Beauty Secret By Ivy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Secret By Ivy, Skin Care Service, Bago.
ဤpageစတည်ထောင်ချိန်ကနေယနေ့ထိအလုပ်လာအပ်ပေးသောတစ်ဦးတစ်ယောက်စီကိုကျေးဇူးတင်ပါတယ်ရှင်။ဤpageဆက်မrunပဲရပ်နေတဲ့အတောအတွင်းလဲဖုန်းဆက်ပြီးအလုပ်လာအပ်တဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုငြင်းရတာလည်းတကယ်အားနာပါတယ်။
လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းနှင့်ထပ်ချဲ့မယ့်လုပ်ငန်းအပေါ်တွင်အာရုံပိုစိုက်ချင်သောကြောင့်
ဤpageကနေမည်သည့်အလုပ်မှလက်မခံတော့ပါရှင်။
လျှောက်လှမ်းခဲ့သောဘဝမှတ်တမ်းကိုပြန်ကြည့်ရင်ရအောင်အမှတ်တရတခုအဖြစ်သာသိမ်းဆည်းထားပါမယ်ရှင်🍀🍀🍀
13/09/2023
Hello
Byphasse ရဲ့ Cleansing Oil reviewလေးပါ
Skincare step မှာအဓိကအကျဆုံးက Cleansing Step ဆိုလဲမမှားဖူးနော်
IV make up on တဲ့နေ့တွေဆိုရင် miceller water ထက် cleansing oilကိုပိုပြီးသုံးဖြစ်တယ်။Skincare နဲ့ပတ်သတ်ပြီး research အရ micellar water ထက် cleaning oilတွေက ချွေးပေါက်အတွင်းမှာပိတ်နေတဲ့ waterproof makeup တွေအဆီပိုတွေ၊အဆီဖုတွေနဲ့ဆဲလ်သေတွေပျော်ကျပြီးအသားရေခြောက်သွေ့ခြင်းမရှိ သန့်စင်ဖယ်ရှားပေးလို့ပါ
အညစ်ကြေးတွေကို ပျော်ကျသွားတဲ့အတွက်
deep cleansing ဖြစ်တဲ့အပြင်မျက်နှာ မှာ ဝက်ခြံ၊အဆီဖု ဖြစ်ချင်းမှprotect လုပ်ပေးနိုင်ပါတယ်
93%သဘာဝfloral oil 11မျိူးပါဝင်တဲ့အပြင်
ပြီးတော့ byphasse brand က 100% vegan products ကိုမှ dermatologically tested လုပ်ထားတဲ့အတွက် Sensitive skinများယုံကြည်စိတ်ချစွာသုံးစွဲလို့ရပါတယ်
eco-friendly ဖြစ်တဲ့အပြင် ဂွမ်းသုံးစရာမလိုတဲ့အတွက်အသားရေပါးတဲ့သူအတွက် အညစ်ကြေးညင်သာစွာဖယ်ရှားပေးနိုင်တယ်နော်
How to use
လက်ထဲ 2 pump လောက်ညစ်ချပြီးမျက်နှာပေါ် message လုပ်၍အဆီတွေအဖြူရောင်ပြောင်းသွားလျှင်ရေဆေးချပါ။ရေဆေးချတဲ့အခါoilတွေမကျန်ခဲ့ပဲdeep cleaning ဖြစ်စေပါတယ်
Iv recommended ပေးတဲ့ cleaning oilအသုံးပြုလိုပါက BYPHASSEMyanmar
မှာ ဆက်သွယ်မှာယူလို့ရပါတယ်ရှင်
25/12/2022
ချစ်ခင်ပေးကြတဲ့အပြင် လက်ဆောင် လေးတွေ တကူးတကပို့ပေးတာကျေးဇူးပါ အသုံးပြုတဲ့အခါ ကြိုက်နှစ်သက်တာလေးရှိရင်ပြန်လည်မျှဝေပေးပါမယ်ရှင်
