Seek Perfume

Seek Perfume

Share

Seek perfume to capture someone's attention.

Photos from Seek Perfume's post 23/10/2023

ကိုယ်ချစ်ခင်ရသူတွေကိုလက်ဆောင်ပေးဖို့နဲ့ လူကြီးတွေကို ဂါရဝပြုဖို့ Seek Perfume ရဲ့ ရေမွှေးပန်းခြင်းလေး 💞

နှင်းဆီပန်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့ ဘာသာစကားတဲ့ ❤
ရေမွှေးကတော့ အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးတယ်လို့ အဓိပ္ပါယ်ရပါတယ်.. 💖

ဒီတော့.. နှင်းဆီပန်းလှလှလေးတွေနဲ့ အလှဆင်ထားထားတဲ့ ရေမွှေးပုလင်းလေး လက်ဆောင်ပေးလိုက်မယ်ဆိုရင်…😍 ကိုယ့်ချစ်သူရဲ့ စိတ်ထဲမှာ အချစ်ခံရတဲ့ ခံစားချက်လေးနဲ့ ကြည်နူးသွားမှာ အသေအချာပဲ.. 😇💓💓

Seek Perfume မှာ ပန်းခြင်းလေးတွေနဲ့ order လေးတွေလဲ ပြန်မှာလို့ရပါပြီနော် 💗💗

✅ချစ်စရာကောင်းပြီး elegant ဖြစ်လို့ လူကြီးတွေကိုလည်း ကန်တော့လို့ရတယ်
✅Birthday gift, Annniversary gift အဖြစ်ပေးရင်လည်း တစ်သက်မမေ့နိုင်စရာ အမှတ်တရလေးဖြစ်နေမှာ 💕

19/08/2023

Luxury Dream တွေရဲ့ ပစ္စုပ္ပန် 🎻

၂၁ ရာစုကြီးမှာ ရေမွှေးလေးတွေဟာ ဇိမ်ခံပစ္စည်းလေးတွေအနေနဲ့ တဖက်တလမ်းကနေ အရည်အသွေးမြင့်Luxury Ingredients များနဲ့အတူ လက်မှုပညာနှင့် အသေးစိတ်အချက်အလက်များပေါင်းစပ်ပြီး လူနေမှုရဲ့ တစိတ်တဒေသကို ဖော်ပြနိုင်စွမ်းရှိလာပါတယ် 💙

ရေမွှေးလေးတွေဟာ ဘယ်လို Luxury ဆန်တဲ့ခံစားမှုတွေကိုပေးစွမ်းနိုင်လဲဆိုရင်

🦋Elegant
ကျက်သရေရှိခြင်းနဲ့ ဆန်းပြားမှုတို့နှင့် ဆက်စပ်နေတတ်ပြီး ရေမွှေးရနံ့ဟာ သန့်စင်စေတဲ့အပြင် Confidence ပိုစေပါတယ်

🦋Luxury & Confidence
သင့်လျှော်မှန်ကန်တဲ့ရနံ့ကို ရွေးချယ်ထားနိုင်ခြင်းဟာ ပေါ့ပေါ့ပါးပါးနှင့် ရင့်ကျက်မှု Feeling ကိုရရှိစေပါတယ်

မှန်ကန်သောရနံ့တွေဟာ Confident အပြည့်နဲ့ ဆွဲဆောင်မှုရှိနေပြီး အရာအားလုံးကို လက်ခံရန်အဆင်သင့်ဖြစ်နေစေပါတယ်

🦋Sensuality
ရေမွှေးများစွာကို အာရုံခံစားမှုနှင့် ဆွဲဆောင်မှုဖြစ်စေရန် စတင်ထုတ်လုပ်ခဲ့ကြတာဖြစ်တဲ့အတွက် စိတ်အားထက်သန်မှု၊ အချစ်ရေး၊ ဇိမ်ခံအမွှေးရနံ့နဲ့ အတူ ဆွဲဆောင်မှုရှိသော ရောင်ဝါကို ဖန်တီးပေးနိုင်ပါတယ်

🦋Happiness and Joy
ရေမွှေးရနံ့လေးတွေဟာ အပြုသဘောဆောင်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေပြီး ပျော်ရွှင်စရာ အမှတ်တရများကို ဖြစ်ပေါ်စေတဲ့ အစွမ်းသတ္တိတွေနဲ့ပြည့်နေပါတယ်

