Thinthin Soe
seller
25/08/2023
"ပြုံးပြုံးလေးနေပါ"
ဘဝဆိုတာ
အနိမ့်ရှိသလို အမြင့်လည်းရှိတယ်။
အတက်ရှိသလို အကျလည်းရှိတယ်။
ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ်။
အားပေးမယ့်သူရှိသလို ရှုပ်ချမယ့်သူလည်းရှိမှာပဲ။
ချီးမွမ်းမယ့်သူရှိသလို ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။
မြှင့်တင်မယ့်သူရှိသလို ပုပ်ချမယ့်သူလည်းရှိနေမှာပါ။
လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။
ဒါ့ကြောင့်
ကိုယ့်လမ်းကိုယ်ထွင် စိတ်ရွှင်ရွှင်နဲ့
ကိုယ့်လမ်းကိုယ့်ဆက် စိတ်မပျက်ဘဲ။
ကိုယ့်လမ်းကိုယ်လျှောက် စိတ်မနောက်လိုက်ပါနဲ့။
ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ဘဝမှာ
တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။
#လူငယ် #စာအုပ် #စာပေ #ဗဟုသုတ
25/08/2023
စိုက်ပျိုးရေး အကြောင်း သိသလောက်လေး ပြောပြပါရစေ...
✔စိုက်ပျိုးရေး လုပ်တော့မယ်ဆို အရေးကြီးတဲ့ အချက် (3)ချက်ရှိတယ်
ဘာတွေလဲဆိုတော့ကာ😁😁😁
1️⃣မြေသြဇာ ဆိုတဲ့ အပင်အတွက် အလိုအပ်ဆုံး အဟာရပေါ့..(အပင်ကလည်း အဟာရ ပြည့်ပြည့်ဝဝ မစားရရင် ကောင်းကောင်း မကြီးထွားနိုင်ဘူးပေါ.)
2️⃣မှိုဆေး ပေါင်းဆေး ပိုးဆေး လိုအပ်တယ်.
3️⃣ရာသီဥတု ဒဏ် ခံနိုင်အောင် လုပ်ထားရမယ်...
သိတာလေး😁 လာပြောပြတာ 😁
24/06/2023
23/06/2023
မြေဆီလွှာကောင်း ( ကျန်းမာတဲ့မြေဆီလွှာ)
မြေဆီလွှာကောင်း၊ ကျန်းမာတဲ့ မြေဆီလွှာ ဆိုတာ-
- မြေသားပွ ၊ မွပြီး အကျိုးပြုအဏုဇီဝသက်ရှိလေးတွေရှင်သန်နိုင်တဲ့ မြေဆီလွှာ သို့မဟုတ် မြေသားဖွဲ့စည်းတည်ဆောက်မှုရှိတာမျိုး
- လေဝင်လေထွက်ကောင်း ၊ ရေထိန်းသိမ်းနိုင်မှုကောင်း ( အစိုဓာတ်ထိန်းသိန်းနိုင်မှု) ကောင်းမွန်ပြီး မြေသားပွ မြ နေမှ ဘယ်လိုအရောင် (colour) ရွိရွိ မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ ပြည့်ဝနေတာမျိုး
- စိုက်ပျိုးမြေအများစုဟာ နှစ်စဉ် ဆက္တိုက်သုံးစြဲလာတဲ့ ဓာတုဓါတ်မြေသြဇာများ ( Chemical fertilizers) ကြောင့် အချဉ်ပေါက်၊ အငန်ပေါက် မြေသားဖွဲ့စည်းပုံတွေပျက်ဆီးနေတာမျိုး
- သီးနှံပင်တွေက မြေဆီလွှာထဲကနေ သဘာဝအတိုင်းထုတ်ယူရယူသုံးစွဲနိုင်တဲ့ အပင်အာဟာရဓာတ်တွေဟာ ရုပ်ဂုဏ်သတ္တိ လျော့ကျပျက်ဆီးနေတဲ့ မြေသား မြေဆီလွှာ ကြောင့် အလွယ်တကူရယူသုံးစွဲနိုင်ခြင်းမရှိပဲကန့်သတ်ချုပ်ခြယ်ခံထားရတာမျိုး
- ဒီလိုအားနည်းချက်တွေကို ကွက်လပ်ဖြည့်ပေးဖို့ ထရန်စဖောင်းဆွိုင်း (Transform Soil) ရှိလာပါပြီ။
- မြေဆီလွှာရဲ့ရုပ်ဂုဏ်သတ္တိတွေတိုးတက်ကောင်းမွန်စေတဲ့ဘယ်လို အာဟာရဓာတ်တွေ ထရန်စဖောင်းဆွိုင်း (Transform Soil) မွာ ပါသလဲ?
