Mummy & Baby World 4U

Mummy & Baby World  4U

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mummy & Baby World 4U, 38/1168 , Khattar Street , North/Dagon Township, Yangon, Dagon.

11/08/2016

ကလေးငယ်များရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး သိသမျှအဖြာဖြာ

၂) ကလေးဆံပင်ကို သန့်ရှင်းပေးခြင်း

တချို့ မွေးကင်းစကလေးတွေရဲ့ ခေါင်းပေါ်က ဆံပင်မှာ ပါးပါးကျဲကျဲဖြစ်နေတတ်ပြီး တချို့ကျတော့လည်း ထူထပ်နေတတ်ပါတယ်။

မွေးကင်းစကလေးတွေရဲ့ ဆံပင်ကို ခေါင်းလျှော်ပေးဖို့လိုအပ်ပါတယ်။

ဦးရေပြားကို အ၀တ်စိုတစ်ခုနဲ့ ပွတ်သပ်ပြီး သန့်စင်ပေးရင်လည်းရပါတယ်။

တချို့ကလေးတွေရဲ့ ခေါင်းပေါ်မှ အဆီတွေနဲ့ အတူ ဗောက်ထတတ်ပါတယ်။

ဦးရေပြားနဲ့ မျက်နှာပေါ်မှာ အနီဖုများနဲ့ပါတွဲပြီး ဖြစ်တတ်ပါတယ်။

သူ့ဘာသာပျောက်သွားနိုင်ပါတယ်။

ဒါပေမယ့် ဆပ်ပြာအပျော့စားသုံ့းပြီးေ၇နဲ့ Brush ပျော့ပျော့လေးနဲ့ သန့်ရှင်းပေးရင်တော့ မြန်မြန်ပျောက်ပါတယ်။

သန့်ရှင်းတဲ့အခါ အားမသုံးပါနှင့်။

ကလေးခေါင်းလျှော်ရည်ကိုသာ အသုံးပြုပါ။

ကလေးမျက်လုံးထဲမ၀င်အောင် ဂရုစိုက်ပါ။

11/08/2016

ကလေးငယ်များရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး သိသမျှအဖြာဖြာ

၁) ကလေးငယ်များနှင့် ရေချိုးခြင်း

မွေးကင်းစကလေးများကို နေ့စဉ်ရေချိုးပေးဖို့မလိုပါ။ မျက်နှာ နဲ့ ဦးခေါင်းကို တစ်နေ့တစ်ကြိမ်လောက်ရေဖတ်တိုက်ပေး ၊ အညစ်အကြေးရှိနိုင်တဲ့ နေရာတွေကို သန့်စင်ပေးလို့ရပါတယ်။

ကလေးကို ရေချိုးပေးတဲ့ အခန်းက ဖုန်မှုန့်ကင်းစင်ပြီး နွေးနွေးထွေးထွေးရှိဖို့လိုအပ်ပါတယ်။ ရေချိုးတဲ့အခါသုံးတဲ့ပစ္စည်းများ ( ရေ၊ ခွက်၊ အ၀တ်၊ တဘက်) ကို လက်တစ်ကမ်းမှာ အလွယ်တကူရရှိနိုင်အောင် စီမံပြီးမှ သန့်စင်ပေးရပါမယ်။

ရေချိုးပေးတဲ့အခါ မျက်နှာ နဲ့ လည်ပင်းတစ်ဝိုက်က အရစ်အကြောင်းတွေကို သန့်စင်ပေးပါ။

မွေးကင်းစ ကလေးကို ဆပ်ပြာ သုံးရန်မလိုပါ။ သုံးရန်လိုအပ်တဲ့အခါ ကလေးဆပ်ပြာကိုသာသုံးပါ။

ရေချိုးပြီးတဲ့အခါ အေ၇ပြားတွန့်နေတဲ့နေရာတွေကြားမှာ ရေစိုပြီး ကျန်မနေအောင် ဂရုပြုရပါမည်။စွတ်စိုမှုကြောင့် ကလေးအရေပြား ထိခိုက်စေနိုင်ပါသည်။

