Venus Skin Care

Venus Skin Care

Share

skin care
soap
shampoo

30/12/2021

❤Surfactants 3❤

🔺️NON Ionic Surfactants🔺️
Alkyl Polyglycosides လို့​ခေါ်တဲ့ glucosides
( Decyl, Lauryl, Coco) ​တွေဖြစ်ပါတယ်။ Natural organic products ​တွေဖြစ်လို့ ဝယ်ရတာ ​စျေးကြီးပါတယ်။ လက်​တွေ့ပါ ​စျေးကြီးတာက။ ခုလိုUSD ​စျေးတက်​နေတဲ့အချိန်ဆို ​​သွေးတိုးနိုင်​လောက်ပါတယ်။ အမြှုပ်ထွက်အား ဂျီးချွတ်အား​တော့ မပြင်း​ပေမယ့် အ​ရေပြားကို ထိခိုက်​စေတဲ့ ဆိုးကျိုး နည်းလို့ Gentle products ​တွေထုတ်လုပ်ရမှာ လူကြိုက်များပါတယ်။

🔺️Amphoteric Surfactants🔺️
အကူ Surfactants အ​နေနဲ့ သုံးကြပါတယ်။ အမြှုပ်ထအားလည်း ​ကောင်းတယ်။ အ​ရေပြားကိုလည်း အရမ်းမထိခိုက်​စေဘူး။ ဂျီးချွတ်အားလည်း ​ကောင်းတယ်။ လူကြိုက်များ လူသုံးများတဲ့ ပစည်းတစ်ခုပါ။ Cocamidopropyl betaine က အသုံးအများဆုံး surfactant ဖြစ်ပါတယ်။

🔺️Cationic Surfactants🔺️
Anionic surfactants ​တွေ​လောက် ဂျီးချွတ်အားမ​ကောင်း​ပေမယ့် အ​ရေပြား ကို Irritation ​ခေါ်တဲ့ ယားတာစပ်တာ​လောင်တာ ဖြစ်​စေတတ်ပါတယ်။ ပိုးသတ်အာနိသင်ရှိလို့ ​​ဆေးရုံ ​ဆေးခန်း ခွဲစိတ်ခန်း သုံး ပစည်း​တွေမှာသုံးပါတယ်။ Chlorhexidine က​တော့ လူသုံးများတဲ့ Product ပါ။

🔺️ New Classes 🔺️
-အသားအ​ရေ အတွက် အ​ကောင်းဆုံးဖြစ်​အောင်ထုတ်လုပ်ကြရင်း Synthetic Soap bars ( Syndet Bars ) ဆိုပြီး ထုတ်လုပ်လာကြပါတယ်။ pH လည်း Neutral ဖြစ်ပီး အရည်အ​သွေးလည်း Branded products ​တွေထိ​အောင်ထုတ်ကြပါတယ်။
-Sodium Cocoyl Isethionate (SCI) Anionic surfactants ဖြစ်ပီး Natural products ​တွေမှာ အ​တော်​လေး အသုံးများပါတယ်။ သူက​နေ ဆပ်ပြာမျိုးစုံ၊ Scrubs မျိုးစုံ ထုတ်ကြပါတယ်။
-Saponins က​တော့ အပင်က​နေ ထုတ်ယူရရှိပါတယ်။ Organic and natural cleansers ​တွေမှာသုံးကြပါတယ်။ Sapindus mukorossi (soapnut) plant ဆပ်ပြာသီးလို့ ​ခေါ်ကြပါတယ်။ Yucca schidigera ​ခေါ်တဲ့ Yucca extract ကလည်းအသုံးများပါတယ်။