- မြေဆီလွှာရုပ်ဂုဏ်သတ္တိကို အကျိုးပြုပေးတဲ့ အာဟာရဓာတ် (၈) မျိုးတိတိကို ပါဝင်ထည့်သွင်းဖော်စပ်ပေးထားပါတယ်။
(၁) လီယိုနာဒိုက် (Leonadite)
(၂) ဗီတာမင် ဘီဝမ်း ( Vitamin B 1)
(၃) ဘိုင်အိုချား ( Biochar)
(၄) ရေညှိအမှုန့် ( Seaweed Extract)
(၅) ကျောက်မှုန့် ( Rock Phosphate)
(၆) ဒိုလိုမိုက် (Dolomite)
(၇) ဇီအိုလိုက် ( Zeolite)
(၈) အမိုင်နိုအက်ဆစ် (Amino Acid Powder) တို့ဖြစ်ပါတယ်။
- ထရန်စဖောင်းဆွိုင်း ( Transform Soil) ကို စိုက်ပျိုးမြေဆီလွှာထဲထည့်ပေးပါက နွေ၊ မိုး၊ ဆောင်း ရာသီမရွေး မြေဆီလွှာ ကိုကျန်းမာစေပြီး မြေဆီလွှာ ရဲ့ ရုပ်ဂုဏ်သတ္တိ တွေကို အလျင်အမြန်တိုးတက်ကောင်းမွန်လာစေပြီး စိုက်ပျိုးပင်တွေရဲ့ အမြစ်စဉ်တွေကလည်း ပြ မြေနတဲ့ မြေဆီလွှာ ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တာမို့ မြေဆီလွှာထဲမှာသဘာဝအတိုင်းရှိနေတဲ့ N,P,K,Ca,Mg,Mo,Mn,S,B,Cu အစရွိတဲ့ စိုက်ပျိုးပင်တွေရဲ့ အမ်ားလိုအာဟာရ အနည်းလိုအာဟာရ ဖြည့်စွက်အာဟာရ စုံတို့ကို မြေဆီလွှာကောင်းတစ်ခုကို ထရန်စဖောင်းဆွိုင်း နဲ့ ဖန်တီးပြီး အခုပဲ ရယူလိုက်ကြပါစို့။
18/06/2023
ထုံးအကြောင်း သောင်းပြောင်းထွေလာ
ချဉ်ရင်ထုံး ၊ ငန်ရင်ကန့် ဆိုတဲ့ စိုက်ပျိုးရေးဆရာကြီးတစ်ဦး၏ စကားပြန်လည်ကြားယောင်မိပါသည်။ များသောအားဖြင့် မိုးများသော ဒေသများရှိ စိုက်ပျိုးမြေများသည် မြေချဉ်နေတတ်ကြပြီး၊ မိုးနည်းသော ဒေသများတွင်တော့ မြေငန်တတ်ကြသည်ဟု မှတ်သားမိဖူးပါသည်။ မြေချဉ်ငံကိန်းဆိုသည်မှာ အင်မတန်မှအရေးကြီးလှပါသည်။ လူသားတို့၏ သွေးပေါင်ချိန် ကဲ့သို့ပင် ဉပမာ ပြုလိုမိပါသည်။ သွေးပေါင်ချိန်သိမှ ကုသမှုဆက်လက်လုပ်ဆောင်၍ရမည်ဖြစ်ပါသည်။ သွေးပေါင်မြင့်လွန်းလျှင် နှင့် နိမ့်လွန်းလျှင် အသက်အန္တရာယ်စိုးရိမ်ရသကဲ့သို့ပင်။ မြေချဉ်ငံကိန်း မြင့်လွန်းလျှင် (သို့မဟုတ်) နိမ့်နေလွန်းလျှင် သီးနှံပင်တို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ အချို့ပဲတီစိုက်ခင်းများတွင် မြေချဉ်လွန်းတာကြောင့် မည်သည့် မှိုရောဂါမှ မကျရောက်ပါပဲနှင့် ပဲပင်များသေသွားတတ်ကြသည်ကို ကြားဖူးပါသည်။ ဆေးရုံဆေးခန်းများသို့ နာမကျန်းဖြစ်၍ ဆေးခန်းပြချိန် ရောဂါမကုခင်သွေးပေါင်ချိန်ကြသကဲ့သို့ ၊ စိုက်ပျိုးရေးသမားတို့သည် လည်း အပင်မစိုက်ခင် မြေကြီးကို မြေချဉ်ငန်ကိန်းချိန်ကာ ၊ မြေချဉ်နေပါက ထုံးကိုထည့်၍ ၊မြေငန်နေပါက ကန့်ထည့်သွင်းစိုက်ပျိုးသင့်ပါသည်။ဒါ့ကြောင့် ဆရာကြီးဦးဖရက်သိန်းဖေရေးသားသော မြေဩဇာအမြင် နှင့် အခြားစာစုများ စာအုပ်မှ ထုံးအကြောင်းကို ကောက်နုတ်ဖော်ပြတင်ဆက်လိုက်ပါသည်။ တောင်သူဦးကြီးများ ဖတ်မှတ်လေ့လာ၍ မိမိတို့စိုက်ခင်းအတွက် အသုံးချနိုင်ပါစေကြောင်း ဆုတောင်းရင်း………………
ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုံးကို မလွဲမသွေအသုံးရန် လိုအပ်သောပစ္စည်းများအဖြစ် အသိအမှတ်ပြုထားကြသည်။ ဤနေရာတွင် ထုံးကျောက်တောင်များမှ ထုံးကျောက်များကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး အသုံးပြုကြသည်။ တစ်ဧကလျှင် တန်ချိန်တစ်တန် မှ သုံးတန်ကို သုံးနှစ်တစ်ကြိမ်ခန့် ထည့်ပေးကြသည်။ ထုံးထည့်အသုံးပြုခြင်းမှာ သီးနှံပင်အား ကယ်လ်စီယမ်ထောက်ပံ့ရန်ထက် အကြောင်းတစ်မျိုးကြောင့် အချဉ်ဓါတ်တိုးလာသော မြေဆီလွှာကို အချဉ်ဓါတ်လျော့ကျစေရန် အသုံးပြခြင်းဖြစ်သည်။ သီးနှံပင် အများစုသည် ပီအိတ်ချ်ကိန်း ၄ ဒဿမ ၅ မှ ၇ ဒဿမ ၅ အထိ စိုက်ပျိုးကြရာ အကြောင်းတစ်မျိုးကြောင့် ပီအိတ်ချ်ကိန်း နှိမ့်ကျသွားသောမြေဆီလွှာမှ အချဉ်ဓါတ်အာနိသင်ကို လျော့နည်းစေရန် ထိုသို့ ထုံးသုံးခြင်းဖြစ်သည်။ ထိုထုံးသည် မြေဆီလွှာမှ အချဉ်ဓါတ်ကို ပြုပြင်ခြင်းဖြင့် သီးနှံပင်များ မြေဆီလွှာမှအာဟာရများကို ပိုမိုကောင်းမွန်စွာ စုပ်ယူစားသုံးနိုင်သည်။ ထုံးသည် မြေဆီလွှာ စေးလွန်းခြင်း၊ဖွယ်လွန်းခြင်း နှစ်မျိုးလုံးကို သက်သာစေသည်။ ထုံးသည် ရောဂါပိုးမွှားများကိုလည်းအထိုက်အလျောက်နှိမ်နင်းပေးသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်ကိုင်စဉ်အတွင်း ဖြစ်ပေါ်လာသောအခက်အခဲများကို ကုစားရန် ထုံးကို မလွဲမသွေ အသုံးပြုရန်လိုအပ်သည်။
သို့သော်မြန်မာ့စိုက်ပျိုးရေးဈေးကွက်တွင် စိုက်ပျိုးရေးသုံးထုံးများကို မတွေ့ရပါ။ ဝယ်ယူသုံးစွဲသူများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ ထုံးကျောက်များကို မီးဖုတ်ပြီး ရေတောက်၍ အမှုန့်ပြုလုပ်ထားသော ထုံးများကိုကား ဈေးကွက်တွင် တွေ့နိုင်ပါသည်။ ဤထုံးမျိုးကို မဖောက်ထုံးဟုခေါ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ထုံးအမျိုးအစားဖြစ်သည်။ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်ကြောင့် စိုက်ပျိုးရေးသုံးထုံးဈေးဖြင့် မရောင်းနိုင်ပါ။ သို့သော် အချို့သောစိုက်ပျိုးသူများက မိမိတို့စိုက်ခင်းတွင် ဝယ်ယူအသုံးပြုနေကြရသည်။ တတိယထုံးအမျိုးအစားမှာ ကွမ်းစားထုံးမျိုးဖြစ်သည်။ မဖောက်ထုံးကို ရေအရှင်ဖြတ်စီးစေပြီး အခိုးသတ်ထားသောထုံးမျိုးဖြစ်သည်။ ဤထုံးမျိုးမှာ စိုက်ပျိုးရေးတွင် အသုံးပြုရန် ပိုခက်ခဲပါလိမ့်မည်။
အထက်ဖော်ပြပါထုံးမျိုးနှင့်မတူသော ထုံးတစ်မျိုးရှိသေးသည်။ အချို့က ကျောက်မှုန့်၊ လချေးမှုန့်ဟုလည်း ခေါ်ပါသည်။ ဓါတုပစ္စည်းအနေဖြင့် ကယ်လ်စီယမ်ဆာလ်ဖိတ် CaSO4 ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် အသုံးပြုနေသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိမ့်စွဲသောမြေကို ပြုပြင်ရန် အသုံးပြုခြင်းဖြစ်သည်။ ဤဓါတ်ပေါင်းမှာ မြေဆီလွှာအချဉ်ဓါတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိပါ။ မလိုအပ်ပဲ အခြေအနေမရွေး အသုံးပြုလျှင်ကား ငွေကုန်ကျရကျိုးနပ်နိုင်မည် မဟုတ်ပါ။
-----
Crd #စိုက်ရေးပျိုးရေး ဗဟုသုတပေး
18/06/2023
မြေချဉ်နဲ့
