PYAE PHYO AUNG

PYAE PHYO AUNG

Share

🧡Htike&Shine fashion shop🧡
ညစျေးတန်းထိပ် ယခင်မနှင်းဆီအထည်ဆိုင်

&ကြိုက်တာယူ30¥&

04/05/2025

မဂ်လာဆောင်ကြ အလိုလိမ်းကြ🥴🤌

08/03/2025

&Shine ညစျေးတန်းထိပ် အရင်မနှင်းဆီဆိုင်❣️

08/03/2025

&Shine ညစျေးတန်းထိပ် အရင်မနှင်းဆီအထည်ဆိုင် ကာကာမောင်နှမလေးချောနေလို့❣️🙏

08/01/2025

ဒီမြို့ငယ်လေးမှာ ဘယ်သူတွေရှိလဲ🧡🥰🙋‍♀️

02/11/2023

မှတ်သားထိုက်သည့်-စကား(၁၀၀)

၁။ အတင်းမပြောပါနဲ့။

၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။

၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။

၄။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။

၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။

၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။

၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။

၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။

၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။

၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။

၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။

၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။

၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။

၁၄။ ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။

၁၅။ ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။

၁၆။ ကားမောင်းနေရင်း မက်ဆေ့ခ်ျမပို့ပါနဲ့။

၁၇။ ဆရာဝန်ကို မညာပါနဲ့။

၁၈။ တန်ဖိုးရှိတဲ့အရာတိုင်းကို လွယ်လွယ်နဲ့မရနိုင်တာ မမေ့ပါနဲ့။

၁၉။ ပြဿနာကိုလက်ယပ်မခေါ်ပါနဲ့။

၂ဝ။ ကျေးဇူးတရားတွေကို ထုတ်ဖော်ပြောဆိုဖို့ ဝန်မလေးပါနဲ့။

၂၁။ အွန်လိုင်းပေါ်မှာပဲ အချိန်မဖြုန်းပါနဲ့။

၂၂။ အချည်းနှီးအရာတွေအတွက် အချိန်ကုန်ခံမကြိုးစားပါနဲ့။

၂၃။ ကိုယ့်သမိုင်းကိုယ်ရေးဖို့ မမေ့ပါနဲ့။

၂၄။ အခွင့်အရေးဆိုတဲ့တံခါးပေါက်တွေ့ရင် အချိန်မဆွဲပါနဲ့။

၂၅။ စိတ်အားထက်သန်မှုမရှိဘဲ ဘာမှမလုပ်ပါနဲ့။

၂၆။ ထူးခြားချင်ရင် သူများနဲ့ မတူတာတွေလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။

