Chan Myae Won Online Clinic

Chan Myae Won Online Clinic

Share

အထွေထွေရောဂါကုဆေးခန်း
(ကျန်းမာကောင်းမွန်ချင်ရင် ချမ်းမြေ့ဝန်းမှာတိုင်ပင်ပါ)

16/03/2026

လိုတဲ့ဆေးများ အိမ်အ​ရောက်ပို့ပေးပါတယ်

09447724773

Photos from Chan Myae Won Online Clinic's post 11/03/2026

ဆေးလေးတွေ အိမ်အရောက်ပို့ပေးပါတယ်

09447724773

09/03/2026

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများ
(Private Hospitals)
လိုအပ်သူများအတွက်

ဆာကူရာဆေးရုံ (Sakura Hospital)
အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ ပန်းလှိုင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်။
ဖုန်း - ၅၁၂၆၆၈ ၊ ၅၁၂၆၆၉၊ ၅၁၀၀၇၉

ပါရမီဆေးရုံ (Parami Hospital)
အမှတ် (၆၀/ဂျီ/၁)၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမှတ်တိုင်အနီး၊
(၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၅၇၂၂၇ ၊ ၆၅၁၆၇၄ ၊ ၆၆၀၀၈၃

ပင်လုံဆေးရုံ (Pin Lon Hospital)
အမှတ် (၉/၁)၊ ဆရာစံလမ်း၊ (၂၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ +959777779003
ဖုန်း - ၇၀၃၃၀၁ ၊ ၅၈၁၃၂၉ ၊ ၅၈၁၆၁၆ ၊ ၅၈၃၀၈၉ ၊ ၈၀၁၀၀၄၅ ၊ ၈၀၁၀၉၀၈.

ပန်းလှိုင်ဆေးရုံ (Pun Hlaing Hospital)
ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်။
+959772889922
ဖုန်း - ၆၈၄၃၂၃ ၊ ၀၉-၄၂၁၀၄၂၆၇၉

ဗဟိုစည်ဆေးရုံ (Bahosi Hospital)
တိုက် (ဘီ ၁/၂/၅/၆ ၊ ဘီ ၃၁/၃၆)၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဝါးတန်းလမ်းထောင့်၊
ဗဟိုစည်အိမ်ရာ၊ (၁၀) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၁၂၉၃၂ ၊ ၂၂၇၂၂၆ ၊ ၂၃၀၀၆၃၁။

အကယ်ဒမီဆေးရုံ (Academy Hospital)
အမှတ် (၃၃၅)၊ အောက်ကြည့်မြင်တိုင်လမ်း၊
ဌာနာရပ်ကွက်၊ အလုံမြို့နယ်။ +9518212890.
ဖုန်း - ၈၂၁၂၈၉၀ ၊ ၂၁၂၈၈၆ ၊ ၂၁၂၈၈၇ ၊ ၂၁၂၈၈၉ ၊ ၂၂၉၇၄၆

အရှေ့အနောက်ပါရမီဆေးရုံ (East West Parami Hospital)
အမှတ် (၆၃၄/၆၃၅)၊ ခါတော်မီလမ်း၊
(၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
ဖုန်း - ၅၈၄၀၅၄ ၊ ၅၈၀၀၈၄ - ၁၀၀/၂၀၀ ၊ ၈၀၁၀၄၇၈

အာရှတော်၀င်ဆေးရုံ (Asian Royal General Hospital)
အမှတ် (၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်။
ဖုန်း - ၅၃၈၀၅၅ ၊ ၅၀၃၂၆၁ ၊ ၅၃၆၈၀၂၊ ၂၃၀၄၉၉၉။

အိုအက်စ်စီဆေးရုံ (Okkala Specialist Clinic)
အမှတ် (၁၃၇)၊ သုဓမ္မာလမ်း၊ ဘုန်းကြီးလမ်းမှတ်တိုင်၊
(၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။+9514706622.
ဖုန်း - ၆၅၃၂၀၇ ၊ ၆၅၂၀၄၃ ၊ ၆၅၆၁၇၆၊