မြေချဉ်နဲ့ မြေငံကို ဘယ်လို ပြုပြင်နိုင်မလဲ
============================
မိမိစိုက်ပျိုးနေသော မြေကြီးဟာ သီးနှံနဲ့ သဟာဇာတ ဖြစ်ပါရဲ့လား၊ ထည့်လိုက်တဲ့ ဓာတ်မြေသြဇာတွေကို သီးနှံပင်တွေ ပြည့်ပြည့်ဝဝ စားနိုင်ပါရဲ့လား၊ ပိုကျွေးမိသလား၊ လိုကျွေးမိသလား ချင့်ချိန်နိုင်စေခြင်းငှာ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။
အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆ မျိုးထဲမှာ၊ ကာဘွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်အပြင် NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။
မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊ မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မဆိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊ နဂို ချဉ်ထားတဲ့ မြေကြီးဟာ
အပင်က မစားနိုင်တဲ့အပြင် မြေပျက်တာက ပိုနေဦးမှာပါ။
ဒါကြောင့်လည်း အပင်အားမရတိုင်း မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧကကို ၁၅ လည် ၁၅-၂၀ အိတ် ကုန်တယ်ဆိုပဲ။
အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးပါ။
စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှငိနယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင် မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။ PH8.5 ထက်များနေရင် အယ်ကာလီများနေပါပြီ။ ငံပါတယ်။ PH5.5 အောက်ဆိုရင် အက်ဆစ်ဓာတ်များနေပါပြီ။ ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''
နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။ သစ်စိမ်းမြေသြဇာ ကျွေးပါ။ အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေအတွင်း ၁၀ပေါင်နုန်း ထည့်ရပါတယ်။
မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''
မြနိမာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊ မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမွာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation) ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းနစားနိုင်ပါဘူး) PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။ ဒါကြောင့် ချဉ် ရင်ထုံး၊ ငံရင်ကန့် ဆိုတာပါပဲ။
မြေချဉ်ရင် ထုံး (limestone) ထည့်ရပါတယ်။
Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊
၁။ Calcitic limestone (ကယ်လစီယံများသော ထုံးမှုန့်)
၂။ Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပ်တယ်။
ဒါကေတာ့ ကိုယ့်မြေဟာ ကယ်လစီယံချို့တာလား၊ မဂ္ဂနီစီယံလိုအပ်လား ကြည့်ပြီး ရွေးချယ်သုံးဖို့ပါ။
ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။ အကြမ်းဖျဉ်းတော့ တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။
တယူနစ်ဆိုတာ...
ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။ တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။ သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။
မလိုအပ်ပဲ ၊ မြေသြဇာများများ သုံးစွဲခြင်းကြောင့်
၁။ ကုန်ကျစရိတ် များပြားခြင်း၊
၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။
၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊
၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊
၅။ အထွက်နှုန်းနှင့် အရည်အသွေး ထိခိုက်ခြင်း၊
၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း စတဲ့ ဆိုးကျိုးတွေ မလွဲမသွေ ရရှိစေပါတယ်။
ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။ စိုက်ပျိုးရေးဖြင့် ဘဝတိုးတက်ကြပါစေ။
ပုံ နှင့် စာ ရေးသားသော ရှယ်မြေ စိုက်ပျိုးရေးနည်းပညာအား GAP သဘာ၀ မြေသြဇာ မှ Crd ပေး ဂုဏ်ပြုအပ်ပါသည်။
23/03/2023
🎲ကိုယ့်ကိုယ်ကို ချစ်တတ်လာသော ကျမ💞💞💞
🎲လူ့ဘဝတိုတိုလေးမှာ ပျော်ရွင် မှုမှ မရှိရင် ဘဝက အလကားပဲ.....😁😁အဲတော့ ကိုယ့်ကိုယ်ကိုပဲ ချစ်ပါ ✔💖💖💖💖
🎲 ဘဝကို ခံစားချက်တွေနဲ့ မရှင်သန်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမ ပြီးတဲ့ နေကစလို့ပေါ့ ကျမ ဘဝ ပျော်ရွင် လာတယ်.....😁�
🎲ကို့အပေါ် မကောင်းတဲ့သူအတွက် တန်ပြန် သက်ရောက်မှုလေးနဲ့ ပဲ အစားထို့တဲ့နေ့ ကျမ ပြုံးလာနိုင်တယ်🙂🙂🙂
🎲သူဘာလုပ်လုပ် ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်တာက ကို့ဘဝရဲ့ တစ်စိတ် တစ်ဒေသ လှပလာတယ်✔✔✔
🎲တကယ်တော့ ကျွန်မ အတွက်တော့ သူရှိမှ ဆိုတဲ့ စိတ်က ကျန်ခဲ့ပြီးလို့ တွေးလိုက်တဲ့ အချိန်⏱⏱
ကျမ စိတ်ချမ်းသာသောအချိန်တွေပေါ့...⏰⏰⏰⏰
🎲ကျမက လိုချင်တာ ဖြစ်ချင်တာ မရတဲ့ အခါ အရာအားလုံးကို လွှတ်ချ ပစ်လိုက်တယ်🎲🎲🎲
ဘဝက အန်ဇာတုံး ခေါက်သလိုပေါ့ အမြဲတမ်း (6)ခု တန်း မရနိုင်ဘူးလေ..ကျလာတဲ့ အရေအတွက်နဲ့ပဲ
ကျေနပ်ရတာပါပဲ....
crd.. my life
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bago