🦋 Self-expression
ရေမွှေးလေးတွေဟာ ကိုယ့်ရဲ့Personality ၊Style & Taste တို့ကို ရနံ့ဖြင့် ထူးထူးခြားခြားဖော်ပြနိုင်စွမ်းတွေနဲ့ ပြည့်နက်နေပါတယ်

ဒီလို Luxury Dream 💭 တွေနဲ့ ပြည့်နက်နေစေတဲ့ ရေမွှေးလေးတွေကို ရွေးချယ်တဲ့နေရာမှာ ကိုယ်နဲ့အလိုက်ဖက်ဆုံး တသားထဲဖြစ်စေမဲ့ အနီးစပ်ဆုံးရနံ့လေးတွေကို ရွေးချယ်အသုံးပြုတတ်ခြင်းဟာ မိတ်ကပ်ထူထူတွေလိမ်းချယ်ပြင်ဆင်ထားခြင်းထက် Elegant & Sexy ဖြစ်စေတဲ့အတွက် ဂရုစိုက်ဖို့ Seeker လေးတွေကိုမှာချင်ပါတယ်နော် 💙

SEEK Perfume လေးတွေထဲက ဘယ်ရနံ့ဘေးက ကိုယ့်ရဲ့ Personality ၊Style & Taste လေးတွေနဲ့ အကိုက်ညီဆုံးဖြစ်နေမလဲ စဉ်းစားရခက်နေရင် မင်မင်တို့ရဲ့ Page Messenger လေးကိုပြေးလာခဲ့နော် 🤫💙

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

10/08/2023

နှစ်ကိုယ်ကြားက ရင်ခုန်သံရနံ့လေး SwiftLove💗

အနံ့ငြိမ်ငြိမ်လေးနဲ့အတူ သင်းပျံ့တဲ့အနံ့လေးတွေကို ရောစပ်ထားပြီး classy ဖြစ်တဲ့ ရနံ့လေးဖြစ်ပြီး ဘေးကဖြတ်သွားလို့ အနံ့ရလိုက်တာနဲ့ ရင်ကိုလှုပ်ခတ် လောက်အောင် ထူးခြားနေစေတာကြောင့် နှစ်ခါပြန်လှည့်ကြည့်ရမယ့်အနံ့မျိုးလေးဆို Swift Love လေးပဲနော် 🤭💗

🦋 စိတ်အနှောက်အယှက်ဖြစ်အောင်း စူးရှတဲ့ရနံ့မျိုးမကြိုက်ဖူး
🦋 ကလေးဆန်ပြီး ချိုအီတဲ့ရနံ့မျိုးလည်း ခေါင်းမူးတက်တယ်
🦋 အရမ်း Strong & Fresh ဖြစ်နေတဲ့ သန်မာတဲ့ ရနံ့မျိုးလေးတွေကျတော့လည်း Girly မဖြစ်လို့ သဘောမကျလို့ ဆိုရင် Swift Love လေးနဲ့ လုံးဝကွက်တိပါပဲ 🫶🏻

ကိုယ်ပိုင်ကိုသင်းရနံ့လေးလို နွေးထွေးအေးချမ်းပြီး တနေ့တာကို သင်းပျံ့တည်ငြိမ်စွာနဲ့ ဖြတ်သန်းနိုင်တဲ့ ရနံ့မျိုးလေးတွေကိုပဲ နှစ်သက်လေ့ရှိတဲ့သူလေးတွေနဲ့ အလိုက်ဖက်ဆုံးရနံ့လေးဆိုလည်း မမှားပါဘူး🌧️

Switf Love လေးရဲ့ Note လေးကတော့ 📝

ပထမဆုံးမှာ နှင်းဆီပန်းနံ့လေးကိုအရမ်းမစူးသွားအောင် peach ရနံ့လေးနဲ့ရောထားတဲ့ အနံ့ကြည်ကြည်လေးရလာစေပါတယ် 🍬

နည်းနည်းကြာလာရင် musk နဲ့ amber ပေါင်းထားတဲ့ ငြိမ်ငြိမ်လေးနဲ့ မွှေးနေတဲ့ အနံ့မျိုးလေးဖြစ်သွားစေပြီး ……💕

နောက်ဆုံးမှာတော့ ရနံ့လေးမပျောက်သွားခင်မှာ စန္ဒကူးအနံ့ သင်းသင်းအေးအေးလေးနဲ့ ဆင်းသွားတာမျိုးလေးပဲဖြစ်ပါတယ် 💞

