The Big Plot

The Big Plot

Share

Plot your own green story with us!🌵💚

22/05/2026

🌧️ မိုးဦးရာသီရောက်ပြီမို့ Cactus လေးတွေကို အထူးဂရုစိုက်ဖို့လိုလာပါပြီ 🌧️

​မြန်မာနိုင်ငံမှာ မိုးဦးရာသီလေး စတင်ဝင်ရောက်လာပြီဆိုတော့ လေထုထဲမှာ စိုထိုင်းဆ တွေလည်း စပြီး များလာပြီနော်။ ဒီလိုအချိန်က အပင်ချစ်သူတွေ၊ အထူးသဖြင့် Cactus နဲ့ Succulent စိုက်တဲ့သူတွေအတွက် အစိုးရိမ်ရဆုံးနဲ့ သတိအထားရဆုံး အချိန်ပဲ ဖြစ်ပါတယ်။
​မိုးရာသီမှာ ကိုယ့်ရဲ့ အဖိုးတန်အပင်လေးတွေ ပုပ်မသွားဘဲ ကျန်းမာလှပနေဖို့အတွက် မဖြစ်မနေ သတိထားရမယ့် "အရေးကြီးအချက် ၄ ချက်" ကို သဲက ဝေမျှပေးချင်ပါတယ်ရှင်။ ✨
​💧 ၁။ ရေလောင်းတာကို လျှော့ချပေးပါ
​မိုးရာသီမှာ "ရေလိုတာထက် ရေပိုတာက Cactus တွေကို သေစေနိုင်ပါတယ်"။ အပေါ်ယံမြေတင်မကဘဲ အောက်ခြေမြေအိုးထဲအထိ လုံးဝခြောက်သွေ့သွားပြီဆိုမှပဲ ရေလောင်းပေးပါ။ မိုးအုံ့ပြီး စိုစွတ်နေတဲ့ရက်မျိုးဆိုရင်တော့ ရေလောင်းတာကို လုံးဝ (လုံးဝ) ရှောင်ရပါမယ်။
​💨 ၂။ လေဝင်လေထွက် ကောင်းဖို့လိုပါတယ်
​မိုးရာသီမှာ လေအေးပြီး ပိတ်နေရင် မှိုရောဂါတွေ အရမ်းကျလွယ်ပါတယ်။ Greenhouse နဲ့ စိုက်တာပဲဖြစ်ဖြစ်၊ အမိုးအောက်မှာ ထားတာပဲဖြစ်ဖြစ် အပင်လေးတွေကြားထဲ လေဝင်လေထွက် ကောင်းကောင်းရနေဖို့ လိုပါတယ်။ လေပိတ်တဲ့နေရာဆိုရင် ပန်ကာအသေးလေးတွေ ကူဖွင့်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်ရှင်။
​🌱 ၃။ ရေဆင်းကောင်းတဲ့ မြေဖြစ်နေမှရပါမယ်
​မြေကြီးထဲမှာ ရေဝပ်နေတာက Cactus တွေရဲ့ အဓိကရန်သူပါ။ ဒီရာသီမှာ သုံးမယ့် စိုက်ပျိုးမြေဟာ ရေလောင်းချလိုက်တာနဲ့ ချက်ချင်း အောက်ကို စီးဆင်းသွားမယ့် မြေမျိုး ဖြစ်ရပါမယ်။ ကျောက်မီးသွေးခဲအမှုန်၊ Pumice ဒါမှမဟုတ် Perlite ကို ပုံမှန်ထက် ပိုထည့်ပေးပြီး ရေဆင်းအားကောင်းအောင် ပြင်ဆင်ပေးပါ။
​☔ ၄။ မိုးရေ တိုက်ရိုက်ထိခြင်းမှ ကာကွယ်ပေးပါ
​အပင်လေးတွေကို မိုးရေ တိုက်ရိုက်မထိအောင် UV Plastic အမိုးအောက် ဒါမှမဟုတ် မိုးမပက်တဲ့ ဝရန်တာလိုနေရာမျိုးအောက် ရွှေ့ထားပေးပါ။ မိုးရေထဲမှာပါတဲ့ နိုက်ထရိုဂျင်ကြောင့် အပင်တွေ ခဏတော့ စိမ်းစိုသွားနိုင်ပေမဲ့ မိုးဆက်တိုက်မိရင်တော့ အမြစ်ပုပ်တာ နဲ့ မှိုရောဂါတွေ ချက်ချင်း ဝင်လာနိုင်လို့ပါရှင်။
​ဒီအချက်လေးတွေကို သေချာဂရုစိုက်ပေးရင်တော့ မိုးရာသီမှာလည်း ကိုယ့်ရဲ့ Gymno ရောင်စုံလေးတွေ၊ Astro လေးတွေနဲ့ အပင်လေးတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ဆက်ပြီး လှပနေမှာ သေချာပါတယ်ရှင်။ 💚
​The Big Plot က သူငယ်ချင်းတို့ကော မိုးရာသီအတွက် ဘာတွေ ပြင်ဆင်ထားကြပြီလဲ။🥰

