Dream Land For Beauty by Pure
Pure Cream နဲ့ Mariya Body Serum ကို လက်လီလက္ကားမှာယူနိုင်ပါပီရှင့်
မိုးရွာချက်ကတော့ အိမ်တေထဲပါ ရေတွေ၀င်နေကြပီ အားလုံးဂရုစိုက်ကြပါရှင်
09/09/2023
တချို့တွေက ကိုယ်ဖြစ်နေလို့ကို
အကောင်းမမြင်တာ
တချို့တွေက ကိုယ်ဖြစ်နေလို့ကို
မချီးကျူးတာ
တချို့တွေက ကိုယ်ဖြစ်နေလို့ကို
မဆွဲထူချင်တာ
တချို့တွေက ကိုယ်ဖြစ်နေလို့ကို
ရှောင်ဖယ်တာ
လူတိုင်းမှာ အဲလို တချို့သူတွေ
ရှိနိုင်ပါတယ် ❤️🩹
အဲလိုလူတွေကို ကျောခိုင်းနိုင်ဖို့ အတွက်
ကိုယ်ကိုယ့်ကို ချစ်ဖို့
ဖေးမဖို့ တန်ဖိုးထားဖို့
အရေးကြီးဆုံးပါပဲ ❣️
သူများကမ်းမဲ့ လက် ထက်
ကိုယ်တိုင်ပဲ အားကိုးပီး
ရပ်တည်တာ
ရုန်းကန်တာ
ကိုယ့်မျက်ရည် ကိုယ်သုပ်တာ
ကိုယ့်စိတ်ကိုပျော်အောင်ထားတာ သာ
အကောင်းဆုံးပါပဲ ❣️
ဘယ်သူမှ မရှိရင် နေ
ဘယ်သူမှ မကမ်းရင်
ဘယ်သူမှ မဖေးမရင် နေ
ငါကိုယ်ငါ စိတ်ချမ်းသာအောင်ထားမယ်
ငါ့အတွက် ငါ ရှိတယ်
ဆိုတဲ့ စိတ်နဲ့ အကြောတင်းတင်း
ရှေ့ဆက်ရင်း ရှင်သန်နိုင်ဖို့ကလဲ
ဘဝမှာ အရေးကြီးပါသေးတယ် 💘💘💘
29/08/2023
ကျွန်မ အပြုံးပျက်လို့ မဖြစ်ဘူးလေ ...
အဆင်ပြေနေတာပဲ မဟုတ်လားဆိုတဲ့ စကားတွေကို အင်းပေါ့ဆိုတဲ့စကားတွေနဲ့ရောချပြီး ကိုယ့်ရဲ့ အဆင်မပြေမှုတွေအားလုံးကို ထုံးစံအတိုင်းပဲ မြိုချထားလိုက်တော့တယ် ။ လူတွေက အပေါ်ယံတွေလောက်တွေ့ပြီး အပေါ်ယံတွေလောက် တွေးတတ်ကြတာလေ ။ သူပြုံးနေတာပဲဆိုရင် တစ်ဖက်မှာ သူ ပျော်နေတာပဲလို့တွေးသွားတတ်ကြတာ ။
အဲ့တာလဲ တစ်မျိုးတော့ ကောင်းပါတယ် ။ ကျွန်မက ဘယ်သူ့မှမလိုပဲလဲ သန်မာတယ်လို့ပဲ တွေးလိုက်တာ ကောင်းပါတယ် ဘယ်သူ့မှ မလိုပဲ ရှင်သန်တတ်အောင်ပဲ ကြိုးစားပါတယ် ။ ဖြစ်နေတယ် ပြောလို့လဲ ပြောရုံပဲရှိနေတော့တဲ့ အခြေအနေတွေမှာ ကိုယ့်ရဲ့ အဆင်ပြေခြင်းမပြေခြင်းတွေအားလုံးဟာ ကိုယ့်အပေါ်ပဲ မူတည်ပြီး နှုတ်ဆိတ်ထားလိုက်တာ ကောင်းတယ် ။