တနေ့တာ တည်တည်ငြိမ်ငြိမ်လေးနဲ့တောက်ပတဲ့ အလှတရားတွေရစေဖို့အတွက် မရှိမဖြစ်ရနံ့လေးဆိုရင်တော့ Swift Love လေးပဲဖြစ်ပါတယ် 💗

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

04/08/2023

ဆွဲဆောင်မှုရှိစေဖို့ နှုတ်ခမ်းနီရဲရဲထက်
မရှိမဖြစ်Purple Night 💋

ဘယ်လိုအချက်တွေကြောင့် အနီရောင်နှုတ်ခမ်းနီရဲရဲထက် Purple Night ပိုမိုဆွဲဆောင်မှုရှိစေတာလဲ ❓❓

အနီရောင်နှုတ်ခမ်းလေးတွေက အမြင်အာရုံကို အဓိကဆွဲဆောင်နိုင်စွမ်းရှိပေမဲ့ 💄

စိတ်ခံစားမှုများနဲ့နီးကပ်စွာ ဆက်စပ်နေသည့် အနံ့ခံအာရုံကိုတော့ Purple Night လေးကရောင်စုံပန်းချီကားတစ်ချပ်လို ဖန်တီးနိုင်ပြီး ဆွဲဆောင်မှုရှိသော ခံစားချက်များ အမှတ်တရများကို တရိပ်ရိပ်ပေါ်လာစေပါတယ် 💜

💜အချို့သော ယဉ်ကျေးမှုများတွင် ရေမွှေးလေးတွေကို ကျက်သရေရှိမှု၊ ဆန်းပြားမှုနှင့် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ စွဲမက်ဖွယ်ရနံ့တို့နှင့် ဆက်စပ်နေပြီး အချို့သောလူများအတွက် ပိုမိုဆွဲဆောင်မှုပိုစေတဲ့ လူအသုံးအဆောင်ပစ္စည်းလေးအဖြစ် သတ်မှတ်ထားကြပါတယ် ✨

ရဲရင့်ပြီး Confidence ရှိတဲ့ အသွင်ကိုဖန်တီးပေးနိုင်တဲ့ အနီရောင်နှုတ်ခမ်းနီရဲရဲလေးတွေနဲ့အတူ Purple Night လေးကိုပါဆွတ်ထားလိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် ✨

✨အမျိုးသားရော အမျိုးသမီးပါသုံးလို့ရတဲ့ unisex ရနံ့ အမျိုးအစားလေးဖြစ်ပြီး အချစ်ကိုဖော်ပြတဲ့ ရနံ့မျိုးလို့လည်း ပြောလို့ရတဲ့အပြင် Romantic အချစ်ကို ကိုယ်စားပြုတဲ့ ရနံ့လေး ဖြစ်တဲ့အတွက် အရွယ်ရောက်ပြီးသား အမျိုးသား အမျိုးသမီးတို့ရဲ့ နှလုံးသားထဲထိ တွယ်ငြိပြီး ဆွဲပြီးဆွတ်ရတဲ့ မူပိုင်ရေမွှေးလေးဖြစ်လာရခြင်းပဲဖြစ်ပါတယ် ❤️

“SEEK Perfume လေးတွေကို ပထမဆုံးစသုံးကြည့်ချင်တယ် ဘယ်ရနံ့လေးက စပြီးသုံးကြည့်ရမလဲ Recommend ပေးပါဦးမင်မင်ရေ ..” ဆိုရင်တော့ Purple Night လေးကနေပြီး စညွှန်းပေးလိုက်ပါတယ်နော် ✨✨💜

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

01/08/2023

ချစ်ခြင်းကို Mini’s Love နဲ့ဖွင့်ဟပါ💐💕

ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်းပြောရရင် တစ်စုံတစ်ဦးအပေါ် နက်နဲတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုတို့ကို လွှမ်းခြုံထားတဲ့အတွက်ရှုပ်ထွေးပြီး ဖွင့်ဟဝန်ခံဖို့ မဝံ့မရဲကြုံရလေ့ရှိပါတယ် ✨

Mini’s Love 💕 လေးကတော့ ဒီလိုမဝံ့မရဲ အနေအထားလေးတွေမှာ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတ နှင်းဆီရေမွှေးလေးဖြစ်တဲ့အတွက် အချစ်နဲ့ အာရုံငါးပါးလုံးကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ အကောင်းဆုံးလက်ဆောင်လေးဖြစ်လာစေပါတယ် 🎁

