Cho Htet - Lifestyle

Cho Htet - Lifestyle

Share

🤎 Quality 100%ကောင်းမွန်သောပစ္စည်းသာရောင်းချသည်🤎

25/12/2025

ကဲ ရွှေညာမြေလာပီ👩‍🍼

ဘေးလေးကိုကပ်….

#သားအိမ်အားကောင်းယို #ကလေးရလွယ်ဆေး #ရွှေညာမြေ

18/12/2025

ရွှေညာမြေနဲ့မှ ကျားကျားအချစ်တွေအပိုင်သိမ်းခံရပီတဲ့…🫣 #ရွှေညာမြ #သားအိမ်အားကောင်းယို #ကလေးရလွယ်ဆေး #

10/10/2023

❗ ဝမ်းချုပ်လို့ အညာမြေချက်ဆေး စားတာ
8️⃣ဘူးအကုန်မှာ Bပိုး ပျောက်သွားပြီတဲ့ရှင်.....

✨ ထုတ်လုပ်မှုကာလ 2️⃣နှစ်အတွင်းမှာ
အမာခံကာကာတွေရဲ့ Review တွေကြောင့်

✨ ရေရှည်ရပ်တည်နိူင်ခဲ့တာပါ

✨ Quality မကောင်းရင်ဘယ်သူမှထပ်ခါထပ်ခါမဝယ်
ဘူးနော်......

ူးမှ8500ကျပ်သာ
#ပင်ရင်းတိုက်ရိုက်မို့လတ်ဆတ်မှုအာမခံပါတယ်

#လူသုံးကုန်နှင့်စားသောက်ကုန်လုပ်ငန်း
#အညာမြေချက်ဆေး

07/09/2023

ထုတ်လုပ်မှုကာလ 2️⃣နှစ်အတွင်းမှာ

အညာမြေ ရောင်းအားမကျဘဲ

ပိုပိုတိုးလာတာ ခုလို အမာခံကာကာတွေကြောင့်ပါ💥

သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားပြီးဆိုးကျိုးမရှိတဲ့အပြင်

စားဝင်အိပ်ပျော်ဝမ်းမှန်ပြီး အပူအပုပ်ကင်းစင်တဲ့အပြင်

သွေးသားကို သန့်ပေးလို့ ကလေးရလွယ်စေပါတယ် 🤰


#လျှားစောင်းလက်ပတ်ချက်ဆေး
#လူသုံးကုန်နှင့်စားသောက်ကုန်လုပ်ငန်း
#လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

06/06/2023

မိန်းမကိုယ် ယားနေတာ ဘာကြောင့်များလဲ🤔

ယားတဲ့ဝေဒနာဆိုတာ ဘယ်နေရာမှာပဲပေါ်ပေါ် အတော်လေးစိတ်ကသိကအောက်ဖြစ်စရာ ကိစ္စတစ်ခုပါ။ အထူးသဖြင့် လူသိမခံချင်တဲ့အစိတ်အပိုင်းတွေမှာ ယားယံရင်တော့ဖြင့် ပိုလို့တောင် စိတ်ညစ်ရနိုင်ပါသေးတယ်။ လက်တို့၊ ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့ နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး စိတ်လိုက်မာန်ပါ ကုတ်ဖဲ့လို့ကလည်းမဖြစ်နဲ့ အတော်လေးစိတ်ညစ်စရာပါ။ ပျိုမေတို့အနေနဲပ ဒီလို ဝေဒနာခံစားရတယ်ဆို ရှက်ကလည်းရှက်၊ ဘယ်သူ့မှလည်း ပြောမရနဲ့ အတော်စိတ်ညစ်ဖူးကြမယ်ထင်ပါရဲ့။

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ယားယံပြီဆိုတာက ရောဂါပိုးတစ်ခုခုဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာ ကောင်းပါတယ်။ ဒီလို ယားယံမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။

မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။

(၁) တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ - လစဉ်သုံး Pad တွေကို ပုံမှန်မလဲပေးတာမျိုး၊ ရေသေချာမချိုးတာလိုမျိုး လစဉ်သုံးပစ္စည်း၊ အိမ်သာသုံးစက္ကူစတာတွေကို အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေ အသုံးပြုတာမျိုးတွေက မိန်းမကိုယ် ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

(၂) ဆီးချိုရောဂါ ခံစားနေရတာ - ဆီးချိုရှိနေရင် ပေါင်ခြံတဝိုက် ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့ လက္ခဏာတွေပြသတတ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေ ပိုပြီး ပေါက်ဖွားလွယ်စေတာဖြစ်ပါတယ်။

(၃) မိန်းမကိုယ် မှိုပိုးဝင်နေတာ - တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်လေ့ရှိပြီး ဒီရောဂါက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ မှိုပိုးဝင်တဲ့ လက္ခဏာတွေကတော့ ယားယံတာ၊ လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။

(၄) ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းနေတာ - မိန်းမကိုယ်မှာရှိတဲ့ သဘာဝ ဘက်တီးရီးယားပမာဏကို ပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းခြင်း (BV) ဖြစ်လာနိုင်ပါတယ်။

(၄) အတွင်းခံကျပ်ကျပ်ဝတ်လေ့ရှိတာ - အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာ သွားလာလှုပ်ရှားတဲ့အခါ ချွေးတွေနဲ့ပိတ်လှောင်ပြီး စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေ မွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်း ချွေးစုပ်ပြီး နေရသက်သာတဲ့ အမျိုးအစားဖြစ်သင့်ပါတယ်။

(၅) လိင်မှတဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ကူးစက်နေတာ - အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ကလာမိုင်ဒီးယား (Chlamydia) ၊ လိင်အင်္ဂါကြွက်နို့ ၊ ဆီးပူညောင်းကျရောဂါ ၊ လိင်အင်္ဂါရေယုန် ၊ Trichomoniasis ရောဂါစတဲ့ STI ရောဂါတွေ ကူးစက်ခံရနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။ ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ အနာတွေ၊ အဝါရောင်၊ အစိမ်းရောင် အရည်၊ အချွဲတွေ မိန်းမကိုယ်ကနေ ဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။

(၆) သွေးဆုံးသွားတာ - သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ် သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံခြင်း ခံစားရနိုင်ခြေပိုများပါတယ်။ သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏ လျော့နည်းသွားတာကြောင့် မိန်းမကိုယ် ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုများနေတာ - ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။

(၈) မိန်းမကိုယ်ကင်ဆာရောဂါ ရှိနေတာ - ဖြစ်ခဲတဲ့ အခြေအနေဆိုပေမယ့် မိန်းမကိုယ်ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့ V***a အစိတ်အပိုင်းမှာ ကင်ဆာဖြစ်နိုင်ပါတယ်။

ခုပြောပြပေးခဲ့တဲ့ အချက်တွေကတော့ မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပြီးတော့ ဒီပြဿနာကို ကာကွယ်နိုင်စေဖို့ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို အသုံးချဖို့ အကြံပြုပါရစေ။

· ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ ခြောက်သွေ့အောင်ထားပါ။
· နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့ အတွင်းခံကို ဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်ပါနဲ့။
· မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
· ဆပ်ပြာ၊ ဓာတုပစ္စည်းနဲ့ အရောင်မပါဝင်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်မျိုးတွေကို အသုံးပြုပါ။
· ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ ချိုးပါ။( သိပ်မပူပါစေနဲ့)
· မိန်းမကိုယ်နားတဝိုက်မှာ ရေမွှေးတွေ၊ ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။



#အညာမြေ

04/06/2023

ရက်ရှောင်နည်း.....
(ဆုံးအောင်ဖတ်ပြီးသင့်ဗဟုသုတကိုမြှင့်တင်ပါ💓)