ကလေးရေချိုးဇလုံသီးသန့်ထားပေးပါ။ ရေမချိုးခင် ရေအပူအအေးကို အရင်စမ်းသပ်ပါ။ ရေဇလုံ (သို့မဟုတ်) ရေချိုးကန်ထဲမှာ ၂လက်မခန့်သာရေထည့်ပါ။

ကလေးရေချိုးနေစဉ် ထားမသွားပါနှင့် ကလေးကို လုံခြုံနွေးထွေးအောင်လုပ်ပြီးမှ ပွေ့ချီခေါ်သွားပါ။ ကလေးကိုပွေ့ရင် ကုန်းပြီးမချီပါနှင့် ရေစိုနေသဖြင့် ချော်ပြီးလွတ်ကျတတ်ပါတယ်။ ဒူးကွေးပြီး (သို့မဟုတ်) ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးမှ ပွေ့ချီပါ။

Photos from Mummy & Baby World  4U's post 11/08/2016

ကလေးတွေရဲ့သွားအခြေမှာ ကပ်လာသောသွားချေး (ချီး) နှင့် ဘက်တီးရီးယားများကို ပြောင်စင်စေတဲ့ သွားတိုက်တံ နဲ့ အာခံတွင်းနံ့ ကင်းရှင်းစေတဲ့ သစ်သီးအနံ့ နဲ့ ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးလေးနဲ့ မိတ်ဆက်ပေးဦးမယ်နော်

သုံးလသားအရွယ်ကနေစပြီး အသုံးပြုနိုင်တဲ့ ဖေဖေတို့ မေမေတို့က သားသားမီးမီးတို့ကို ကူညီတိုက်ပေးရမယ့် သွားတိုက်တံနဲ့ သွားတိုက်ဆေးပါ။
သွားတိုက်တဲ့အခါ ကလေးကို တစ်ယောက်တည်းပေးမသုံးပါနှင့် မိဘနဲ့ အတူ တိုက်ပါ။

တစ်ဘူးကို 28,800ကျပ် ဖြင့် မှာယူနိုင်ပါတယ်

Free Delivery Yangon (ကိုယ်တိုင်လာယူလဲရပါတယ်)
နယ်မြို့တွေကိုတော့ ကားဂိတ်ပို့ပေးပါ့မယ် တန်ဆာခကိုမှာယူသူကပေးရမှာပါ။

Orderမှာယူပြီးပါက ဘဏ်သို့ ငွေလွဲပေးရပါမည်။ ပြေစာကို ပြန်ပို့ပေးရပါမည်။
ပြေစာမှန်ကန်ပါက order confirm ဖြစ်ပါပြီ ။ ပစ္စည်းရရန် ၂ပတ်စောင့်ပေးရပါမည်။

order ကို ပို့ပေးရန်အတွက်
အမည်
မှာယူတဲ့ပစ္စည်းအမည်နှင့် အရေအတွက်
ဆက်သွယ်ရမည့်ဖုန်း
လိပ်စာ
တို့ကို Message box or viber (09262071334/0973110237) ဖြင့်ပေးပို့ပေးရပါမည်
လိပ်စာ လွှဲမှားပေးမိ၍ မရောက်ပါက မိမိ၏တာဝန်သာဖြစ်ပါသည်။

Photos from Mummy & Baby World  4U's post 11/08/2016

သုံးလသား လေးလသား သားသားမီးမီးတို့အတွက် သွားတိုက်လေ့ကျင့်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နူးညံတဲ့ သွားတိုက်တံ ငှက်ပျောသီးလေးလာပြီနော်

ငှက်ပျောသီးသွားတိုက်တံလေးကို High Silicon နဲ့ ပြုလုပ်ထားပြီး ပုံမှန်သွားတိုက်တံတွေ ထက်ပိုနူးညံ့တဲ့အတွက် ပါးစပ်နာကျင်မှုကို လျော့ကျစေပါတယ် ။ငှက်ပျောခွံလေးတွေရဲ့ အခွံလက်ကိုင်လေးတွေကိုလဲ ကိုင်တွယ်ရအဆင်ပြေအောင်ပြုလုပ်ထားတဲ့အတွက် ကလေးတို့အတွက် အဆင်ပြေစေပါတယ်။သွားနာကျင်မှုသက်သာစေဖို့ ငှက်ပျောသီးသွားတိုက်တံလေးကို ရေခဲပြီး ကိုက်ခိုင်းလဲရပါတယ်။ ဆေးကြောရလွယ်ကူပါတယ် ကလေးဆပ်ပြာရည်နဲ့ဆေးကြောနိုင်ပါတယ်