နှင်းဆီရနံ့ရှိတဲ့ ရေမွှေးလေးတွေဟာ စိတ်ဝိဥာဥ်နဲ့ ရင်ခုန်နှုန်းကို ညီညီမျှမျှ တပြိုင်ထဲ စွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိတဲ့ အပြင်
💐နွေးထွေးမှု
💐နူးညံ့မှုနှင့် ချစ်ခင်မှု
💐အမှတ်တရကောင်းများကို ပြန်လည်တူးဆွပေးနိုင်မှုနဲ့အတူ နှင်းဆီရနံ့တွေဟာအချစ်နဲ့ဆက်စပ်နေတဲ့ စိတ်ခံစားမှုတွေကို မြှင့်တင်ပေးနိုင်မှုအကောင်းဆုံး ရနံ့အမျိုးအစားလေးပဲဖြစ်ပါတယ်🫶🏻

ဒါကြောင့် နွေးထွေးကြည်လင်တဲ့ ချစ်ခြင်းမေတ္တာ တွေကို ဖော်ပြဖို့ကြိုးစားကြတဲ့အခါတိုင်းမှာ နှင်းဆီတွေဟာ မပါမဖြစ်သိပ်ကို အရေးကြီးတဲ့ နေရာကနေ ခေတ်အဆက်ဆက်မှာ ပါဝင်ခဲ့တာပေါ့✨

၅၂၈ 💞 ၁၅၀၀ ချစ်ခြင်း မေတ္တာအသွင်အားလုံးအတွက် အေးချမ်းတဲ့ မေတ္တာတွေကို ပြသဖို့ အကောင်းဆုံး လက်ဆောင်လေး Mini’s Love လေးကို ချစ်ရတဲ့သူတွေစီ ပို့ပေးချင်တယ်ဆိုရင်တော့ အခုပဲ SEEK Perfume လေးရဲ့ Page Messenger လေးစီကို လာခဲ့လိုက်တော့နော် 🎁

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

24/07/2023

အမှတ်တရနေ့တွေထဲက 𝐒𝐄𝐄𝐊 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐀𝐥𝐛𝐮𝐦 လေး 📒💛

ရနံ့တွေက အမှတ်တရနေ့တွေကို ပြန်ပြီး အရောင်အသွေးစုံတဲ့ ပန်းချီကားတချက်လို ပုံဖော်ပေးနိုင်စွမ်းရှိပါတယ် 💐

ချစ်ရတဲ့သူနဲ့ အမှတ်တရနေ့တွေကျော်ဖြတ်တဲ့အခါတိုင်း အမြဲတမ်းကိုယ်နဲ့အကွာပါလာတက်တဲ့ Switch Love ရဲ့ ရနံ့သင်းသင်းအေးအေးလေး🦋

အလုပ်ကိစ္စတွေ Meeting တွေနဲ့ လူအများနဲ့တွေ့ရမဲ့နေတွေတိုင်းအတွက် တည်ငြိမ်ရင့်ကျက်မှုတွေနဲ့ Confidence ရှိရှိကျော်ဖြတ်နိုင်ဖို့အတွက် အမြဲတမ်းရွေးချယ်ဖြစ်တဲ့ Purple Night 🍷

ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ Hangouts လုပ်တိုင်း / Gym သွားတိုင်း/ Picnic 🧺 ထွက်တိုင်း အထူးသဖြင့် Fresh ဖြစ်တဲ့ပျော်စရာနေ့တွေအတွက် အမြဲတမ်းရွေးချယ်ဖြစ်တဲ့ Herd Rock 🍋

ဒီလိုမျိုး မတူညီနဲ့နေ့တွေအတွက် ခံစားချက်ပေါ်မူတည်ပြီး ရေမွှေးရနံ့လေးတွေကိုပြောင်းလဲပြီး ဆွတ်လေ့ရှိတဲ့သူလေးတွေအတွက်ကတော့ SEEK Perfume လေးတွေနဲ့အတူ အမှတ်တရ နေ့ရက်တွေကို ရွှေရောင် 𝐒𝐄𝐄𝐊 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐀𝐥𝐛𝐮𝐦 လေးအဖြစ်နဲ့ ထာဝရရင်ထဲမှာ အမှတ်တရနဲ့ သိမ်းထားကြမယ်လို့ မျှော်လင့်ပါတယ်♥️