ရက်ရှောင်နည်းကိုလွဲမှားစွာသိနေသူတွေအတွက်
ကောင်းကျိုးဆိုးကျိုးလေးတွေကိုဖော်ပြပေးလိုက်ပါတယ်

ရက်ရှောင်နည်းဆိုတာဘာလဲ
▪▪▪▪▪▪▪▪▪▪▪▪

အမျိုးသမီးတွေ သားဥကြွေတဲ့ရက်ကိုရှောင်ပြီးလိင်ဆက်ဆံခြင်းကိုရက်ရှောင်နည်းလို့အလွယ်ခေါ်ကြပါတယ်

သားဥကြွေသောရက်(ကိုယ်ဝန်ရနိုင်သောရက်)ကိုတွက်မယ်ဆိုရင် ရာသီလာချိန်မှန်မှရပါမယ်

📌ရာသီလာချိန်မှန်တဲ့အမျိုးသမီးများအတွက်
ရာသီမလာခင်တပတ်နဲ့ရာသီလာပြီးတပတ် ပတ်လည်သည်စိတ်ချရသော ရက်များဖစ်ပါတယ်

ကြား(၂ပတ်) သည်သားဥကြွေရက်ဖြစ်သဖြင့်
ကိုယ်ဝန်မလိုချင်သောသူများအနေဖြင့် ထိုရက်များတွင်လိင်ဆက်ဆံခြင်းကိုရှောင်ကြဥ်ရပါမယ်

📌ကိုယ်ဝန်လိုချင်သောအမျိုးသမီးများအတွက်
သားဥကြွေရက်မှာ အတူနေပေးသင့်ပါတယ်🗯
ရာသီလာချိန်မှန်သည့်အမျိုးသမီးများသာဒီနည်းလမ်းကိုသုံးဖို့သင့်ပါတယ်

ရက်ရှောင်နည်းက ရာသီလာချိန်မှန်တဲ့အမျိူးသမီးတွေအတွက် အတိုင်းတာတခုထိကာကွယ်ပေးနိုင်တယ်ဆိုပေမယ့်
100% တော့safe ဖြစ်တယ်မဆိုလိုနိုင်ပါ

ကောင်းတဲ့အချက်📌
▪ကုန်ကျစရိတ်မရှိပါ
▪ဆေးဝါးပစ္စည်းမလိုအပ်ပါ
▪ဘေးထွက်ဆိုးကျိုးမရှိပါ

မကောင်းတဲ့အချက်📌
▪လိင်မှကူးစက်သောရောဂါများကိုမကာကွယ်နိုင်ပါ
▪ရာသီလာချိန်မမှန်သည့်အမျိုးသမီးများအဖို့
ကိုယ်ဝန်ရသွားနိုင်ပါတယ်
▪အမျိုးသမီး(100)ရက်ရှောင်နည်းကိုတနှစိသုံးနေရင် (25)ဦးခန့်ကိုယ်ဝန်ရသွားနိုင်ပါတယ်


#အညာမြေ‌

28/05/2023

ရာသီသွေး အရမ်းနည်းနေတာ ဘာကြောင့်များလဲ🤔

ပုံမှန်ရာသီသွေးဆင်းချိန်ရောက်လို့ ပမာဏ နည်းပါးနေရင် ပျိုမေတိုင်း စိုးရိမ်ပူပန်တတ်ကြတာ သဘာဝပါပဲ။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခုဖြစ်နေတာများလား။ ဘာတွေကြောင့်ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။

မိန်းကလေးတွေရဲ့ ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေးအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီးရှိနိုင်ပါတယ်။