တစ်ခုကို 32,400ကျပ် ဖြင့် မှာယူနိုင်ပါတယ်

Free Delivery Yangon (ကိုယ်တိုင်လာယူလဲရပါတယ်)
နယ်မြို့တွေကိုတော့ ကားဂိတ်ပို့ပေးပါ့မယ် တန်ဆာခကိုမှာယူသူကပေးရမှာပါ။

Orderမှာယူပြီးပါက ဘဏ်သို့ ငွေလွဲပေးရပါမည်။ ပြေစာကို ပြန်ပို့ပေးရပါမည်။
ပြေစာမှန်ကန်ပါက order confirm ဖြစ်ပါပြီ ။ ပစ္စည်းရရန် ၂ပတ်စောင့်ပေးရပါမည်။

order ကို ပို့ပေးရန်အတွက်
အမည်
မှာယူတဲ့ပစ္စည်းအမည်နှင့် အရေအတွက်
ဆက်သွယ်ရမည့်ဖုန်း
လိပ်စာ
တို့ကို Message box or viber (09262071334/0973110237) ဖြင့်ပေးပို့ပေးရပါမည်
လိပ်စာ လွှဲမှားပေးမိ၍ မရောက်ပါက မိမိ၏တာဝန်သာဖြစ်ပါသည်။

Photos from Mummy & Baby World  4U's post 11/08/2016

၆လပြည့်ပြီး ဖြည့်စွက်အစာ စစားတော့မယ့် သားသားမီးမီးတွေက စပြီး အသုံးပြုလို့ရမယ့် ပစ္စည်းအသစ်လေးနဲ့ မိတ်ဆက်ပေးမယ်နော်

ခရီးသွားတဲ့အခါဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ကလေးတွေကို ထမင်းခွံ့တဲ့အခါ လွယ်လွယ်ကူကူ ကျွေးလို့ရမယ့် ပစ္စည်းလေးကတော့ Baby Food Dispensing Spoon လေးပါ ။ အစာကို ဘူးထဲထည့်ပြီး ညှစ်လိုက်ရင် တစ်လုပ်စာ အစာကို ဇွန်းသဖွယ် ကျွေးနိုင်ပါတယ်။ ခရီးသွားတဲ့အခါ အပြင်သွားတဲ့အခါ ဘူးထဲထည့်ပြီးအလွယ်တကူသယ်သွားလို့ရပါတယ် ။
သုံးပြီးရင်လည်း ကလေးဆပ်ပြာရည်နဲ့ ဆေးကြောနိုင်ပါတယ်။ ဒီဘူးက BPA, PVC free ဖြစ်လို့ ကလေးအတွက် စိတ်ချစွာအသုံးပြုနိုင်ပါတယ်ရှင့်

တစ်ဘူးကို -32,400ကျပ် ဖြင့် မှာယူနိုင်ပါတယ်

Free Delivery Yangon (ကိုယ်တိုင်လာယူလဲရပါတယ်)
နယ်မြို့တွေကိုတော့ ကားဂိတ်ပို့ပေးပါ့မယ် တန်ဆာခကိုမှာယူသူကပေးရမှာပါ။

Orderမှာယူပြီးပါက ဘဏ်သို့ ငွေလွဲပေးရပါမည်။ ပြေစာကို ပြန်ပို့ပေးရပါမည်။
ပြေစာမှန်ကန်ပါက order confirm ဖြစ်ပါပြီ ။ ပစ္စည်းရရန် ၂ပတ်စောင့်ပေးရပါမည်။

order ကို ပို့ပေးရန်အတွက်
အမည်
မှာယူတဲ့ပစ္စည်းအမည်နှင့် အရေအတွက်
ဆက်သွယ်ရမည့်ဖုန်း
လိပ်စာ
တို့ကို Message box or viber (09262071334/0973110237) ဖြင့်ပေးပို့ပေးရပါမည်
လိပ်စာ လွှဲမှားပေးမိ၍ မရောက်ပါက မိမိ၏တာဝန်သာဖြစ်ပါသည်။