မီးပျက်နေတဲ့အတွက် တစ်ချို့ပစ္စည်းလေးတွေ ဓာတ်ပုံမရိုက်ရသေးလို့ပါ လက်ဆောင်ပစ္စည်းအကုန်လက်ခံရရှိပါတယ်ရှင်😍
24/12/2022
IV ခုနောက်ပိုင်း IV ဆံပင်ကိုသတိထားမိတာက ဆံနွယ်ပါးလာတဲ့အပြင်အရင်ခေါင်းလျှော်မှကျွတ်တဲ့ဆံပင်က ခုနောက်ပိုင်းခေါင်းမလျှော်လဲကျွတ်လာတယ်။
IV ဆံပင်ဘယ်လောက်ထိကျွတ်လဲပုံထဲသာကြည့်တော့
IV ဆံပင်က ဆေးခနခနဆိုးကာလာခနခနချွတ်တော့ကာလာခနခနချွတ်တဲ့ဆံပင်ဆိုအားလုံးသိတဲ့အတိုင်းဖွာလန်ကျဲပြီးဆံသားweightမရှိတော့ဆံသားကိုkeratinပါတဲ့productနဲ့သေချာလေးအစိုဓာတ်ရအောင်treatmentပြန်လုပ်
အသုံးပြုတာ၂ပတ်ရှိပြီ IV က ၃ရက်တစ်ခါခေါင်းလျှော်ဖြစ်တယ်။resultအနေနဲ့ ဆံပင်ကျွတ်တာသက်သာလာတယ် ဆံပင်အုံတော့ပြန်မထူသေးပေမယ့်ဆံပင်ကအရင်ခေါင်းလျှော်ပြီးရင်ဖွာဖွာကြီးကခုခေါင်းလျှော်ပြီးတိုင်းအိစင်းနေတယ်။၂ပတ်အတွင်းIV ဆံသားထိရောက်အောင်ဘလိုအသုံးပြုခဲ့လဲဆိုရင်
လုပ်ဆောင်ချက်(၁)
👉Keratinက shampooနဲ့အရင်လျှော်ဒါလေးနဲ့စစလျှော်တော့ပထမအကြိမ်သိပ်မသိသာဖူး ၃ကြိမ်မြှောက်မှာတော်တော်သိသာလာတယ်ခေါင်းတစ်ခါလျှော်ပြီးရင်ဆံပင်ကဝပ်ဆင်းနေတာပဲ။IV ဆံသားကဆံနွယ်ဆိုတော့သေးမျှင်တယ်ဆံသားပိုရှုပ်တယ်ရှုပ်နေတာတွေရှုင်းရလွယ်အောင်
လုပ်ဆောင်ချက် (၂)အနေနဲ့ hair mask အသုံးပြုတယ်hair mask ဘယ်လောက်ထိကြိုက်လဲဖင်ကပ်ပဲကျန်တဲ့အထိပဲ packaing ဖွင့်လိုက်တာနဲ့အနံ့ကသင်းနေတာချိုချဥ်နံ့လေး။တကြိမ်သုံးရုံနဲ့ ရှုပ်ထွေးနေတဲ့ဆံပင်တွေအကုန်ရှင်းပြီးရေးဆေးချတဲ့အခါအိစင်း။အကြိုက်ဆုံးကအနံ့လေးပဲ ။Keratine hair mask က ဆံပင်အစိုဓာတ်အပြည့်အဝပေးလို့ဆံသားခြောက်သွေ့ခြင်းကြောင့်ဆံပင်ကျွတ်တာသိသိသာသာသက်သာစေတယ်။
လုပ်ဆောင်ချက်(၃)အနေနဲ့ Keratin Hair Spray
ကိုခေါင်းလျှော်ပြီးdryer မမှုတ်ခင်မစိုမခြောက်လေးမှာဖြန်းပြီး dryer မှုတ်တယ်။spray ဖြန်းပြီးမှုတ်ရင်ဆံပင်ကျွတ်သက်သာစေပြီး ဆံပင်ရှင်းရလွယ်ကူစေပါတယ်
လုပ်ဆောင်ချက်(၄)
Hair Styling Oil ကို IV က ကာလာခနခနချွတ်တော့hair spray ဖြန်ပြီး dryerမှုတ်ပြီးတာနဲ့ Color protect Oil လေးကိုလိမ်းလိုက်တယ်။Hair Styling Oilလိမ်းထားရင် hair coat ထပ်လိမ်းစရာမလိုပဲIV လိုဆေးဆိုးထားတဲ့ဆံပင်ကိုနူးညံ့ပျော့ပြောင်းကိုပြောင်းလဲစေတယ်။UV protection ပါဝင်လို့ IV အပြင်ထွက်ခါနီးတိုင်း hair coat အစား hair styling oilလေးကိုထလိမ်းတော့တာပဲ
