Chance Collection BKK & Korea Cosmetic

Chance Collection BKK & Korea Cosmetic

Share

BKK and Korea Skincare and Cosmetic အစစ်များသာရောင်းပါသည်

11/09/2026

ဆံပင်တွေအရမ်းကျွတ်နေရင် ဒါလေးသုံးကြည့် 🤎

ဒီShampooကိုသုံးနေတာတော့ ကြာပါပြီ။Thaiမှာဆို တအားလူသိများတဲ့ Shampoo။ "ခေတ်"သုံးနေတာဒါနဲ့ဆို(3)ဘူးမြောက်။သူများ‌တွေတော့မသိ ကိုယ်ကတော့ ပစ္စည်းတစ်ခုသဘောကျရင် ထပ်ခါထပ်ခါ ပြန်ဝယ်တတ်တယ်။

ဒီရက်တွေထဲ ညနက်ထိ Screen Timeတွေများပြီး
အိပ်ရေးတွေပျက်တော့ ဆံပင်တွေကျွတ်တာဆိုတာ ခေါင်းတစ်ခါဖြီး၊ (5)ပင်လောက်ကျွတ်၊ပြီးတော့ Dryer‌ နဲ့မှုတ်ပြီးမှပုံမသွင်းရင် ပုံမကျသလိုဖြစ်တာမို့အပူထိပါများပြီးဆံပင်က Damage ဖြစ်ချင်လာရော။ဒီကြားထဲဦးရေပြားက ယားသလိုလို၊ဗောက်ထချင်သလိုလိုကလည်းဖြစ်သေး။( တစ်ယောက်တည်းတိုင်ပတ်)😆

အဲ့ဒါနဲ့ လျှော်နေကျ Lorealတွေကုန်တာနဲ့ ဒါကိုထပ်ဝယ်လိုက်ရတယ်။သူနဲ့လျှော်ပြီးရင် ဆံသားပိုခြောက်တာ၊ကြမ်းတာမျိုးမဖြစ်ဘူး။2-in-1 Shampoo ဖြစ်တဲ့အတွက် Conditioner ပါ,ပါတော့ ‌ပုံမှန်Shampooတွေထက် ဦးရေပြားခြောက်တာနည်းတယ်ပေါ့။ ဦး‌ရေပြားအဆီပြန်တာသက်သာသလိုဗောက်ထတာလည်းသက်သာ‌စေတယ်။ ဒါပေမဲ့ ‌Extremely dry hair ဖြစ်တဲ့သူအတွက်တော့ ‌extra conditioner တစ်ခေါက်လောက် ထပ်သုံးပေးဖို့လိုမယ်။

ဒီ Shampoo မှာ Ingredients အနေနဲ့ Bergamot extract(ရှောက်ဘီလူးသီးအဆီအနှစ်)ပါလို့ ဦးရေပြားဗောက်ထတာ ၊ ဦးရေပြားအဆီပြန်တာ ၊ ဟော်မုန်းကြောင့်ဆံပင်ကျွတ်တာတွေက အစသက်သာ‌‌စေနိုင်တယ်။ နောက်ပြီးအောင်မဲညိုလဲပါသေးတာကြောင့် baby hair လေး တွေလည်းထွက်တယ်ပြောကြပေမဲ့ သိပ်တော့အားမရဘူး။ဒါမဲ့ ဆံပင်ကျွတ်တာသက်သာတယ်။ Herbal extract တွေပါပေမယ့် sulfate-based shampoo ဖြစ်ပြီးStrong cleansing လုပ်ပေးလို့ oily scalp တွေအတွက်ပိုအဆင်ပြေမယ်။ Dry / sensitive scalp ဆိုရင် sulfate-free shampoo မျိုးသုံးတာပိုကောင်းပါလိမ့်မယ်။

