MUA by Su

MUA by Su

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MUA by Su, Makeup artist, Bago.

Photos from MUA by Su's post 12/03/2024

Photoshootလေးအတွက်မမနှစ်ယောက်ကိုပြင်ပေးထားပါတယ်💕💕

MUA&Hair Do- Su Su

Photos from MUA by Su's post 21/12/2023

Happy Birthday Sweet Girl Lay💖💖💖

MUA - Su Yadanar(Hazel Yi Mon)

Photo - Simple illusion

11/12/2023

Birthday Photo shootလေးအတွက်သွားပြင်ပေးထားတဲ့ vlogအတိုလေးပါ 💖💖

04/12/2023

Daily makeup/Everyday makeup🫶🫶

Photos from MUA by Su's post 23/11/2023

Customer လှလှလေးနှစ်ယောက်ကိုပြင်ထားတာလေးပါ💛💛

MUA - Su Yadanar(Hazel Yi Mon)

Photos from MUA by Su's post 23/11/2023

ဗန်းကိုင်ညီမချောချောလှလှလေး💖

MUA -Su Yadanar(Hazel Yi Mon)

22/11/2023

မြောက်ပြန်လေ အေးအေးလေးတွေ တစ်ခါတိုက်ခတ်လာပြန်တော့ တစ်ဆောင်းသစ်ပြန်တာပေါ့ ချစ်တို့ရေ 💓

အေးမျှတဲ့ ရာသီဥတု ကြောင့် အအေးပိုတဲ့ ဒေသတွေနဲ့ နယ်မြေ မအေးချမ်းတဲ့ ဒေသ တွေမှာ ရှိတဲ့ ချစ်တို့အတွက် ကိုယ့်ရဲ့ Grab and Go Bag လေးတွေထဲ မှာ ကရိကထ မများဘဲအလွယ်တကူ ဝယ်ရလဲလွယ် သယ်ရလဲလွယ် တဲ့ skincare လေးတွေကိုပြောပြပေးပါမယ်နော် 💓

💓ဆောင်းဝင်လာတာ နဲ့ အမျှ ရာသီဥတု အေးလာပြီဆိုရင် ချစ်တို့ရဲ့ မျက်နှာအသားရည်တွေဟာ ခြောက်သွေ့လာနိုင်တယ် အသားတွေပတ်လာနိုင်တယ် စသဖြင့်သော အေးမြတဲ့ ရာသီဥတုကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ် ...
အဲ့လိုတွေမဖစ်အောင် 💕Moisturizer 💕ကိုပုံမှန်သုံးနေကျထက်ပိုသုံးပေးသင့်တဲ့အပြင် texture ပိုထူတာလေးလဲသုံးပေးသင့်ပါတယ်..oily skinသမားတွေကတော့ gel typeသုံးသင့်ပေမဲ့လဲ cream typeကိုမှoil freeလေးကိုရွေးနော်..

Travel sizeလေးတွေလဲရှိတော့သယ်ရတာအဆင်ပြေပါတယ်💕

✌️လူတိုင်းရင်းနှီးပီးသားလဲဖြစ် ဝယ်ရလဲလွယ်ကူတဲ့အပြင် ဆောင်းတွင်းနဲ့ခွဲထားလို့တောင်မရတဲ့ ပစ္စည်းလေးနှစ်ခုကို sharing လေးထပ်လုပ်ပေးချင်ပါတယ်
အဲ့တာကတော့Vaselineနဲ့ NIVEA Moisturizer (blue tin)ပါ

Vaseline

- နှုတ်ခမ်းကွဲခြင်း၊အသားပတ်ခြင်း၊ခြေဖနှောင့်ကွဲခြင်းတွေမှာသုံးလို့ရတဲ့အပြင် removerအနေနဲ့လဲအဆင်ပြေတော့သူ့တမျိုးထဲနဲ့တင်အဆင်ပြေနေပါပီ🫶🏻

NIVEA Moisturizer

- NIVEAသံဘူးအပြာလေးကိုလူတိုင်းသိမယ်ထင်ပါတယ်..
ဆုတို့ငယ်ငယ်ကဆို Skincare တွေမပေါ်သေးတော့ ဆောင်းတွင်းရောက်တာနဲ့ ဝယ်သုံးရတာလေးကိုတောင်သတိရမိတယ်🫶🏻
သူက မျက်နှာအတွက် moisturizer အနေနဲ့သုံးလို့ရတဲ့အပြင် body အတွက်လဲ lotion အနေနဲ့သုံးလို့ရတဲ့အတွက် lotion ထပ်ထည့်စရာမလိုတော့
သူ့တစ်ဘူးထဲနဲ့တင် ပြည့်စုံနေပါပီ🫶