11/08/2016

နို့ဘူးတိုက်ရာတွင် သတိထား ဂရုပြုသင့်တဲ့အချက်လေးတွေကို ပြောပြပေးမယ်နော်

၁) ကလေးပါးစပ်ထဲ မတိုက်ခင် မိမိရဲ့လက်ထဲ တစ်စက်၊ နှစ်စက်ချပြီး အရင်စမ်းကြည့်ပါ။ ထင်တာထက်ပိုပြီး ပူနွေးနေရင် အေးအောင် ခဏစောင့်ပြီးမှ တိုက်ပါ။

၂) ကလေးပါးစပ်မှ နို့ဘူးတပ်ပြီး ထားမပစ်ခဲ့ပါနဲ့ နို့တွေများပြီး အသက်ရှူ ကြပ်သွားနိုင်ပါတယ်။

၃) လေမ၀င်အောင် နို့ဘူးကို အပြားလိုက်မထားပါနဲ့ ခပ်စောင်းစောင်းထားပါ။

၎) ကလေး သုံးလအရွယ်မှာ နို့ဘူးမပါဘဲ သိပ်တဲ့အကျင့်ကို လုပ်ပေးပါ။
မိခင်နို့တိုက်ရင်း (သို့မဟုတ်) နို့ဘူးစို့ရင်း အိပ်ပျော်သွားတဲ့အကျင့်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ နို့များ ကလေးပါးစပ်ထဲကျန်နေရင် သွားပိုးစားနိုင်လို့ပါပဲ။

၅) နို့ဘူးဖျော်သော ပစ္စည်းများအားလုံး ဥပမာ- ဇွန်း ၊ခွက်များ အစရှိသည်တို့ကိုပါ ပိုးသန့်စင်သင့်ပါတယ်

၆)အသုံးမပြုဖြစ်တဲ့ နို့ရည်တွေကို နို့ဘူးဆေးရန်အတွက် မသုံးပါနဲ့ သွန်ပစ်ပြီး ရေနဲ့ ဆေးကြောပါ။

၇) နို့ဘူးကို မိုက်ခရိုဝေ့ (Microwave Oven) နဲ့ အပူမပေးသင့်ပါ။

Photos from Mummy & Baby World  4U's post 28/07/2016

သားသားမီးမီးတို့ နှာခေါင်းပိတ်လို့ အနေခက်တဲ့ အခါ မေမေတွေအတွက် လွယ်ကူစွာဖြေရှင်းနိုင်မယ့် ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်

အရင်ဆုံးကလေးနှာခေါင်းဝမှာ နှာခေါင်းဆေးရည် (Little Remendies little noses Saline Mist) ကို အရင်ဖြန်းပေးပါ။
ဒီဆေးရည်မှာ alcohol နဲ့ Preservatives မပါဝင်ပါ။
Side effect လဲမရှိတဲ့အတွက် သုံးလို့အဆင်ပြေပါတယ်။
လေထုညစ်ညမ်းမှု၊အပူလွန်ကဲတဲ့ပတ်ဝန်းကျင်၊ လေကြောင်းခရီးသွားတဲ့အခါ၊ အရမ်းအေးတဲ့ အချိန်နဲ့ allergies ဖြစ်တဲ့ အခါ နှာခေါင်းပိတ်စို့ခြင်းမှ လည်းကာကွယ်ပေးပါတယ်။
sodium chloride 0.9% (sterile saline) and water ပါဝင်ပါတယ်။

ဆေးရည်ဖြန်းပြီးရင် နှာခေါင်းပိတ်တာကို ဖေဖေမေမေတွေက နှာချေး (ချီး) စုပ်ထုတ်ပိုက်လေးသုံးပြီး စုပ်ထုတ်ပေးရပါမယ်။

