Nway Yatu Khit
happiness
❤Mother အေမဆိုတာ❤
👉M ___Millions = သန်းပေါင်းများစွာသောအရာများကိုပေးသော❤
👉O ____ Ocean = သမုဒ္ဒရာကဲ့သို အဆုံးမရှိမေတ္တာများကိုပေးသော❤
👉T ____Tears =သူမ၏မျက်ရည်များဖြင့်ထိန်းကွပ်ပေးခဲ့သော❤
👉H ___ Happy =သားသမီးများကသာသူမရဲ့ပျော်ရွှင်မှုဖြစ်သော❤
👉E___Essential = ကျွန်ုပ်တို့ဘဝတွက်မရှိမဖြစ် အရေးပါလှသော❤
👉Right__ မှန်ကန်မှုများကိုသာလမ်းညွှန်ပြသပေးသော❤
👉'Mother' မိခင်ဖြစ်တရ်😘😘👈
Credit # # #
"ကျွန်တော် ရှက်ခဲ့မိတဲ့ အမေရဲ့ ဖိနပ် စုတ်လေးတစ်ရံ”
ဆယ်တန်း ကျောင်းသား ဘဝ အဆောင် စာကျက်ခန်းမှာ စာကျက်နေတဲ့ ကျွန်နော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်။ ဧည့်ခန်း ဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကြောင့် ကျွန်နော်နှာခေါင်းရှုံ့လိုက်မိတယ်။
ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲ ဆံပင်ရောထွေးထွေးနဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့ အမေ အဝတ်အစား ကလဲ ဖရိုဖရဲဖြစ် လို့နေတယ်။
`သား´အမေ သားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုး ရယ်လာ ပို့တာလေ အမေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျွန်တော်ကို ပြုံးပြုံးလေး မော်ကြည့်နေတယ်။
အမေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . . အခုဟာက စုပ်ပြက်နေ တာဘဲ အမေ့ ဖိနပ်ကလဲ အမြှီးပျက် စုပ်ပြက် နေတာဘဲ အခြားသူငယ် ချင်းတွေ တွေ့ရင် သားသိက္ခာ ကျမှာပေါ့လို့ စိတ်စိုးစိုး နဲ့ပြောလိုက်တယ်။
အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အမေ တွေ့ချင်လွန်းလို့ မန္တလေး ဆင်းလာတာ ပါကွယ် နောက်လာ ရင် အမေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ်။ အမေ ပြန်မယ် နော်သား ကျန်းမာရေးဂရုစိုက်အုံး… ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အမေ ကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။
ဒီနောက်ပိုင်း အမေ ပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီးအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့.. အမနှစ်ယောက်ရှိပေမဲ့ ရွာမူလတန်းကျောင်းလေးမှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာ
အငယ်ဆုံးသား ကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား (၉)တန်းအောင် (၁၀)တန်းရောက်တော့ အမေ က ပညာတက်စေချင်သည့်အတွက် အဖေ တားသည့်ကြားက မန္တလေး ကဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်၊
ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အမေ က မန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည်။ အဖေကိုမေးတော့ အဖေ က သား အမေ ဈေးအလုပ်တွေ့ မအား လို့မလာတာတဲ့။ အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့ခရီးပန်းလို့ပါတဲ့။
(၁၀)တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲသို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အဖေ က`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့ မလေး လည်း ဝိုင်းဖက် ငိုကြတယ်လေ။
အာ့ကြမှ အဖေ အမေ ရောဟင်… သား မင်းအမေ နှလုံးရောဂါကြောင့် ဆုံးတာ (၃)လလောက်ရှိပြီကွဲ့.`ဗျာ´အဲ့တာ ဘာလို့ မပြောတာလဲအမေ နင့် အမေ မသေခင် ကမပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့် အယှက်ဖြစ်မယ်ဆိုလို့ အဖေတို့ မပြောခဲ့တာပါ။
သားဘော်ဒါကြေးအတွက် မတ္တရာကသီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ သား အမေ နေ့ရောညပါ ဈေးရောင်းဈေးဝယ် လုပ်ရတယ်လေ။ သားပညာရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့သမီးအပျို (၂) ယောက် အတွက် ဦးစားပေးရသေးတယ်လေဟိုမှာနင် အမေ စီးခဲ့တဲ့ဖိနပ်လေး ကြည့်ပါဦးသားရယ် ။
ရောဂါရှိမှန်း သိတဲ့အချိန် နောက်ကျသွားပြီးလေ။ အဖေ တို့ကို သားမေ နောက်ဆုံး ထွက်သက်လေးမှာ မှာသွားသေးတယ် တကယ်လို့ သူသေ သွားရင် သားကို စာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့ သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ် သားရယ် ဆိုပြီး အဖေ နဲ့ အမတွေ ငိုကြပါတော့တယ်။
ကျွန်တော် မျက်ရည်တွေ ကျရင်း နောင်တ တွေနဲ့ ခေါင်းရင်း မှာ ထောင် ထားတဲ့အမေ့ ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် . . . `အမေ.
Credit # # # #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bago
Bago