၂၇။ အလေးထားရမယ့်နေ့တွေမှာ မပျက်ကွက်ပါနဲ့။

၂၈။ သတိဆိုတာ ပိုတယ်မရှိတာကို မမေ့ပါနဲ့။

၂၉။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးပါနဲ့။

၃ဝ။ မိတ်ဆွေသစ်ရှေ့မှာ မိတ်ဆွေဟောင်းအကြောင်း မပြောပါနဲ့။

၃၁။ ဝန်ထမ်းတွေကို အလေးထားဖို့ မမေ့ပါနဲ့။

၃၂။ လူအများရှေ့မှာ ကိုယ့်ကိုယ်ကို အမွှမ်းမတင်ပါနဲ့။

၃၃။ တောင်းပန်ရမယ့်ကိစ္စတွေမှာ ဘယ်တော့မှမနောက်ကျပါနဲ့။

၃၄။ အမှားအတွက် ရူးချင်ယောင်မဆောင်ပါနဲ့။

၃၅။ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်ဖို့မတွန့်ဆုတ်ပါနဲ့။

၃၆။ ဂုဏ်သိက္ခာထိခိုက်မယ့်အလုပ်တွေ မလုပ်ပါနဲ့။

၃၇။ ချစ်သူနဲ့လက်ထပ်တာဟာ ချစ်သူရဲ့မိသားစုနဲ့ပါ လက်ထက်တယ်ဆိုတာ မမေ့ပါနဲ့။

၃၈။ ဒုက္ခရောက်နေသူကို တွန်းအားမပေးပါနဲ့။

၃၉။ တစ်ဖက်သားအခြေအနေမှန်မသိဘဲ ပြစ်တင်စကားမပြောပါနဲ့။

၄ဝ။ မျိုးရိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းဖို့ မမေ့ပါနဲ့။

၄၁။ ပြဿနာတွေကို မဖန်တီးပါနဲ့။

၄၂။ ကျေးဇူးတင်စကားကို အရှည်ကြီးမပြောပါနဲ့။

၄၃။ လောကဓံကို မေ့မထားပါနဲ့။

၄၄။ ခိုးကြောင်ခိုးဝှက်မလုပ်ပါနဲ့။

၄၅။ ငွေကြေးကို ပေါ့ပေါ့ဆဆမသိမ်းဆည်းပါနဲ့။

၄၆။ သင့်မွေးနေ့ဟာ သင့်အမေအတွက်လည်း အထူးနေ့ဆိုတာ မမေ့ပါနဲ့။

၄၇။ အသေးအဖွဲပဲဖြစ်ဖြစ် စေတနာတိုင်းကို အလေးထားဖို့ မမေ့ပါနဲ့။

၄၈။ ကြင်နာမှုက သင့်ဘဝတလျှောက်လုံးကို အကျိုးပြုမယ့်အမူအကျင့်ဆိုတာ မမေ့ပါနဲ့။

၄၉။ သူများကိုချီးကျူးပါ။ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ မမေ့ပါနဲ့။