ပြီးတော့ ... တစ်ခုရှိတာက ကျွန်မ ဘယ်လောက်ခက်ခဲနေပါစေ ကျွန်မ အပြုံးပျက်လိုက်လို့ မဖြစ်ဘူး ။ ဘယ်အချိန်များ အဆင်မပြေဖြစ်သွားမလဲဆိုပြီး စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေရှိတယ် ဘယ်တော့များ ပြိုလဲကျသွားမလဲဆိုပြီး ၀မျးပနျးတသာလကျခုပျတီးဖို့ ကြိုစောင့်နေတဲ့ လူတွေရှိတယ် ။ သေလောက်အောင် ပင်ပန်းနေပါစေ ကျွန်မဆက်လျှောက်နေမှာပါ ပြီးတော့ ဘယ်လောက်ပဲ ပြိုလဲချင်နေပါစေ ကျွန်မဆက်ပြီး ရှိနေဦးမှ ဖြစ်မှာပါ ။ ပတ်၀န်းကျင်ကို သိပ်ဂရုစိုက်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ကိုယ့်ကို ရှုံးစေချင်သူတွေအရှေ့မှာတော့ ကျွန်မ မျက်ရည်ကျမိသွားမှာကြောက်တယ် ။
အဆင်မပြေပါဘူးဆိုတဲ့ရက်တွေမှာ ပိုလှတဲ့ အ၀တ်အစားကို ရွေး၀တ်တယ် ။ ပုံမှန် သနပ်ခါးလိမ်းနေကျ မျက်နှာကို မိတ်ကပ်တွေနဲ့ လှအောင်ပြင်တယ် ။ မပျော်ဘူးဆိုတဲ့ နေ့တွေကျရင် ပိုပြီးတော့ ပြုံးဖြစ်တယ် ။ မုသားတွေက မကောင်းဘူးဆိုပေမယ့် တစ်ခါတစ်လေကျ ဖြူစင်မှုတွေ ရှိမနေတဲ့ အရပ်မှာ ကျွန်မလဲ အလိမ်အညာနည်းနည်းလေးတော့ သုံးရတာပေါ့ ။ ကိုယ့်ကို မုန်းတဲ့လူတွေရှေ့ရောက်ရင် ပိုပြီး အလှဆုံးပြုံးရတာပေါ့ ။
နေရာတကာမှာ ... ရိုးသားနေလို့ မဖြစ်တော့ဘူးလေ။ တချိန်ကတော့ ကျွန်မ ရိုးသားချင်ခဲ့ဖူးပါတယ် ။ ကျွန်မ အဆင်မပြေခြင်းတွေကို ရင်ဖွင့်ခဲ့ဖူးတယ် နောက်ဆုံးတော့ ချနင်းသွားကြတာပေါ့ ... ပြီးတော့ ကျွန်မ တစ်စုံတစ်ယောက်ကို လိုအပ်ခဲ့ဖူးတယ် အဆုံးသတ်တွေက ဒဏ်ရာတွေပိုတိုးလာတာပါပဲ ရှိတာပါ ။ ဒီတော့ အဆင်မပြေခြင်းတွေရှိလာလဲ ကျွန်မ အပြုံးပျက်လို့ မဖြစ်တော့ဘူးလေ ။ ကျွန်မ ဒီထက်ပိုပြီး မရှုံးချင်တော့ဘူးလေ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
26/08/2023
ဘယ်သူကိုမှ မဆက်သွယ်ပဲနေကြည့်လိုက်
ဘယ်သူကမှ တရေးတယူလုပ်ပြီး
ဆက်သွယ်မလာတာ သိလာလိမ့်မယ် . . .
ဘယ်သူကိုမှမရောပဲ ဖာသိဖာသာနေကြည့်လိုက်
ဘယ်သူအတွက်မှ အရေးမပါတော့ဘူး
ဆိုတာ သိလာလိမ့်မယ် . . .
လိုမှဆက်သွယ်တတ်တဲ့ လိုသုံးလိုလူတွေက
လွဲရင် ကိုယ်အနားမှာ ကိုယ်ပဲရှိတယ် . . . ။
တစ်ခါတလေတော့ လောကကြီးကမတရားဘူး
ကိုယ်ဘက်ကအစစ်အမှန်တွေပေးပြီး ပြန်ရတာကျ
အတုအယောင်တွေချည်းပဲ . . .
