Idyllic Hair Studio
Idyllic is a minimalist hair studio, designed to provide professional hair services with cozy vibes.
Well experienced professional hairstylist here at Idyllic is thrilled to serve you with professional hair care products.
04/08/2026
(၅) မိနစ်အတွင်း Hair Porosity ကို အိမ်မှာ စမ်းသပ်ကြည့်ရအောင်!
ဆံပင်ထိန်းသိမ်းရတာ အဆင်မပြေဘူးလား? 🤔
အကြောင်းရင်းက Hair Porosity (ဆံသားရဲ့ ရေနဲ့ အာဟာရဓာတ် စုပ်ယူနိုင်စွမ်း) ကို မသိသေးလို့ ဖြစ်နိုင်ပါတယ်။
Hair Porosity ဆိုတာ ဆံသားရဲ့ Cuticle (အကြေးခွံလေးတွေ) ဘယ်လောက်ပွင့်၊ ဘယ်လောက်စေ့နေသလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး အဓိက (၃) မျိုး ခွဲနိုင်ပါတယ်။
အိမ်မှာတင် လွယ်လွယ်ကူကူ စမ်းကြည့်နိုင်တဲ့ Float Test ကို လုပ်ကြည့်ရအောင်👇
🧪 Float Test
Shampoo နဲ့သေချာသန့်စင်ထားတဲ့ ဆံပင်တစ်မျှင်ကိုယူပါ။ဖန်ခွက်အကြည်ထဲ ရေထည့်ပြီး ဆံပင်ကို ရေပေါ်တင်လိုက်ပါ။ ၃ - ၅ မိနစ်ခန့် စောင့်ကြည့်ပါ။
✅ ရေပေါ်ပေါ်နေရင် → Low Porosity
• အာဟာရစုပ်ယူဖို့ ခက်၊ သုံးတဲ့ hair products တွေ
ဆံပင်ပေါ်မှာပဲ ကျန်ရှိနေတတ်ပါတယ်
• ပေါ့ပါးတဲ့ Water-based Products သို့မဟုတ် Leave-in Spray ကို ရွေးသုံးပါ။
• heavy oil ပါတဲ့ Product တွေကို လျှော့သုံးပါ။
• ၂ - ၄ ပတ်တစ်ကြိမ် Clarifying Shampoo နဲ့ deep cleansing လုပ်ပေးနိုင်ပါတယ်။
✅ ရေအလယ်မှာနေရင် → Medium Porosity
• ကျန်းမာပြီး မျှတတဲ့ ဆံသား
• ပုံမှန် Shampoo & Conditioner နဲ့ လုံလောက်ပါတယ်။
• Deep Conditioning ကို အချိန်အခါအလိုက် လုပ်ပေး
နိုင်ပါတယ်။
✅ ရေအောက်မြှုပ်သွားရင် → High Porosity
• Chemical Treatment၊ Bleach၊ Color သို့မဟုတ် Heat Damage ကြောင့် Cuticle တွေ ပွင့်နေပြီး ရေစုပ်ယူတာ မြန်သလို အစိုဓာတ်လည်း မြန်မြန်ဆုံးရှုံးတတ်ပါတယ်။
• Hydrating Conditioner သို့မဟုတ် Hair Mask နဲ့ အစိုဓာတ်ဖြည့်ပါ။
• Protein/Bond Repair Treatment တွေ အသုံးပြုပါ။
• နောက်ဆုံး Hair Oil သို့မဟုတ် Cream နဲ့ Moisture ကို Lock in လုပ်ပေးပါ။
💡 Extra Tip
Float Test က Hair Porosity ကို ခန့်မှန်းသိနိုင်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ၁၀၀% အတည်ပြုနိုင်တဲ့ စမ်းသပ်နည်းတော့ မဟုတ်ပါဘူး။ ဆံပင်ကို သေချာမသန့်စင်ထားရင် အရင်သုံးထားတဲ့ hair care products အကြွင်းအကျန် (သို့မဟုတ်) အဆီကျန်နေရင် ရလဒ် ပြောင်းလဲနိုင်ပါတယ်။
✨ ကိုယ့် Hair Porosity ကို သိထားမယ်ဆိုရင် ကိုယ့်ဆံပင်နဲ့ လိုက်ဖက်တဲ့ Shampoo၊ Conditioner နဲ့ Hair Care Products တွေကို ပိုပြီးမှန်ကန်စွာ ရွေးချယ်နိုင်ပါတယ်။
သင်က ဘယ် Hair Porosity အမျိုးအစား ဖြစ်နေတယ်လို့ ထင်လဲ? Comment မှာ မျှဝေပေးခဲ့နော်! 💖
03/08/2026
မျက်နှာတင် မဟုတ်ပါဘူး… ဦးရေပြားကိုလည်း Scrub တိုက်ပေးဖို့ လိုပါတယ်
မျက်နှာပေါ်က ဆဲလ်သေတွေကို Exfoliate/Scrub လုပ်ပေးသလိုပဲ… ဦးရေပြား (Scalp) မှာလည်း ဆဲလ်သေတွေ၊ အဆီပိုတွေ၊ ဖုန်မှုန့်တွေနဲ့ Hair Product အကြွင်းအကျန်တွေ စုပုံနေနိုင်ပါတယ်။
ပုံမှန် Shampoo တစ်မျိုးတည်းနဲ့ ဒီအညစ်အကြေးတွေကို အပြည့်အဝ ဖယ်ရှားဖို့ မလွယ်ကူတာကြောင့် Scalp Scrub ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
Scalp Scrub တိုက်ပေးရင် ဘာတွေကောင်းလာမလဲ?
