Just Hmoo
Sharing Beauty Content
Hope I could get ready in 5s 🥲
01/09/2022
Pop of lilac 💜
•Foundation - The Ordinary (coverage foundation 1.1N)
•Loose powder & Concealer- M´aycreate
•Eyebrow - Revolution Makeup (Ultra Brow) + NYX eyebrow mascara (Burnette)
•Eyeshadow - HUDA Neon pink + Sivanna Colors (so chic duo blush in FRESH) + Revolution makeup (02 neutral palette)+ Beauty & Beyond (35O)
•Mascara - Bobeini (01 black)
•Lash - Merry color 3D lashes (style 023) [700တန်မျက်တောင်တု 🤭]
•Blush - Sivanna colors (so chic duo blush in FRESH)
•Lips - Charlotte Tilbury (Pillow talk 2 medium) + Anastasia Beverly Hills (Lip palette No.6)
09/08/2022
🍒 The Ordinary Coverage Foundation [HONEST REVIEW] 🍒
The Ordianaryလို့ပြောရင် ဒီကလူတွေနဲ့ မစိမ်းကြမယ့် brandလေးထင်ပါတယ်။ affordableဖြစ်ပြီး သိသာတဲ့resultတွေကြောင့် skincare lineဘက်မှာ နာမည်တစ်ခု အခိုင်အမာရထားတဲ့brandလေးပါ။ ပင်းကိုယ်တိုင်လည်း The ordinaryက ထုတ်တဲ့ niacinamideရဲ့fanအကြီးစားမလို့ ရင်းနှီးနေတဲ့productလေးပါပဲ။ ဒါပေမယ့် တစ်ခါမှတော့ cosmetics lineဘက်ကို မစမ်းဖြစ်ခဲ့ပါဘူး။
ဒီတစ်ခေါက်တော့ foundationအသစ်ဝယ်မယ် စဥ်းစားနေတုန်း သူကလည်းdiscount offနဲ့ကြုံတာနဲ့ပဲ ဝယ်စမ်းဖြစ်သွားပါတယ်။ စမ်းသုံးကြည့်ရင်းက reviewရေးဖြစ်သွားတယ်ပေါ့လေ။ 😛
သူက serum foundationနဲ့ coverage foundationဆိုပြီး ၂မျိုးထွက်ပါတယ်။ ပင်းဆီမှာက serum foundationတွေ များနေပြီမလို့ coverageကိုပဲ စမ်းသုံးဖို့ ဆုံးဖြတ်ပြီး ဝယ်ဖြစ်ခဲ့ပါတယ်။
✅ အားသာချက်အနေနဲ့ကတော့ Toneနဲ့shadeတွေ အတော်လေးစုံတာပါပဲ။
1.0 >> fair skin
2.0 >> medium skin
3.0 >> dark skinအပြင်
Toneကိုလည်း
P >> Pink
Y >> Yellow
N >> Neutral
R >> Redဆိုပြီး ခွဲပေးထားပါတယ်။
(••Toneမရွေးတတ်သူတွေအတွက် skin typeနဲ့toneအကြောင်းရှင်းပြထားတဲ့post linkလေး အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။)
ဒါ့အပြင် ကိုယ်ကluminousဖြစ်တာကြိုက်တဲ့သူဆို G >> goldနဲ့ S >> Silverထဲက ထပ်ရွေးလို့ပါတယ်။ ပင်းကတော့ neutral toneသမားမလို့ 1.1 Nရွေးခဲ့ပါတယ်။
packagingကနေ စပြောမယ်ဆို ဘူးက30ml sizeဆိုတော့ အရမ်းတော့မသေးဘူး။ pump designကိုမှ plasticဘူးမလို့ ခဏခဏပြုတ်ကျတတ်တဲ့သူတွေအတွက် ကွဲမှာ မပူရဘူးပေါ့နော်။
သူ့ရဲ့သိသာတဲ့ ကောင်းတဲ့အချက်ကတော့ light weight textureဖြစ်တာပါ။ foundationလိမ်းထားပေမယ့် လိမ်းထားတယ်လို့ကို မခံစားရဘူး။ skinနဲ့တစ်ထပ်တည်းကျတဲ့အပြင် ပေါ့ပေါ့ပါးပါးခံစားချက်မျိုးမလို့ အတော်လေး သဘောကျမိပါတယ်။