ဂရင်းခရော့(စ်)ဆေးရုံ Green Cross Hospital (Maw Tin Hospital))
အမှတ် (၁၀၁)၊ လမ်းသစ်လမ်း၊ (၁၁) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၃၀၀၅၅၁ ၊ ၂၃၀၀၆၅၂ ၊ ၂၃၀၀၆၅၃

တက်လမ်းဆေးရုံ (Tet Lann Hospital)
အမှတ် (၆၁)၊ သံသုမာလမ်း၊ မင်းရဲကျော်စွာလမ်းထောင့်၊
(၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။+959407897774.
ဖုန်း - ၅၆၄၅၈၅ ၊ ၀၉-၅၁၅၄၆၆၄

ထွန်းဖောင်ဒေးရှင်းဆေးရုံ (Tun Foundation Hospital)
အမှတ် (၁၄)၊ ကျန်စစ်သားလမ်း၊ (၈) ရပ်ကွက်၊
လှိုင်သာယာမြို့နယ်။
ဖုန်း - ၆၄၅၁၀၀ ၊ ၆၄၅၂၀၀ ၊ ၆၄၅၃၀၀

ဒဂုံဆိပ်ကမ်းဆေးရုံ (Dagon Seikkan Hospital)
၁၆၈၊ ကနောင်မင်းသားကြီးလမ်း၊ ၈၇ ရပ်ကွက်၊
ဒဂုံဆိပ်ကမ်းမြို့နယ်။
ဖုန်း - ၅၉၂၂၃၁ ၊ ၀၉-၇၃၀၇၄၀၀၆

နှင်းဆီကုန်းဆေးရုံ (Rose Hill ENT & General Hospital)
အမှတ် (၂၀/အေ)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။+951552547.
ဖုန်း - ၅၅၈၄၅၉

မဟာမြိုင်ဆေးရုံ (Mahar Myaing Medicare Centre)
အမှတ် (၃၀၈)၊ ပြည်လမ်း၊ မြေနုလမ်းထောင့်၊ မဟာမြိုင်မှတ်တိုင်အနီး၊ စမ်းချောင်းမြို့နယ်
ဖုန်း - ၅၀၄၉၂၇ ၊ ၅၀၃၈၂၅

မူဆလင်အခမဲ့ဆေးရုံ (Muslim Free Hospital & Medical Relief Society)
အမှတ် (၁၉၆/၂၀၀)၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အနော်ရထာလမ်းနှင့်မဟာဗန္ဓုလလမ်းကြား၊
အလယ်ဘလောက်၊ (၂) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်။
ဖုန်း - ၃၇၆၆၄၈

မိုးမေတ္တာဆေးရုံ (Moe Myittar Hospital)
အမှတ် (၃၀)၊ အောင်မြေသာစည်လမ်း၊ (၁) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၃၅၆၄ ၊ ၅၂၃၅၆၈

မေတ္တာဦးဆေးရုံ (Myittar Oo (MTO) Hospital)
အမှတ် (၄၉၉)၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၅၄၉၆

မြင့်မြတ်တော်၀င်ဆေးရုံ (Myint Myat Taw Win Hospital)
အမှတ် (၅၀၇)၊ ပြည်လမ်း၊ ပြည်ရိပ်သာလမ်းထောင့်၊ စိန်ရတုခန်းမရှေ့၊
(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၂၅၄၉၆

ရွှေဂုံတိုင်(အက်စ်အက်စ်စီ)ဆေးရုံ (Shwe Gon Dine Specialist Centre (SSC))
အမှတ် (၇)၊ ရွှေဂုံတိုင်လမ်း၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၄၄၁၂၈ ၊ ၅၄၄၁၁၆ ၊ ၅၄၁၄၅၇ ၊ ၅၄၁၁၈၇ ၊ ၈၆၀၃၆၁၈ ~ ၈၆၀၃၆၂၅

