Enakokhine Beauty Diary

Enakokhine Beauty Diary

共有する

Enakokhine Beauty Diary, 美容・化粧品・パーソナルケア, Shizuoka-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Sharing Our Daily Llife( skincare, fashion,)
JapanမှCosmetic Fashionပစ္စည်းလေးတွေ, surprise giftလေးတွေကိုဂျပန်ပြည်အတွင်းနဲ့
Japan ကနေတခြားနိုင်ငံပေါင်းစုံပို့ဆောင်ပေးပါတယ်၊
❌မြန်မာကိုတော့ပို့လို့မရသေးပါ❌
မှာယူချင်ရင်တော့Msg Boxကနေဆက်သွယ်ပေးပါ​နော်။

Photos from Enakokhine Beauty Diary's post 02/08/2026

Ralph Lauren Sale 50%ရှိတယ်နော်
ခုကတော့ Summer Cotton Shirtလက်တိုလေးတွေများမယ်
Men’s wearမို့ မိန်းကလေးတွေဆို ဆိုဒ်သေးလေးတွေရှိဦးမယ်။
ဂျပန်နိုင်ငံအပြင်တခြားနိုင်ငံတွေလည်းပို့ပေးပါတယ်

27/07/2026

SNSမှာ အရမ်းနာမည်ကြီးနေတဲ့ Hair Iron (Permer) လေးကို မျှဝေပေးချင်ပါတယ် 💕

တခြားနေရာတွေမှာ ¥7,000〜¥8,000 လောက်ရှိပေမယ့် ဒီမှာတော့ ¥2,500 ဝန်းကျင်နဲ့ ဝယ်လို့ရတာမို့ တကယ်တန်ပါတယ်။

ကိုယ့်ရဲ့ဆံပင်စတိုင်ကို အလွယ်တကူ ပြောင်းလဲချင်တဲ့သူတွေအတွက် အရမ်းအကြံပြုပါတယ်။

Retro Style Curl လေးရလို့ ချစ်စရာကောင်းသလို Fashion ကျပြီး အရမ်းလည်းလှပါတယ်✨

စျေးလည်းတန်၊ အသုံးလည်းလွယ်တာမို့ စမ်းသုံးကြည့်ဖို့ အကြံပြုပါတယ် 💖

26/07/2026

ခုတလောအရမ်းအရမ်းကိုမှကြိုက်မိနေသော Korea brand nooni လို့ခေါ်တဲ့Lip Oilလေး၊ 3CEထက်ကိုပိုကြိုက်နေတာ😍😍အရောင်ထွက်ကောင်းပီးနှုတ်ခမ်းလေးဖူးဖူးလေးဖြစ်နေစေလို့

22/07/2026

🍔 အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ Hamburger 🍔

လုပ်ရတာအရမ်းလွယ်ပေမယ့် စားလိုက်ရင် ဆိုင်မှာဝယ်စားတာထက် ၁၀ ဆ ပိုအရသာရှိတယ် 🤤✨

အသားက Juicy ဖြစ်ပြီး၊ Cheese လည်းအိအိလေး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစားရတာ တကယ်အရသာရှိပါတယ်။

အားလုံးလည်း အိမ်မှာလုပ်ပြီး စားကြည့်နော် ❤️
လုပ်စားပြီးရင် ဘယ်လိုအရသာရှိလဲဆိုတာ Comment မှာ ပြောပေးခဲ့ပါဦး🥰

Photos from Enakokhine Beauty Diary's post 18/07/2026

မမဗိုက်ရဲ့ပထမဆုံးသောအီကြာကွေး

ဗိုက်ကြီးသည်က တခုခုစားချင်ပီဆို
ဒီမှာက နယ်ဘက်ဆိုတော့တိုကျိုလိုဘာမဆိုဝယ်စားလို့မရလို့ကိုယ်ဘာသာ လုပ်စားလိုက်ပီ။

အီကြာကွေးလုပ်နည်းတွေအများကြီးရှိပေမဲ့ဒီလုပ်နည်းလေးတော်တော်လွယ်တယ်ပြောရမယ်။

All purpose flour
小麦粉 300g
Baking Powder 10g
Baking Soda 15g
Egg. 1လုံး
ရေ။ 100ml
ဆား အနဲငယ်
သကြား အနဲငယ်

အားလုံးကိုရောသမမွှေပီးဂျုံသားပျော့လာတဲ့အထိမွှေပီးနယ်ရုံပဲ၊
ပီးရင်တော့ မုန့်သားကိုတစ်ညသိပ်ပေးရမယ်၊
အဲဒါမှကြော်တဲ့အချိန် ပွပွလေးဖြစ်တာ။