Natural Ingredients တွေနဲ့ထုတ်ထားတာမို့ ကိုယ်ဝန်‌ဆောင်တွေလည်းသုံးလို့အဆင်ပြေတယ်။အမြုပ်ထွက်အားလဲကောင်းသလို လျှော်ပြီးတာနဲ့ခေါင်းကလုံးဝပေါ့ပါးပြီး နေလို့တအား​ကောင်းချက်ဘဲ။ ခေါင်း
လျှော်တဲ့အခါ Silicone Brush လေးတွေနဲ့ လျှော်တာက ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားကျန်းမာစေတယ်‌‌နော်။တစ်ခါလျှော်(၂)ကြိမ်လောက်ဆို လုံလောက်ပြီ။သဘာဝ organicပစ္စည်း တွေနဲ့ထုတ်ထားတာဆိုတော့ Side Effect ဆိုတာမရှိသလောက်မို့ သုံးကြည့်စချင်တယ်။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။

❌Copying of images and text is strictly prohibited.❌

Photos from Nicole’s Beauty Test's post 11/09/2026

Instock ပါရှင့် 🩷

10/09/2026

အထုပ်လေးရပါမယ်ရှင်🩵🩵🩵

Yoon Skin Hair Treatment ကို ဘူးလား? အထုပ်လား? မေးရင် ကိုယ်ကတော့ အထုပ် team ကပဲ!

အာနိသင်နဲ့ result က အတူတူဆိုပေမဲ့ အထုပ်ကြီးကမှ ပိုတန်တာ... 500 ml ကိုမှ 3 သောင်းကျော်ပဲရှိတာ။ အားရပါးရသုံးရလည်း သုံးရတယ်။

Family size ကြီးမို့ တယောက်တည်းသမားဆို တမေ့တမုန်းသုံးပါလေ။

သုံးနေတာ ကြာပြီ။ သုံးတာတော့ ဘူးနဲ့စသုံးတာပဲ။ အခု အထုပ်နဲ့ပါ ထပ်သုံးဖြစ်နေပါတယ်။

Result ကို တော်တော်ကြိုက်တာ။ ဆံပင်ကလေ ချက်ချင်းပျော့ဖတ်သွားတာ။ ဝပ်အိပြီး ငြိထွေးနေတာအကုန်ရှင်း၊ အရမ်း အရမ်းကိုသုံးလို့ကောင်းတာပါ။

Texture ကလည်း ထူပျစ်ပျစ်မဟုတ်ဘူး။ ဆံပင်မှာ စေးကပ်ကပ်မဖြစ်ဘူး။ တခါတလေ သုံးတာများသွားရင်တောင် အဆီပြန်တာမဖြစ်ဘူးရယ်။

သုံးနေရင်းနဲ့ Weight ပိုရှိလာပြီး၊ အကျွတ်သက်သာလာတာတော့ သိသိသာသာသထိထားမိတယ်။

သူက ပျော့စေတာတခုတည်းမဟုတ်ဘူး၊ ဆံသားအတွင်းထဲအထိ Nourishing လုပ်ပေးတဲ့ Hair Treatment ဆိုတော့ ဆံသားစိုစိုပြောင်ပြောင်နဲ့ အားရှိလာဖို့ စွဲသုံးလို့ တအားအဆင်ပြေပါတယ်။

Botanical Extracts တွေ ထည့်သုံးထားတာ။ Asiatic Dogwood Extract, Chinese Foxglove Extract, Peony Root Extract တို့ပါတယ်​။ ဒီ Ingredients တွေက ဆံသားခြော၊က်တာ၊ အဖျားနှစ်ခွဖြစ်တာ၊ ကျွတ်တာတွေကို သက်သာစေတယ်။

အနံ့လည်း ကောင်းတယ်။ ချစ်စရာကောင်းတဲ့ အနံ့လေးတခုပဲ။

ခေါင်းလျှော်ပြီးတဲ့အထိ ဆံပင်မှာ နည်းနည်းသင်းသင်းလေး စွဲကျန်တယ်။

ဒီဈေးနဲ့ ဒီ Quality ကတော့ တကယ်ရှားမှရှားပဲ။ လူကြိုက်များ၊ နာမည်ကြီးတာလည်း မပြောနဲ့၊ တကယ်သုံးရအဆင်ပြေပြီး Result ကောင်းတဲ့ Hair Mask ပါ။