ရွှေဂုံတိုင်(အက်စ်အက်စ်စီ)(အမျိုးသမီးဆေးရုံ) (Shwe Gon Dine Specialist Centre (SSC) (Women's Center))
အမှတ် (၇)၊ ရွှေဂုံတိုင်လမ်း၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၄၃၂၇၈ ၊ ၅၅၄၄၁၂ ၊ ၅၅၄၄၁၃

ရွှေဗဟိုဆေးရုံ (Shwe Baho Hospital)
အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာရိပ်မွန်အိမ်ရာ၊
နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။+959263683904.
ဖုန်း - ၅၄၄၀၉၀ ၊ ၅၄၅၈၅၁ ၊ ၅၄၈၃၆၇

ရွှေလမင်းဆေးရုံ (Shwe La Min Hospital)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။ +9512301948.
ဖုန်း - ၆၅၆၂၀၃ ၊ ၆၅၆၂၀၄ ၊ ၆၅၆၂၀၅ ၊ ၀၉-၅၄၀၁၃၃၁

ဝိတိုရိယဆေးရုံ (Victoria General Hospital)
အမှတ် (၆၈)၊ တော်၀င်လမ်း၊ (၉) မိုင်၊
(၄) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၆၆၁၄၁ ၊ ၆၆၆၁၂၆

သုခကမ္ဘာဆေးရုံ (Thukha Kabar Hospital)
အမှတ် (၆၁၅/E)၊ မာလာမှတ်တိုင်အနီး၊ ပြည်လမ်း၊ (၂) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၅၀၀၁၀၀ ၊ ၅၀၅၂၀၀ ၊ ၅၃၆၅၀၀ ၊ ၅၂၆၃၂၉

သီရိစန္ဒာဆေးရုံ (Thiri Sandar Hospital)
အမှတ် (၁၃၀)၊ သာယာကုန်းလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။ +9513647311.
ဖုန်း - ၆၄၀၂၆၂ ၊ ၆၄၀၂၅၉ ၊ ၆၄၃၆၉၁

သုခ၀တီဆေးရုံ (Thukha Waddy Hospital)
၃ လွှာ၊ လမ်းမတော်လမ်းနှင့်ကမ်းနားလမ်းထောင့်၊
(၇) ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
ဖုန်း - ၂၂၄၂၄၅ ၊ ၂၁၄၂၈၂ ၊ ၀၉-၅၁၆၅၈၈၀

သျှင်ပါကူဆေးရုံ (Shin Pa Ku Hospital)
အမှတ် (၇၁/၇၃)၊ ဗညားဒလလမ်းနှင့်ဖိုးစိန်လမ်းထောင့်၊
ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်။ +951209368.
ဖုန်း - ၅၄၉၈၂၀ ၊ ၅၄၈၇၇၉ ၊ ၅၄၉၇၆၈ ၊ ၅၅၇၄၄၄

အောင်ရတနာဆေးရုံ (Aung Yadanar Hospital)
အမှတ် (၅/၂၄)၊ သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ (၁၆/၂) ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။ +9513551355.
ဖုန်း - ၅၆၁၈၇၈ ၊ ၅၇၃၆၃၁ ၊ ၅၇၃၆၃၂

ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းဆေးရုံ (Hla Tun (U) Cancer Foundation Hospital)
အမှတ် (၂) လမ်းမကြီး၊ ဦးထွန်းမြတ်မှတ်တိုင်၊ ရွာသာကြီးရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။
ဖုန်း - ၇၂၁၇၁၅ ၊ ၅၈၅၁၃၄ ၊ ၅၅၄၃၅၁ ၊ ၅၄၁၄၉၅

SML Caring Haemodialysis Centre
တိုက် (S/19)၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊
တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
ဖုန်း - ၅၅၄၀၂၄

SML Medical & Diagnostic Center
အမှတ်(၀၀၃/၀၀၄)၊ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း။
ဖုန်း +95 9780162447

ပြည်တော်ဦးဆေးရုံ
အမှတ် (၁၂၆/အေ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်။
ဖုန်း - ၅၂၄၈၅၁