ပိုက်ကို ကလေးနှာခေါင်းအတွင်းပိုင်းကို မထည့်ရပါဘူး။ နှာခေါင်းအ၀မှာထားပြီး ပိုက်ကို နာရီလက်တံ လှည့်သလို ဖြည်းဖြည်းချင်းလှည့်ပြီး အနီဘက်ကို ဖေဖေမေမေတို့ ပါးစပ်မှာထားပြီး ပိတ်နေသော နှာချေး (ချီး) များကို စုပ်ထုတ်ရမှာပါ။

ဒီ နှာချေး (ချီး) စုပ်ထုတ်တဲ့ Tube လေးက BPA နဲ့ Phthalate free ပါပဲပါရှင့် ။
ဆေးရလွယ်ကူပါတယ် ကလေးဆပ်ပြာရည်နဲ့ဆေးနိုင်ပါတယ် ။
ဒီTube ထဲမှာ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ Filter ခံထားပေးပါတယ် ။
ဒီ Filter ကို တော့ တစ်ခါစုပ်ထုတ်ပြီး အသစ်လဲပေးသင့်ပါတယ် ။ဆေးပြီးမှပြန်သုံးပါ။ Filter တွေကိုလည်း ကလေးဆပ်ပြာရည်နဲ့ ဆေးကြောနိုင်ပါတယ်

နှာခေါင်းဆေးရည်ဗူး က တစ်ဗူးကို 30,000 ကျပ်

နှာချေးစုပ်ထုတ်ဗူး က တစ်ဗူးကို 42,000 ကျပ် (Filter ၃ခုပါပါတယ်)

Filter ကြီးပဲထပ်ဝယ်ချင်ရင် တစ်ခုကို 26,400 ကျပ် ဖြင့် မှာယူနိုင်ပါတယ်

Free Delivery Yangon (ကိုယ်တိုင်လာယူလဲရပါတယ်)
နယ်မြို့တွေကိုတော့ ကားဂိတ်ပို့ပေးပါ့မယ် တန်ဆာခကိုမှာယူသူကပေးရမှာပါ။

Orderမှာယူပြီးပါက ဘဏ်သို့ ငွေလွဲပေးရပါမည်။ ပြေစာကို ပြန်ပို့ပေးရပါမည်။
ပြေစာမှန်ကန်ပါက order confirm ဖြစ်ပါပြီ ။ ပစ္စည်းရရန် ၂ပတ်စောင့်ပေးရပါမည်။

order ကို ပို့ပေးရန်အတွက်
အမည်
မှာယူတဲ့ပစ္စည်းအမည်နှင့် အရေအတွက်
ဆက်သွယ်ရမည့်ဖုန်း
လိပ်စာ
တို့ကို Message box or viber (09262071334/0973110237) ဖြင့်ပေးပို့ပေးရပါမည်
လိပ်စာ လွှဲမှားပေးမိ၍ မရောက်ပါက မိမိ၏တာဝန်သာဖြစ်ပါသည်။

28/07/2016

ဖတ်မိတဲ့ စာအုပ်တွေထဲကမှ ဒေါက်တာစိုးလွင်ရေးသားတဲ့ မိခင်လောင်းတို့အရေး မေးချင်ရာမေး စာအုပ်ထဲက ချစ်စရာပူစီလေးတွေ နဲ့ ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ သိထားသင့်တဲ့အကြောင်း အရာလေးကို ပြောပြချင်မိလို့ပါ။

ပူစီလေးတွေရဲ့ချေး (ချီး) ကို စားမိရင် ကိုယ်ဝန်ဆောင်မိခင်လောင်းရဲ့ ဗိုက်ထဲက ကလေးကိုအသက်အန္တရာယ် စိုးရမ်ရတယ် ဆိုတာ မေမေတို့ကိုသိစေချင်ပါတယ်