ကဲ IV ကိုဆံပင်ဆေးဆိုးထားပြီးဆံပင်ခနခနကျွတ်လို့ဘယ်လိုလုပ်ရမလဲ၊ဆံသားကြမ်းနေလို၊ဆံသားခြောက်သွေ့နေလို့ဘာလုပ်ရမလဲ၊ဘာလိမ်းရမလဲမေးနေတဲ့အသဲတွေအတွက် IV က Byphasse Skincares Myanmar က keratin series လေးကို recommended ပေးပါတယ်ရှင်
မှာယူလိုသူများအနေဖြင့် Byphasse Skincare Myanmar pageမှာအသေးစိတ်မေးမြန်လို့ရတဲ့အပြင်
Beauty Diary ဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ်ရှင်
21/12/2022
ငါရေမချိုးတိုင်း လိုက်မချိုးပဲ
မနေကြနဲ့
ငါက ရုပ်လေးနဲ့ဖမ်းထိန်းလို့ရတယ်
Kay Khaing
21/12/2022
Sunscreen လိမ်းပြီး မိတ်ကပ်မလိမ်းချင်တဲ့သူတွေအတွက် နေလောင်ဒဏ်ကို ကာကွယ်ပေးရုံသာမက အမဲစက်၊တင်းတိတ်ဖြစ်ခြင်းမှသက်သာစေတဲ့ Cerave Sunscreen honest review
✅Mineral Sunscreen
✅Broad Spectrum Spf 30
IV အရင်က Sunscreen တစ်ခါရွေးရင်အချိန်တော်တော်ယူရတယ်ဘာလို့လဲဆိုတော့ Sunscreen အများစုကပူလို့ခုCerave Sunscreen ကိုIV ဘာကြောင့်ကြိုက်လဲ ကြည့်ကြရအောင်နော်...
Essential Ingredient အနေနဲ့Niacinamide & Ceramide Acid ပါဝင်လို့အသားရေကိုအစိုဓာတ်အပြည့်အဝပေးနိုင်တော့ကြည်လင်စိုပြေစေပါတယ်
Mineral Sunscreen ကိုမှ Hydrating Mineral Sunscreenဖြစ်တဲ့အပြင် Broad Spectrum Spf 30ပါဝင်တဲ့အတွက် နေလောင်ဒဏ်မှကာကွယ်ပေးတာပေါ့ကွယ်🌞🌞🌞
All Skin Type အသုံးပြုလို့ရပြီးBlending လုပ်လို့ကောင်းတဲ့အပြင် IV အကြိုက်ဆုံးက White Cast မကျန်ခဲ့ဖူး။မိတ်ကပ်သားပါဝင်ပေမယ့် လိမ်းလိုက်ရင်ပူခြင်း၊ပြာခြင်း၊ကွက်ခြင်းလုံးဝမဖြစ်ဖူး💯💯💯
Hyaluronic Acid ပါဝင်လို့ချွေးပေါက်ကျဥ်းစေတဲ့အပြင်အမဲစက်အဆီဖုတွေကိုပါသိသိသာသာသက်သာစေပါတယ်။
မျက်နှာပေါ်တင်လိုက်တာနဲ့အသားရေနဲ့တစ်သားတည်းဖြစ်ပြီးပါးပါးကြည်ကြည်လေးဖြစ်နေတာကအားသာချက်
IVနဲ့တည့်ပြီးIV ရဲ့ personality အရသဘောအကျဆုံးSunscreen ပဲ။
ကဲ မိတ်ကပ်သားပါဝင်တဲ့Sunscreen ညွှန်ပေးပါဆိုတဲ့သူတွေအတွက် IV ညွှန်ပေးလိုက်ပြီနော်