💖မိန်းခလေးတွေက အလှကြိုက်တဲ့အတွက်🫣 မိန်းခလေးတွေကိုဦးတည်ပြီး ပြောပေမဲ့လဲ...
ယောကျ်ားလေးတွေလဲ VASELINE နဲ့ NIVEA Moisturizer လေးတွေကိုကိုယ့်ရဲ့အိတ်လေးထဲမှာ ဆောင်ထားသင့်ပါတယ်နော် 💖

✌️နောက်ပြီး ချစ်တို့အနေနဲ့ ကိုယ့်ရဲ့ Grab and Go Bag လေးတွေထဲမှာ အမျိုးသမီးလစဥ်သုံး Padလေးတွေလဲဆောင်ထားဖို့မမေ့နဲ့နော်💖

💓Hope you all stay safe and healthy💓

18/11/2023

အရုပ်မလေးလိုချစ်စရာကောင်းတဲ့ညီမလေး 💓

16/11/2023

Primerအကြောင်းတစေ့တစောင်း💌

Primerဆိုတာလေးကို မိန်းခလေး တော်တော်များများသိကြလိမ့်မယ် ထင်ပါတယ်😉..ဒါပေမယ့် မိတ်ကပ်လိမ်းရင် အလုပ်ရှုပ်လို့ primer ကိုခံမလိမ်းတဲ့ သူလဲ ရှိသလို မလိုအပ်ဘူးထင်ပြီး မလိမ်းတဲ့သူတွေလဲ ရှိကြမှာပါဘဲ😑...ဆု ကိုယ်တိုင်လဲ လိမ်းဖို့မလိုအပ်ဘူးလို့ထင်ခဲ့ဖူးပါတယ်🤫..

Primerကိုဘာကြောင့်လိမ်းသင့်တာလဲ💖..

- Primer ရဲ့effectက ချွေးအများကြီးမထွက် အောင်ချွေးပေါက်လေးတွေကို ထိန်းညှိပေးလို့မိတ်ကပ်သားကို ကြာရှည်ခံစေပါတယ်..အဆီပြန်တတ်တဲ့သူနဲ့ မိတ်ကပ်သားကြာရှည်မခံတဲ့သူတွေ ဆိုရင်တော့ foundation မလိမ်းခင်မှာ primer ကိုမဖစ်မနေလိမ်းပေးသင့်ပါတယ်နော်💓

- ချွေးပေါက်၊ဆားဝက်ခြံ၊ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ချိုင့်ခွက်၊အရေးအကြောင်းရှိတဲ့သူတွေ primer ကိုခံလိမ်းပေးခြင်းဖြင့် အပြစ်အနာအဆာလေးတွေကိုအတော်အတန်ဖုံးသွားစေပါတယ်ရှင်💓

- Primer ကမျက်နှာလေးကိုချောမွေ့အောင်လုပ်ဆောင်ပေးတာကြောင့် မိတ်ကပ်သားလေးကိုညက်ညောစေတဲ့အပြင်💖

- Primer ကိုခံလိမ်းထားခြင်းဖြင့် မိတ်ကပ်တွေကချွေးပေါက်တွေထဲ တိုက်ရိုက်မဝင်တော့ဘဲ မလိုလားအပ်တဲ့ ဝက်ခြံအဆီဖုပြသနာတွေကိုလဲအတတ်နိုင်ဆုံးကာကွယ်ပေးပါတယ်...

Primerကtype မျိုးစုံ Brand မျိုးစုံရှိတဲ့အပြင် skinပေါ်မူတည်ပီးသုံးရတာတွေလဲရှိပါတယ်💓...
အဲ့ထဲကမှ ချွေးပေါက်တအားကျယ်တဲ့သူ၊အဆီတအားပြန်ပြီး ဝက်ခြံအဆီဖုရှိတဲ့သူ၊အသားအရေနီ တတ်တဲ့သူဆိုရင်တော့ Pore primer လေးတွေသုံးလို့ရပါတယ်ရှင်🫶

ကိုယ့်ရဲ့မျက်နှာလေးက normal(or)dry skinလေးဆိုရင်တော့ glow ပါတဲ့primerဘဲဖစ်ဖစ်
moisturizer primer ဘဲဖြစ်ဖြစ် သုံးပေးလို့ရပါ
တယ်ရှင်🩷