၁။ ဗောက်ထတာနဲ့ အဆီပြန်တာကို လျှော့ချပေးတယ်
ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် ဦးရေပြား သန့်ရှင်းပြီး အဆီပြန်တာနဲ့ ဗောက်ထတာကို လျော့ပါးစေပါတယ်။
၂။ Scalp Care Product တွေ စုပ်ယူနိုင်စွမ်း ပိုကောင်းလာတယ်
ဦးရေပြား သန့်ရှင်းလာတဲ့အခါ Scalp Serum, Scalp Tonic စတဲ့ Product တွေရဲ့ အာဟာရကို ပိုမိုစုပ်ယူနိုင်စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။
✅ ၃။ သွေးလှည့်ပတ်မှုကို အားပေးတယ်
Scrub လုပ်တဲ့အချိန် ဦးရေပြားကို အသာအယာ Massage လုပ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
⚠️ Scalp Scrub သုံးတဲ့အခါ သတိထားသင့်တာတွေ
✔️ ၁ ပတ် ၁ ကြိမ် (သို့) ၂ ပတ် ၁ ကြိမ် လောက်ပဲ အသုံးပြုပါ။
အသုံးများလွန်းရင် ဦးရေပြား ခြောက်သွေ့ပြီး Sensitive ဖြစ်နိုင်ပါတယ်။
✔️ လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာ Massage လုပ်ပါ။
❌ လက်သည်းနဲ့ မကုတ်ပါနဲ့။
✔️ ဦးရေပြားမှာ ဒဏ်ရာ၊ ယားယံမှု ပြင်းထန်တာ၊ ဝက်ခြံ သို့မဟုတ် ရောင်ရမ်းနေတဲ့နေရာတွေရှိရင် မသုံးသင့်ပါ။
Healthy Hair က Healthy Scalp ကနေ စပါတယ်။
ဦးရေပြားကိုလည်း မျက်နှာလိုပဲ ပုံမှန်ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။
📌 ဒီ Hair Care Tips လေးက အသုံးဝင်တယ်ဆိုရင် Like ❤️, Share 📲 နဲ့ Save 💾 ထားပြီး တခြားသူတွေကိုလည်း မျှဝေပေးလိုက်ပါဦး။
02/08/2026
Sulfate-Free Shampoo က ဘယ်သူတွေအတွက်
ပိုသင့်တော်မလဲ?