မလိုတစ်မျိုး၊ လိုတစ်မျိုး လူတွေရယ်
မျက်နှာနှစ်ခွနဲ့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လူတွေရယ်
ကိုယ်ထက်သာမနာလိုတဲ့ လူတွေရယ်
ချောက်တွန်းတတ်တဲ့ လူတွေရယ်ကြားမှာ . . .
သိသိရက်နဲ့ဟန်ဆောင်ပြီး ပြုံးပြရတာ
အရမ်းပင်ပန်းလာပြီး . . .
အဆင်မပြေဘူးဆိုပြီး ရင်ဖွင့်တော့လည်း
နောက်ကွယ်မှာ ဟားတိုက်ရယ်တဲ့သူတွေချည်းပဲဖို့
ခံစားချက်တွေကို မျိုသိပ်တတ်လာတယ် . . .
နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုယ်အဖော်ပြုပြီး
တဖြေးဖြေးအဆင်မပြေမှုတွေနဲ့ ရင့်ကျက်လာခဲ့တယ် . . .
Credit-OriginalWriter
ဟန်ဆောင်ကောင်းမှ
လူလေးစားခံနေရတဲ့ ခေတ်မှာ
အရှိကိုအရှိအတိုင်းနေတတ်တဲ့
သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ
ဝမရွိဘဲ ဝိမလုပ်တတ်တဲ့
သင်ဟာ အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ကပ္ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့
သင်ဟာ လူရယ်ချင်စရာ
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
သူတစ်ပါးကိုနင်းခွနိုင်မှ
အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက်တွဲယူချင်နေတဲ့
သင်ဟာ လူနုံလူအတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်
နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ဒါပေမယ့်...
လူရာမဝင်လို့လည်း
အားငယ်မနေပါနဲ့။
ဖယ်ကျဉ်ခံနေရလို့လည်း
သိမ်ငယ်မနေပါနဲ့။
အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့။
ကဲ့ရဲ့ခံနေရလို့လည်း
စိတ်ဓာတ်ကျမနေနဲ့။
မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့။
မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့။
သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်
ထင်ပါတယ်။
စိတ်ထားယုတ်မာတဲ့မိထွေးနဲ့
ညီအစ်မတွေကြားမှာ ဝိုင်းဝန်း
လက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့
ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။
ဒါက ပုံပြင်ထဲမှာပဲလေ
အပြင်လောကမှာတော့
ဒီလောက် ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့။
သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့
အဖိုးတန်ရတနာတစ်ခုပါ။
သင်ကောင်းရင် သင့်ကံလည်း
ကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း
ဆိုးနေပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။
ဘယ်သူ့ကိုမှ၊လဘယ်အရာကိုမှ
အပြစ်တင်နေဖို့လည်းမလိုပါဘူး။
"သူကောင်းဖို့မလိုပါ။