💌 Makeup နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ သိရဖို့ သင်တန်းတွေဘာတွေ တက်နေစရာမလိုပါဘူးနော် 💓ဆု💓ရဲ့ page လေးကို like and follow လေး လုပ်ထားရုံပါဘဲ…နောက် content တွေမှာ တွေ့ကြမယ်နော်ချစ်တို့ရေ😍....
အခြား သိချင်တာလေးတွေ ရှိရင်လဲ အောက်က comment box လေးမှာ မေးသွားလို့ရပါတယ် ဆု အားတာနဲ့ သေချာလေးဖြေပေးသွားပါမယ်နော်ကျေးဇူးပါရှင့်💓

13/11/2023

ဆုတို့ရဲ့ အဘွားတွေ အမေတွေ အသဲစွဲဖြစ်ခဲ့တဲ့ အာချီမိတ်ကပ်လေးအကြောင်းပြန်လွမ်းကြရအောင်နော်💌

ဆု လိုမျိုး ၉တန်း၁၀တန်း မှာလှချင်လာတော့ အမေမသိအောင်🤫ခိုးလိမ်းခဲ့ဖူးတဲ့သူတွေလဲရှိကြမယ်ထင်တယ်🤭

ဆု အမေဆို မိတ်ကပ်အကောင်းစားတွေ ဝယ်ပေးလဲ ခုချိန်ထိ အာချီမှအာချီပါဆိုနော်..အဲ့တာမို့လဲ
သူ့မျက်နှာလေးဆ်ို skincareလုပ်နေတဲ့ ဆု ထက်
နုဖတ်အုအက်နေတာ 🩷

တချို့ကပြောကြတယ် ...အာချီလိမ်းရင် တင်း
တိတ်၊မဲ့ခြောက်တွေထွက်တယ် တဲ့ ..အမှန်တော့ အာချီကြောင့် မဟုတ်ပါဘူးနော်💓

ဆုတို့ရဲ့ အဘွားတို့ အမေတို့ခေတ်က သူ့တမျိုးထဲလိမ်းပြီး သနပ်ခါးလေးဘဲထပ်ကြတော့နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာကြောင့် တင်းတိတ်တွေ မှဲ့ခြောက်တွေ ဖြစ်လာတာပေါ့🩷

ခု ဆုတို့ခေတ် မှာ suncream တွေပေါ်လာပီဆိုတော့ အာချီကိုမလိမ်းခင်မှာ (Suncream,Moisturizer,Aloe Vera Gel)လေးတွေအရင် လိမ်းပေး 💓 ပြီးမှ အမျိုးသမီးလေးတွေရဲ့အချစ်ဦးဖြစ်တဲ့ အာချီလေးကိုလိမ်းပေးရင် တင်းတိတ် မှဲ့ခြောက်တွေ ဖြစ်နိုင်ချေ နည်းပါးသွားပါလိမ့်မယ်💓

နောက်တခု 💓ဆု💓အကြံပေးချင်တာ ကတော့
သူ့ကိုလိမ်းမယ်ဆို လက်နဲ့မပွတ်ဆွဲစေချင်ပါဘူးနော်.....Makeup Sponge လေးကိုရေလေးစွတ်ပီးညင်ညင်သာသာလေး ပွတ်ဆွဲစေချင်ပါတယ်ရှင့်🫶

ပြီးရင်တော့......

Powder (or)Two wayလေးပုတ် နှုတ်ခမ်းနီလေးဆိုးလိုက်မယ်ဆိုရင် ရှင်းသန့်လှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရမှာအသေချာပေါ့ရှင်💓

ခုလိုမိတ်ကပ်ဈေးတွေ အရမ်းတတ်နေတဲ့ချိန်မှာ ဈေးလဲသက်သာပြီး တကယ်လဲသုံးလို့ အဆင်ပြေခဲ့တဲ့ အာချီမိတ်ကပ်လေးကို ဒီနေ့ခေတ်လူငယ်လေးတွေ
ပြန်ပီးသတိရစေဖို့ sharingလေးလုပ်ပေးလိုက်ပါတယ်နော်💌💌

မိတ်ကပ်လိမ်းပီးရင်လဲ Makeup removerလုပ်ဖို့လဲမမေ့ကြနဲ့နော်
ချစ်တို့ရေ🩷🩷🩷

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago