Real fitness gym

Real fitness gym

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Real fitness gym, Health/Beauty, Bago.

31/12/2023

Happy New Year Everyone !

2024 မှစ၍ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ။ လိုအင်ဆန္ဒမှန်သမျှအလုံးစုံပြည့်ဝနိုင်ပါစေလို့ Real gym မှ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်။

05/09/2023

6.9.2023မှစ၍ 12.9.2023ထိ
Real gym ပိတ်ပါတယ်ခင်ဗျာ
ယခင် ဗဟိုစည်1လမ်းကနေ ယခု စက်ပိုင်း (5)လမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ပါသည်
13.9.2023 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ပိတ်ရက်များအား ရက်အစားပြန်ပေးပါ့မယ်ခင်ဗျာ💪💪
Memberများအားလူံးကို ကျေးဇူးတင်ပါတယ်

18/02/2023

တို့gymမှာလဲရှိတယ်😁😁🤣

15/01/2023

Real gymရဲ့ 11 months transformation
ကြိုးစားမှုနှင့်ဝိရိယရှိဖို့သင်တို့တာဝန်💪
Train ပေးဖို့ကကျနော်တို့တာဝန်💪
အဓိက က ဖြစ်ချင်စိတ်ရှိပြီးကြိုးစားဖို့ပဲလိုတာပါ💪💪💪
fitness gym bago

Photos from Real fitness gym's post 05/01/2023

တစ်နေ့ ကယ်လိုရီ ၂၀၀၀ စားရမည့်သူဟာ fast food တွေဖြစ်တဲ့ pizza, cheese cake စသည့်တို့ကို စားပြီး ကယ်လိုရီပြည့်မီအောင်စားပါတယ်ဆိုပြီး ဂုဏ်ဆာနေလို့ မရဘူးနော်။

ကယ်လိုရီချင်းတူပေမဲ့ အဟာရတန်ဖိုး micro Nutrients ခြင်းမတူလို့

ရတဲ့ ရလဒ်ကလဲ ကွဲပြားပါလိမ့်မယ်။

လေးစားစွာဖြင့်
Htinkyaw wazi

04/01/2023

အမျိုးသမီးတွေမှာ testosterone ထုတ်လွှတ်တဲ့ ပမာဏဟာ အမျိုးသားတွေထက် အင်မတန်မှနည်းပါတယ်။ အမျိုးသားတွေ ပုံမှန် ထုတ်လွှတ်တဲ့ ပမာဏဟာ 200 - 1200(ng/dl) ဖြစ်ပြီး၊အမျိုးသမီးတွေ မှာ 15 - 70(ng/dl) ပဲထုတ်လွှတ်တာဖြစ်လို့ အဆမတန်ကွာခြားတယ်။ ဒီလောက်နဲပါးတဲ့ ပမာဏဖြစ်လို့ အလေးမ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ အမျိုးသားများနှင့် တန်းတူ ကြွက်သားတွေကြီးထွားဖို့ဆိုတာ သဘာဝ အားဖြင့် မည်သို့မျှ မဖြစ်နိုင်ပါ။

လေးစားစွာဖြင့်
Htinkyaw wazi

Photos from Real fitness gym's post 02/01/2023

ကိုယ်အလေးချီန် အမြန်ကျတာကောင်းလား?

လိုရင်းဖြေရရင် No ပါ❌❌❌

အချိန် တိုအတွင်း၊ကိုယ်အလေးချိန်တွေ
အများကြီးကျသွားရင် လုံးဝမကောင်းပါ
⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️

Why🤷🏼‍♂️

💁🏼‍♂️အချိန်တိုအတွင်းဝိတ်တွေ အမြန်ကျတာက
ခန္ဓာကိုယ်ထဲက ရေဝိတ်နဲ့ ကြွက်သားမျှင်တွေ
ပါလောင်ကျွမ်းသွားတာပါ။

💁🏼‍♂️ကြွက်သားတွေ လောင်ကျွမ်းသွားပီဆိုရင်
ကိုယ်တွင်းဇီဝဖြစ်စဉ်နှေးသွားမယ်။

💁🏼‍♂️အဆီကျနှုန်းနှေးလာမယ်။

💁🏼‍♂️စွမ်းအင်လျော့ကျမယ်။ injuries ဖြစ်နိုင်
ချေမြင့်လာမယ်။

💁🏼‍♂️Yo Yo effects ထိပြီးအမြန်ကျသွားတဲ့ဝိတ်
က အချိန်တိုအတွင်း ၂ဆပြန်တက်လာမှာပါ။

🙅🏼အချီန်တိုအတွင်းပေါင်ချီန်စက်ပေါ်က
ကိန်းဂဏန်းတွေကျသွားတာကို
ပျော်နေရင်တော့ မိတ်ဆွေအတွက်
တကယ်စိတ်မကောင်းစရာပါ🤦🏼

🙋နည်းမှန်လမ်းမှန် အဆီကျချင်တယ်ဆိုရင်တော့

✅နေ့စဉ်လိုအပ်သော ကယ်လိုရီကို ၅၀၀ လျော့စား

✅အနပ်တိုင်းမှာ balance diet ဖြစ်အောင်စားပါ(carbs+protein +fibers+ good fats

✅အသား /ငါး / ပဲ၊ဥ/စတဲ့ ပရိုတိန်းဓါတ်တွေ
တိုးစားမယ်။

✅အိပ်ရေးဝဝအိပ်မယ်။(စုစုပေါင်းအိပ်ချီန်၈ နာရီ
ပြည့်ရုံသာမက ည ၁၀နောက်တုံးထားအိပ်ရန်လိုအပ်သည်)

✅Resistance workouts တွေထည့်ကစား
Cardio လည်း တစ်ပတ်ကို ၃ ရက်လောက်
ထည့်ကစားပေး(cardio onlyမလုပ်သင့်)

✅အသား 🥩 ငါး 🐟 ပဲ၊ဥ🥚စတဲ့
ပရိုတိန်းဓါတ်တွေ တိုးစားမယ်။

YouTube,tik tokမှ ဂျင်းတွေ,detox water,
coffee သံပရာတေပြော ရ ရင် ကုန်မယ် မထင် 😪

ပေါင်ချီန်စက်ကို့ ခဏမေ့ထားပါ❌

မှန်ကြည့်ပါ သင်ဖြစ်ချင်သော
body goal တစ်ခုသတ်မှတ်ပါ❗️

အဆီကကျဆေးတွေသာ side effects ကင်းပြီး
အမှန်ကန် ရေရှည် အတွက်ကောင်းတယ်ဆိုရင်
ကမ္ဘာ့မှာအလွန် ခေတ်မှီ အတိုးတက်သောAmerican နိုင်ငံ မှာနေသောသူများ အဝလွန်ရောဂါ ဖြစ်စရာ
အ​ကြောင်း မရှီ❗️

No weight loss ❎
Try Fat loss✅

Photos from Real fitness gym's post 02/10/2022

✅ Gym ကစားသူတိုင်း လိုက်နာသင့်တဲ့
✅ ယေဘုယျအချက်များ
*******************************