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

20/07/2023

𝐒𝐄𝐄𝐊𝐄𝐑 လေးတို့အတွက် နေ့နဲ့ည 🌤️🌙

တနေ့တာကို နေ့နဲ့ညခွဲပြီး
မတူညီတဲ့ 𝐌𝐨𝐨𝐝 မတူညီတဲ့ 𝐅𝐞𝐞𝐥𝐢𝐧𝐠
ကွဲပြားခြားနားတဲ့ 𝐓𝐚𝐬𝐭𝐞 တွေကို ရင်ခုန်လှိုက်မောစွာနဲ့ ခံစားခွင့်ရစေမဲ့ 𝐒𝐄𝐄𝐊 𝐏𝐞𝐫𝐟𝐮𝐦𝐞 လေးများ♥️

မိုးရိပ်သန်းတဲ့ နေရောင်ဖျော့ဖျော့အောက်က အရောင်အသွေးစုံတဲ့ ရနံ့လိပ်ပြာလေး
𝐅𝐚𝐢𝐫𝐲 𝐋𝐚𝐧𝐝 🦋

ချိုမြိန်တဲ့ ကိုယ်သင်းနံ့ပိုင်ရှင်လေးတွေအဖြစ် ဖန်တီးပေးမဲ့ ရနံ့အမျိုးအစားလေးလည်း ဖြစ်ပါတယ်🧚‍♀️

💐 ပထမဆုံး စဆွတ်ဆွတ်ချင်းမှာ ပန်းနံ့၊ strawberry သီးနံ့နဲ့ grapefruit နံ့လေးတွေရောထားတဲ့ ချိုချိုရီရီနံ့လေး

💐middle note အနေနဲ့က စံပယ်နံ့မဆိုစလောက်ကလေးကို violet နံ့လေးနဲ့ မအီအောင်ထိန်းထားပေးပြီး

💐အဆုံးလေးမှာ vanilla နဲ့ mush အနံ့ပြေပြေလေးနဲ့ ဆင်းသွားမယ်။ ချစ်စရာကောင်းပြီးချိုတဲ့အနံ့လေးကနေ အီတဲ့အဆင့်ထိမရောက်အောင် ပါးပါးနပ်နပ်လေး ထိန်းပေးထားလို့ တစ်နေ့လုံး ဆွဲဖက်ထားချင်စရာ နှစ်လိုဖွယ်ရနံ့လေးရနေစေတဲ့ ရနံ့မျိုးလေးဖြစ်ပါတယ် ✨✨

🧚‍♀️ချစ်စရာကောင်းပြီး ငယ်ရွယ်တဲ့ ခံစားချက်လေးနဲ့အတူ ချိုမြိန်ပေမယ့် အရမ်းမအီစိမ့်မသွားပဲ လန်းဆန်းတက်ကြွပြီး သင်းပျံ့မှုတွေနဲ့အတူ

🧚‍♀️အနားကဖြတ်သွားလို့ အနံ့ရလိုက်တိုင်း ဆယ်ကျော်သက်ကောင်မလေးရဲ့ ရင်ခုန်စရာ ချိမြိန်နေတဲ့ အသွင်နဲ့ ချစ်စရာကောင်းနေမှုလေးတွေကို မြင်ယောင်မိစေမယ့် ရနံ့မျိုးလေးပဲဖြစ်ပါတယ် ✨✨✨✨

လွမ်းမောဖွယ် မိုးညလေးကို ပြီးပြည့်စုံစေတဲ့ ဆွဲဆောင်မှု 𝐏𝐮𝐫𝐩𝐥𝐞 𝐍𝐢𝐠𝐡𝐭 🌙

ဆွဲဆောင်မှုရှိလွန်းတဲ့ရနံ့အမျိုးအစားလေးဖြစ်တဲ့အတွက် ၂၀ကျော်အသက်တွေရဲ့ စူးရှရှချစ်ခြင်း /တသိမ့်သိမ့်နဲ့ရင်ထဲထိ တလှမ်းချင်းတိုးလာသလို ရင်ခုန်စေတဲ့ တုန်ခါရီဝေမှု တွေရဲ့ ရနံ့အမျိုးအစားလေးပဲဖြစ်ပါတယ် ♥️