Photos from The Big Plot's post 19/04/2026

အမြစ်စွဲပြီးသား၊အပင်သန်အပင်လှတဲ့အသင့်စိုက်ရုံCacti လေးတွေကိုမှရှာနေတဲ့သူတွေအတွက်The Big Plotရဲ့Cactus Collection 🌵

​📍 နေပြည်တော်မှ ပို့မှာပါရှင့်
🚚 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် - အိမ်ရောက်ငွေချေ (COD) ရပါတယ်။
📦 ဂိတ်ချခ၊ ထုပ်ပိုးခ - Free! (တန်ဆာခ - ဝယ်သူရှင်း)
​အပင်လေးတွေနဲ့ ပတ်သက်ပြီး သိလိုတာရှိရင်လည်း Chat box ကနေ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်။

Photos from The Big Plot's post 14/04/2026

သူတို့လည်း သင်္ကြန်ပျော်တွေ🌸🌼

11/04/2026

Sold Out❗
The Cute but Prickly Friend🌵
Bunny Ear Cactus(opuntia microdasys)

08/04/2026

အလှလေးတွေဝေဝေဆာ...🥰

Photos from The Big Plot's post 02/04/2026

အပင်ကိတ်ကိတ်၊ အမြစ်သန်သန် ၆ အိုးတွဲ Set (Collector’s Choice) 🌟

​Cactus လောကထဲ အသစ်ရောက်လာတဲ့သူပဲဖြစ်ဖြစ်၊ ဝါသနာကြီးတဲ့ Collector ပဲဖြစ်ဖြစ် လက်မလွှတ်သင့်တဲ့ Set လေးပါ။

​✅ အပင်အခြေအနေ - မြေလဲပြီး၊ အမြစ်စွဲပြီး၊ အပင်သန့်သန့်ကိတ်ကိတ်
✅ အရွယ်အစား - ပုံမှာပြထားတဲ့အတိုင်း Size စုံ (2.3" ကနေ 5" အထိ)
✅ ဝန်ဆောင်မှု - ထုပ်ပိုးခ + ဂိတ်ချခ (Free)
တန်ဆာခ ဝယ်သူဘက်မှရှင်းရပါမယ်
နေပြည်တော်မှပို့ပါမယ်ရှင့်

​တစ်အိုးချင်းစီ လိုက်စုနေစရာမလိုဘဲ အိုးလှလှ၊ အပင်သန်သန် ၆ အိုးလုံးကို တစ်ခါတည်း ပိုင်ဆိုင်ရမှာပါ။ ကဲ... ဘယ်သူအရင်ဦးမလဲရှင့်? ❤️

Photos from The Big Plot's post 31/03/2026

စုံစုံလင်လင် Set လိုက် ယူ🎀🖇🌵

တစ်အိုး ၃,၅၀၀ ကျပ်
၃ အိုးယူရင် ၁၀,၀၀၀ ကျပ်
၅ အိုးယူရင် ၁၆,၀၀၀ ကျပ်
၁၀ အိုးယူရင် ၃၀,၀၀၀ ကျပ်

အပင်သစ်လေးတွေနဲ့အတူ အောင်မြင်တဲ့ Green Journey လေးဖြစ်ဖို့ ဒီအချက်လေးတွေ မှတ်ထားပေးပါရှင်