၅ဝ။ သည်းခံသင့်တဲ့နေရာမှာသည်းခံဖို့ မမေ့ပါနဲ့။

၅၁။ ကြီးသူကိုရိုသေဖို့ မမေ့ပါနဲ့။

၅၂။ သူတပါးကို စိုက်မကြည့်ပါနဲ့။

၅၃။ အကူအညီပေးခဲ့ဖူးသူတွေကို မမေ့ပါနဲ့။

၅၄။ အခွင့်ကောင်းတွေကို လက်လွှတ်မခံပါနဲ့။

၅၅။ အရေးကြီးတာနှစ်ခုကို တစ်ပြိုင်တည်းမလုပ်ပါနဲ့။

၅၆။ မှားမိတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

၅၇။ ကူညီချင်တယ်ဆိုရင် သူများအလုပ်လုပ်ပြီးတဲ့အထိ တိတ်ဆိတ်မနေပါနဲ့။

၅၈။ ကျေးဇူးတင်တတ်ဖို့ မမေ့ပါနဲ့။

၅၉။ အသိအမှတ်ပြုဖို့ မမေ့ပါနဲ့။

၆ဝ။ မိသားစုထမင်းဝိုင်းမှာ ဖုန်းပြောမနေပါနဲ့။

၆၁။ မတော်တဆအမှားအတွက် သင့်ကိုယ်သင်ခွင့်လွှတ်ဖို့ မမေ့ပါနဲ့။

၆၂။ အသက်ရှည်ဖို့ ဟာသကို မှီဝဲဖို့ မမေ့ပါနဲ့။

၆၃။ တစ်ဖက်သားကို မလေးမစားမဆက်ဆံပါနဲ့။

၆၄။ အချက်အပြုတ်သင်ဖို့ မမေ့ပါနဲ့။

၆၅။ ဘဝဝမ်းစာတွေဖြည့်တင်းနေဖို့ မမေ့ပါနဲ့။

၆၆။ နာမည်တစ်လုံးကို လွယ်လွယ်တည်ဆောက်လို့မရတာ မမေ့ပါနဲ့။

၆၇။ တစ်ယောက်တည်းလည်း နေတတ်အောင် ကြိုးစားဖို့ မမေ့ပါနဲ့။

၆၈။ မိဘကို အလေးထားဖို့ မမေ့ပါနဲ့။

၆၉။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။

၇ဝ။ ဧည့်ခံကျွေးမွေးသူကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။

၇၁။ နားမလည်တာကို ပြန်မေးဖို့ နောက်မကျပါစေနဲ့။

၇၂။ မိသားစုကို အလေးထားဖို့ မမေ့ပါနဲ့။

၇၃။ စကားပြောပါများရင် အမှားပါတတ်တာ မမေ့ပါနဲ့။

၇၄။ သင်စကားပြောတဲ့အလှည့်ချည်းပဲ မယူပါနဲ့။

၇၅။ နှုတ်စောင့်စည်းဖို့ မမေ့ပါနဲ့။

၇၆။ လိုချင်တာတွေအတွက် ကြိုးစားဖို့ မမေ့ပါနဲ့။

၇၇။ သင်ငယ်ငယ်က သင့်အမေက ပွေ့ချီခဲ့ဖူးတာ မမေ့ပါနဲ့။

၇၈။ လူတိုင်းဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

၇၉။ ရုပ်ရှင်ရုံထဲမှာ စကားမပြောပါနဲ့။

၈ဝ။ မကြွားဝါပါနဲ့။

၈၁။ အလုပ်များများလုပ်ပါ။ စကားများများမပြောပါနဲ့။

၈၂။ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မမေ့ပါနဲ့။

၈၃။ လူတိုင်းမှာ အခက်အခဲရှိတာ မမေ့ပါနဲ့။

၈၄။ လူကြီးမိဘတွေကို အချိန်ပေးဖို့ မမေ့ပါနဲ့။

၈၅။ ကလေးမဆန်ပါနဲ့။

၈၆။ သင် ချစ်ခင်ရသူတွေအတွက် သင့်ထင်မြင်ချက်က အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။

၈၇။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်တာ မမေ့ပါနဲ့။

၈၈။ ဘယ်သူ့ကိုမှ ညဥ့်နက်သန်းခေါင် ဖုန်းမဆက်ပါနဲ့။

၈၉။ ကိုယ့်တန်ဖိုးကိုယ် လိုတာထက်ပိုမလျှော့မိပါစေနဲ့။

၉ဝ။ အသေးအဖွဲတွေကအစ သတိထားဖို့ မမေ့ပါနဲ့။

၉၁။ အလုပ်မှာ အိနြေ္ဒရရဝတ်ဆင်ဖို့ မမေ့ပါနဲ့။

၉၂။ မအားတာနဲ့ ပျင်းရိတာမတူတာကို မမေ့ပါနဲ့။

၉၃။ သင့်အမေက သင့်အတွက် အမြဲအရေးပါတာ မမေ့ပါနဲ့။

၉၄။ ပျော်ရွှင်မှုတွေကို ရှာဖွေဖို့ မတွန့်ဆုတ်ပါနဲ့။

၉၅။ နိုင်ငံတော်သီချင်းစာသားတွေကို မမေ့ပါနဲ့။

၉၆။ အလုပ်တိုင်းမှာ အကျိုးကျေးဇူးရှိတာ မမေ့ပါနဲ့။

၉၇။ ပတ်ဝန်းကျင်ကို အလေးထားဖို့ မမေ့ပါနဲ့။

၉၈။ ပန်းတိုင်ကို အရောက်သွားဖို့ မပျင်းပါနဲ့။

၉၉။ အိပ်စက်ခြင်းနဲ့ပဲ အသက်မကြီးမိပါစေနဲ့။

၁ဝဝ။ ဘာသာတရားကို မမေ့ပါနဲ့။

ပြန်လည်မျှဝေသူ
crd

02/11/2023

ဘဝမှာ မတန်တာတွေရှိတယ်

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများကြီးဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့
ကိုယ့်အတွက်.....တန် မတန်
စဉ်းစားဖို့လိုတယ်တဲ့

အခုနောက်ပိုင်း
ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ရော
နေရာပေးဖို့ရော ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်က
မတန်တဲ့အရာတော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်တော့တယ်

အဲ့တာကြောင့် တစ်ခါတစ်လေ
ရန်လာလုပ်သူတွေ၊ တိုက်ခိုက်သူတွေကို
ပြန်ရန်လုပ်ဖို့၊ ပြန်ပြောဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့
ဥပေက္ခာပြုတတ်လာတယ်

မတန်ပါဘူး.......တကယ်ကို မတန်တာပါ

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်...

Crd.

27/08/2023

သိပ်ကောင်းတဲ့ ဥပမာ 💁

မတန်ဘူးထင်ရင်မပြိုင်နဲ့..

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့ တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား။
သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

အရမ်းကြိုက်တဲ့ ဥပမာလေးပါ


#မေတ္တာဖြင့်_စာပေမျှဝေသူ
ေးပါသည်
#မေတ္တာဖြင့်တစ်ဆင့်ပြန်လည်မျှဝေပေးပါသည်
#စာပေမျှဝေသူ
#မူရင်းရေးသားသူcreditပေးပါသည်

28/05/2023

အပျင်းပြေ

အသံအတွက်တော့
ခွင့်လွှနော် ကိုကြီးဝေလရေ့🙏

Want your business to be the top-listed Beauty Salon in Vientiane?
Click here to claim your Sponsored Listing.

Telephone

Website

Address


Vientiane