Try ဖို့ စဉ်းစားနေရင်တော့ try ကြည့်လိုက်သင့်ပါပြီ။ Highly Recommend ပေးပါတယ်။

ဘူးက သယ်ရပြုရလွယ်တယ်ဆိုပေမဲ့ အိမ်မှာပဲဆိုရင် အထုပ်ကြီးသာသုံးပါ။

Yoon Skin မှာ ရပါတယ်။

10/09/2026

Instock ပါရှင့်

စျေးလည်းသက်သာပြီးCleansing waterကိုအစိုဓာတ်ကျန်တာလိုချင်တယ်ဆိုရင်Yoon Skinရဲ့ဒီCleansing waterကိုရွေးနော်။ တော်တော်လေးသဘောကျမိတဲ့အထဲမှာပါတယ်။ ဘာကြောင့်သဘောကျလဲဆိုတာကိုတစ်ချက်ချင်းHanပြောပြမယ်။ သူကCica extractတွေကိုအဓိကbasedလုပ်ထားတဲ့formulationပေါ့နော် Ingredients listကလည်းရိုးရှင်းတယ်ဘာမှအရမ်းမရှုပ်နေဘူး။ Low-risk ဖြစ်တဲ့ingredients တွေနဲ့gentle ဖြစ်တဲ့surfactantsတွေကိုပဲတွေ့ရတယ်။ Cleanဖြစ်တယ်ဆိုတာထက်ကိုပိုတယ်။ Drying agentဖြစ်တဲ့Alcoholလည်းမပါသလို Silicone နဲ့ Essential oils တွေလည်းfreeဖြစ်တာမို့လို့sensitive skin တွေအတွက်ရွေးချယ်စရာတွေအများကြီးထဲကစိတ်ချရတဲ့ရွေးချယ်စရာတစ်ခုဖြစ်လာတယ်။ သို့ပေမဲ့Ethylhexyl Palmitate ဆိုတဲ့triggerတစ်ခုပါတာကြောင့်fungal acne သမားတွေအတွက်လုံးဝ100% totally safeဖြစ်တယ်လို့တော့မပြောနိုင်ဘူး။ ဒါပေမဲ့ ကျွန်မကတော့အခြေအနေအရမ်းမဆိုးဘူး သုံးချင်တာဆိုရင်တော့trigger ကအခြေနေအရမ်းအဆိုးကြီးထဲမပါတဲ့တစ်ခုပဲဖြစ်တာမို့လို့သုံးလို့ရပါတယ်။ ကျန်တာကsurfactantsတွေနဲ့Centella Asiatica ရဲ့ Powder တို့Extractတွေပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ရိုးရှင်းတယ်လို့ပြောတာ။ Results အနေနဲ့တော်တော်လေးသဘောကျမိတဲ့အထဲပါတယ်။ တစ်နေ့တာလုံးလိမ်းထားတဲ့အကြွင်းအကျန်တွေကိုဖျက်ပြီးတဲ့အချိန်မျက်နှာကပြောင်ရှင်းသွားတဲ့အချိန်မှာအသားကိုကိုင်ကြည့်လိုက်ရင်တကယ်စိုစိုအိအိလေးကျန်ခဲ့တာနော်။ Han cleansing water တွေကိုသုံးနေတဲ့အချိန်Oilsတွေဘက်မလှည့်တာတော်တော်လေးကြာခဲ့ပြီ။ ဝက်ခြံဖြစ်နေတဲ့အချိန်လုံးဝမျက်စိမှိတ်ပြီးသုံးလို့ရတာဖြစ်လို့Acne prone skinတွေအနေနဲ့ Cica နဲ့မတည့်တဲ့သူတွေကလွဲလို့ဒါကိုTryကြည့်လို့ရတယ်။ အထူးသဖြင့်deep cleansing ဖြစ်တဲ့facial foam တွေနဲ့လည်းအရမ်းတွဲသုံးလို့အဆင်ပြေပြီးကောင်းတယ်။ မှတ်ထားပါ တစ်ကမ္ဘာလုံးမှာအရေးကြီးဆုံးSkincare stepကဘာလဲလို့မေးရင်အကုန်လုံးကSunscreen လို့ဖြေကြမယ် အဖြေကတော့မဟုတ်ဘူးနော် Cleansing stepဖြစ်ပါတယ်။ အဲ့တာကြောင့်Product ကောင်းတာတွေကိုပဲရွေးချယ်စေချင်ပါတယ်။ ဒီProduct သည်လည်းဘယ်သူတွေနဲ့ပိုအဆင်ပြေနိုင်လဲဆိုတော့ Skin concerns က Dry to Dehydrated skin , Sensitive, Acne prone skin တွေကိုပိုပြီးhighlightလုပ်ပါတယ်။ စျေးနှုန်းကလည်း300mlကို 32000ksဆိုတော့သုံးပျော်တယ်လေ နော့်။ ဒီReviewဖတ်ပြီးTryကြည့်ချင်တယ်ဆိုရင်Yoon Skin မှာဝယ်လို့ရသလို နီးစပ်ရာSkincareဆိုင်တွေမှာလည်းလွယ်လင့်တကူဝယ်လို့ရပါတယ်။