၁) အလေးနိုင်မှုထက် နည်းစနည်ကျမှု၊ ထိရောက်မှုကို ဦးစားပေးပါ။

၂) အလေး အတင်အချအတွက် အသက်ရှူသွင်း၊ ရှူထုတ်ကို ဂရုစိုက်ပါ။

၃) ကစားနေချိန် တစ်ကြော့နဲ့တစ်ကြော့ကြား နားချိန်မကြာပါစေနဲ့။

၄) အလေးအတိုးအလျော့၊ အကြိမ်ရေအတိုးအလျော့နဲ့ကစားပါ။

၅) Weight Loss သမားများ Cardio ​ချည်း အားမကိုးဘဲ Weight Training ကစားပါ။

၆) Weight Gain သမားများ လွန်ကဲစွာ ကစားချင်စိတ်ကို သတိပြုပါ။

၇) Weight Loss သမားများ Ready Made အစားအသောက်တွေ စားချင်စိတ်ကို လျှော့ချပါ။

၈) မိမိကစားတဲ့ Training Plan အတိုင်း ရက်မပျက်ပါစေနဲ့။

၉) Depression မဝင်အောင် နေ့စဥ် ပေါင်ချိန်စက်ပေါ်တက်ခြင်းကို ဆင်ခြင်ပါ။

၁၀) Gym ကစားနေချိန်အတွင်း ရေသောက်ပါ။

၁၁) အဆီ၊ ဆီ၊ အငန် လျှော့စားပါ။

၁၂) Junk Food တွေ ရှောင်ပါ။

၁၃) တနေ့တာ စားသမျှထဲ Protein ဓာတ်ပြည့်ဝစွာ ပါဝင်ပါစေ။

၁၄) အရသာထက် အာဟာရဖြစ်တဲ့အစားအသောက်ကို ရွေးချယ်တတ်ပါစေ။

၁၅) စားသမျှအာဟာရတိုင်း သန့်ရှင်းလက်ဆတ်နေပါစေ။

၁၆) အိပ်ချိန်၊ စားချိန် မှန်ပါစေ။

၁၇) Weight Gain/Loss သမားများ နေ့စဥ် ကယ်လိုရီလိုအပ်ချက်အတွက် BMR တွက်ပြီး လိုတိုး၊ ပိုလျှော့ စားသောက်ပါ။

၁၈) မိမိ Gym ဆရာရဲ့ သင်ပြမှု၊ လမ်းညွှန်မှုကို လိုက်နာပါ။

Credit Thanks Linn Taryar (7.10.2021)
# Real Fitness gym (Bago)

Photos from Real fitness gym's post 29/09/2022

မိန်းကလေးတွေ ကြောက်ကြတဲ့ အလေးဝန်တိုးခြင်း 🧐

မိန်းကလေးအတော်များများကို Gymမှာ အလေးတိုးခိုင်းတဲ့အခါ အင်တင်တင်နဲ့ ရွှီရှောင်လုပ် Trainerအလစ်မှာ ပန်းရောင်အလေးတုံးလေးနဲ့ပဲ ပြန်ဆော့နေတာ တွေ့ရပါလိမ့်မယ်။ 😮‍💨

Why???
သူတို့ကိုသွားမေးကြည့်ပါ Olympiaစင်မြင့်ပေါ်က မိန်းကလေးတွေလို ကြွက်သားတွေထွက်မှာ စိုးရိမ်ကြောင်းပြောပါလိမ့်မယ်။ 😨

ဘယ်သူပြောလဲမေးရင် ရပ်ကွက်ထဲက တစ်နေ့ကို Jumping Jacksအကြိမ်၂၀ခုန်ပြီး ကြောင်စာလောက်စားရင်း ဝိတ်ချနေတဲ့ ဘွားတော်တစ်ဦးပြောကြောင်း ပြန်ပြောပြပါလိမ့်မယ်။ 🤧 ထိသွားရင် မစပ်ကြေးနော် 😜

တကယ်တော့ မိန်းကလေးတွေ ခန္ဓာကိုယ်ဟာကြွက်သားတက်ဖို့ ခက်ခဲပါတယ်။ ဒါကိုမှ အလေးမတိုးရင်တော့ ဒီတစ်သက် တင်းတင်းရင်းရင်းနဲ့ အကိတ်လေးဖြစ်ဖို့ကို အိပ်မက်ထဲမှာခေါက်ထားဖို့ ပြင်ထားပါ။ 😩

Naturalsကစားသမား မိန်းကလေးတွေအနေနဲ့ ပိုလို့တောင်ခက်ခဲသေး။ စင်ပေါ်က မိန်းကလေးတွေကိုမှီဖို့ မဖြစ်နိုင်ဘူးဆိုတာ ယုံလိုက်ပါ။

✅ အလေးဝန်တိုးလေ့ကျင့်မှ မိတ်ဆွေတို့ ကိုယ်ပေါ်က အဆီပိုတွေကျမယ်။

✅ ကြွက်သားအနည်းငယ်တက်လာမယ်။ ဒါပေမယ့် အဖုအထစ်တွေမဟုတ်ဘူးနော်။

✅ ဒီလိုတက်လာရင် ဇီဝဖြစ်စဉ်မြန်လာမယ်။ တော်ရုံအဆီပြန်မတက်တော့ဘူး။

✅ ကြွက်သားတွေ သန်စွမ်းလာတာကြောင့် Injuryကင်းလာမယ်။

Resistance Trainingကို အလေးဝန်တိုးဆော့၊ လုံလောက်တဲ့အနားယူမှု၊ ကောင်းမွန်တဲ့ Dietနဲ့ပေါင်းစပ်လိုက်ရင် မိတ်ဆွေသိပ်ကြိုက်တဲ့ Instagram modelလေးရဲ့ Shapeမျိုးလေး ဖြစ်လာမှာ မဝေးပါဘူး။ 💪🏻

▪️ဂေါ်ဖီစားပြီး တော်ကီပွါးနေတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ခဲ့ပါ။

▪️ကျွမ်းကျင်တဲ့ Coachတွေဆီမှာ အကြံဉာဏ်ယူပါ။

▪️လိုက်နာပါ။

▪️စွဲမြဲပါ။

လိုချင်တဲ့ Body Goalsရောက်ကြပါစေ။

သိချင်တာများ/ ရေးစေချင်တဲ့ခေါင်းစဉ်များကို အားမနာတမ်းမန့်ပေးနိုင်ပါတယ်ဗျာ ✌🏻

Coach A.M.T
Fat Loss Specialist
Master Functional Trainer

Photos from Real fitness gym's post 16/09/2022

#တင်သားလှလှထွက်ချင်လား

တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။

တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်းသားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူတွေဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။

အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် (၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။ အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့ များများစားပါ။ polyunsaturated fats ပါတဲ့ ငါးအဆီပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာမွန်ငါး၊ တူနာငါး စတာတွေ ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။ တရက်ကို ခြောက်ကြိမ် အစားအသောက် မျှတအောင် စားပေးသင့်တယ်။

(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျုးစားပါ။
(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။
(၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။
(၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။
(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။
(၆) အိပ်ခါနီး protein shake သောက်ပါ။

တင်ပါးလေ့ကျင့်ခန်း မလုပ်ခင် ခန္ဓာဗေဒကို အရင်ဆုံးနားလည်ဖို့ လိုပါတယ်။ တင်ပါးမှာ gluteus muscle ကြွက်သားအစုအဝေးဆိုတာ ရှိတယ်။ အဓိကကြွက်သား သုံးခုရှိတယ်။ ဒီကြွက်သားတွေက ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တယ်။ တင်သားကြီးပြီး လုံးချင်ရင် ဒီကြွက်သားအစုအဝေးကို လေ့ကျင့်ပေးရမှာ ဖြစ်တယ်။

ဘာတွေ လုပ်မလဲ
(၁) လက်ဆန့်ပြီး တင်ပါးကို နောက်ထုတ်ပြီး ထိုင် ထလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို squat ခေါ်တယ်။ တင်ပါးမှာရှိတဲ့ ဂလူးတီးယပ်စ် ကြွက်သားကို ကြီးထွားစေတယ်။ တခါလုပ် အကြိမ် (၂၀)လ၊ သုံးကျော့စီ ပြန်လုပ်သင့်တယ်။
(၂) lunges ဆိုတာ ခါးထောက်ပြီး ခြေထောက်တဖက်စီကို ရှေ့ထုတ်ပြီး ထိုင်ချတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ lunges လုပ်ခြင်းက နောက်ပိုင်းအလှ ကောက်ကြောင်းကို ပေါ်လွင်စေတယ်။
(၃) deadlift ဆိုတာ ခါးကုန်း အလေးမပြီး ခါးဆန့် ပြန်ထရတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ကြွက်သားတွေကို ကြီးထွားစေတယ်။ဘယ်လေ့ကျင့်ခန်းမဆို ခါးနောကျပျုငျးကိုသာ အားထုတ်လုပ်ရမယ်။
(၄) hip extension ဆိုတာ လေးဖက်ထောက်အနေအထားမှ ခြေထောက် နောက်ပစ်လွှဲရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်စဉ် waist trainer လို ဝတ်စုံမျိုးဝတ်သင့်တယ်။ ဒါမှ ခါးမှာရှိတဲ့အဆီတွေက အောင်ပိုင်းကို ကျသွားမှာဖြစ်တယ်။

စျေးကွက်ထဲမှာ တင်သားကြီးစေတဲ့ သောက်ဆေး၊လိမ်းဆေး အမျိုးမျိုးရှိတယ်။ butt enhancing pills ဆိုတာ တင်သားကြီးထွားတဲ့ သောက်ဆေးကို ခေါ်တာ။ အဓိကအားဖြင့် ဟော်မုန်းထိန်းညှိပေးတာဖြစ်တယ်။ ထိန်းညှိတယ်ဆိုတာ မဟော်မုန်း estrogen များစေတာဖြစ်ပြီး ယောကျာ်းဟော်မုန်း androgen နည်းစေတာဖြစ်တယ်။ မဟော်မုန်းများရင် အဆီတွေက ခန္ဓာကိုယ်ရဲ့ ပေါင်၊ရင်သား၊တင်ပါးစတဲ့နေရာတွေသာ စုအောင်းနေမယ်။

သောက်ဆေးအားလုံးထဲမှာ အသုံးများဆုံးက maca root ပါတဲ့ဆေးတွေဖြစ်တယ်။ ဒီဆေးက ပီရူးနိုင်ငံမှာ အားဆေးအနေနဲ့အသုံးများတယ်။ နောက်ပြီး saw palmetto, berries, Fenugreek seed , fennel seed,L-tyrosine တွေ သုံးကြတယ်။ သဘာဝဆေးတွေထဲမှာ Wild Mexican Yam , thistle, Kelp, D**g Quai, Mothers's wort စတဲ့ဆေးတွေ အသုံးများဆုံးပဲ။ အာနိသင်သက်ရောက်မှုက တခုနဲ့တခုကွာမယ်။ ပဲနို့နေ့စဉ်သောက်ပေးခြင်းက တင်သားကို ကြီးထွားစေတယ်။

လိမ်းဆေးတွေလည်း ရှိတယ်။ အပူပိုင်း အာဖရိကမှာ တွေ့တဲ့ Kigelia Africana ကို အခြေခံပြီးထုတ်တာ များတယ်။ အာနိသင်က fibrous တွယ်ဆက်တစ်ရှုး ဖှဲ့စညျးမှုကျု အားပေးတာဖြစ်လို့ တင်ပါးနဲ့ ရင်သား ကြီးထွားစေတယ်။ လိမ်းဆေးထဲမှာ နာမည်ကြီးတွေက gluteboost, b***y magic , b***y perfect cream, iso sensual curve စတဲ့လိမ်းဆေးတွေ ဖြစ်တယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အချိန်မှန်လိမ်းပေးရတယ်။ တချို့ဆေးတွေထဲမှာ ရှားစောင်းလက်ပပ်၊ ထောပတ်၊ မက္ကာမြစ်၊ ဘယ်ရီသီး၊ ကော်ဖီစေ့၊ အလှဆီ၊ သံလွင်ဆီ၊ ဗာဒံဆီဂစတာတွေ ပါလေ့ရှိတယ်။

သိပ္ပံနည်းကျမဟုတ်တဲ့ အလွယ်သုံး အရပ်ပြောနည်းတွေလည်း ရှိပါတယ်။ nivea အပြာရောင် လိမ်းဆေးခရင်မ်ကို သံလွင်ဆီနဲ့ရောပြီး တင်ပါးကိုလိမ်းလို့ရတယ်။ နောက်တနည်းက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး လိမ်း၊ နာရီဝက်ကြာတဲ့အခါ ရေပြန်ဆေးရမယ်။ ပြီးရင် သုံးနေကျ moisturizer တခုခု ထပ် သုံးရမယ်။ တပတ်ကို သုံးကြိမ် လုပ်ပါ။

လူသုံးများတဲ့ အိမ်သုံးနည်းလည်း ရှိဦးမယ်။ ငါးကြီးဆီ နှစ်လုံးကို ဖောက်ပြီး တင်သားတဖက်ကို နှိပ်ပြီး လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးရမယ်။ နှိပ်တဲ့အခါ အနည်းဆုံး ဆယ်မိနစ်ကြာရမယ်။ နာရီဝက် ထားပြီး ရေပြန်ဆေးချပါ။ အာနိသင်ကောင်းဖို့ တနေ့ နှစ်ကြိမ်လုပ်ပါ။ နေ့စဉ်လုပ်ရင် ၃ ပတ်အတွင်း ထူးခြားမှုရှိလာလိမ့်မယ်။

နောက်ဆုံးတနည်းကတော့ butt lifterလို့ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား တွေ ဝတ်တဲ့နည်းပါ။ ဘောင်းဘီကို အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးဆျုကျသာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။
Credit
ဒေါက်တာ အေးမင်းထူး
# Real fitness gym bago

Photos from Real fitness gym's post 04/09/2022

အစားများများစားပြီး အဆီချခြင်း
( Pro ကျကျ Weight ချခြင်း)

ဟိုး ဟိုး၊ ဘာလဲဟ။ အမြင်များမှားလို့လား၊ ဒါမှမဟုတ် ခေါင်းစဉ်တတ်တုန်းကပဲ မှားရေးမိလို့လား စသဖြင့် သင်တွေးမိတယ်ဟုတ်။ ဒီလိုတွေးမိနေရင် မမှားပါဘူးလို့ပြောရင်းနဲ့ စလိုက်ကြရအောင်။

" စွမ်းအင်ဆိုတာ ဖန်တီးလို့မရသလို ဖျောက်ဖြတ်ပြစ်လို့ မရ " ဆိုတာ အထက်တန်းကျောင်းမှာ သင်ခဲ့ရတာ မှတ်မိအုန်းမယ် ထင်ပါတယ်။ ဒါဟာ ဘယ်နေရာမှာ မဆို အမြဲ မှန်ကန်တာမလို့ Bodybuilding လုပ်တဲ့အခါမှာလဲ မှန်ကန်နေတာပါပဲ။ အရင်က ပြောခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ဆောင်းပါးမှာတော့ Next Level အထိ ပိုနက်နက်နဲနဲ ကြည့်ကြည့်ရအောင်လား။

***************************************************

စွမ်းအင် အ၀င် = စွမ်းအင် အထွက်

တစ်နည်းပြောရရင်

စားလိုက်တဲ့ အစားအစာ = ကိုယ်တွင်းဖြစ်စဉ် + ကိုယ်လက်လှုပ်ရှားမှု ပေါ့။

ဒါထက်ပိုရှင်းအောင်ပြောရရင် စားလိုက်သမျှ အစားအစာတွေက ရလာတဲ့ စွမ်းအင်ကို ကိုယ်ထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်ရာမှာ သုံးသလို၊ အပြင်ပိုင်း တစ်နေ့တာ လှုပ်ရှားတဲ့ နေရာမှာလဲသုံးပါတယ်။ ဒီနေရာမှာ လူတွေထင်တတ်တာက လှုပ်ရှားနေရင်ပဲ စွမ်းအင်သုံးတယ်လို့ အမှတ်မဲ့ ထင်တာပါပဲ။ မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က လှုပ်ရှားနေတဲ့ အခါမှာ စွမ်းအင်သုံးသလို အိပ်နေရင်တောင် အထဲက အစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့ အတွက် စွမ်းအင်သုံးနေတာပါပဲ။

သာမန်လူ တစ်ယောက်အနေနဲ့ ကိုယ်အလေးချိန် မကျဘူးဆိုပါစို့။ အ၀င်နဲ့ အထွက်နဲ့ ညီမျှနေတယ်ပေ့ါ။ စားသမျှ စွမ်းအင်နဲ့ ပြန်သုံးလိုက်တဲ့ စွမ်းအင်နဲ့ ညီနေတာကိုး။

ဒီလိုမှ မဟုတ်ပဲ စားတာက များပြီး ပြန်သုံးတာက နည်းနေရင်တော့ ပို၀လာမှာပေ့ါ။ ဒါဟာလဲ အစားအစာစွမ်းအင်က ပြန်ထွက်တာထပ် ပိုနေတော့ ပိုနေတဲ့ စွမ်းအင်က အဆီပုံစံပြောင်းသွားတာကိုး။

ဒီအတိုင်းပါပဲ။ စားတာက နည်းပြီး ပြန်သုံးတာကများရင် အဆီကျမယ်။ ဒီအထိက တော်တော်များများ လက်ခံနိုင်မယ်ထင်သလို သိပြီးသားဖြစ်မှာပါ။

များများစားရင် ၀မယ်၊ နည်းနည်းစားရင်း Weight ကျမယ်။ ဒါက ရပ်ကွက်သုံးစကား။ နည်းနည်း အဆင့်မြှင့်ပြီး ပြောရရင် တစ်နေ့တာစားတဲ့ Calorie က နည်းရင် Weight ကျမယ်၊ Calorie များရင် Weight တက်မယ်ပေါ့။

*******************************************************************

အပေါ်က ပြောခဲ့တာဟာ " စွမ်းအင်ဆိုတာ ဖန်တီးလို့မရသလို ဖျောက်ဖြတ်ပြစ်လို့ မရ " ဆိုတဲ့ အဆိုကို အခြေပြုပြီး ပြောခဲ့တာပေ့ါ။

တစ်နေ့တာမှာ သာမန်လူတစ်ယောက်က Calorie 2500 သုံးနေတယ်၊ ဒီအချိန်မှာ Calorie 2500 စားရင် ပိန်မလာဘူး၊ ၀မလာဘူး။

ဒါပေမယ့် နောက်လူတစ်ယောက်က Calorie 3500 သုံးနေပြီး Calorie 3500 စားနေတယ်။ ဒါဆို သူလဲ အပေါ်ကလူလို့ ပိန်မလာဘူး၊ ၀မလာဘူး ဆိုရမယ်ဟုတ်။

အ၀င်အထွက် ညီနေလို့ ကိုယ်အလေးချိန် ပြောင်းမလာဘူး၊ ဒါကဟုတ်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ကြုံတွေ့ရမယ့် ပြောင်းလဲမှုတွေကတော့ တူမှာ မဟုတ်ပါဘူး။

အ၀င်အထွက် ညီအောင် စားနေတာခြင်းတူပေမယ့် Calorie 2500 စားတဲ့လူက နုံးချိချိ ရှိနေနိုင်ပေမယ့် Calorie 3500 စားတဲ့လူကတော့ အမြဲတမ်း အားပြည့် လန်းဆန်းနေမှာပါပဲ။

ဘာ့ကြောင့်များ ဒီလိုကွဲပြားပါလိမ့်။ Equation မှာ အဖြေတူပေမယ့် အပြင်မှာ ဘာကြောင့် ကွာခြားသွားတာလဲ။

ဒီမေးခွန်းရဲ့ အဖြေကပဲ အစားများများစားပြီး အဆီဘယ်လိုချရမလဲဆိုတာကို ဖြေပေးပါလိမ့်မယ်။

********************************************************************

အလွယ်ကူဆုံး မြင်သာအောင် ပြောရရင် အစာနည်းနည်းလေးပဲ စားပြီး နည်းနည်းလေးပဲ လှုပ်ရှားသူဟာ စားပြီး အစာကျေသွားလို့ ဗိုက်ဆာတတ်သလို အများကြီးစားပြီး အများကြီးလုပ်သူကလဲ အစာကြေသွားရင် ဗိုက်ဆာတတ်တာပဲ မဟုတ်လား။ ဒါပေမယ့် အစာနည်းနည်းလေး ကြောင်စားသလောက်စားတဲ့ သူက ဘယ်အားရှိပါ့မလဲ။

ဒီလိုပါပဲ။ အစာကို တနေ့တာလိုတာထပ် လျှော့ပြီး စားရင် Weight ကျတာချင်း တူမယ်လို့ ထင်ရပေမယ့် မတူပာဘူး။ ဥပမာ 1500 Calorie စာ ( အထိုင်များသူ) တနေ့တာ လှုပ်ရှားတဲ့သူက 1000 Calories စားရင် Weight ကျမယ်ဆိုတာနဲ့ 2500 Calories စာ ( လှုပ်ရှား လေ့ကျင့်ခန်းလုပ်သူ) တနေ့တာလှုပ်ရှားတဲ့သူက 2000 Calories စားပြီး Weight ကျမယ် ဆိုတာ မတူပါဘူး။ 500 Calories လျော့တာချင်း တူပေမယ့် ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်တွေ၊ ကြွက်သား တည်ဆောက်လာပုံတွေ ၊ အစာခြေဖြစ်စဉ်တွေ မတူဘူး ဆိုရပါမယ်။

ဒီလို စားတာနဲ့ သုံးတာ ကွာခြားမှုကို G flux လို့ ခေါ်ပြီး အောက်မှာ ဖတ်ရင် နားလည်လွယ်အောင် -

များများစား များများလုပ် - G flux များ
နည်းနည်းစား နည်းနည်းလုပ် - G flux နည်း ဆိုပြီး မှတ်လိုက်ကြစို့။

***********************

G flux နည်းခြင်းရဲ့ ဆိုးကျိုးများ

- အရှင်းဆုံး အချက်နဲ့ စရရင် နည်းနည်းပဲ စားရတော့ အမြဲဆာလောင်ခြင်း၊ အာသာ မပြေခြင်း

- အစာခြေနှုန်း နှေးလာလို့ နည်းနည်းပဲစားလဲ ခန္ဓာကိုယ်က အကုန် မသုံးခြင်း ၊ ဒီတော့ Weight ကျဖို့ မလွယ်ပဲ ကြာလာလေ ပေကပ်ပြီး weight မကျလေဖြစ်ခြင်း

- ကိုယ်လက်လှုပ်ရှားမှုနည်းလို့ Weight (အဆီ+ကြွက်သား) ကျတဲ့အခါ ကြွက်သားပါ ပိုကျခြင်း ၊ ကြွက်သားကိုမှ မသုံးတာကိုး။

- အစာစားတာနည်းတော့ အစာတွေက ရမယ့် Vitamins တွေ လုံလောက်အောင်မရခြင်း

- လုံလောက်တဲ့ အာဟာရ Carbohydrates ၊ fat မရလို့ ဦးနှောက်စွမ်းဆောင်မှု ကျခြင်း၊ ဟော်မုန်းကျလို့ အိပ်ရာထဲမှာ စွမ်းဆောင်ရေ ကျတတ်ခြင်း။Carbohydrates က ဦးနှောက်စွမ်းဆောင်မှုအတွက်။ Fat က ဟော်မုန်း ချိန်ညှိမှု အတွက် ဖြည့်စည်းပေးတာကိုး ။

- များလို့ ဆက်မရေးတော့ဘူး၊ အတိုပြောရရင် ဘာမှမကောင်းဘူး၊ 😄😄😄

G flux များခြင်းရဲ့ အကျိုးကျေးဇူးများ

- အရှင်းဆုံးပြောရရင် များများစားနေတာမလို့ အပြင်လူကြည့်ရင် အဆီချနေတယ်လို့ကို မထင်ရက်ခြင်း

- များများစားတော့ စားသမျှ အသား အရွက်တွေဆီက အာဟာရ Vitamins တွေရခြင်း

- Carbohydrates ၊ fat တွေစားရလို့ ဦးနှောက်ကြည်ခြင်း၊ ဟော်မုန်းကောင်းခြင်း။ လေ့ကျင့်ခန်းလုပ်ရင် အိပ်ခန်းထဲက စိတ်တွေ၊ Performance တွေ ပိုတိုးလာတယ်ဆိုတာ လုပ်သူတွေ ပိုသိမှာမလို့ မပြောတော့ဘူးနော် 😄😄😄

- ကိုယ်လက်လှုပ်ရှားတာ၊ အလေးကစားတာမလို့ ကြွက်သားကို အလုပ်ပေးနေတယ်၊ ဒီတော့ Weight ကျရင် ကြွက်သားတအား ကျမသွားခြင်း

- အစာခြေနှုန်းမြင့်တက်လာတာမလို့ ဗိုက်အပြည့်ကြီး မအိပ်ခင်စားလိုက်လဲ နိုးလာရင် ဗိုက်ဆာပြန်ရော။ စားသမျှကို အထဲက ထိထိရောက်ရောက် အမြန်ခြေဖျက်နိုင်တာမလို့။

- ရေးရင် ကောင်းတာတွေ အများကြီးမလို့ အတိုပြောရရင် Bodybuilding မှာ ကျွမ်းကျင် သဘောပေါက်သူတိုင်း ဒီနည်းပဲ သုံးတယ်။ မယုံရင် ကြွက်သားလှသူတွေ အဆီပိုပြန်ချရင် စားတဲ့ ပမာဏက ဗိုက်ပူတွေ ပုံမှန်စားတာထပ် မြင်ဖူးမယ်ဟုတ် ။

***************************

G flux များအောင် လက်တွေ့ကျကျ ဘယ်လိုလုပ်မလဲ ???

ဟဲ ဟဲ။ များများစားပြီး အဆီကျမယ်ဆိုလို့ သိပ်ပျော်နေတယ်ပေါ့။ များများစားဆိုတိုင်း သင့်ကို လက်လွတ်စပယ် စားလို့ပြောတာ မဟုတ်ပါဘူး။ ဒီဆောင်းပါးရဲ့ အဓိက ပြောချင်တဲ့ အချက်က နည်းနည်းစားပြီး နည်းနည်းလုပ်နေသူတွေကို ဒီနည်းထပ်ကောင်းတဲ့ များများစား များများလုပ်နည်းကို သုံးပါလို့ ပြောချင်တာပါ။ G flux နည်းတာက ရပ်ကွက်ထဲက မသိနားမလည်သူတွေ သုံးတဲ့ နည်းဖြစ်ပြီး G flux များတဲ့ နည်းက Pro တွေ သုံးတဲ့နည်းမလို့ Golden dreamers တွေကို အဆင့်မြင့်စေချင်လို့ ဆိုပါစို့။ ဒါပေမယ့် G flux များဆိုတိုင်း များများစားပြီးရော ဘယ်ဟုတ်ပါ့မလဲ။ ဆောင်ရန် ရှောင်ရန်တွေ ဆက်ကြည့်လိုက်ရအောင်။

- များများစား

များများစား၊ များများလုပ်ဆိုတော့ ပထမအပိုင်း များများစားကို ရှင်းပြပါမယ်။ ဒါနဲ့ပတ်သက်လို့ chat မှာ လာမေးဖူးတဲ့ မေးခွန်းလေးကို သတိရသား။

ကြက်သားနဲ့ အရွက် Calories 300 ဖိုးစားတာနဲ့ ရေခဲမုန့် calories 300 ဖိုးစားတာ တူပါသလားတဲ့။

ဒါဆိုပြန်မေးမယ်၊ ဗဟုသုတရအောင် စာတစ်အုပ်ဖတ်မယ်ဆိုပါစို့။ ဗလာစာအုပ် အလွတ်ထိုင်ဖတ်နေတာနဲ့ ဘဝနေထိုင်မှု ဒသနစာအုပ်ဖတ်နေတာ ဘာကွာသလဲ။ ဗလာစာအုပ် အလွတ်ထိုင်ကြည့်နေရင် ဘာမှမရနိုင်ဘူးဟုတ်။

ဒီအတိုင်းပါပဲ။ သကြားတွေ၊ ထောပတ်တွေ၊ အာဟာရနည်းတာတွေစားနေရင် နည်းနည်းပဲ အကျိုးရှိနိုင်မှာပေါ့။ များများစားဆိုတိုင်း ဆီကြော်၊ အချို၊ သကြား၊ Bake ထားတဲ့ ကိတ်တွေ၊ ကွတ်ကီးတွေ စိတ်လွတ်ကိုယ်လွတ် စားနိုင်ပါပြီပြောတာ မဟုတ်ပါဘူး။

အာဟာရမြင့်တာတွေ တတ်နိုင်သလောက်များများစားပါ။

နောက်တစ်ချက်က များများစားဆိုပေမယ့် သင်ဟာ အဆီချဖို့ ကြိုးစားနေရင် လှုပ်ရှားတာထပ်တော့ လျော့စားရမှာကို မမေ့ပါနဲ့။ ဒီလိုဖြစ်အောင် များများလှုပ်ရှားဖို့ လိုလာပြီမလို့ ဘယ်လိုလုပ်လေ စွမ်းအင်များများ သုံးလေ ဖြစ်မလဲ ဆက်ဖတ်လိုက်ရအောင်။

- များများလုပ်

ဘာတွေများများလုပ်ရမလဲ ???

လှုပ်ရှားမှုတွေ အများကြီးရှိပါတယ်။ လေ့ကျင့်နည်းပုံစံတွေပေါ့။

ဥပမာ

- ပြေးတာ၊ စက်ဘီးနင်းတာ
- ရေကူးတာ
- အလေးလွတ်ဖြစ်တဲ့ Bodyweight သုံးတာ
- Dance အက ကတာ (Zumba လိုမျိုး)
- Crossfit
- လက်ဝှေ့
- TRX
- အလေးမတာ စသည် စသည်ဆိုပါတော့။

ဘယ်လှုပ်ရှားမှုက စွမ်းအင်အများကြီး သုံးသလဲ။ ဒီမေးခွန်းကိုဖြေဖို့အတွက် လေ့ကျင့်ခန်းလုပ်နေစဉ် သုံးတဲ့ Calories ကို ကြည့်တာထပ် တနေ့တာ တပတ်တာ သုံးတဲ့ Calories ကိုကြည့်တာ ပိုသင့်တော်ပါတယ်။ အဆီကျတယ်ဆိုတာကလဲ ရေရှည်မှ တဖြေးဖြေး ဖြစ်လာတာကိုး။

ကဲ စွမ်းအင်အများဆုံးသုံးတာ ဘာလေ့ကျင့်ခန်းလဲ???