နောက်တစ်ချက်က long lastingဖြစ်တာပါ။ ပထမဆုံး စသုံးတဲ့တစ်ခေါက်မှာ primerမပါဘဲ လိမ်းကြည့်တာတောင် ၂နာရီကျော်လောက်ထိ အဆီမပြန်ဘဲ ကောင်းကောင်းput togetherဖြစ်ပါတယ်။ primerနဲ့ဆိုရင်တော့ ပိုပြီးတော့ ကြာရှည်ခံပါလိမ့်မယ်။ (••depend on your skin type)
coverageအနေနဲ့ကတော့ light to mediumလောက်ပဲ သွားပါတယ်။ အရမ်းကြီးတော့high coverageမဖြစ်ပါဘူး။ ပြီးတော့ အရမ်းmatte finishမဖြစ်ပါဘူး။ ပင်းမျက်နှာပေါ်မှာတော့ နည်းနည်းdewyဖြစ်တဲ့ ခံစားချက်မျိုးရပါတယ်။ သဘာဝကျကျနဲ့glowနေသလိုလေးပါ။ (••skin typeပေါ်လိုက်ပြီး ပြောင်းနိုင်တာလည်းရှိလို့ တချို့အတွက်ကျ လုံးဝmatte finishလည်းဖြစ်နိုင်ပါတယ်။)
ပြီးတော့ နည်းနည်းခြောက်တာမြန်ပါတယ်။ မျက်နှာတစ်ပြင်လုံး အားရပါးရ dotချပြီးမှ spongeနဲ့ ဖြန့်တတ်တဲ့သူတွေဆိုရင်တော့ အဆင်မပြေနိုင်ဘူး။ မျက်နှာတစ်ခြမ်းစီလိမ်းမှ okayပါမယ်နော်။
ယေဘုယျခြုံငုံပြီး ratingပေးရမယ်ဆိုရင်တော့ 4 out of 5ပါ။ နာမည်ရှိပြီးသားbrandတစ်ခုရဲ့foundationကို မြန်မာငွေ20kပတ်ချာလည်လောက်နဲ့ဆိုတော့ သုံးပျော်တယ်လို့ထင်ပါတယ်။ daily wearအတွက်လည်း အဆင်ပြေတာမလို့ light weightဖြစ်တဲ့foundationမျိုး ဝယ်ဖို့စဥ်းစားနေရင် ဒါလေးကို စမ်းသုံးကြည့်ဖို့ recommendပေးချင်ပါတယ်။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ 🙆
••Skin Typeနဲ့Skin Tone
🔗https://facebook.com/104101644365881/posts/185352026240842/
08/06/2022
This 1500ks mascara is unbelievably freaking good!!! ⭐⭐⭐⭐
Hotနေလို့ စမ်းသုံးကြည့်တဲ့ itemထဲ ဒီတစ်ခုကတော့ အရွေးအမှန်ဆုံးပဲ။ 🤩
waterproof၊ smudge proofဖြစ်တယ်။ အခြောက်မြန်တယ်။ wandက skinny slender wandမလို့ အောက်မျက်တောင်တွေအတွက် ရှယ်ကောင်းတယ်။
ညွှန်းကြတဲ့အတိုင်း မျက်တောင်လေးတွေတစ်ချောင်းချင်းစီဖြစ်တယ်။ voluminousတော့မဖြစ်ဘူး။ skinny wandမလို့ သုံးနေမကျတဲ့သူဆို အားမရသလိုခံစားရတယ်။ ကိုယ့်အမြင်အရတော့ အပေါ်မျက်တောင်ထက်စာရင် အောက်မျက်တောင်အတွက်သုံးတာ ပိုကောင်းတယ်။
ခြုံပြောရရင်
✅Water proof
✅Smudge proof
✅Fast drying
✅Good for lower lashes
✅Cheap & affordable
❌No voluminous
❌Skinny wand can be hard to handle for 1st time user
Bobeiniက Thaiကနေသွင်းတယ်ဆိုပေမယ့် originကတော့ Chinaပါ။ စျေးက 1500~2000ဝန်းကျင်မလို့ budget saveဖြစ်ပြီး သူ့စျေးနဲ့သူ့ဟာတော့ တော်တော်တန်တယ်လို့ပြောလို့ရပါတယ်။ ratingပေးရရင်တော့ 4 out of 5ပါ။
တခြားတစ်ယောက်လိုပြောင်းလဲသွားစေမယ့် The power of makeup 🤫
Product Description
•Foundation - Etude House Double Lasting Serum Foundation