Disclaimer - Re-Han’s Details x Yoon Skin

Photos from Chance Collection BKK & Korea Cosmetic's post 10/09/2026

မေမေတို့ ကိုယ့် baby တို့တွက်ရွေးချယ်စရာ 👶🏻

ဆိုင်မှာbaby တို့ တွက် instock ရတဲ့ item လေးတွေပါရှင် 👶🏻

Photos from Chance Collection BKK & Korea Cosmetic's post 10/09/2026

Lip care လုပ်ချင်တဲ့ သဲတို့အတွက် Lway Lip care လေးတွေ ရောက်ပါတယ်ရှင်❤️🩷

Photos from Chance Collection BKK & Korea Cosmetic's post 10/09/2026

Cutapro Sun Lotion 🧡🤍

Price 44000 MMK

ရေစိုချွေးစို လည်း ခံ ပြီး ‌texture အေးအေးလေး မလို့ လိမ်းရ တာ အေးမြတဲ့ feeling ရစေပါတယ် 🧡🤍

အသားအရေနေလောင် ထားတဲ့သူတွေ/ချွေးပေါက်ကျယ် တဲ့အသားအရေ တွေ အဆင်ပြေပါတယ်

Skin barrier ပျက်စီးလွယ်တဲ့သူတွေ sensitive skin တွေ ကစ အဆင်ပြေပါတယ် 🧡🤍

Photos from Chance Collection BKK & Korea Cosmetic's post 10/09/2026

Pororo moisture cream (100g)

Price >> 31000 MMK

ဘေဘီလေးတို့အတွက် သင့်တော်တဲ့ moisturizer လေးရှာနေတယ်ဆို ဒါလေးသာယူ💙

💙vitamin E ပါဝင်တာကြောင့် အစိုဓါတ်ကို အပြည့်အဝပေးနိုင်ပါတယ်

💙chemical အနည်းဆုံးနဲ့ mild ဖစ်အောင်ထုတ်လုပ်ထားတာ မလို့ အသက် 6 လကနေစပြီး သုံးလို့ရတယ်နော်

💙sensitive skin တွေတွက်လည်း သင့်တော်လို့ စိတ်ချလက်ချ သုံးလို့ရပါတယ်ရှင့်

💙texture လေးက watery type ဖစ်လို့ စေးကပ်ကပ်မဖြစ်စေဘဲ အသားအရည်ထဲ အလွယ်တကူစိမ့်ဝင်တာကြောင့် နွေရာသီသုံးလဲ အဆင်ပြေပါတယ်နော်