ရာသီသွေးဆင်းနည်းတယ်ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ –

· အသက် ၃၀ ကျော်လာတာ
· သားဥမကြွေတာ၊ သားအိမ်က သားဥ မထုတ်လုပ်ပေးနိုင်တာ
· ကိုယ်အလေးချိန်ကျပြီး ခန္ဓာကိုယ်မှာအဆီဓာတ် နည်းလွန်းတာ
· ကိုယ်ဝန်ရှိနေတာ
· ကိုယ်တွင်းဟော်မုန်းတွေကို သက်ရောက်နိုင်တဲ့ ရောဂါတွေရှိနေတာ
· သိုင်းရွိုက်ကျန်းမာရေးပြဿနာရှိနေတာ
· စိတ်ဖိစီးမှုများနေတာ
· သားဆက်ခြားနေတဲ့အချိန်ဖြစ်နေတာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ရာသီသွေးဆင်းတဲ့အချိန်မှာ ပမာဏနည်းပါးနေတာက အမြဲစိုးရိမ်နေဖို့မလိုပေမယ့် တောက်လျှောက်ကို နည်းနည်းလေးပဲဆင်းတယ်၊ ပြီးရင် ရာသီထိန်သွားတာမျိုး၊ ဗိုက်အောက်ပိုင်း နာကျင်မှုအပါအဝင် တခြားလက္ခဏာတွေပါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ပြတာ အကောင်းဆုံးပါဘဲ ✅

#အညာမြေ‌

22/05/2023

🫒 သံပုရာသီး‌ တလုံး၏ ကောင်းကျိုးများ 🫒

🫒 သံပုရာရည်ကို သောက်ခြင်းအားဖြင့်
မောပန်းနွမ်းနယ်မှုကိုပြေစေပြီး
ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော
ရောဂါများကို ကာကွယ်နိုင်ခြင်း

🫒 သံပုရာရည်ကို သကြားအနည်းငယ်
ထည့်ကာ များများသောက်ပေးပါက ...
အရက်နာကျခြင်း ကိုလည်း သက်သာ
ပျောက်ကင်းစေနိုင်ခြင်း

🫒 ထမင်း စားပြီးနောက်
အော့အန်ခြင်း ဖြစ်ပါက
လတ်ဆတ်သော သံပုရာရည်ကို
သောက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်ခြင်း

🫒 သံပုရာရည်ကို သကြားခတ်၍ သောက်ပါက
ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊
သည်းခြေ အားနည်းခြင်း၊
ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းများ
ပျောက်ကင်းစေနိုင်ခြင်း

🫒 သံပုရာရည်တွင် သကြားခတ်ကာ
နံနက်/ည တစ်ကြိမ်စီ သောက်ပေးပါက
သွားမှ သွေးယိုစီးခြင်းကို
ပျောက်ကင်းစေနိုင်ခြင်း

🫒သံပုရာ ဖျော်ရည်ကို
နေ့စဉ် သောက်ပေးပါက
အထိုင်အထလုပ်စဉ် ဖြစ်တတ်သော
မူးဝေခြင်း၊မိုက်ကနဲ ဖြစ်ခြင်းများကို
ပျောက်ကင်းစေနိုင်ခြင်း

🫒သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက
လေနာ/ ရင်နာများ ပျောက်ကင်းစေနိုင်ခြင်း

🫒 ယားနာ ပွေးနာ၊ အရေပြားတွင်
အမည်းကွက်များ ပေါ်လာခြင်း |
အမွှေးများကျွတ်ခြင်းဖြစ်ပါက
သံပုရာခြမ်းနှင့် ပွတ်တိုက်ပေးနိုင်ပြီး

🫒 သံပုရာရည် နွေးနွေးကို
ပျားရည်နှင့် ရောစပ်ကာ
တနေ့ နှစ်ကြိမ်မျှ သောက်ပေးပါက
လည်ချောင်း နာခြင်းကိုပါ
ပျောက်ကင်း စေနိုင်ပါသည်။

သံပုရာသီး သည်မိမိ၏ အစာအိမ်ကို 💪
ချေဖျက်မှု အားကောင်းစေပြီး

သံပုရာရည်သည်လည်း🫒🧃

- ခေါင်းမူး သည့်အခါနှင့် သွေးတိုးသည့် အခါတိုင်း
ယနေ့တိုင် မှီဝဲအသုံးပြုလေ့ရှိသည် 🍋