ကိုယ်ကောင်းဖို့သာလိုပါတယ်"
ဆိုတဲ့စကားလေးအတိုင်းပါပဲ။
သင်ကသူတစ်ပါးအပေါ်
ကောင်းနေပါလျှက်နဲ့
တစ်ဖက်သားကသင့်အပေါ်
မကောင်းတာတွေနဲ့ကြုံရတဲ့အခါ
ဒီစကားလေးကိုသတိရလိုက်ပါ။
သူ မကောင်းတာက
သူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့
သင့်ရဲ့တာဝန်ပဲပေါ့။
သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်
သင်လည်းသူနဲ့အဆင့်တူ၊
မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။
အရေးကြီးဆုံးကတော့
လောကမှာကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်တတ်ဖို့လိုပါတယ်။
လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး။
📌 တစ်ခုခုဆို
သူတပါးစိတ်ဆင်းရဲသွားမှာ ကြောက်လို့
ပြောမထွက်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်
မကြာခဏ စိတ်ဆင်းရဲနေရတတ်တယ်။
တစ်ခုခုဆို
သူတပါးထိခိုက်သွားမှာကို မကြည့်ရက်တဲ့သူတွေဟာ
သူတို့ကိုယ်တိုင် ထိခိုက်နာကျင်နေရတတ်တယ်။
တစ်ခုခုဆို
ကိုယ့်အတွက်ထက် အခြားသူအတွက်ကို
အမြဲတွေးပေးတတ်သူတွေဟာ အမြဲတမ်းလိုလို
ထိခိုက်ဆုံးရူံးနေရတတ်တယ်။
လောကမှာ
ကိုယ့်အတွက် ဆိုတာထက် အခြားသူအတွက်
အမြဲတွေးပြီး ကိုယ်ချင်းစာတရား နဲ့ နေထိုင်ကျင့်သုံးသူတိုင်း
လတ်တလောမှာ ထိခိုက်နစ်နာတယ်ဆိုပေမယ့်
ဘဝတလျှောက်လုံး လိပ်ပြာလုံစေတယ်။
ပေးဆပ်ဖို့ဆိုတာ
လူတိုင်းအခွင့်အရေး မရနိူင်ပါဘူး
ဘာလို့လဲဆိုတော့ လူတိုင်းလိုလိုက
ကိုယ်သာဖို့ပဲ တွေးနေကြတာပါ။
ဒါပေမယ့် ကိုယ်သာဖို့ပဲ တွေးနေသူတွေက
ကိုယ်အဆမတန် ပြန်ပေးလိုက်ရတာကို
သူတို့သိလာတဲ့အချိန် နောင်တ ဆိုတာပဲ
ရင်ဝယ်ပိုက် နေရပါလိမ့်မယ်။
💜🌻
15/12/2021
2022မှာ ယုံကြည်မှုရှိရှိနဲ့လှချင်ရင်
အခုထဲကpureဝယ်သုံးထား😍😍☺☺
၂လ ဆို ဥထွက်နေမှာကွာ🤢🤢🤢💎💎
ေငွကိုနှမြောပီးအချိန်ဆွဲရင် မဲတာရှည်လိမ့်မယ်😁😁
19/12/2020
#သန့်ရှင်းမှုရဲ့ဘုရင်HeffeyBubbleWashလေးလာပြီနော်
👩⚕ချွေးပေါက်ကြားပိတ်နေတဲ့ဖုန်မှုန့်တွေပိုးမွှားတွေကို၉၉ရာခိုင်နှုန်းကောင်းကောင်းဖယ်ရှားပေးနိုင်လို့👇👇
🌸၀က်ခြံတွေ ဆား၀က်ခြံတွေပျောက်ကင်းစေပါတယ်
🌼ချွေးပေါက်ကျယ်တာတွေပြန်ကျဉ်းလာစေပါတယ်
🌻အဆီပြန်တာတွေသက်သာစေပါတယ်
💧ရည်ဓာတ်ဖြည့်ပေးတဲ့တွက်အသားရည်ကိုစိုစို၀င်း၀င်းလေးနဲ့Glowစေပါတယ်
🌞နေလောင်ထားတဲ့အမဲကွက်တွေသက်သာစေပါတယ်
👸အသားရည်နုပျိုစေပြီးProteinဓာတ်ကိုအ
ပြည့်ဝြဖည့်ပေးတဲ့တွက်မျက်နှာအသားရည်ညီညာစေပါတယ်
💰၁ဗူး 12000ks
Crd
15/12/2020
Hello December သာပြောနေတာ🙋
ဆောင်းတွင်းရောက်လာရင် ဘာတွေလိုအပ်လဲဆိုတာရောသိလား?