ကြွက်သား အများဆုံးသုံးတဲ့ လေ့ကျင့်ခန်းနဲ့ ကြွက်သားအများဆုံး တည်ဆောက်ပေးတဲ့ လေ့ကျင့်ခန်းပါပဲ။ ဘာ့ကြောင့်လဲ ။

ကြွက်သား တစ်ပေါင်ဟာ Calorie 50 သုံးပါတယ်။ ကြွက်သား လေးပေါင်ဆို Calories 200 ပေါ့။ အဲတာ ထမင်း တစ်ပွဲစာ ပိုစားရင်တောင် weight မတက်ဘူး ဆိုလိုတာပါ။

သာမန်လူတွေ လေ့ကျင့်ခန်း မလုပ်ပဲ အသက်ရလာရင် ကြွက်သားတွေ ကျလာတတ်ပါတယ်။ ကြွက်သားနည်းလာလေ၊ အဆီများလာလေပေါ့ ( weight တူနေသေဒရင်တောင် အဆီပိုလာတယ်)။ ဒါ့ကြောင့် အသက်ကြီးလာလေ၊ နည်းနည်းလေးပိုစားမိတာနဲ့ အဆီတက်ကုန်တော့တာပါပဲ။

ငယ်သူတွေ အဆီတက်တာ မြန်တာဟာလဲ စွမ်းအင်အမြဲ သုံးပေးနေတဲ့ ကြွက်သားတွေ နည်းလို့ပါပဲ။ ဒါဟာ

"Admin ရေ၊ အစာလျှော့လဲ ဘာလို့ Weight မကျတာလဲ" ဆိုတာရဲ့ အဖြေပါ။

***********************************

- ကြွက်သားအများဆုံး သုံးတဲ့ လေ့ကျင့်ခန်း

ကဲ မေးကြည့်မယ်။ လက်ညှိုး တစ်ချောင်းကွေးတာနဲ့ လက်တစ်ဖက် မြှောက်တာ ဘယ်ဟာ အားပိုသုံးလဲ။

လက်တစ်ဖက်မြှောက်တာနဲ့ ခြေထောက်တစ်ဖက် မြှောက်တာရော။ အဖြေက ရိုးရှင်းတယ်ဟုတ်။

ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သား အများဆုံး၊ အကြီးဆုံး သုံးရတဲ့ လေ့ကျင့်ခန်းတွေက တစ်ပန်းသာတာပါပဲ။ ဘာတွေက ကြွက်သားအကြီးတွေလဲဆိုတော့

- အောက်ပိုင်း ( ပေါင်၊ တင်ပါး)
- ရင်ဘတ်
- နောက်ကျော
- ပုခုံး
- ချက်ဘေးသား
စတာတွေပါပဲ။

ဘယ်လေ့ကျင့်ခန်းတွေက ဒီကြွက်သားတွေကို သုံးသလဲ ???

ပြေးတာ စက်ဘီးနင်းတာ ဆိုရင် အောက်ပိုင်း အဓိက။

ရေကူးတာဆို အောက်ပိုင်း။ ရင်ဘတ်။ နောက်ကျော စသည်။

ကြက်တောင်ရိုက်ဆို အောက်ပိုင်း။ ပုခုံး၊ လက်မောင်း။

အလေးလွတ်နဲ့ အလေးမနဲ့ နှစ်မျိုးလုံးက ကျင့်တဲ့ပုံစံအလျောက် အကုန်သုံးအောင် ရွေးကျင့်နိ်ုတယ်ပေါ့။

Dance ကတာက တကိုယ်လုံးသုံးတာ ရှိသလို အောက်ပိုင်းများတာလဲ ရှိပါတယ်။

ကိုယ်လုပ်တဲ့ ပုံစံအလျောက် သုံးတာကွဲနိုင်ပေမယ့် သီးခြားရွေးပြီး လုပ်နိ်ုင်တဲ့ အထဲမှာ အလေးမတာက အားအသာဆုံးပါပဲ။ ဘယ်ကြွက်သားဆို ဘယ်လိုလုပ်နိုင်တယ်ဆိုပြီး ကြွက်သားတိုင်းကို Train ပေးနိုင်တယ် ဆိုပါစို့။

အလေးမဖို့ အဆင်မပြေသေးရင်တောင် လေ့ကျင့်ခန်းရွေးတဲ့အခါ ကြွက်သားကြီးတာတွေ သုံးတဲ့ လေ့ကျင့်ခန်းကိုရွေးပါ။

******************************

- ကြွက်သားအများဆုံး တည်ဆောက်ပေးတဲ့ လေ့ကျင့်ခန်း

အပေါ်မှာ ပြေးတာကလဲ အောက်ပိုင်းသုံး၊ ရေကူးတာလဲ အောက်ပိုင်းသုံး မလို့ တူတူပဲ၊ ဘယ်ကွာမလဲနော်လို့ ထင်တတ်ကြတယ်ဟုတ်။ မတူပါဘူး။

မတူရင် ဘယ်ဟာ ပိုကောင်းလဲ။

ကြွက်သား အသစ်တွေ တည်ဆောက်ပေးမယ့် လေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ ကြွက်သားအသစ် တည်ဆောက်ဖို့အတွက် လေ့ကျင့်ခန်းက စိန်ခေါ်မှုတွေ တိုးလာဖို့ လိုတယ်။ ပိုခက်လာဖို့လိုတယ်ပေါ့။

သင်ဟာ ဘာမှမလုပ်ဖူးသူဆို Zero မှာ ရှိတယ်ဆိုရင် စပြီး ၁၀ မိနစ်ရေကူးရင် ကြွက်သားတွေ သန်မာလာပြီ။ မိနစ် ၃၀ ဆိုရင် ပိုပြီး သန်လာမယ်၊ တနာရီဆိုရင် ပိုပိုပြီးပေါ့။ ဒါပေမယ့် သင် တနေ့ ဘယ်နနာရီကူးဖို့ အချိန်ရသလဲ။ ပြောရရင် တနေ့ ဘယ်လောက်ကြာကြာ လုပ်မလဲ။

လူအများစုအတွက် လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၄၀ ကနေ တစ်နာရီ အတွင်းဟာ အသင့်တော်ဆုံးပါပဲ။ ဒါ့ထက်များသွားရင် တချို့က အချိန်မပေးနိုင်သလို အားလဲ ရှိတော့မှာ မဟုတ်။ ဒါ့ကြောင့် ရေကူးတာကို ရွေးချယ်သူဟာ တနာရီကြာရေကူးနိုင်သွားရင် ထပ်မတိုးတက်တော့ပါဘူး။

ဒါဆို တနာရီအတွင်းမှာပဲ စိန်ခေါ်မှု၊ ခက်ခဲမှုကို တိုးနိုင်တဲ့ လေ့ကျင့်ခန်းကို ရွေးရမှာပေါ့။