https://www.facebook.com/ceravemm/?mibextid=ZbWKwL
အိမ်မှာနေရင်း လေ့ကျင့်လို့ရအောင်မျက်ခုံးမွှေးအလွယ်ဆွဲနည်း တင်ပေးလိုက်ပါတယ်
19/12/2022
လက်ဆောင် ပို့ပေးပါသော
Perfect DetoxJuice ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ ပဲခူး-ရန်ကုန်ကို အအေးပျက်ရင်အရသာပျက်မှာစိုးလို့ဆိုပြီးသေချာလေးရေခဲရိုက်ပြီးထုတ်ပေးလိုက်တာ ကျေးဇူးပါ အမ😍
18/12/2022
ချွေးပေါက်ကျယ် ပြီးမဲညစ်နေတဲ့ အသားရေရှိသူများအတွက်အချိန်တိုအတွင်းအသားရေညီပြီး ကြည်အောင်လုပ်လို့ရတဲ့အကြောင်း
အားလုံးပဲမဂ်လာပါ IV လွန်ခဲ့တဲ့ ၉လလောက်က
My Aura Aesthetic Clinic- အလှအပဆိုင်ရာဆေးခန်း မှာ Treatment လေး၃ခုယူခဲ့ပါတယ်
အာ့ထဲကလောလောလတ်လတ် ပြလို့ရတဲ့ပုံလေးတွေနဲ့resultလေးကိုပြလိုက်ပါတယ်ရှင်
လွန်ခဲ့တဲ့၉လလောက်က IV အထပ်မြန်မာပြည်အထက်နဲ့အောက် ခနခနသွားတာများပြီး Skincare လဲသေချာမလုပ်ဖြစ်နောက်နေ့ပွဲတတ်စရာလေးတစ်ခုရှိတော့ အသားရေပျက်စီးပြီးပြီး မဲညစ်နေတဲ့အသားရေနဲ့မတတ်ချင် အာ့နဲ့ My Aura Aesthetic က Dr.နှင်းလဲ့နဲ့ဆွေးနွေးပြီး Carbon Laser treatment လေးယူဖြစ်ခဲ့ပါတယ်
ဘလိုခံစားရလဲနာကျင်လားဆိုတော့လုံးဝနာကျင်ခြင်းမရှိဖူး treatment ပြီးလို့ ဘာတွေချက်ချင်းသိသာသွားလဲဆိုတော့ အရင်နေလောင်ပြီး ညစ်နေတဲ့အသားရေတွေကြည်လာတယ် Carbon Laser Peeling လုပ်ပြီးတဲ့ခါ အသားရေက နဂိုထက်ပိုပြီးကြည်လာတဲ့အတွက် မိတ်ကပ်လိမ်းရင်နဂိုထက်ပိုပြီး ကြည့်ကောင်းလာတယ်
👉Carbon Laser လုပ်တဲ့အာနိသင်ကဘာကောင်းလဲဆိုရင် Collagen ကိုလှုံ့ဆော်ပေးတဲ့အတွက်အသားရေနူးညံ့စိုပြေစေတယ်မျက်နှာဆဲလ်သေဖယ်ရှားပေးတယ်အသားရေညီစေတဲ့အပြင်ချွေးပေါက်ကျယ်တာလဲသိသိသာသာကျဥ်းလာတယ်
My Aura Aesthetic ကဘာတစ်ခုကောင်းလဲဆိုတော့ Carbon Laser လေးပစ်ပြီးသွားရင် electroporation စက်ကလေးဖြင့် vitamin C gel လေးကိုပါ လက်ဆောင် ပြုလုပ်ပေးသေးတော့ အသားရေပိုပြီး Glow စေတာပေါ့ကွယ်😳😳😳
ဆေးခန်းတစ်ခုနဲ့တစ်ခုအချိန်ပေးရတာရော အသုံးပြုတဲ့ဆေးရောမတူညီတဲ့အတွက် result လဲမတူပါဖူးရှင်။နဂိုလှပြီးသားကိုယ့်ရဲ့မျက်နှာလေးကိုတတ်ကျွမ်းမှု့မရှိတဲ့နေရာမှာပြုလုပ်မိလိုအသားရေပျက်စီးတာထက်စာရင်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့Treatment ယူတာ ပိုပြီး safeဖြစ်တာပေါ့ရှင်🤷♀️