ပူစီလေးတွေရဲ့ချေး (ချီး)မှာ (Toxoplasma gondii) အမည်ရတဲ့ ကပ်ပါးရောဂါပိုးတစ်မျိုးပါလာတတ်ပါတယ်။ ပူစီလေးတွေက အဲဒီ ရောဂါးပိုးပါတဲ့ ငှက်တွေ၊ ကြွက်တွေ စသဖြင့် အသားစိမ်းစားမိတဲ့အခါ ရောဂါကူးစက်တတ်ပါတယ်။ အဲဒီ ရောဂါးပိုးပါတဲ့ ကြောင်ချေး စားမိရင် မွေးလာမယ့် ကလေး ဟာ ဥာဏ်ရည်မမှီ ကျပ်မပြည့်တဲ့ ဆွံ့အနားမကြားဘ၀နဲ့ တစ်သက်လုံးဒုက္ခိတဘ၀ရောက်သွားနိင်ပါတယ်

ပူစီလေး ချေးကို လူတွေက သွယ်ဝိုက်သောနည်းဖြင့် စားမိတတ်ကြပါတယ် ။

ဥပမာ -

၁။ ရောဂါပိုးပါသော ကြောင်ချီး ကျုံးပြီး လက်စင်အောင်မဆေးပဲ ထမင်းဟင်းချက် ခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်း ၊ လက်နှင့်ထမင်းစားမိခြင်း ၊

၂။ ရောဂါပိုးပါသော ကြောင်ချီးပါထားသောမြေမှုန်တွေ ကပ်ညှိနေတဲ့ ဟင်းသီးဟင်းရွက်ကို စင်အောင်မဆေးပဲ စားမိခြင်း၊

၃။ ရောဂါပိုးပါသော ကြောင်ချီးပါထားသော မြေကြီးတွင် လက်အိတ်မသုံးပဲ အပင်စိုက်ပြီး လက်စင်အောင်မဆေးခြင်း။

၎။ ရောဂါပိုးပါသော ကြောင်ချီးအမှုန်များကပ်ညှိနေသော ကြောင်ကလေးများ၏ အမွှေးများအား ပွတ်သပ် ပွေ့ချီ နမ်းရှိုက်ပြီး လက်စင်အောင်မဆေးခြင်း

****ဒီရောဂါပိုးကူးစက်ခံရလျှင် -

-အများစုက ဘာလက္ခဏမှ ပြလေ့မရှိပါ။
-တစ်ချို့ ကျတော့တုပ်ကွေးအဖျားနဲ့တူတဲ့အဖျားမျိုး ဖျားတတ်ပါတယ်
-အကျိတ်အဖုလေးတွေ ထွက်တတ်ပါတယ်
-ရှားရှားပါးပါး အရမ်းပြင်းထန်တဲ့ အခါ ဦးနှောက်အမြှေးရောင်တတ်ပါတယ်
-မျက်စိအမြင်အာရုံထိခိုက်နိုင်ပါတယ်
-ကလေးပျက်ကျသေဆုံးနိုင်ပါတယ်
-ဦးနှောက်ကို အကြီးအကျယ်ထိခိုက်စေတတ်ပါတယ်
-မွေးကတည်းက ခေါင်းကြီးကြီး (သို့) ခေါင်းသေးသေး ဖြစ်တတ်ပါတယ်
-ဥာဏ်ရည်မပြည့်ပေါချာချာကြောင်တောင်တောင်ဦးနှောက်ကျပ်မပြည့်တဲ့ အဖြစ်မျိုးရောက်သွားတတ်ပါတယ်
-မွေးကတည်းက ရောဂါလက္ခဏာ ပေါ်လာတတ်သလို တဖြည်းဖြည်းမှ လည်းပေါ်လာတတ်ပါတယ်

ဒါကြောင့် ကြောင်ချစ်တဲ့မေမေတွေ ကလေးမွေးပြီးမှ ကြောင်မွေးချင်မွေးပါ
။မွေးထားပြီးသားရှိခဲ့ရင်လည်း သတိနဲ့ဆင်ခြင်ပြီး ခပ်ဝေးဝေးကနေချစ်ပြီး လက်ကိုစင်အောင်ဆေးပါ ။

ကြောင်လေးတွေရဲ့ချေးတွင်သာမက ဒီရောဂါသည် အသားစိမ်းစားခြင်းကလည်း ကူးစက်နို်င်ပါသဖြင့် အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်ပါ လို့ အကြံပေးပါရစေနော်….