အလေးလွတ် ပုံစံတွေကို ပိုပိုပြီး ခက်အောင် လုပ်နိုင်သလို အလေးနဲ့ ပုံစံတွေကတော့ ခက်အောင်လုပ်ဖို့ အလွယ်ဆုံးပါပဲ။ အလေးထပ်တိုးပေါ့။

ကြွက်သား အသစ်တည်ဆောက်ဖို့ စိန်ခေါ်မှုတိုးလာဖို့ လိုတယ်ဆိုပေမယ့် တိုးလာရုံနဲ့ မလုံလောက်သေးပါဘူး။ ဘယ်လောက်ကြာကြာ စိန်ခေါ်နေရမယ်၊ အကြိမ်ရေ ဘယ်လောက် ၊ တပတ်ဘယ်နရက်၊ ဘယ်ကြွက်သားကို လုပ်၊ ဘယ်ကြွက်သားကို နား စတဲ့ ရှူထောင့်တွေလဲ လိုသေးတာပေါ့။

Crossfit ၊ TRX ၊ အလေးလွတ် စတာတွေက ကြွက်သား အတွက် အထောက်အကူပြုတယ်ဆိုပေမယ့် ဒီနေရမှာ အလေးမခြင်းလောက် အပေါ်က ရှုထောင့်တွေကို အသုံးချလို့ မရပါဘူး။ အကြိမ်ရေ ဘယ်လောက်ပမာဏကို ဒဏ်ဘယ်လောက်ပေးမယ် စသဖြင့်လုပ်ချင်ရင် အလေးတုံးက အလွယ်တကူ ဖြည့်စည်းပေးပါလိမ့်မယ်။

*********************

ဒီတော့ အကျဉ်းပြန်ချုပ်ရရင်

- များများစားတဲ့အခါ အာဟာရ ပြည့်တာတွေစားပါ။ များများစားဆိုပေမယ့်လဲ အဝင်က အထွက်ထပ်တော့ နည်းနေမှ အဆီကျမှာပါ။

- များများလုပ်ဆိုတဲ့အခါ ကြွက်သား အများဆုံးနဲ့ ကြွက်သား အသစ် တည်ဆောက်မှု အပေးဆုံး လေ့ကျင့်ခန်းတွေ လုပ်ပါ။ အလေးလွတ်တွေထဲမှာ ကြွက်သား အများဆုံးသုံးတာတွေက ကောင်းသလို မလေးမတာကတော့ အကောင်းဆုံးပေါ့။

- ဒီလို G flux များအောင် လုပ်ခြင်းနဲ့ အဆီကျစေနိုင်သလို လူမှု နေထိုင်မှုမှာလဲ အားရှိ တက်ကြွစေပါတယ်။

ကဲ စကားပိတ်အနေနဲ့ ပြောရရင် အစာ အငတ်ခံပြီး အဆီချမယ်အစား လှုပ်ရှားမှုများအောင်လုပ်ပြီး အစာစားပါ။ ဗိုက်ပြည့်ရုံတင်မကပဲ ဦးနှောက်စွမ်းဆောင်ရည်၊ ပြင်ပလှုပ်ရှားမှု စွမ်းရည်၊ အိပ်ခန်းထဲ စွမ်းရည်တွေကိုပါ အစားအစာက မြင့်တက်ပေးစေနိုင်တာမလို့ Pro တစ်ယောက်လို့ အခုအချိန်ကစပြီး Weight ချကျပါဆို့။

အဆင့်ကတော့ မြင့်သလားမမေးနဲ့။ ဒီဆောင်းပါးကလေယာဉ်ပေါ်မှာ ရေးထားတာ ။ အိုကီ 😎😎😎

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။ ဆောင်းပါးတစ်ပုဒ် ရေးရမှာ ဗဟုသုတ ရှာစဉ်ရော၊ ရေးနေစဉ်ပါ အချိန်များစွာပေးရတာမလို့ မိမိ Page မှာ ဝေမျှ ချင်ပါက Share ၍ဖြစ်ဖြစ် ၊ Mention လို့ဖြစ်ဖြစ် ဝေမျှပါက ယဉ်ကျေးပါကြောင်း။

Crd
Goldern_dreams

Photos from Real fitness gym's post 24/08/2022

✅ အမေးများတဲ့ Gym ဗဟုသုတ အတိုအထွာ
✅ Golden Dreams

❓မေး။ Gym သွားကစားတာ တစ်ပတ်လောက်ရှိပြီ။ အလေးမ,တာ ကောင်းတယ်ဆိုလို့ အလေးလဲ စ မ,ဖြစ်တယ်။ လူက Gym သွားတာပိုဝလာသလိုပဲ။ လက်မောင်းလဲ ကြီးလာတယ်။ ဘယ်လိုလုပ်ရမလဲ ? ? ?

အတိအကျ ဒီလိုမေးတာ မဟုတ်ပေမယ့် ဒီလိုခပ်ဆင်ဆင် မေးတဲ့ လူတွေ မနည်းပါဘူး။ ယောက်ျားလေးလား၊ မိန်းကလေး မေးတာလားဆိုတာ မေးခွန်းကြည့်ရုံနဲ့ သိပါတယ်။ လက်မောင်းကြီး ကြီးလာတယ် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုး။ Gym သွားလို့ ဝလာတယ်ဆိုတာကတော့ ယောင်္ကျားလေးတွေလဲ မေးကြပါတယ်။

အရင်ဆုံး မေးခွန်းကို အကြံမပေးခင် အခြေခံလောက်ကို အတိုပြန်ပြောပါမယ်။ ကိုယ်အလေးချိန်တက်တယ်၊ ကျတယ်ဆိုတာ အစားအစာ (အဝင်) နဲ့ ကိုယ်လက်လှုပ်ရှား (အထွက်) စွမ်းအင်အပေါ် မူတည်ပါတယ်။ ဒီ Equation ဟာ တကယ့် အခြေခံပါ။

အလွယ် လူပြိန်းစကားပြောရရင်
▪️စားတာက လှုပ်ရှားတာထက် များရင် အလေးချိန် တက်လာမယ်။
▪️စားတာက လှုပ်ရှားတာထက်နည်းရင် အလေးချိန် ကျလာမယ်ပေါ့။

ဒီမှာ အလေးချိန်လို့ ပြောထားပါတယ်။ "အဆီ" လို့မပြော သလို "ကြွက်သား" လို့လည်း မပြောထားပါဘူး။

ဒီလိုနဲ့ အောက်မှာ Equation ၃-ခု ရပြီ ဆိုပါစို့်။

အလေးချိန် = အဆီ + ကြွက်သား
အဝင် အစားအစာ < အထွက် (အလေးချိန်ကျ)
အဝင် အစားအစာ > အထွက် (အလေးချိန်တိုး)

🔻 Gym သွားတယ်။ ဝလာတယ်။ ဘာ့ကြောင့်လဲ ???