#အညာမြေ‌
#သံပုရာသီး

22/05/2023

ဝိတ်ချရာတွင်သိထားသင့်သောအချက်များ

မနက်စာမစားဘဲမနေပါနဲ့

မနက်စာမစားဘဲနေခြင်းဟာဝိတ်ချခြင်းကိုအထောက်အကူမပြုပါဘူး🙅။မနက်စာဟာတစ်နေ့တာလှုပ်ရှားသွားလာဖို့စွမ်းအင်တွေရရှိမဲ့ အဓိကတစ်နပ်စာပါ။

အစာကိုသူ့အချိန်နှင့်သူပုံမှန်စားပါ။

အစားအစာကိုသူ့အချိန်နဲ့သူပုံမှန်စားသောက်ခြင်းကကယ်လိုရီလောင်ကျွမ်းဖို့အထောက်အကူဖြစ်စေပါတယ်။

အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များများစားပါ

အသီးအနှံနှင့်ဟင်းသီးဟင်းရွက်တွေဟာကယ်လိုရီပါဝင်မှုပမာဏနဲပါးပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

ရေများများသောက်ပါ

ရေဟာ၁၀၀%calorie freeပါ။ခန္ဓာကိုယ်မှာပိုနေတဲ့အဆီတွေကိုဖြိုခွဲဖို့ ရေဓာတ်ကိုအဓိကလိုအပ်ပါတယ်။

အမျှင်ဓာတ်ပါသောအစာများစားပါ

အမျှင်ဓာတ်ပါသောအစားအစာတွေဟာအစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။စားလိုက်ရင်ပြည့်အင့်တဲ့ခံစားချက်ရတာကြောင့်တော်ရုံဗိုက်မစာစေပါဘူး။အများအားဖြင့်အသီးအရွက်၊ပဲအမျိုးမျိုး၊အစေ့အစံတွေမှာပါတတ်ပါတယ်။

အပြင်စာစားခြင်း/သားရေစာစားခြင်းရှောင်ပါ

အပြင်မှာအလွယ်တကူဝယ်ရတဲ့အစားအစာတွေဟာကယ်လိုရီပမာဏများတတ်ပါတယ်။ဝိတ်ချမယ့်သူတွေအနေနဲ့ခေါက်ဆွဲကြော်၊ကြေးအိုး၊အာလူးကြော်၊ဘာဂါ၊အချိုရည်တွေကိုတတ်နိုင်သမျှရှောင်သင့်ပါတယ်။

အစားအသောက်ပမာဏလျော့စားပါ

ဝိတ်ချမယ်ဆိုရင်အစားအသောက်ကိုလုံးဝဖြတ်စရာမလိုပါဘူး။ဒါပေမဲ့ပမာဏလျော့စားဖို့တော့လိုအပ်ပါတယ်။ဥပမာ မုန့်ဟင်းခါးကိုအိုးဘဲဥ၊အကြော်ထည့်စားတာထက်အလွတ်စားတာမျိုး၊ထမင်းတစ်ပန်းကန်စားမယ့်အစားထမင်း၄-၅ဇွန်းစားပြီးအရွက်ကြော်နဲ့တွဲစားတာမျိုးကိုလုပ်သင့်ပါတယ်။

တက်ကြွစွာနေထိုင်ပါ

အစာစားပြီးလှဲအိပ်တာ၊ထိုင်တာတွေကိုရှောင်ပြီးမတ်တပ်ရပ်တာဖြစ်ဖြစ်လမ်းလျောက်တာဖြစ်ဖြစ်လုပ်မယ်ဆိုရင်ခန္ဓာကိုယ်မှာအဆီတွေစုတာနဲလာနိုင်ပါတယ်။ဝိတ်ချချင်သူတွေအတွက်တစ်နေ့ကိုနာရီဝက်လောက်ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုတော့လုပ်သင့်ပါတယ်။