•Loose Powder - Maycreate
•Brow - Makeup Revolution London Ultra Brow Palette (Medium to Dark)
•Eyeshadow - Nature Republic 10th Anniversary, ARTY × Snoopy No.1
•Blush - ARTY × Snoopy no.1
•Highlight - Heng Feng Glitter Liner
•Mascara - Milk Beauty Kush Mascara
•Eyelashes - Super Red (ကိန္နရီ)
•Lips - Maybelline Sensational Liquid Matte 09+ Sasi Xoxo Liquid Lip 204
03/01/2022
Etude House Baking Powder Scrub [HONEST REVIEW]
ပြီးခဲ့တဲ့လတုန်းက မျက်နှာအသားအရည်ကို သေချာဂရုမစိုက်မိလို့ ဆားဝက်ခြံတွေ မျက်နှာမှာ အတော်လေး ထွက်လာတယ်။ အထူးသဖြင့် နှာခေါင်းနဲ့ပါးပြင်နေရာတွေမှာပါ။ 😓
ပုံမှန်က black headဘာညာ ဆိုးဆိုးရွားရွား မထွက်တတ်တဲ့သူမလို့ အဲ့ဒါနဲ့ပတ်သက်ပြီး ထူးပြီး ဂရုမစိုက်မိခဲ့ဘူး။ ဘာသုံးရမလဲဆိုပြီး တိုင်ပတ်နေရင်းက ဝယ်နေကျ skin care pageက Etude House Baking scrubအထုပ်ကလေးတွေ သွားတွေ့လိုက်တာ။ ကောင်းနိုးနိုးဆိုပြီး 7gအထုပ်သေးလေး ၅ထုပ်လောက် စမ်းဝယ်ဖြစ်ခဲ့ပါတယ်။
ပထမတစ်ခါ စသုံးတုန်းကတော့ သိပ်မသိသာပေမယ့် ၂ကြိမ်မြောက်ရောက်တော့ ဆားဝက်ခြံတွေ သိသိသာသာလေး ပါးသွားပါတယ်။ စသုံးတုန်းက reviewရေးဖို့လည်း မတွေးထားတော့ before afterပုံတောင် ရိုက်မထားလိုက်မိဘူး။
ပင်းကတော့ ဆားဝက်ခြံရှိတဲ့နေရာပဲ ကွက်ပြီးသုံးလိုက်တာပါ။ သုံးနည်းကလည်း လွယ်ပါတယ်။ scrubက 5မိနစ် 6မိနစ်ဆို ကောင်းကောင်းခြောက်သွားပြီမလို့ ရေနဲ့ အသာလေး ဆေးချလိုက်ရုံပါပဲ။ မျက်နှာကို exofliationလုပ်တာမလို့ တစ်ပတ်ကို ၂ခါ ၃ခါထက်တော့ ပိုမသုံးသင့်ပါဘူး။ 🙅
7gအထုပ်ကလေးတွေပေမယ့် ၄ ၅ခါတော့ အသာလေး သုံးလို့ရပါတယ်။ ၃ခါလောက် သုံးပြီတာနဲ့ကို resultသေချာမြင်ရပါတယ်။
sensitive skinတွေနဲ့လည်း အဆင်ပြေပါတယ်။ ပင်းအသားအရည်က normalပေမယ့် အစ်မဖြစ်သူက sensitiveမလို့ သူလည်း စမ်းသုံးကြည့်ပေမယ့် အဆင်ပြေပါတယ်။ ဘာမှဖြစ်လာတာမျိုး မရှိပါဘူး။
စျေးလည်း affordableဖြစ်ပါတယ်။ အတော်များများကလည်း 7gအထုပ်လေးတွေကို ခွဲရောင်းကြတော့ စမ်းသုံးကြည့်လို့အဆင်ပြေတယ်။
ဆားဝက်ခြံကြောင့် စိတ်ညစ်နေရရင်တော့ ဒါလေး စမ်းသုံးကြည့်ဖို့ Recommendပါတယ်။ ❤️
24/08/2021
ဒီနေ့တော့ ပင်းက beauty tipsလည်းမဟုတ် pictorialလည်းမဟုတ်တဲ့ contentလေးတစ်ခုတင်ပေးချင်ပါတယ်
K-pop idolတွေရဲ့ makeup artistတွေအကြောင်းပဲဖြစ်ပါတယ် K-popက world dominationဖြစ်လာတဲ့အမျှ Idol groupတစ်ခု comebackလာတိုင်း သီချင်းအပြင် makeupတွေ outfitတွေကအစ သတိထားလာကြပါတယ်