၁။ ဆံပင်အရောင်ဆိုးထားသူများ
Sulfate ပါတဲ့ Shampoo အချို့က ဆံပင်အရောင်
ပိုမြန်မြန်ကျစေနိုင်ပါတယ်။ အရောင်ကို ကြာရှည်ထိန်းထားချင်ရင် Sulfate-Free Shampoo ကို ရွေးချယ်
အသုံးပြုသင့်ပါတယ်။
၂။ ဆံပင်ကောက်၊ ဖြောင့် သို့မဟုတ် Chemical Treatment လုပ်ထားသူများ
Chemical Treatment လုပ်ထားတဲ့ ဆံသားတွေဟာ ပိုမို
ပျက်စီးလွယ်နိုင်တာကြောင့် နူးညံ့တဲ့ Sulfate-Free Shampoo ကို အသုံးပြုခြင်းက ဆံသားပျက်စီးမှုကိုလျှော့ချပေးနိုင်ပါတယ်။
၃။ ဦးရေပြား သို့မဟုတ် ဆံသားခြောက်သွေ့သူများ
Sulfate ပါတဲ့ Shampoo အချို့က သဘာဝ အဆီဓာတ်ကို ပိုမိုဖယ်ရှားနိုင်တာကြောင့် ဦးရေပြားခြောက်သွေ့သူတွေမှာ ယားယံခြင်း၊ တင်းကျပ်သလိုခံစားရခြင်းတို့ ဖြစ်နိုင်တဲ့ အတွက် sulphate free shampoo ကိုရွေးချယ်နိုင်ပါတယ်
Extra Tip
အချို့သော Sulfate-Free Shampoo တွေက အမြှုပ်ထွက်အား နည်းတတ်ပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို ရေနဲ့ သေချာစိုအောင်လုပ်ပြီးမှ Shampoo သုံးပေးရင်
လျှော်ရလွယ်ပါတယ်။
01/08/2026
ခေါင်းလျှော်ဖို့ အချိန်မရှိဘူး၊ ဆံပင်ကလဲ အဆီထွက်နေပြီဆိုရင် ဒီ Quick Hack လေး သုံးကြည့်ပါ။
၁။ Baby Powder နည်းနည်းကို အဆီပြန်နေတဲ့ ဆံပင်
အရင်းမှာ ဖြူးပေးပါ။
၂။ လက်ချောင်းလေးတွေနဲ့ ညင်ညင်သာသာ ပွတ်ပေးပြီး ဘီးနဲ့ အဖြူရောင်အမှုန်တွေမကျန်အောင် ဖြီးပေးပါ။
၃။ ပေါင်ဒါမှုန့်က အဆီအချို့ကို စုပ်ယူပေးတာကြောင့်
ဆံပင်က အရင်ထက် ပိုသန့်ရှင်းပြီး လန်းဆန်းသလို
မြင်ရနိုင်ပါတယ်။ 😎
⚠️ သတိပြုရန်
• ဒါက dry shampoo လဲမရှိ၊ ခေါင်းလျှော်ဖို့အချိန်လဲ
မရှိတော့တဲ့အရေးပေါ်အခြေအနေအတွက် ယာယီ
နည်းလမ်းသာ ဖြစ်ပါတယ်။ အမြဲတမ်း အသုံးပြုရင် ဦးရေပြားပြသနာတွေရှိလာနိုင်ပါတယ်။
• Baby Powder ကို များများမသုံးဘဲ နည်းနည်းသာ အသုံးပြုပေးပါ။
• ဦးရေပြားပြသနာတွေမဖြစ်စေဖို့ အိမ်ပြန်ရောက်တဲ့အခါ ခေါင်းလျှော်သန့်စင်ပေးဖို့ မမေ့ပါနဲ့။
31/07/2026
လူတော်တော်များများက…
“Hair Dryer သုံးရင် ဆံပင်ပျက်စီးတယ်”
ဆိုပြီး ခေါင်းလျှော်ပြီးရင် ဆံပင်ကို နာရီပေါင်းများစွာ သဘာဝလေနဲ့ ခြောက်အောင်ထားတတ်ကြပါတယ်။
ဒါပေမယ့်…
အမြဲတမ်း လေခြောက်ခံတာက Hair Dryer သုံးတာထက် ပိုကောင်းတယ်လို့ မပြောနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့
ဆံပင်က ရေစိုနေတဲ့အချိန်မှာ အားအနည်းဆုံးအခြေအနေမှာ ရှိပါတယ်။
စိုနေတဲ့အချိန် ကြာလေလေ…
* Cuticle ကို ဖိအားပိုပေးနိုင်တယ်။
* ဆံသားကျိုးလွယ်နိုင်တယ်။
* Frizz ပိုဖြစ်နိုင်တယ်။
* ဦးရေပြားပြသနာတွေဖြစ်လာနိုင်တယ်
ဒါဆို Hair Dryer သုံးရင်ရော?
အပူအရမ်းပြင်းပြင်းနဲ့ ကပ်ပြီး အချိန်ကြာကြာ
သုံးရင်တော့ Damage ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်…
✅ အလယ်အလတ်အပူ (သို့) Cool Setting
✅ 15–20 cm အကွာကနေ
✅ ဆံပင် 80–90% ခြောက်တဲ့အထိ
အသုံးပြုတာက ဆံပင်ကို နာရီပေါင်းများစွာ စိုနေစေတဲ့အခြေအနေထက် ပိုကောင်းနိုင်ပါတယ်။
Hair Dryer က ဆံပင်ပျက်စီးစေတဲ့ တရားခံ မဟုတ်ပါဘူး။
အသုံးပြုပုံမှန်ကန်ဖို့ပဲ ပိုအရေးကြီးတာပါ။
⸻
👇 သင်ရော ဘယ်လိုလဲ?