Photos from Chance Collection BKK & Korea Cosmetic's post 10/09/2026

Sivanna PaoPao Blush 🩷💕

Blush အိအိလေးနဲ့ အရောင်လေးတွေကလည်း ရှယ်လှသောလေးတွေ💕

ရွေးချယ်စရာ အရောင်၃ရောင်ရှိပါမယ်နော်💕

Available 01 F***y
02 happy
03 sexy
Price 14000 MMK

10/09/2026

Instock instock 🖤

တော်တော်‌လေးကိုကြိုက်မိလို့
ငုံး တစ်ယောက်တည်း ကြိတ်သုံးနေတဲ့
Beauty of Joseon Ginseng Essence Water

ဒီ Essence ကို April 27 က စသုံးဖြစ်တာဆိုတော့
တစ်လခွဲနီးပါးလောက်တော့ ရှိသွားပြီ
တစ်ဝက်လည်းကျိုးတော့မယ်
ဒါပေမယ့် တစ်လခွဲဆိုတဲ့အနေအထားနဲ့
ငုံး ရဲ့အသုံးကြမ်းတာတောင်မှ
တစ်ဝက်တောင်မကုန်သေးတာမို့
အသုံးခံတယ်လို့ပြောရမယ် 😁👊🏻

🧡 Packaging & Design
ရိုးရိုးရှင်းရှင်းလေးပဲ ကော်ဘူးအကြည်ရောင်လေးနဲ့လာတယ်
ဖန်ပုလင်းနဲ့ဆိုရင်တော့ ပိုလှမယ်လို့ထင်တာပဲ ဟီး
ဒါပေမယ့် ဒါလေးကပေါ့ပေါ့လေးနဲ့
ပြုတ်ကျရင်လည်း ကွဲမှာစိတ်မပူရဘူးမို့ အဆင်ပြေပါတယ်
* 8/10 *

🧡 Scent
Herbal နံ့မျိုးဘက်သွားတယ်
Ginseng နံ့ပဲလားတော့ မသိဘူး
ငုံးတော့ ဒီအနံ့လေးအရမ်းကြိုက်တာပဲ
စပ်စုမ serum ရဲ့ အနံ့နဲ့ တူတူပဲ
* 10/10 *

🧡 Texture & Color
Texture ကတော့ ကျဲတောက်နေရော
အဲ့တာကြောင့် စေးကပ်မှာပူမှာဘာညာ စိတ်ပူစရာမရှိဘူး
အရောင်လေးကလည်း အညိုရောင်လေး မိုက်တယ်
ခပ်ချွဲချွဲလေးနဲ့ လိမ်းလိုက်ရင်အေးအေးလေး
စိမ့်ဝင်တာကတော့ Essence တို့ရဲ့ သဘောတရားအတိုင်းပဲ
အနည်းငယ်စောင့်ရပါတယ် တစ်မိနစ်လောက် ☝🏻
* 9/10 *

🧡 Ingredients
သူကလေ Panax Ginseng Root Water ကို 80% တောင်ပါတာ
Water ဆိုတာ ဟိုးနောက်မှာ သွားရှုပ်လို့တော့ မရဘူး
Panax Ginseng ဆိုတာက အမှန်တော့
တရုတ်တို့ ဟန်းဂုတို့လို့
အရှေ့တောင်အာရှမှာပေါက်တဲ့ Ginseng ပဲပေါ့နော်
Ginseng Root Water အပြင် Root Extract လည်းပါသေးတယ်
နောက်ပြီး အားလုံးကြိုက်ကြတဲ့
Niacinamide ကို 2% ထည့်ထားပေးတယ်
နောက်ပြီး anti-aging skincare တွေမှာပါတတ်တဲ့
Adenosine ကို 0.04% ထည့်ပေးထားတယ်
( သူ့ကိုက အများဆုံး 1% အထိပဲသုံးခွင့်ပြုတယ်လို့
ငုံးဖတ်ရတယ် မှားရင်လည်း ပြောပါဦးနော် ⊙.☉ )
အစိုဓာတ်ကို ရှယ်ပေးပြီး repairing အတွက်ကောင်းတဲ့
Glycerin , Panthenol , Butylene Glycol,
Sodium Hyaluronate တို့တွေလည်း ပါနေပြန်ရော
နောက်တစ်ခုက Ginseng Root ကို အချဉ်ဖောက်ထားတာပါတာမို့
Fungal Acne သမားတွေတော့ သိပ်အဆင်ပြေမယ်မထင်ဘူး

