 N5 / N4 Speaking Class join လိုပါက Messenger မှ ဆက်သွယ်နိုင်ပါသည်။

01/02/2026

📣 Yuna Japanese Online Class မှ ကြိုဆိုပါတယ် 🇯🇵

ဂျပန်စာလေ့လာနေပေမယ့်
❌ စကားမပြောနိုင်သေးဘူးလား?
❌ JLPT ဖြေချင်ပေမယ့် အခြေခံမခိုင်ဘူးလား?
❌ 読解 (Reading) နားလည်ဖို့ ခက်နေပါသလား?

Yuna Japanese Online Class မှာ
📚 N5 / N4 Level အတန်းများ
🗣 Speaking ကို အခြေခံမှစ၍ စကားပြောတတ်အောင် လေ့ကျင့်သင်ကြားပေးပါသည်
📖 Reading အခက်အခဲရှိသူများအတွက် အထူးအတန်းလည်း ရှိပါသည်

💰 လူတိုင်းလက်လှမ်းမီစေရန် သင်တန်းကြေးကို အနည်းငယ်သာ သတ်မှတ်ထားပါတယ်
စကားပြောတတ်ချင်သူများ၊ JLPT အောင်ချင်သူများအတွက် အထူးသင့်တော်ပါသည်။

📩 အတန်းတက်လိုသူများ Page Messenger မှ ဆက်သွယ်နိုင်ပါသည်

あなたの事業をShinjuku-kuのビューティーサロンのトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所


Shinjuku-ku, Tokyo

アラート

Yuna Japanese online classが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Shinjuku-kuに新しい情報があればお知らせします。