Guru Nanak Hospital
အမှတ် (၂၆၆)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုန်း - ၂၉၄၀၈၆

ပါရဂူဆေးရုံ(Paragu Hospital)
အမှတ်(၁၄၀/၁၄၄)၊ အနော်ရထာလမ်း(၄၈-လမ်းထောင့်)
ဗိုလ်တထောင်မြို့နယ်။
ဖုန်း - 294616, 294252, 294293, 293680,
09897058233, 09897058244

ရွှေပါရမီအထွေထွေရောဂါကုဆေးခန်း
M-3၊ မေခအိမ်ရာ၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။
ဖုန်း - ၅၆၁၉၀၂

မြတ်မွန်ရတနာအထူးကုဆေးခန်း
အမှတ် (၃၅၇)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုန်း - ၃၈၃၈၁၈ ၊ ၀၉-၄၂၀၁၀၅၄၂

အာယုဆေးရုံ (Ar Yu International Hospital)
(အမှတ် ၄၀၀)၊ ကျိုက်က္ကဆံလမ်း၊ တာမွေမြို့နယ်။
ဖုန်း- 01 9376200

ကိုယ်တိုင်လိုအပ်ပါကကြည့်ရန်
မူရင်းတင်သူကို Credit ပေးပါသည်။

18/02/2026

-မနေ့က KTV/ Club တခုမှာ Happy Water တွေ အလွန်အကျွံ သုံးစွဲပြီးတော့ အသက်ဆုံးပါးသွားတဲ့ အမျိုးသမီးရဲ့ video file တစ်ခုကြည့်လိုက်ရပါတယ်။ သနားဖို့လည်းကောင်းသလို ကြောက်စရာလည်းကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်မတိုင်မီ ဆုံးပါးသွားတဲ့ အသက်တချောင်းအတွက် နှမြောစရာပါပဲ။

အခုတလော လူငယ်တွေကြားမှာ၊ အထူးသဖြင့် Club တွေ၊ KTV တွေနဲ့ Private ပါတီတွေမှာ "Happy Water" ဆိုတဲ့ အရာတစ်ခု အရမ်းခေတ်စားနေပါတယ်။ နာမည်လေး ကြားလိုက်ရင်တော့ ပျော်စရာကောင်းမယ့် အချိုရည်လေးလို့ ထင်စရာပါ။

ဒါပေမယ့် ဆေးပညာအရ ပြောရရင်တော့ အဲဒါဟာ "သေမင်းဆီ အမြန်ပို့ပေးမယ့် ဓာတုအဆိပ်ပေါင်းချုပ်" ပါပဲ။

⚠️ Happy Water ဆိုတာ တကယ်တော့ ဘာလဲ? အပြင်ပန်းကြည့်ရင် ကော်ဖီမစ်ထုပ်၊ အချိုရည်မှုန့်ထုပ်လေးတွေနဲ့ တူပါတယ်။ ရေ (သို့) အရက်ထဲ ဖျော်သောက်ရပါတယ်။

ဒါပေမယ့် အဲဒီအမှုန့်တွေထဲမှာ
၁။ Ice (မက်သမ်ဖီတမင်း) - နှလုံးခုန် အရမ်းမြန်စေတဲ့ဆေး
၂။ Ecstasy (MDMA/ဆေးပြား) - စိတ်ကြွဆေး
၃။ Ketamine (K ဆေး) - မေ့ဆေး/ထုံဆေး (ဦးနှောက်ကို ထိုင်းမှိုင်းစေတယ်)
၄။ အိပ်ဆေး (Diazepam/Tramadol) လိုမျိုးမူးယစ်ဆေးတွေကို ရောစပ်ထားလေ့ရှိကြပါတယ်။