သူက ရိုမန်းတစ်အချစ်ကို ကိုယ်စားပြုတဲ့ ရနံ့လေးလို့လည်း ထပ်ပြီးတင်စားထားရတဲ့အပြင်🤭

🥀 ပထမဆုံးအနေနဲ့ ဆွတ်ဆွတ်ချင်း သစ်တော်သီးလိုအနံ့ချိုချိုလေးကိုမှ သံပုရာနံ့ကြည်ကြည်လေး ရောထားတဲ့ ရနံ့လေး
🥀 ပြီးရင်တော့ နှင်းဆီနံ့လေးနဲ့ စံပယ်နံ့မဆိုစလောက်လေး စပ်ထားတဲ့ အိပ်မက်ဆန်တဲ့ရနံ့လေး
🥀 နောက်ဆုံးမှာ white mush အနံ့လေးနဲ့ ပြေပြေလေး ဆင်းသွားပြီး အချစ်စိတ်ကိုနှိုးဆွပေးတဲ့ ရနံ့မျိုးလေးအဖြစ်ဖန်တီးထားတာကြောင့် တည်ငြိမ်ပြီ ဆွဲဆောင်နိုင်လွန်းတဲ့ ရနံ့အမျိုးအစားလေးပဲဖြစ်ပါတယ် 🌙

SEEK Perfume လေးတွေရဲ့ လစဉ် Best Seller စရင်းဝင်တဲ့ 𝐏𝐮𝐫𝐩𝐥𝐞 𝐍𝐢𝐠𝐡𝐭 လေးမို့ လူကြိုက်များမများကတော့ ထွေထူးပြောပြစရာမလိုတော့ပါဘူးနော် 🤫♥️

Seeker လေးတွေရဲ့ အပြီးပြည့်စုံဆုံး နေ့နဲ့ည ဖြစ်ဖို့ Seek Perfume လေးတွေက တာဝန်ယူဖန်တီးပေးပါရစေရှင် 🦋

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

11/07/2023

Coffee Date မှာ ရနံ့တွေကပြောပြတဲ့ လူတွေအကြောင်း☕️✨

🍀ကိုယ်ဟာ ဘယ်လိုလူမျိုးပါ
🍀ကိုယ်ရဲ့စိတ်ခံစားချက်တွေဟာ ဘယ်လိုအနေအထားရှိနေတက်ပါတယ်
🍀 နီးစပ်ဖို့ကြိုးစားနေတဲ့သူတစ်ဦးအပေါ်
တံခါးဖွင့်ထားသူလား (သို့ ) ခပ်လှမ်းလှမ်းကနေပဲ အကဲခတ်ချင်နေသေးတဲ့စိတ်ရှိတဲ့သူလား …..

ဒီလိုမျိုး အနုစိတ်ခံစားချက်တွေကို နှုတ်ကဖွင့်ပြောစရာမလိုပဲ သွယ်ဝိုက်သောနည်းနဲ့ ဖွင့်ဟနိုင်တဲ့ တစ်ခုတည်းသောအရာဟာ ရေမွှေးရနံ့လေးတွေပဲဖြစ်ပါတယ် ♥️

လူအကဲခက်လွယ်ပြီး ရနံ့တွေအပေါ်မှာ ပျော်ဝင်စီးမြောလွယ်သူတွေအတွက်မခက်ခဲတဲ့ အကဲခတ်နည်းလေးဆိုပေမဲ့ မှန်းဆဖို့ခက်ခဲနေတဲ့သူလေးအတွက်ဆိုရင်တော့ လွယ်ကူတဲ့ Tips လေးပေးပါရစေ 🤫

☕️Date ထားတဲ့သူရဲ့ ဆွတ်လာတဲ့ရေမွှေးရနံ့လေးက ချိုချိုမွှေးမွှေးလေးနဲ့ ရင်ခုန်စေမဲ့ရနံ့မျိုးလေးဖြစ်လား/ ပေါ့ပေါ့ပါးပါး Fresh ဖြစ်နေတာလား / ဆွဲဆောင််မှုရှိတဲ့ ရနံ့မျိုးလား

☕️ရွေးချယ်ဝတ်ဆင်လာတဲ့ အရောင်အနုလေးတွေလား အရင့်တွေလား

☕️ စကားပြောတဲ့အခါမှာရော ပြောလိုက်တဲ့အကြောင်းအရာတွေအပေါ်မှာ တသားထဲဖြစ်နေလား ဒါမှမဟုတ် Coffee date လေးကိုအဆုံးသတ်ဖို့ စိတ်လောနေတဲ့အပြုအမူရှိနေလား ….