🅰️ Hair Dryer သုံးတဲ့သူ
🅱️ သဘာဝလေနဲ့ပဲ ခြောက်အောင်ထားတဲ့သူ
Comment မှာ ဖြေပေးခဲ့ဦးနော်
30/07/2026
ဆံပင်ကို တလတခါ Trim လုပ်ရမလား???
အမှန်တကယ် Trim လုပ်သင့်တဲ့ အချိန်က သင့်ရဲ့ Hair Goal နဲ့ ဆံသားအခြေအနေပေါ် မူတည်ပါတယ်။
အကြမ်းဖျင်းအနေနဲ့
ဆံပင် Style ကိုထိန်းချင်ရင် — 6–8 Weeks (တလခွဲ - နှစ်လ ဝန်းကျင် တကြိမ်)
ဆံပင်အရှည်ထားချင်ရင် — 12–16 Weeks (သုံးလ - လေးလ တကြိမ်) Split ends မရှိသေးရင်
ပျက်စီးဆံသားဆိုရင် — 8–10 Weeks (နှစ်လ - နှစ်လခွဲတကြိမ် (သို့) အဖျားနှစ်ခွဖြစ်တာနဲ့)
Heat styling သို့မဟုတ် Chemical treatment များတဲ့သူတွေက ဒီထက်စောပြီး Trim လိုအပ်နိုင်ပါတယ်။
💡 Remember:
Trim လုပ်တာက ဆံပင်ကို ပိုမြန်မြန်ရှည်စေတာ
မဟုတ်ပါဘူး။
ဒါပေမယ့် Split Ends တွေကို ဖယ်ရှားပေးပြီး hair breakage ကို လျော့စေတာကြောင့် ရှည်လာတဲ့ ဆံပင်ကို ကျန်းမာတဲ့ အခြေအနေနဲ့ ထိန်းထားနိုင်ပါတယ်။
သင်ရော… နောက်ဆုံး Trim လုပ်တာ ဘယ်နှစ်လရှိပြီလဲ? Comment မှာ ပြောခဲ့ဦးနော်။
29/07/2026
ကြက်ဥနဲ့ဆံပင်ပေါင်းရင် တကယ်ပဲ အကျိုးရှိတာလား
အဖြေကတော့ - ရှိနိုင်ပါတယ်။
ဒါပေမယ့် ကြက်ဥရဲ့ proteinတွေက ဆံပင်ထဲဝင်သွားပြီး Protein treatment ဖြစ်သွားတာမျိုးမဟုတ်ပါဘူး။
ကြက်ဥမှာပါတဲ့ lipid (အဆီဓာတ်) တွေ၊ lecithin စတာတွေရဲ့ coating ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုကြောင့် ဆံပင်မျက်နှာပြင်ကို smooth & soft ဖြစ်သွားသလို ခံစားရတာပါ။
ကြက်ဥမှာ protein ပါရဲ့သားနဲ့ ဆံပင်အထဲထိဘာလို့ အလွယ်တကူ မဝင်နိုင်တာလဲဆိုရင် Raw egg protein molecule တွေက အရွယ်ကြီးလွန်းတဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် ကြက်ဥနဲ့ပေါင်းခြင်းက ဆံပင်ကို ယာယီ
ချောမွေ့ပြီး ပျော့သလို ခံစားရစေနိုင်ပေမယ့်၊ ပျက်စီးနေတဲ့ဆံသားကို အတွင်းကနေ ပြန်လည်ပြုပြင်ပေးနိုင်တဲ့ treatment မဟုတ်ပါဘူး။ ဆံသား အရမ်း ပျက်စီးနေ တယ်ဆိုရင်တော့ ကိုယ့်ဆံသားအခြေအနေနဲ့ ကိုက်ညီတဲ့ treatment ကို professional hairstylist နဲ့ တိုင်ပင်ပြီး ရွေးချယ်တာက ပိုသင့်တော်ပါတယ်။
28/07/2026
ဆံပင်တောက်ပြောင်နေတိုင်း ကျန်းမာတဲ့ဆံသားဖြစ်နိုင် ပါ့မလား?