🛑 ဒီ Happy Water တွေကိုသောက်လိုက်မယ်ဆိုရင် လူကတက်ကြွလန်းဆန်းနေပြီး ဖွင့်ထားတဲ့ဂီတသံစဉ်တွေကြားမှာ မမောမပန်းဘဲ ကခုန်၊ ပျော်ရွှင်နေနိုင်တယ် (ကောင်းကောင်းကဲလို့ရတယ်ပေါ့)။ ဒါပေမယ့် နောက်နေ့ မနက်မှာတော့ လူကနုံးချိပြီး အားမရှိ၊ တကိုယ်လုံးကိုက်ခဲနာကျင်ပြီး ကျန်နေခဲ့မှာပါ။

ဒါ့အပြင် ဒီ Happy Water ကို အလွန်အကျွံ သုံးစွဲလိုက်မယ်ဆိုရင်

* ဦးနှောက်နဲ့ နှလုံးက ဘာလုပ်ရမှန်းမသိဘဲ ကမောက်ကမ ဖြစ်သွားပါတယ်။

* နှလုံးခုန် အရမ်းမြန်လာပြီး သွေးပေါင်တွေ တက်လာမယ်။ တစ်ချိန်တည်းမှာပဲ အသက်ရှူစနစ်က ရပ်တန့်သွားနိုင်ပါတယ်။

* အချိုရည်နဲ့ ရောသောက်ရတာဖြစ်လို့ ကိုယ်ဘယ်လောက်သောက်မိမှန်း မသိဘဲ ပမာဏလွန် (Overdose) ဖြစ်ပြီး ချက်ချင်း အကြောဆွဲ၊ အမြှုပ်ထကာ နှလုံးရပ် သေဆုံးနိုင်ပါတယ်။

✅ လူငယ်တွေနဲ့ မိဘတွေကို ဆရာဝန် အကြံပြုချက်
* ပါတီတွေ၊ KTV တွေမှာ သူစိမ်းပေးတဲ့ အချိုရည်၊ ဖန်ခွက်ထဲ ရောက်ပြီးသား အချိုရည်တွေကို လုံးဝ (လုံးဝ) မသောက်ပါနဲ့။
* ခွက်ကို ပစ်ထားခဲ့ပြီး အိမ်သာသွားတာမျိုး မလုပ်ပါနဲ့။ (အလွယ်တကူ ခိုးထည့်ခံရနိုင်လို့ပါ)။
* မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးဆီမှာ မသင်္ကာစရာ အချိုရည်မှုန့်ထုပ်လေးတွေ၊ တံဆိပ်မပါတဲ့ ကော်ဖီမစ်ထုပ်လေးတွေ တွေ့ရင် သတိထား စောင့်ကြည့်ပါ။

Happy Water သောက်ပြီး တကယ့်လက်တွေ့မှာ Happy မဖြစ်သွားပါဘူး။ မိသားစုတွေ ငိုကြွေးရပြီး ဘဝတွေ ပျက်သွားတတ်ပါတယ်။

ကိုယ့်သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေ ဒီအန္တရာယ်ကနေ ကင်းဝေးအောင် ဒီ Post လေးကို အခုပဲ Share ပြီး သတိပေးလိုက်ပါဦး။ 👇

ဒေါက်တာရဲ (ကျန်းမာရေး)

25/11/2025
25/11/2025

သတိပြုဖွယ်ရာ

14/10/2025

#ဂေါက်ရောဂါ

✍🏻ဂေါက်ရောဂါဆိုတာ သွေးတွင်းယူရစ်အက်စစ်များပြီး များလာတဲ့ ယူရစ်အက်စစ်တွေဟာ အရိုး
အဆစ်တွေမှာ သွားစုပုံ ပြီး အဆစ်​ရောင်စေပါတယ်။

👉ရောင်တဲ့အဆစ်မှာ ရုတ်တရက် အရမ်းနာမယ်၊ အပေါ်အရေပြားနီလာမယ်၊ စမ်းကြည့်ရင်လဲ တအားနာမယ်။

👉အဖြစ်များတဲ့ အဆစ်တွေကတော့ ခြေမမှာ
အဖြစ်များပြီး ခြေချင်းဝတ် နဲ့ လက်ကောက်ဝတ်တွေမှာ လဲ ဖြစ်တတ်ပါတယ်။