Cactus တွေက နေရောင်ခြည် ကြိုက်ပါတယ်။ ဒါပေမဲ့ နေပူထဲ တိုက်ရိုက်ချထားရင် အသားလောင်တတ်လို့ အလင်းရောင်ကောင်းကောင်းရတဲ့ အရိပ်အောက် (Indirect Bright Light) မှာ ထားပေးတာ အကောင်းဆုံးပါ။

​အိမ်ထဲမှာထားမယ်ဆိုရင် ပြတင်းပေါက်နား ဒါမှမဟုတ် အလင်းရောင်အလုံအလောက်ရတဲ့ နေရာမှာ ထားပေးပါ။
​"မြေကြီးခြောက်မှ ရေလောင်းပါ" - ဒါက အရေးကြီးဆုံးပါ။ လက်ညှိုးနဲ့ မြေကြီးကို စမ်းကြည့်လို့ ခြောက်ပြီဆိုမှ ရေလောင်းပေးပါ။

​ပုံမှန်အားဖြင့် (၁) ပတ် သို့မဟုတ် (၁၀) ရက်မှ တစ်ကြိမ်သာ ရေလောင်းရန် လိုအပ်ပါတယ်။ ရေများလွန်းရင် အမြစ်ပုပ်တတ်လို့ သတိထားပေးပါ။

​အပင်လေးတွေ ကျန်းမာဖို့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။ အခန်းအောင်းနေရင် မှိုရောဂါ ကျတတ်ပါတယ်။

​အပင်ကို ရေလောင်းတဲ့အခါ အပင်ကိုယ်ထည်ပေါ်ကို တိုက်ရိုက်မလောင်းဘဲ အိုးဘေးပတ်လည် မြေကြီးထဲကိုပဲ လောင်းပေးတာက အပင်ပုပ်တာကို ကာကွယ်နိုင်ပါတယ်။

​အပင်လေးတွေက ဖုန်တက်နေရင် နူးညံ့တဲ့ Brush (သို့) စုတ်တံလေးနဲ့ ဖြည်းဖြည်းချင်း ဖုန်ခါပေးနိုင်ပါတယ်ရှင်။

​The Big Plot ကနေ ဝယ်ယူသွားတဲ့ အပင်လေးတွေ သင့်ဘေးမှာ အကြာကြီး ရှင်သန်နေစေဖို့ မင်မင်တို့ဘက်က အပင်သန် အမြစ်သန် မြေအသစ်လဲ အိုးစွဲပြီးသားကို အားဆေး ပါထည့်ပေးထားပါတယ်ရှင့်

🌵

30/03/2026

ဖိအားတွေများတဲ့ နေ့ရက်တွေမှာ... အတူ ကြံ့ကြံ့ခံပေးမယ့် သက်ရှိလေးလိုချင်လား 🌵✨

​ဒီ Mammillaria လေးတွေကို မနက်ဖြန်မှာ အရောင်းတင်ပေးသွားမှာမို့ Cactus ချစ်သူများ စောင့်ကြည့်ပေးပါဦးနော်။
​အလုပ်စားပွဲပေါ်မှာ၊ ဒါမှမဟုတ် အိမ်ရဲ့ ထောင့်လေးတစ်ခုမှာ ဒီသက်ရှိအပင်လေးကို အဖော်ခေါ်ထားပြီး စိတ်ဖိစီးမှုတွေကို အတူတူ ကျော်ဖြတ်ကြည့်နော်

27/03/2026

The beauty of Sedum rubrotinctum. 🌿 Happy Friday လေးမှာ ဒီ Jelly Bean လေးတွေလို စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြပါစေရှင်

26/03/2026

The Big Plot က Ph number လေး Esim error လေးတက်နေလို့ ဆက်သွယ်ချင်တာလေးရှိရင် cb မှာစာချန်ပေးပါနော်🥺

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Website

Address


NayPyiTaw
Dagon

Opening Hours

Monday 07:30 - 20:30
Tuesday 07:30 - 20:30
Wednesday 07:30 - 20:30
Thursday 07:30 - 20:30
Friday 07:30 - 20:30
Saturday 09:30 - 20:30
Sunday 09:30 - 20:30