ဒီအဖြစ်က ဘာနဲ့ တူသလဲဆို ရေကူးကန်သွားပြီး အဆီကျအောင် ရေကူးတယ်။ ကြာကြာကူးလေ၊ များများကျလေ စိတ်ကူးပြီး ကြာကြာကူးပါလေရော။ ဒါပေမယ့် မတွေးမိတာက ကြာကြာကူးလေ၊ များများဗိုက်ဆာလေဖြစ်ပြီး အပြန်မှာ ကြက်ကြော်နဲ့ အချိုရည်တွေ ပြန်ကြိတ်လိုက်သလိုမျိုး။

အဝင်က အထွက်ထက် များနေသရွေ့ ဘာလေ့ကျင့်ခန်း လုပ်လုပ် အလေးချိန်ကျလာစရာမရှိပါဘူး။ တက်လာဖို့ပဲ ရှိတယ်ဟုတ်။

ဒါပေမယ့် Gym သွားပါတယ်၊ ပိုပိုဝလာတဲ့ လူတွေတွေ့တော့ Gym ကပဲ လူတွေကို ဝစေသလိုမျိုး။
သဘောတူပါပဲ၊ Gym ရပ်လိုက်လို့ ပိုဝလာတဲ့ လူတွေတွေ့တော့လဲ ဝလာတာတွေ မြင်တော့ Gym ဆိုတာ လူတွေကို ဝစေပါလား၊ မဆော့ရင် အကောင်း၊ ဆော့မှ ပိုဝလာမယ်ဆိုပြီး ဆင်ခြေတွေ ဖြစ်လာတာပါပဲ။

ဒါပေမယ့် မလုပ်ချင်လို့ ဘယ်သူတွေ ဘယ်လို ဆင်ခြေ ပေးနေပါစေ၊ Gym ဆိုတာ လူတွေကို ပိုဝလာစေတဲ့ နေရာမဟုတ်ဘူးဆိုတာကတော့ လူတိုင်း အတွင်းစိတ်မှာ လက်ခံနေရာယူပြီးသားဆိုတာ ငြင်းလို့မရပါဘူး။
ဥပမာ အရက်သမားလို " စိတ်ညစ်လို့ သောက်ရတာပါ " လို့ ဘယ်လိုဆင်ခြေပေးပေး အရက်ဆိုတာ မကောင်းဘူး သိနေသလိုမျိုး။ Gym လုပ်ရင်၊ ရပ်လိုက်ရင် ဝလာတယ်ဆိုတာ ဆင်ခြေသာဖြစ်ပြီး သင့်ကို ဝလာစေတာကတော့ အစားအစာ အဝင်က လှုပ်ရှားမှု အထွက် ထက်များတယ် ဆိုတဲ့ အချက်ပါပဲ။

🔻 လက်မောင်းကြီးလာတယ်၊ ဘယ်လိုလုပ်မလဲ ???

ဒါကတော့ မိန်းကလေးတွေနဲ့ အလေးတုံးကြားက စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုပါပဲ။ ကြောင်တွေ သခွားသီး အမှတ်မထင် မြင်ရင် ကြောက်လန့် အမြီးထောင်ပြီး ထခုန်သလိုမျိုး၊ မိန်းကလေးတွေ အလေး စကိုင်ပြီ ဆိုရင် သိပ်ကြောက်တတ်ပါတယ်။

Fitness Journal တွေထဲမှာ တွေ့ရတဲ့ ဗလတောင့်တောင့်နဲ့ အမျိုးသမီးတွေလို ဖြစ်သွားမလား၊ လက်မောင်းကြီး တုတ်သွားမလား၊ ရင်သားတွေ မာသွားမလား၊ လားပေါင်းများစွာနဲ့ ကြောက်တတ်ကြတယ်မလား။ မကြောက်ပါနဲ့။

ဆောင်းပါးပေါင်းများစွာမှာ မိန်းကလေးတွေ ဘာလို့ အလေးမ သင့်လဲဆိုတာ အခါခါရေးခဲ့ပြီးပါပြီ။ ယောင်္ကျားလေးတွေထက် ကြီးထွားဟော်မုန်းထုတ်တာ နည်းလို့ မိန်းကလေးတွေ ကြွက်သားထွက်ဖို့ဆိုတာ ပိုခက်ခဲကြောင်း၊ ယောင်္ကျားလေးတွေထက် တစ်ဝက်လောက်တောင် ပိုနှေးကြောင်း စသဖြင့်ပြောခဲ့ပြီးပါပြီ။

ယောင်္ကျားလေးတစ်ယောက်အတွက်တောင် ကြွက်သားတက်ဖို့ဟာ အလေးကြီး လုပ်ရသလို Protein ပမာဏလုံလောက်အောင်၊ အကြိမ်ရေလုံလောက်အောင်၊ နားချိန်လုံလောက်အောင် စသဖြင့် လုပ်ရပါတယ်။ လက်မောင်းသားဆိုလည်း ထုတက်လာအောင်၊ ပုံကောင်းပေါ်လာအောင်ဆော့တယ်ဆိုတာ တော်ရုံနဲ့ မရပါဘူး။ အလေးတုံးသေးသေးလေးနဲ့ (Beginner သုံးတဲ့ ပမာဏ)လုပ်နေသရွေ့ ဘယ်လိုမှကို ဘာမှဖြစ်မလာပါဘူး။ ကြွက်သားပမာဏ တက်ဖို့ဆိုတာ ထင်သလောက် လွယ်လွယ်ကူကူရတယ်လို့ မမြင်စေချင်ပါ။ အပတ်စဉ် စိတ်မလျှော့ဘဲ ဇွဲ၊ ချွေး၊ အားတွေ သုံးပြီး အစာစားနည်း အမှန်နဲ့ ပေါင်းမှ ထုတက်လာတာမျိုး ဆိုတာ လုပ်ဖူးတဲ့ ယောင်္ကျားလေးတိုင်း မေးကြည့်ရင် သိပါလိမ့်မယ်။

ဒါဆို ကြွက်သားတက်ဖို့ ပိုနှေးတဲ့ မိန်းကလေးက တစ်ပတ် နှစ်ပတ်ဆော့ရုံနဲ့၊ အလေးသေးသေးမရုံနဲ့ ကြွက်သားကြီး ကြီးလာတယ်ဆိုတော့ ဖြေရ အတော်ကြပ်ပါတယ်။

၁။ စိတ်ထဲက မဟုတ်ဘဲ ထင်ယောင်နေတာဖြစ်မယ်။
၂။ ကြွက်သားကြီးလာတာမဟုတ်ဘဲ အလေးချိန်တက်လာတာဖြစ်မယ်။

ဒီ၂-ချက်ကလွဲလို့ ဖြစ်နိုင်မယ့် အဖြေသိပ်မရှိပါဘူး။

အလေးမ,တဲ့ အမျိုးသမီးတွေလည်း တွေ့ဖူးပြီး အဆီသိပ်မရှိတဲ့ ခန္ဓာကိုယ်နဲ့ သူတို့လက်မောင်းတွေဟာ တုတ်နေတာ မရှိပါဘူး။ လက်မောင်းတုတ်တယ်၊ ကြီးတယ်ဆိုတာ အဆီကြောင့်ဖြစ်ပါလိမ့်မယ်။

ဒီတော့ Gym သွားတယ်။ ပိုဝလာတယ်။ ဒါဆိုရင်

အဝင် > အထွက် (ပိုစားလို့ အလေးချိန်တိုး)

အလေးချိန် (တိုးလာ)= ကြွက်သား (ပုံမှန်)+ အဆီ (တိုးလာ)

ဖြစ်နေတာလို့ ထင်ပါတယ်။ ဒီတော့ ဒီလို Gym သွားလို့ ဝလာတယ်၊ လက်မောင်းတုတ်လာတယ် ဆိုရင် စားတာကို လျှော့ဖို့ အကြံပေးပါရစေ။

ဒီလိုမှမဟုတ်ဘဲ
နှစ်ပတ်လောက်နဲ့ လက်မောင်းက ကြွက်သားနဲ့ ကျစ်ပြီး တုတ်လာတယ်ဆိုရင်တော့ စိတ်ထင်လို့ပါ လို့ပဲ ပြောနိုင်ပါတော့မယ်။

Credit with thanks
Golden Dreams

# Real Fitness gym

Category

Telephone

Website

Address


Bago

Alerts

Be the first to know and let us send you an email when Real fitness gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bago.