ဖြစ်တဲ့ အဆစ်တွေက အရမ်းနာရင် အလုပ်လုပ်ရခက်တာဖြစ်ပါမယ်။

❓ဒါဆို ယူရစ်အက်ဆစ်တွေက ဘယ်ကနေ ရောက်လာတာလဲ။

✳️
-ခန္ဓာကိုယ်က ဆဲလ်တွေကနေ ထွက်ပါတယ်။နောက်ပြီး အစားအသောက်တွေထဲမှာ တက်စေတဲ့ အစာတွေဟာ ၊အသား (အဓိကက Red meat တွေဖြစ်တဲ့ ခြေလေးချောင်းသား) ၊ ပင်လယ်စာ၊အရက် ၊ဘီယာ တွေလဲပါပါတယ်။

-သောက်ဆေးထဲမှာ တချို့သော သွေးပေါင်ကျဆေး၊ဆီးဆေး တွေကလဲ တက်စေနိုင်ပါတယ်။

-ကျောက်ကပ် ကနေ ခန္ဓာကိုယ်ပြင်ပ ကို ယူရစ်အက်ဆစ် မစွန့်ထုတ်နိုင်ရင်လဲ များလာပါတယ်။

-အမျိုးသမီးတွေမှာ ယူရစ်အက်ဆစ် တက်နိုင်ခြေက
အမျိုးသားများထက်နည်းပါတယ်။အမျိုးသမီးတွေကတော့ ရာသီသွေးဆုံး သွားတဲ့အချိန်မှာ မှ ဖြစ်နိုင်ခြေများလာပါတယ်။

❓ဘာတွေစစ်ဆေးနိုင်သလဲ။

1. Blood uric acid- သွေးဖောက်ကြည့်ပြီး များ မများစစ်ဆေးတာပါ။
2. Joint X-ray -ရောင်နေတဲ့ အဆစ်ကို ဓါတ်မှန်ရိုက်ရတာပါ။

❓ဘယ်လိုတွေကုသလို့ရမလဲ။

-နာတာသက်သာအောင် NSAID ၊ corticosteroids အနာသက်သာတဲ့ဆေးတွေ တိုက်ရ၊ ထိုးရပါတယ်။

-နောက်တဆင့်က ယူရစ်အက်ဆစ်ကျအောင် သောက်ဆေးတွေဆက်သောက်ကြရပါတယ်။

❓ဘာတွေရှောင်ရပါမလဲ။

-အစားအစာထဲမှာ ခြေလေးချောင်းသား၊ ပင်လယ်စာ၊ အရက် ၊ဘီယာတွေ ရှောင်ဖို့လိုပါတယ်။

-သောက်နေကျဆေးတွေကတော့ အရေးကြီးဆေးတွေဖြစ်တဲ့ နှလုံးဆေး၊ သွေးပေါင်ကျဆေး စတာတွေဟာ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပြီးမှ လျှော့တာ၊ ပြောင်းတာလုပ်ရပါမယ်။

မေတ္တာဖြင့်

Dr. Thet Naung Soe
Reference: Mayoclinic

01/10/2025

ပန်ကာသမားတွေ ဂရုစိုက်ကြပါ

27/09/2025

#လူနာကဆရာဝန်အားမေးသည်။

"ဆရာကလူနာတွေဖျားရင် ဆေးထိုးပေးတယ်...
ဆရာကိုယ်တိုင်ဖျားရင်ကျတော့ ဘယ်သူကဆေးထိုးပေးလဲ"

ဆရာဝန်က ပြန်ဖြေသည်။

"ရူးနေလို့ ဆေးထိုးခံရမှာလား...
ကျွန်တော်က ဆေးပဲသောက်တာ"

"ဗျာ"

ဘာသာပြန်ဆေးလောကဟာသများ (၂၅)

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ပတ္တမြားလမ်းမကြီး
Dagon
11411