Cleansers ​တွေထုတ်လုပ်ရာမှာ Surfactants အမျိုးမျိုးကို အ​ရေပြားအတွက်​ကောင်းတယ်ဆိုတဲ့ အဆီ​တွေ Butterတွေ ကို ​ပေါင်းစပ်ပြီးရည်ရွယ်ချက်အမျိုးမျိုးအတွက် ထုတ်လုပ်ကြပါတယ်။ ​Wash off products ( ​ရေ​ဆေးချရတဲ့) ​တွေဖြစ်တဲ့အတွက် အရမ်းအဖိုးတန်ရှားပါးတဲ့ အဆီအနှစ်​တွေပါဝင်တာက နည်းပါတယ်။ ခဏဘဲ ​နေပြီး​ဆေးချရတာဆို​ပေမယ့် မတည့်တာပါရင်​တော့ ​နေ့တိုင်း သုံးစွဲထိ​တွေ့ရတာဖြစ်​လို့ အ​ရေပြားကိုဒုက္ခ​ပေးနိုင်ပါတယ်။ တခါတ​လေ တကြိမ် နှစ်ကြိမ်နဲ့တင်ပြသနာရှိပါတယ်။ အဖိုးတန် အဆီအနှစ်​တွေ ထည့်လို့ ​ကောင်း​ပေမယ့် ​ကောင်းကျိုးကျ Leave on products ​တွေ​​လောက် အပြည့်အဝ ရာနှုန်းပြည့်မခံစားရပါဘူး ခဏနဲ့ ​ဆေးချရတာဖြစ်လို့ပါ။ မတရား​တော့ မတရားဘူး​ပေါ့​နော်။

Surfactants ​တွေချည်းဖတ်​​နေရတာလည်း အ​တော်ပျင်းသွားမှာဖြစ်လို့ ​တောင်းပန်ပါတယ်​နော်။ The End ပါ။

Photo credit: စာ​ရေးသူကိုယ်တိုင်ပါ။ 😁 Natural surfactants နဲ့ပြုလုပ်ထားတဲ့Natural Creamy Strawberry Facial scrub ပါ။ ကိုယ်တိုင်လုပ် ကိုယ်တိုင်ရိုက် 😁😁

Reference link:
-https://knowledge.ulprospector.com/3106/pc-surface-active-agents-surfactants/
- Baumann, L. (2015) Cosmeceuticals and Cosmetic Ingredients. 1st edn.McGraw-Hill Education, Medical.

29/12/2021

၂၀၂၂ အတွက် ကံအကောင်းဆုံး မွေးနေ့ရှင်များ
ထိပ်ဆုံးက ကံအကောင်းဆုံးမွေးနေ့ဖြစ်ပြီး အောက်ဆုံးကတော့ ကံအညံ့ဆုံး မွေးနေ့လို့သတ်မှတ်ထားတာပါ...ကံညံ့နေလဲစိတ်မညစ်ပါနဲ့နှစ်သစ်မှစပီးဘုရားတရား ဖိလုပ်ပါ... စိတ်ကောင်းစေတနာကောင်းထားပါ...

၂၀၂၂မှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စီးပွါးတွေတိုးတက်ပါစေ...၇ရက်သားသမီးအားလုံး အပူသောကတွေအမြန်ဆုံးပျောက်ပြီး ကောင်းတဲ့အရာတွေနှစ်သစ်မှာပိုင်ဆိုင်ရပါစေ...🙏🙏🙏
photo-credit