27/07/2016

ဘာကြောင့် ကလေးတွေ လက်သည်းကိုက်ကြသလဲ!!!!

-နို့စို့အရွယ်မှာ ဗိုက်ပြည့်သွားပေမယ့် အာသာဖြေဖို့အတွက် ကလေးတွေဟာ ပါးစပ်ထဲကို လက်ထည့်ပြီး စုပ်တတ်ကြပါတယ်။ လက်တခုလုံး ထည့်စုပ်လာရကနေ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ လက်မစုပ်ခြင်း (သို့) လက်သည်းကိုက်တာတွေ လုပ်လာပါတော့တယ်။ ထိုအမူအကျင့်တွေဟာ ကလေးတို့ရဲ့ မိဘတွေဆီက အတုယူတာလည်း ဖြစ်နိုင်သလို ၄င်းတို့ရဲ့ညီအစ်ကို မောင်နှမများဆီက လည်း အတုယူတာဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ ၄င်းတို့လက်တွေ အားနေလျှင် သူတို့လက်တွေကို မကြာခဏကိုက်ကြပါတယ်။ ဥပမာအားဖြင့် တီဗွီကြည့်နေစဉ်၊ စာဖတ်နေစဉ်၊ အတန်းထဲမှာ ထိုင်နေစဉ် (သို့) ကားစီးနေစဉ် အချိန်တွေမှာ လက်ကိုက်ကြပါတယ်။ သူတို့လေးတွေရဲ့ စိတ်ဖိစီးမှုလျော့စေဖို့၊ အပျင်းပြေစေဖို့နဲ့ လူကြီးတွေဆီက ဂရုစိုက်မှု လိုချင်တဲ့အခါမျိုးတွေမှာ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ ဆံပင်လိမ်ခြင်းစတဲ့ အမူအကျင့်တွေလုပ်ကြတာ အများဆုံးတွေ့ရပါတယ်။

လက်သည်းမကိုက်ဖို့ ဘလိုကူညီကြရမလဲ !!!!!

1) ဘာကြောင့် လက်သည်းကိုက်ရတယ်ဆိုတာ အရင်နားလည်းအောင် ကြိုးစားပါ။ စိတ်ဖိစီးမှုကို လျော့ချဖို့ ကြိုးစားပါ။ ဘာတွေ စိတ်ပူပြီး ဘယ်အကြောင်းအရာတွေက သင့်ကလေးကို စိတ်ညစ်စေတယ်ဆိုတာ ကလေးနှင့် စကားပြောပေးပါ။ (ဥပမာ)
- လူကြီးတွေအတွက် ဘာမှမဟုတ်တဲ့ ကလေးတွေအားလုံးရဲ့ စိုးရိမ်ပူပန်မှု၊ သောကနဲ့ စိတ်ဖိစီးမှု- ပုံမှန်သင်ယူမှုထက် ပိုပြီး များစွာသော လှုပ်ရှားမှုတွေ၊ ကျောင်းသစ်ပြောင်းရတဲ့အခါ၊ အိမ်ပြောင်းတဲ့ခါ၊ မိသားစုကွဲခြင်း (သို့) သူတို့ချစ်တဲ့ တိရစ္ဆာန်လေး သေသွားတဲ့ခါ စသည်ဖြင့်