မသိရင် ဒီကမမကရှင်းပြပေးမယ်နော်🙆
1.Skin care 😦လို့ပြောလိုက်တာနဲ့ လိုအပ်လို့လားတဲ့🙎အဲ့လိုတွေမေးတဲ့သူတွေအတွက်👇
skin careကလိုအပ်ပါတယ်နော်💁
ဆောင်းတွင်းရောက်တာနဲ့"you"တို့မျက်နှာမှာအသားပက်တာ😞
အသားခြောက်တာတွေ😇
မျက်နှာက ခြောက်ကပ်ပြီး ကြမ်းလာတဲ့အခါ ရည်ဓာတ်ဖြည့်ပြီး💁 အသားအရည်ကိုထိန်းသိမ်းပေးပြီး မျက်နှာလေး သဘာ၀အတိုင်းglowနေစေဖို့ skin careလေး မရှိမဖြစ်လိုအပ်ပါတယ်နော်😁 အဲ့အတွက်လည်းစိတ်ပူစရာမလိုဘူးနော်🙅Heffey ကထုတ်ထားတဲ့skin careလေးရှိတယ်နော်😛
2.လူတိုင်း လည်းသိတဲ့ body lotionလေးပါ🙆
" Lotion"ဆိုရင် Heffey ကနေ new product အနေနဲ့ထုတ်လုပ်ထားတဲ့
"CHERRY BLOSSOMS LOTION"လေးက နာမည်ကြီး ရေမွှေး"Lacome Miracle"အနံ့အသင်းသင်း လေးရနံ့အတိုင်း fresh ဖြစ်ပြီး လန်းဆန်းစေကာ အသားအရည်ထဲ့သို့စိမ့်၀င် မှုလည်းကောင်းစေလို့အသားပက်တာလား😦အသားအရည်ခြောက်သွေ့တာလားတောင်🙎ဘာမှန်းမသိ ဖြစ်သွားစေရမယ်နော်👌
Skin care👉1.Heffey Toner 18000
2. Milk 18000
3.D&N cream 18000
1set ဆို 36600🙀 agentစျေးနဲ့ရမှာနော် တွေဝေမနေနဲ့နော်🙅မြန်မြန်သာလာ၀ယ်လိုက်တော့😬
Body lotion👉 1buu 12000
4buu ကစagentစျေး 36000😻 အရမ်းကိုတန်နေပြီနော်💁
မှာယူလိုပါက cb🙆💛
15/12/2020
မျက်နှာသစ်ပြီးရင် Tonar သုံးဖို့လိုလား။Tonar မသုံးဘဲ တခြား Moisturizer ပဲလိမ်းလို့မရဘူးလား ဆိုသူတွေအတွက် Tonarကို ဘာကြောင့်သုံးရမလဲ ဆိုတာရယ် Tonarရဲ့ ကောင်းကျိုးလေးတွေကို Sharing ပြန်လုပ်ပေးပါမယ်။
Tonar ဆိုတာ မျက်နှာကို သန့်စင်ပေးတဲ့ အရည်ကြည်တမျိုးပါ။အညစ်ကြေးတွေကို အဓိက ဖယ်ရှားသန့်စင်ပေးပါတယ်။
မျက်နှာသစ်ဆေး သုံးပြီး မျက်နှာပေါ် ကျန်နေနိုင်တဲ့ အညစ်ကြေးတွေကို ကောင်းကောင်းဖယ်ရှားပေးပါတယ်။
မျက်နှာသစ်ပြီး Tonar သုံးပေးခြင်းဖြင့် အညစ်ကြေးပြောင်ယုံမကပဲ တခြားလိမ်းမဲ့ Skincare တွေကိုလည်း %ပြည့် စိမ့်၀င်စေပါတယ်။
Tonar ရဲ့ အာနိသင်က ချွေးပေါက်လည်း ကျဉ်း စေပါတယ်။ချွေးပေါက်ကျဉ်းစေတဲ့အတွက် အဆီပြန်တာ ကိုလည်း လျော့ချပေးနိုင်ပါတယ်။
Tonar မသုံးပဲ တခြား Moisturizer တွေသုံးနေမယ်ဆို %ပြည့် ထိရောက်မှာမဟုတ်ပါဘူးနော်။
ကိုယ်လိမ်းတဲ့ Skincare တွေကို ဖြုန်းတီးရာရောက်ပါတယ်။
အဲ့တော့မျက်နှာသစ်ပြီးတာနဲ့ Tonar ကို မဖြစ်မနေ သုံးပေးရပါမယ်။
Tonar သုံးရင်လည်း လက်နဲ့ဖြစ်သလိုမလိမ်းရပါဘူး။Tonar သုံးတဲ့ cotton pad ထဲ ထည့်ပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ ပွတ်လိမ်းပါ။လက်နဲ့ပဲလိမ်းရင် Tonar ရဲ့ အာနိသင် မထိရောက်ပါဘူးနော်။
12/12/2020
#ဆောင်းဝင်ပီဆိုတော့ပုံထဲကလိုဖစ်နေပီလား
ို့ရည်လေးတစ်ဗူးသာဆောင်ထား
#အသားပက်ခြင်းကိုလုံးဝကင်းဝေးစေတယ်
#1ဗူးကို18000ကျပ်စျေးများတယ်လို့မထင်နဲ့နော်
#3/4လလောက်အေးဆေးသုံးလို့ရတယ်နော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Maye Tine 2 Str
Dagon