05/12/2021

Venus လေးတယောက်ရဲ့order

04/12/2021

🔺️🔺️🔺️
Skin care products ​တွေမှာ ခု​​ခေတ်မှာ Natural/organic/Vegan အစရှိသဖြင့်အများကြီး ​ပေါ်လာပါတယ်။ Natural/Oraganic products ​တွေသုံးနိုင်ရင်​ကောင်းပါတယ်။ အားနည်းချက်က Organic အစစ်ဆိုရင် ​စျေးကအရမ်းကြီးပါတယ်။ နိုင်ငံရပ်ခြားမှာ Organic label တပ်ရဖို့က ကန့်သတ်ချက်စည်းမျဥ်း​တွေးအရမ်းများပါတယ်။ ဒါ​ကြောင့် ​စျေးလည်း​မြောက်ပါတယ်။ Natural ကျ​တော့ organic ​လောက် ကန့်သတ်မှု​တွေ မပြင်းထန်ပါဘူး။ ဒါ​ပေမယ့်လည်း Natural products အတွက် သုံးရတဲ့ ကုန်ကြမ်း​တွေဟာ Preservative ကစလို့ သဘာဝက​နေ နည်းစနစ်မှန်စွာ ထုတ်ယူရတာ​တွေဘဲ သုံးရတာမို့ သူလည်း ​စျေးမ​သေးလှပါဘူး။ Natural ​တွေ organic ​တွေမသုံးနိုင်လို့လည်း စိတ်အားငယ်စရာ မလိုပါဘူး။ အဓိကက ဘာ​တွေဘဲ သုံးသုံး ကိုယ့်အ​ရေပြားအ​နေအထား နဲ့ ကိုက်ညီပြီး ​ဘေးထွက်ဆိုးကျိုးမရှိရင် ပြီးတာပါဘဲ။ ဒီအတွက်နဲ့ စိတ်ဖိအားတက်စရာမလိုပါဘူး။ မသုံးရဘူး လို့တားမြစ်ထားတာ​တွေ ထည့်မသုံးထားဖို့ရယ် ထည့်သုံးလို့ရတာ​တွေလဲ သုံးခွင့်ရှိတဲ့ပမာဏ ထက် ​ကျော်မသုံးဖို့ရယ်အ​ရေးကြီးပါတယ်။ ​ဖော်မလင်​တွေ​တော့ လုံးဝ မသုံးရဘူး​ပေါ့​နော်။
သတိချပ်ဖို့က​လောကကြီးရဲ့ အရာအားလုံးဟာ Chemical Chemistry သ​ဘောတရား မလွတ်ပါဘူး။ သဘာဝပစည်း ဖြစ်တဲ့ ရေ​တောင် H2O ပါ။ လူ့ကိုယ်ခန္ဓာကြီး တစ်ခုလုံးဟာလဲ Chemistry မလွတ်ပါဘူး။ ​​ဆေးပညာမှာဆို Biochemistry ဘာသာရပ်​တောင် မူး​နောက်​နေ​​အောင်သင်ရပါတယ်။ Chemical ​တွေ Chemical ​တွေ ဆိုအရမ်း​ကြောက်စရာမလိုပါ။ ​ကြောက်သင့်တာဘဲ​ကြောက်ပါ။ တိုင်းတပါးမှာလည်း လူတိုင်း က Natural ​တွေ organic ​တွေသုံးနိုင်​အောင် တနိုင်ငံလုံး မချမ်းသာကြပါဘူး။ သူတို့လည်း ​စျေးကွက်အရ အကုန် Natural organic မထုတ်ပါဘူး။ ​ဘေးကင်းတဲ့ ​စျေးသက်သာတဲ့ Synthetic ​တွေကများကြပါတယ်။
Natural products ဆိုတာ​တွေလည်း တိုက်ရိုက် သုံးလို့မရလို့ ဓါတ်ခွဲခန်းမှာ ပြန်လည် ထုတ်ယူနည်းနဲ့ ထုတ်ယူရတာပါ။ ဥပမာ အသီးတို့ ပန်းတို့ ညှစ်ရည် ပြုတ်ရည်​တွေကို skincare formula ​တွေမှာ တိုက်ရိုက် ထည့်သုံးလို့မရတာ​ပါ။ ​​တော်​တော်များများသစ်သီး ပန်းမန် အရွက်​တွေက Extracts, Essential oil, Hydrosols အစရှိသဖြင့် ထုတ်ယူသုံးစွဲရပါတယ်။ တခြားအလားတူ Natural emulsifier(ဆီ​ရေ ​​ပေါင်းစပ်ရမှာသုံး) က​နေစလို့ skin care formula မှာ လိုအပ်တဲ့ Natural ​တွေဟာလည်း တိုက်ရိုက်သုံးစွဲလို့မရလို့ Lab မှာ သန့်စင်​သောနည်းစနစ်များ နဲ့ ထုတ်ယူရပါတယ်။
Natural ဆိုတိုင်း Organic လည်း Allergic ဓါတ်မတည့်တာ ဖြစ်ချင်ဖြစ်ပါတယ်။ Essential Oils, Extracts ​တွေ ဆိုတိုင်းလည်း သူ့အချိုးနဲ့သူ ထည့်ရပါတယ်။ Dermal limit ဆိုတာ သတ်မှတ်ထားပါတယ်။ ပိုထည့်လို့ မရပါဘူး။ အ​ရေပြား​လောင်တတ်ပါတယ်။ သဘာဝစစ်စစ် ​ရေ​တောင် အလွန်အကျွံ​သောက်ရင် Water Intoxication ​ခေါ်တဲ့ ​ရေဆိပ်သင့်တတ်ပါတယ်။
အနှစ်ချုပ်အ​နေနဲ့က​တော့ ​အရာရာကို အရမ်းတဖက်​စောင်းနင်းမဖြစ် ​စေဖို့ပါဘဲ။ ​ဘေးကင်းစွာ လှနိုင်ကြပါ​စေ။ ❤❤
Photo credit Google