ကြော်တဲ့အချိန်ဆီကိုအရမ်းမပူမအေး အနေတော်နဲ့ကြော်ရမယ်။
အရမ်းပူရင်လည်းပွမတက်လာတာတွေဖြစ်တတ်တယ်။
ခိုင်မွန်ကတော့ အများကြီးကြော်ထားပီးရေခဲအအေးခန်းထဲမှာ အခဲရိုက်ထားပါတယ်။
အဲဒါမှကိုယ်စားချင်တဲ့အချိန် Air Flyerလေးနဲ့ပြန်နွှေးရုံပါပဲ၊
လုပ်နည်းလေးလည်းတင်ပေးဦးမှာမို့စောင့်ကြည့်ပေးကြဦးနော်😘

14/07/2026

Japanese Style Summer Vegetables in Dashi Broth
ပူပြင်းတဲ့နွေရာသီမှာ စားလို့အရမ်းအဆင်ပြေတဲ့ နွေရာသီဟင်းသီးဟင်းရွက် အချိုရည်စိမ် (夏野菜浸し) လုပ်နည်းလေးပါ။ 🥒🍆🍅

လုပ်ရတာလွယ်ကူပြီး အရသာလည်းလန်းလို့ အိမ်မှာစမ်းလုပ်ကြည့်နော်။ 💚

#夏野菜 #အိမ်ချက်ဟင်း
#夏野菜浸し

Photos from Enakokhine Beauty Diary's post 13/07/2026

ဟိုတနေ့ကတင်ထားတဲ့
မြီးရှည်အလွယ်လုပ်တုန်းကသုံးထားတဲ့အဓိကပစ္စည်းတွေပါ၊လာလာမေးကြလို့ဒီကနေပဲတင်ပေးလိုက်ပါတယ်။

အဓိကကတော့ ပဲငါးပိပါ
(ဂျပန်မှာအတူဆုံးဆိုရင်တော့納豆なっとうကိုရေဆေးပီးသုံးတာအကောင်းဆုံးပါ)
ကိုယ်ကြိုက်တဲ့納豆သုံးလို့ရပါတယ်၊
တချို့နာသိုးတွေကအရသာပါတာမို့အရသာမပါတဲ့ဟာလေးကိုသုံးထားပါတယ်၊

နောက်တခုကနာသိုးနဲ့တူတူ豆豉醬(とうちじゃん)
Kaldi, Gyoumu Superတို့မှဝယ်ယူနိုင်ပါတယ်၊
သူကပဲငါးပိကိုကျိတ်ထားတဲ့ဟာပါ၊

豆板醤ကတော့ ပဲငါးပိကိုမှကြက်သွန်ဖြူ၊ငြုတ်သီးတွေနဲ့အရသာစပ်ထားတဲ့ဟာပါ၊

အဲ့၃ခုကိုထည့်ပေးရင်၊အသားဟင်းချက်စရာမလိုပဲ၊ဂျပန်က အူဒုံခေါက်ဆွဲအမျှင်သေးတဲ့ဟာလေးနဲ့နဲစားရင်perfectပါနော်၊

နောက်တခါလုပ်စားတဲ့အခါအသေးစိတ်လုပ်နည်းတင်ပေးထားပါမယ်။

10/07/2026

နေ့တိုင်းလိမ်းဖြစ်တဲ့ Makeup Look လေး
အခုတလောတော့ Pink Tone Makeup ကို အရမ်းသဘောကျပြီး နေ့တိုင်းလိုလို ဒီလိုအရောင်လေးတွေနဲ့ ပြင်ဖြစ်နေတယ်။ 🌸
Because its summer??
နောက်ဆုံးထိအားပေးကြပါဦးရှင့်❤️

အမြဲတမ်းအားပေးနေသောFollowerများအားလုံးကျေးဇူးအများကြီးတင်ပါတယ်၊
ဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေရိုက်နိုင်အောင်ကြိုးစားလိုက်ပါဦးမယ်။

09/07/2026

မမဗိုက်ရုတ်တရက်မြီးရှည်စာားချင်လာလို့၊30minsနဲ့ချက်တဲ့ အမြန်မြီးရှည်ပေမဲ့ဆိုင်ဖွင့်လို့ရတယ်၊အရမ်းကောင်းချက်ပဲ

#မြီးရှည်

あなたの事業をビューティーサロンのトップリストShizuoka-shiにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

住所


Shizuoka-shi, Shizuoka
420-0043