တကယ်တော့…shine ဖြစ်တိုင်း Healthy ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။
Shine က အပြင်ပန်းအမြင်အရဖြစ်ပြီး Strength က ဆံသားအတွင်းပိုင်းကျန်းမာတာဖြစ်ပါတယ်။
ဆံပင်က အရောင်တောက်ပြီး Smooth ဖြစ်နေလို့ Healthy လို့ မဆုံးဖြတ်နိုင်ပါဘူး။
Healthy Hair ကို တကယ်ပြောနိုင်တဲ့ အချက်ကတော့ hair strength/ Elasticity (ဆံသားရဲ့ရုန်းကန်သတ္တိ)ပါ။
ဒါကြောင့် Hair Care လုပ်တဲ့အခါ…
အပြင်ပန်း Shine ဖြစ်တာကိုပဲ မကြည့်ဘဲ Hair Strength ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
26/07/2026
ဆံပင်အပေါ်ပိုင်းပဲ ဘာလို့ အမြဲဖွာနေရတာလဲ?
အကြောင်းရင်းက ဆံပင်ရဲ့ အပေါ်ဆုံး layer က
နေရောင်နဲ့ UV ကို အရင်ဆုံးခံရတယ်
အပူဒဏ်(eg. ရေပူ၊ dryer ) ခံရတယ်
Pillow / towel / hat/ brush/ comb တွေနဲ့ အမြဲထိတွေ့ပြီး ပွတ်တိုက်မှုဖြစ်တယ်
ဒါကြောင့် crown area က အခြားအောက်ပိုင်း
ဆံပင်ထက် ပိုဖွာနေတာကို မြင်ရတာဖြစ်ပါတယ်။
ကာကွယ်ရန် —
နေရောင်ပြင်းတဲ့အချိန်မှာ ဦးထုပ် / ထီး အသုံးပြုပါ။
UV protection ပါတဲ့ hair product တွေကို အသုံးပြု
နိုင်ပါတယ်။
ရေပူနဲ့ ခေါင်းမလျှော်ပါနဲ့
Dryer သုံးရင် အပူချိန်အမြင့်ဆုံးကို ရှောင်ပါ
ခေါင်းသုတ်ရင် တဘက်နဲ့ Towel နဲ့ ခပ်ကြမ်းကြမ်း
မပွတ်ပဲ ဖြေးဖြေးသုတ်ပါ။
ဆံပင်ကို ဖြီးတဲ့အခါ အောက်ပိုင်းကစပြီး ဖြည်းဖြည်းချင်း ဖြီးပါ
ပိုးသား Pillowcase တွေသုံးနိုင်ပါတယ်
25/07/2026
Hair Mask နဲ့ Conditioner က အတူတူပဲလား
Hair Mask vs Conditioner — ကွာခြားချက်တွေကဘာလဲ?
နှစ်ခုလုံးက ဆံသားကို ပြုပြင်ပေးပေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံမတူပါဘူး
Hair mask
✔️ ဆံသားအတွင်းပိုင်းထိ အာဟာရဖြည့်ပေး
✔️ တစ်ပတ် ၁ - ၂ ကြိမ် (ဆံသားအခြေအနေနဲ့ product instruction ပေါ်မူတည်)၊ intensive care
✔️ ဆံပင်ရှုပ်ထွေးမှု လျှော့ပေး
✔️ ပျက်စီးဆံသားကို ပြုပြင်ပေး
✔️ ဆံသားကို နူးညံ့တောက်ပြောင်စေ
✔️ ဆံသားကို manage လုပ်ရလွယ်စေ
✔️ ခြောက်သွေ့၊ ပျက်စီး၊ chemical ထိထားတဲ့ဆံသားများ သုံးနိုင်
✔️ 10 - 20 mins (product instruction ပေါ်မူတည်)
CONDITIONER
✔️ ဆံသားမျက်နှာပြင်ကို ချောမွေ့စေ
✔️ ခေါင်းလျှော်ပြီးတိုင်း သုံးနိုင်၊ regular care
✔️ ဆံပင်ရှုပ်ထွေးမှု လျှော့ပေး
✔️ ဆံသားကို ပိုနူးညံ့ချောမွေ့စေ
✔️ ဆံသားကို manage လုပ်ရလွယ်စေ
✔️ ပုံမှန် to ခြောက်သွေ့ဆံသား သုံးနိုင်
✔️ 1 - 3 mins
Conditioner ကိုခေါင်းလျှော်ပြီးတိုင်းသုံးနိုင်ပြီး hair mask တွေကိုတော့ တပတ်တကြိမ် နှစ်ကြိမ် လိုအပ်တဲ့အပေါ်မူတည်ပြီးသုံးနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 30 G-A, Yaw Min Gyi Street, Dagon Tsp, Yangon
Dagon
11191
Opening Hours
| Monday | 09:30 - 17:30 |