2) ကလေးနှင့်အတူ ခံစားပါ။ သင်လည်း မကောင်းတဲ့အကျင့် (လက်သည်းကိုက်တာ၊ လက်မစုပ်တာ၊ ဆံပင်လိမ်တာ၊ ဆေးလိပ်ဖြတ်တာ စသည်ဖြင့်) ပျောက်ဖို့ ဖြတ်ခဲ့စဉ်က ခက်ခဲခဲ့တဲ့အကြောင်း ပြောပြပါ။ လက်ကိုက်တာက ကလေးအတွက် ဘယ်လိုအရှက်ရစေတဲ့ အကြောင်း ကလေးနှင့် ဆွေးနွေးပါ။ သင့်မှာလည်း မကောင်းတဲ့အကျင့် ရှိနေပြီဆိုလျှင်တော့ သင့်ကလေးနှင့် ကတိလုပ်ပြီး နှစ်ဦးလုံး အတူတူ အကျင့်ဖျောက်ဖို့ လုပ်ဆောင်ပါ။ ကလေးတွေ လူကြီးတွေမကြိုက်တဲ့ အမူအကျင့်တခုခု လုပ်နေတာတွေ့လျှင် စိတ်တိုပြီး ဆူကြ အော်ကြပါတယ်။ စိတ်ဖိစီးမှု ပိုများလေ လက်သည်းပိုကိုက်လေ ဖြစ်သဖြင့် ဆူခြင်းကို ရှောင်ကြဉ်ပါ၊၊ တခါတလေမှာ ကလေးတွေဟာ သူတို့ကို ဂရုမစိုက်ဘူးထင်တဲ့အခါ အမူအကျင့်တခုခုကို လုပ်ပြီး လူကြီးတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြပါတယ်။


3) လက်သည်းကိုက်တဲ့ အကျင့်မရှိလျှင် ကျန်းမာရေးကောင်းခြင်း၊ သွားတွေ ပို၍မာခြင်း၊ လှပတဲ့ လက်ကလေးတွေဖြစ်လာမယ့်အကြောင်းရှင်းပြပါ။

4) သင့်ကလေးလက်သည်းကို လှပသန့်ရှင်းအောင် ထားပါ။ မကြာခဏ လက်သည်းညှပ်ပြီး တံစဉ်းတိုက်ပေးပါ။ သင့်ကလေးကို အပြင်မှာကစားပြီးတဲ့အခါ၊ တိရစ္ဆာန် ကိုင်ပြီးတဲ့အခါ၊ ရေသာတက်ပြီးတဲ့အခါ လက်ဆေးဖို့ကို ပြောပြပါ။

5) လက်သည်းမကိုက်တဲ့အတွက် ချီးမွမ်းစကားဆိုပါ။ အားပေးနှစ်သိမ့်ပါ။ လက်သည်းမကိုက်တဲ့နေ့ကို ပြက္ခဒိန်မှာ စတစ်ကာကပ်ခိုင်းတဲ့ ဆုပေးစနစ်လုပ်ပေးနိုင်ပါတယ်။ သင့်ကလေးအတွက် ဆုတံဆိပ်ဖြစ်တဲ့ စတစ်ကာလေးတွေကို တကယ်လိုချင်လာပြီး လိုက်လုပ်လာနိုင်ပါလိမ့်မယ်။

credit :Original (online)

27/07/2016

သားသားမီးမီးတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးပုံခြင်း မတူညီကြပါဘူး… ဒါပေမယ့် ကလေး ၁လသားအရွယ်မှာ သတိထားရမည့်အချက်လေးတွေကို ဖတ်မိသမျှ ပြောပြပေးမယ်နော်

• နို့ဖြည်းဖြည်းချင်းဆို့ခြင်း (သို့) နို့ကောင်းကောင်းမဆို့ခြင်း
• မျက်စိက ပုံရိပ်တွေကို မကြည့်ခြင်း (သို့) အနီးအနားမှ လှုပ်ရှားနေတဲ့ အရာဝတ္တုတွေကို မကြည့်ခြင်း
• တောက်ပတဲ့ အလင်းရောင် မျက်နှာပေါ်ကျရောက်လာလျှင် ဘာအမူအရာမှ မပြခြင်း
• ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်ခြင်း (သို့) ပျော့ခွေသွားခြင်း
• အသံကျယ်ကျယ်ကြားတဲ့အခါ ဘာမှ တုန့်ပြန်မှုမရှိခြင်း

စတဲ့အချက်တွေ ဖြစ်လာခဲ့လျှင်တော့ ကလေးဆရာဝန်နဲ့ အပြေးသာသွားတွေ့လိုက်တော့နော်…

Want your business to be the top-listed Nail Salon in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


38/1168 , Khattar Street , North/Dagon Township, Yangon
Dagon
11421