04/12/2021

အပျင်း​ပြေ post 😊
Skin Care formulation ​တွေမှာ preservative(ကြာရှည်ခံ​ဆေး) ပါရင် ​​ကောင်းတယ် မ​ကောင်းဘူး အန္တာရယ်ရှိတယ် မရှိဘူး ဆိုတာ ​အောက်ကပုံကို ကြည့်ရင် အ​ဖြေထွက်ပါတယ်။ ဒီပုံက စာ​ရေးသူ
ကိုယ်တိုင် Preservative တမင်မထည့်ဘဲ ပြုလုပ်ထားတယ် Facial lotion ပါ။ တပတ်အကြာ ​ကြောက်စရာ​ကောင်းလှတဲ့ မှိူ​တွေ ဘက်တီးရီးယား​တွေ​ပေါက်လာပါတယ်။ သုံးရမယ့် Grade အမြင့် Preservative ကို​သေချာ အချိူးကျသုံးဖို့သာ အ​ရေးကြီးတာပါ။ မထည့်ရင် ဖြစ်တဲ့ ဆိုးကျိုးက ပို​ကြောက်စရာ ​ကောင်းပါတယ်။
Good night ပါ။

30/11/2021

Cameraကြီးကတောင် ပြောနေပြီ Foodတဲ့
food ဟုတ်ဘူးဟေ့
ေးတွေလှဖို့ထုတ်ထားတဲ့whipped_cream_scrubပါဟယ်
နောက်မှ Whipped cream scrubရဲ့ အကြောင်းလေးရေးပြမယ်
ကိုယ့်ရဲ့အစမ်းသပ်ခံအသဲတွေကတော့
အရမ်းကောင်းတယ် အမ. ထုတ်ရောင်းပေးပါတဲ့ ဂျီကျနေကြပြီ😁

29/11/2021

#ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကု ဆရာ၀န်ကြီး ရေးထားတဲ့

#ရေချိုးခန်းထဲက လူသတ်သမား

ဆပ်ပြာ... ခေါင်းလျှော်ရည်...
သွားတိုက်ဆေး ...စတာတွေမှာ
( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်..

SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ
တစီစီထွက်စေတဲ့အပြင်
အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ..

SLS ဟာ အဆီ ကြေးညှော်တွေ
သန့်စင်ရုံမက အရေပြားထဲက
အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့
တကယ်တမ်းကျတော့
အမြှုပ်ထွက်တိုင်းမကောင်းပါဘူး..
သိပ် အန္တရာယ်ကြီးလှပါတယ်..

ဒါ့ပြင် အခန့်မသင့်ရင်
အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်...

ဒီထက်ဆိုးတာက
အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ
ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့
မျိုးမအောင်တာ
ဖြစ်နိုင်တယ်လို့ ဆိုပါတယ်..

ဒီ SLS က ခန္ဓာကိုယ်ထဲ
၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး..

ဒါ့ကြောင့် SLS ကို
ရေချိုးခန်းထဲက လူသတ်သမား
( Killer in Bathroom) လို့
ခေါ်ကြပါတယ်..

ဒ့ါကြောင့် အခုနောက်ပိုင်း
ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း
စတာတွေမှာ ဆိုတဲ့
အာမခံစာတမ်းကို သုံးစွဲသူတွေ
အန္တရာယ်ကင်းကင်းနဲ့
စိတ်ချစွာ အသုံးပြု
၀ယ်ယူနိုင်စေဖို့
ရေးထည့်ထားပေးကြပါတယ်..

မိမိသုံးမယ့် အသုံးအဆောင်ထဲက
ဟာမိမိအတွက်
ဘယ်ရွေ့ဘယ်မျှ
အန္တရာယ်ရှိနေတယ်ဆိုတာ
သိထားပြီးတဲ့နောက်
၀ယ်သုံးရတော့မယ်ဆိုရင်
ဆိုတဲ့
စာတမ်းလေးများ တွေ့လိုတွေ့ငြား
သတိထားကြပါ၊ ။

#ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကု ဆရာ၀န်ကြီး

Credit : Original Uploader

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No, Myopat Road, Hinyhargone 18Qr
Bago
81