ဝေခွဲမရဖြစ်နေတဲ့သူလေးတွေအတွက်တော့ ဒီလိုအပြုအမူသေးသေးလေးတွေကနေပြီး ခန့်မှန်းကြည့်ရင်းနဲ့ ရှေ့ဆက်ရမဲ့သူလား နောက်ဆူတ်ပေးရမဲ့သူလားမှန်းဆနိုင်မှာပဲဖြစ်ပါတယ် ♥️

ဒီထက်သိချင်သေးရင်တော့ Page Messenger လေးကိုကြွခဲ့ပါရှင် 🤫♥️

မိုးတွင်းဆိုတော့ မင်မင့် အသဲ Seeker လေးတွေက Coffee Date လေးတွေ ခပ်စိတ်စိတ်ထွက်ဖြစ်နေတော့မယ်ဆိုတာမြင်ယောင်နေပြီ ♥️👩‍❤️‍👨

ရင်ခုန်စရာ Coffee Date လှလှလေးမှာ ဘာရေမွှေးလေးဆွတ်သွားရမလဲ ဝေဝါးနေပြီဆိုရင် Page Messenger လေးမှာ “မင်မင်ရေ …” လို့သာလှမ်းခေါ်လိုက်တော့နော် 😚

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

07/07/2023

ရေမွှေးမဆွတ်ပဲ အပြင်မထွက်ချင်ဘူး 🤷‍♀️
𝐒𝐄𝐄𝐊 𝐏𝐞𝐫𝐟𝐮𝐦𝐞 မပါပဲ အိမ်ထဲကမထွက်ချင်ဘူး

အထူးသဖြင့် မိုးရေစိုစိစိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိုထိုင်းထိုင်းအနံ့တွေလွှမ်းခြုံနေတဲ့ ဒီလိုမိုးတွင်းကာလမှာ ရေမွှေးမဆွတ်မိပဲ မေ့ပြီးအပြင်ထွက်လာမိတဲ့နေ့ဟာ ပြက္ခဒိန်ရဲ့ ပြဿဒါးနေ့တနေ့ပါပဲ 🗓️

အောက်သိုးသိုးအနံ့တွေ မှိုနံ့တွေအားလုံးကို ကျော်လွန်ပြီး သစ်လွင်တောက်ပတဲ့ မိုးနေ့တနေ့အဖြစ်ဖန်တီးနိုင်ဖို့ဆိုရင် 𝐒𝐄𝐄𝐊 𝐏𝐞𝐫𝐟𝐮𝐦𝐞 လေးတွေက မရှိမဖြစ်ပါပဲနော် 🍀

𝟑𝟎 𝐌𝐥 size အကြီးအပြင် ခုလိုရာသီအတွက် အိတ်ထဲမှာဆောင်သွားလို့ရတဲ့ 𝟏𝟎 𝐌𝐥 size လေးတွေလည်းရှိတာမို့လို့ ပိုက်ဆံအိတ်ထဲမှာသွားလေရာ ပေါ့ပေါ့ပါးပါးသယ်သွားနိုင်လို့ အရမ်းအဆင်ပြေတာပေါ့ ✨💐

ပျော်ရွှင်တက်ကြွလန်းဆန်းတဲ့ စိတ်ခံစားချက်တွေရှိချင်တဲ့ နေ့အတွက် 𝐇𝐞𝐫𝐝 𝐑𝐨𝐜𝐤 🍋

နေ့နဲ့ညတွေကို ဆွဲဆောင်မှုရှိရှိနဲ့ Confidence ရှိရှိ ကျော်ဖြတ်ချင်တဲ့နေ့အတွက် 𝐏𝐮𝐫𝐩𝐥𝐞 𝐍𝐢𝐠𝐡𝐭 💜

ချစ်စရာအသွင်နဲ့ မိန်းကလေးဆန်ဆန် ရင်ခုန်နှုန်းတွေ ပိုချင်တဲ့နေ့အတွက် 𝐅𝐚𝐢𝐫𝐲 𝐋𝐚𝐧𝐝 🧚‍♀️

တည်ငြိမ်သိမ်မွေ့တဲ့ အလှတရားတွေနဲ့အတူ အေးချမ်းငြိမ့်ညောင်းတဲ့ ခံစားချက်တွေပေါ်လွင်စေချင်တဲ့နေ့အတွက် 𝐒𝐰𝐢𝐟𝐭 𝐋𝐨𝐯𝐞🦋