ကိုယ်တိုင်ကလည်း K-popကိုသဘောကျတဲ့သူတွေထဲကတစ်ယောက်မလို့K-popသီချင်းတွေအတော်လေးနားထောင်ဖြစ်တဲ့ထဲမှာပါပါတယ် အဲ့လိုအခါတိုင်း outfitတွေ မိတ်ကပ်တွေကိုပါ သတိထားပြီးကြည့်ဖြစ်တယ် K-pop MVတွေက comebackတစ်ခါလာတိုင်း different vibe different conceptနဲ့မလို့ တော်တော်လေး မျက်စိပသာဒဖြစ်တယ်လို့ခံစားရပါတယ် အရင်ကလည်း idol recreation makeupတွေ ခဏခဏ တင်ပေးဖူးတာကို pageကို အရင်ကတည်းကlikeလုပ်ထားတဲ့သူတွေဆို သတိထားမိမှာပါ
ဒီနေ့Highlightလုပ်ပြီးပြောပြပေးချင်တာကတော့ K-pop idolတွေရဲ့makeup artistတွေထဲ သဘောကျမိတဲ့artist 4ယောက်အကြောင်းကိုပြောပြပေးသွားမှာပါ 3rd Genရဲ့
successfulအဖြစ်ဆုံးgirl groupတွေထဲက Red Velvet, Twiceနဲ့ Blackpinkတို့ရဲ့makeup artistတွေလည်းပါပါတယ်
Celebrityတွေတော်တော်များများက ပင်တိုင်artistရယ်လို့သိပ်မထားဘဲ အဆင်ပြေသလိုလိမ်းတာပါ ဒါပေမယ့် ဒီMUAတွေကတော့သူတို့အလိမ်းများဆုံးသူတွေဖြစ်ပြီး ကိုယ်တိုင်လည်းသဘောကျမိတာမလို့ဖော်ပြပေးလိုက်ပါတယ်
ပုံအောက်မှာဖတ်သွားပေးနော်😊
17/08/2021
Joy 'Queendom' Mood Sampler Eye-makeup Pictorial
Red Velvet Comebackလာတိုင်း MV Conceptအပြင် ထပ်ပြီးမျှော်လင့်မိတာ သူတို့makeup lookပါ Blackpinkနဲ့မတူတာက RVရဲ့ makeup lookတော်တော်များများက girly typeဘက်သွားပြီး အရောင်တွေဆိုလည်း neutral colorတွေအသုံးများပါတယ် stepအရမ်းမများဘဲ daliy lookမှာပါ လိုက်လိမ်းလို့အဆင်ပြေတဲ့ပုံစံလေးတွေပါ
ဒီတစ်ခေါက်ကတော့ Queendom mood samplerထဲက Joyရဲ့ eyemakeupအတိုင်းလိုက်လိမ်းထားပါတယ် Neutral colorတွေပဲသုံးထားပြီး girly and classicဖြစ်တဲ့lookမျိုးလေးပါ dailyကနေပွဲတက်အထိအဆင်ပြေပါတယ် Stepတွေလည်းအရမ်းမများလို့ အကုန်လုံးလိုက်လိမ်းလို့ အဆင်ပြေမယ့်lookလေးပါ
Queendom MVက မနေ့ကထွက်တာဖြစ်ပြီး MVထဲက Joy makeup lookကတော်တော်လှပါတယ် လိမ္မော်ရောင်
eyeshadowကိုမှ white eyelinerနဲ့တွဲပြီး ခြယ်ထားတဲ့lookက တမျိုးဆန်းပါတယ် အဲ့ဒီlookလေးပါ စိတ်ဝင်စားရင် tutorialထပ်လုပ်ပေးပါမယ်နော်
Ping ဒီtutorialကို editထားတာကြာပါပြီ အကြောင်းအမျိုးမျိုးနဲ့မတင်ဖြစ်တာ Anyway, tell me in the comments if you like this. ❤
သုံးထားတဲ့productsလေးတွေကိုအောက်မှာရေးထားပါတယ် အားလုံးပဲ ကျန်းမာရေးအထူးဂရုစိုက်ကြပါနော်
Face
•Foundation - pony effect seamless foundation + essence makeup drops
•Loose powder - maycreate loose powder
Eyes
•Eyeshadow + Eyebrow - makeup revolution london ultra brow palette(medium to dark)
•Lashes- super red cosmetics style(kaindari)
•Mascara- tarte man eater
•Eyeliner-maycreate
Lips
•Lipstick- KVD (bow & arrow) + cute press 06
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Daejeon