🧡 How to Use ?
ပုံမှန် Toner သုံးပြီး Essence step မှာသုံးပေးလို့ရတယ်
Toner မသုံးလည်း ဒါကိုပဲ 2 layers လောက်လိမ်းလိုက်ရင်ကို
အရမ်းအဆင်ပြေပါတယ်

🧡 Effects & Benefits
- Ginseng ကတော့ အားလုံးသိတဲ့အတိုင်းပဲ
Anti-aging အတွက် အဓိကကောင်းတယ်
တစ်ခုပြောစရာရှိတာက ငုံးက 19 နှစ်တောင်မပြည့်သေးတာမို့
Aging အတွက် သိသာလားမေးရင် ဖြေစရာမရှိ‌ပါဘူး
ဒါပေမယ့် Aging အတွက် သုံးချင်ရင် သုံးလို့ရပါတယ်
ဒီမှာက အချဉ်ဖောက်ထားတဲ့ Ginseng လည်းပါတာမို့လို့
သူက အရေးအကြောင်းတွေကို ပိုပြီးကုသပေးနိုင်တယ်
Ginseng က skin elasticity ကို တိုးတက်စေပြီးတော့
Collagen ဆုံးရှုံးမှုကိုလည်း လျှော့ချပေးနိုင်တယ်

- အရေပြားကို အစိုဓာတ်ပေးနိုင်ပြီးတော့
အသားအရောင်မညီတာတွေ
skin texture ကြမ်းနေတာတွေကိုလည်း သက်သာစေတယ်

- Nia 2% ကလည်း ထင်သလောင်အလုပ်ဖြစ်တယ်
တော်ရုံ အမာရွတ်လေးတွေဆို မှိန်ကျသွားတယ်
အကြီးကြီးတွေတော့ သိပ်မသိသာဘူး

- သူ့ကို သုံးပြီးရင်လေ ခြောက်ကပ်နေတဲ့ အရေပြားက
လုံးဝ ရေဝ သွားသလိုမျိုး စိုအိပြီးနူးညံ့သွားတာ
ပထမဆုံး သုံးကတည်းက သိသာတာပဲ
တဖြည်းဖြည်းသုံးရင်းနဲ့ အသားလေးညီပြီး
ကြည်ကြည်တင်းတင်းလေးနဲ့ စိုအိနေရောပဲ
* 8.5/10 *

🧡 Worth it or not ?
Yeah!! Highly Recommend ပါ
Fungal Acne ရှိတဲ့သူတွေကလွဲပြီး
All Skin Types သုံးလို့ အဆင်ပြေနိုင်တယ်
ဝက်ခြံသမားလည်း အရမ်းရ
ငုံးဆို Essence Mask အနေနဲ့
Cotton Pad ထဲထည့်ကပ်ရင်
ဝက်ခြံတွေအရောင်ကျသွားတာကို သတိထားမိတယ်
ငုံးက Essence တွေထက် Serum ကို အားသာတဲ့သူတောင်
ဒီလောက်ကြိုက်တာ Essence လိမ်းရတာကြိုက်တဲ့သူတွေအတွက်
ဒါလေးက Essence ကောင်းကောင်းလေးဖြစ်မှာ သေချာတယ်

Collaboration လည်း မဟုတ်ဘူး
ငုံးကို Delux Beauti ကနေ
လက်ဆောင်ပို့ပေးထားတာဆိုပေမယ့်
တကယ်ကြိုက်မိလို့ ရေးဖြစ်ပါကြောင်း ...

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address


ဆံတော်တွင်းလမ်းမတန်း(ထန်းတပင် ၆လမ်းထိပ်)၊ပဲခူးမြို့။
Bago

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00