မိန်းမသားဆန်သော ကျော့ရှင်းသောအလှတွေနဲ့အတူ ငြိမ့်ငြိမ့်​လေးတသိမ့်သိမ့်နဲ့ ခံစားချက်တွေကို လှုပ်နှိုးချင်တဲ့နေ့အတွက် 𝐌𝐢𝐧𝐢’𝐬 𝐋𝐨𝐯𝐞 🥀

Seeker လေးတို့ရေ အုံ့မှိုင်းမှိုင်းမိုးနေ့တွေကို ဘယ်လိုခံစားချက် ဘယ်လိုအကောင်းဆုံးရနံ့လေးတွေနဲ့အတူ ကျော်ဖြတ်ချင်လည်းဆိုတာကို ကိုယ်တိုင်ပဲ ရွေးချယ်ပြီးဆုံးဖြတ်လိုက်တော့နော်🤫♥️

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

16/06/2023

နှင်းဆီပန်းလေးတွေကို မြတ်နိုးသူ အမျိုးသမီးလေးတွေရဲ့ နှလုံးသားလေး 𝐌𝐢𝐧𝐢’𝐬 𝐋𝐨𝐯𝐞 🥀

နွေးထွေးကြည်လင်တဲ့ ချစ်ခြင်းမေတ္တာ တည်ငြိမ်အေးချမ်းတဲ့ အလှတရားတွေနဲ့ အလိုက်ဖက်ဆုံး ရနံ့ဟာ နှင်းဆီရနံ့လေးတွေပဲပေါ့ 🌹

၅၂၈ အတွက်လား ၁၅၀၀ ရဲ့ချစ်ခြင်း မေတ္တာအတွက်လား♥️

ချစ်ခြင်းမေတ္တာရဲ့ အသွင်အားလုံးအတွက် အေးချမ်းတဲ့ မေတ္တာတွေညွှန်းဆိုန်ိုင်လွန်းတဲ့ ရနံ့အမျိုးအစားလေးပဲဖြစ်ပါတယ် ✨

နှင်းဆီပန်းလေးတွေကိုချစ်ပြီး နှင်းဆီရနံ့ကိုမြတ်နိုးတဲ့ အမျိုးသမီးတွေအတွက် အဓိက ဖန်တီးထားတာကြောင့် မိန်းမသားဆန်ပြီးကျော့ရှင်းနေစေဖို့အတွက်

🥀နွေးထွေးတဲ့ ခံစားချက်မျိုးရမယ့် Turkist Rose ရနံ့ 🦋

🥀လန်းဆန်း အေးမြစေတဲ့ နှင်းဆီဝါရဲ့ ကြည်လဲ့တဲ့ ရနံ့သင်းသင်းလေး 🦋

🥀ချိုမြပြီး တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဆောင်စေတဲ့ Damask Rose ရဲ့ ညို့အားပြင်းပြီး Romantic ဆန်တဲ့ ရနံ့ 🦋

🥀နောက်ဆုံးမှာ Vanilla နဲ့ Amber ရနံ့ချိုချိုလေးတွေနဲ့ အနံ့ပြယ်သွားမှာမို့ ကိုယ့်ပင်ကိုယ် ကိုယ်သင်းရနံ့လေးလိုပဲ အနံ့သင်းသင်းချိုချိုလေး ကျန်ခဲ့မှာပဲဖြစ်ပါတယ် 🦋

အမျိုးသမီးလေးတွေရဲ့ ရင်မှာမငြင်းနိုင်အောင်တွယ်ငြိမိတဲ့ ရနံ့လေးကိုပြပါဆိုရင် နှင်းဆီရနံ့လေးတွေဟာထိပ်ဆုံးကပါဝင်နေတာကြောင့် ရနံ့တွေကြားဘာရွေးချယ်ရမလဲခေါင်းခဲနေရင် 𝐌𝐢𝐧𝐢’𝐬 𝐋𝐨𝐯𝐞 လေးကိုသာ ရွေးချယ်လိုက်ပါ 💞

အချစ်များစွာနဲ့...
SEEK PERFUME

💸 30ml - 30,000 ks 💸
💸 10ml - 10,000 ks 💸

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bo Yar Nyunt Street
Dagon
11191