IV ရဲ့ ဒီpostလေးက လိုအပ်နေသူများအတွက်အထောက်အကူတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်။
နေရာလေးက- ပါရမီလမ်းပေါ်ကပါရမီHotelနား Mya Aura Aesthetic Clinic ပါ
17/12/2022
မြန်မာပြည်က ပျိူမေအများစုက အသားဖြူရင်လှတယ်ဆိုပြီးသတ်မှတ်ထားကြတယ်။အာ့ထဲIV အပါအဝင်ပါပဲ😁
ရုပ်မလှရင်နေပစေကြည်လင်စိုပြေတဲ့အသားရေရှိရင်မိတ်ကပ်မပါလဲလှတယ်🙄
အရင်ကIVအသားရေကပုံထဲကလိုမဲညစ်ညစ်ကြီး body serum သုံးလဲမရ။မဲချောကို ဖြူတယ်ဆိုတဲ့lotionဝယ်တယ်လိမ်းလိုက်ရင်မမဲပြာကြီးဖြစ်လို့အရင်ပစ္စည်းအရွေးမှားစဥ်ကပေါ့ကွယ်
ခုတော့IVလိုအသားရေဖြူချင်တဲ့IV ဖန်တွေအရွေးမမှားရအောင်IV ဘာလေးညွှန်းမလဲဆက်ကြည့်ရအောင်နော်🤷♀️
Skin tone အဆင့်ဆင့်ရှိတာကြောင့်အသားညိုတဲ့သူကိုအသားရေဖြူအောင်လုပ်မို့မလွယ်ကူဖူး။အချိန်တိုအတွင်ဖြူသွားတယ်ဆိုတာက အရေပြားကိုထိခိုက်စေတဲ့အပြင်းစားတစ်ခုခုပါဝင်လို့ပါ။
အသားရေထိန်းသိမ်းတဲ့productတွေသုံးအချိန်တစ်ခုထိစောင့်ကြာလာရင်ကျန်းမာစိုပြေတဲ့အသားရေတစ်ခုပိုင်ဆိုင်လာမှာပါ💯💯💯
ဒီByphasseရဲ့ Whitening lotionက Wheat နဲ့ Oat ကနေထုတ်ထားတဲ့ 90% Natural Ingredient ဖြစ်တဲ့အပြင် AHA,Jojoba esters,Kiwi fruits နဲ့ Glycerin ပါဝင်လို့အသားရေဖြူဝင်းစေပြီးအမဲစက်တွေပျောက်တဲ့အပြင် Skintone Unifier ပါဝင်လို့ တစ်ကိုယ်လုံးအနှံ့အသုံးပြုလို့ရပါတယ်😳
IV အကြိုက်ဆုံး first Impression က packaging ဖွင့်လိုက်တာနဲ့ ချိုချဥ်နံ့လေးကမွှေးနေတာပဲစားချင်စရာလေး လိမ်းလိုက်တာနဲ့အသားရေစိမ့်ဝင်မှု့မြန်ပြီးအေးနေတာပဲ❄❄❄
ပြာခြင်း၊ပူခြင်း၊စပ်ခြင်းဘာမှမရှိဖူး။ဘယ်လောက်ထိထိရောက်လဲဆိုရင်ဘာသုံးသုံးပြာသွားတဲ့အသားရေကခုဆိုကျန်းမာစိုပြေပြီးဖြူစင်ဝင်းပတဲ့အသားရေတစ်ခုရရှိနေပြီ။
အသားဖြူချင်လို့ဘာလိမ်းရမလဲခနခနလာမေးတဲ့ IV ဖန်လေးတွေတွက် IV လက်တွေ့ဝယ်ယူသုံးစွဲပြီးကောင်းလို့ညွှန်းပေးလိုက်ပြီနော်...
မှာယူလိုပါက- Byphasse Skincares မှာအသေးစိတ်ဆက်သွာ်မေးမြန်းလို့ရပါတယ်ရှင်
14/12/2022
တစ်ခုခုဆိုသတိရပေးလို့ ကျေးဇူးပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bago