တစ်နေ့စာအစားအသောက်ကိုကြိုplanလုပ်ပါ

ဒီနေ့ညအိပ်တော့မယ်ဆိုရင်မနက်ဖြန်စားမယ့်အစားအသောက်ကိုမိမိလိုအပ်တဲ့ကယ်လိုရီနဲ့ချိန်ပြီးကြိုplanလုပ်ထားသင့်ပါတယ်။ဒါဆိုရင်မလိုအပ်ပဲကယ်လိုရီပိုစားမိခြင်းကိုလျော့ချနိုင်မှာပါ။

ကျန်းမာလှပသောဘဝတွေကိုအမြန်ဆုံးရရှိပါစေ
Crd

21/05/2023

❗Delivery Freeလည်းရမယ် အဆီလည်းကျမယ်ကွာ❗

❗3 Buu ယူ Delivery Free ❗

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မလိုအပ်တဲ့အဆီတွေက

ဗိုက်နဲ့/လက်မောင်းတွေမှာစုနေလို့စိတ်ညစ်နေလား❓

ကလေးခွဲမွေးထားရလို့ ဗိုက်ပူကြီးဖြစ်နေလား❓

ပိန်တော့ပိန်ချင်ပါရဲ့ထမင်းမစားဘဲမနေနိုင်
အစားလဲမရှောင်နိုင်လို့ စိတ်ညစ်နေရလား ❓

ပိန်ဆေးတွေသောက်ပြီး လူကိုဘေးထွက်ဆိုးကျိုးဖြစ်မှာ
ကြောက်နေရလား❓

ဒီလိုလူတွေအတွက် သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားတဲ့အဆီကျ ယိုလေး ရှိနေပါပြီ✅

သဘာဝပါဝင်ပစ္စည်း 10 မျိုးနဲ့ထုတ်လုပ်ထားပြီး
ကြာရှည်ခံဆေး /ဓာတုဆေးဝါးကင်းစင်လို့ ဘေးထွက်
ဆိုကျိုး လုံးဝမရှိ ပါ✅

ညအိပ်ယာဝင်ခါနီးလက်ဖက်စားဇွန်း 1ဇွန်းစားပေးယုံနဲ့

ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးမှာပါ✅

15ရက်စာ တဘူးမှ 8500ဘဲကျသင့်ပြီး

သောင်းဂဏန်းထိတောက်မရောက်လို့စားသုံးလို့လဲသင့်ပါတယ်✅

2ပတ်2ပေါင်နှုန်းနဲ့ကျရင်တောင် တလ4ပေါင်ကျနေပြီ

ဝုန်းခနဲကျစရာမလိုဘူး ဖြည်းဖြည်းနဲ့မှန်မှန်အဆီချချင်
အညာမြေ အဆီကျယိုလေးစား✅

#သဘာဝအူလမ်းရှင်းအဆီကျယို

#အညာမြေရန်ကုန်ကိုယ်စားလှယ်ကြီး
#လူသုံးကုန်နှင့်စားသောက်ကုန်လုပ်ငန်း
#သဘာဝအူလမ်းရှင်းယို

20/05/2023

#သံပုရာသီး၏တန်ဖိုးအမျိုး (၂၀)

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို
ပြေစေပြီး လူ၏ခန္ဓာကိုယ် တွင် ဖြစ်ပွားတတ်သော အထူးသဖြင့်
ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ် ထည့်ကာ များများသောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊
ဘိန်းမူးလွန်နာ စသည်များ ကို ပျောက်ကင်းစေသည်။

၃။ ထမင်း စားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင်
လတ်ဆတ်သော သံပုရာရည် ကို သောက်ရပါမည်။

၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင်
အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊
ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တစ်ကြိမ်စီ
သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။

၆။ သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထ
လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်းများကို
ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာများ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်းနှင့် ပွတ်တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါ ကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့
နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေသည်။

၁၁။ သံပုရာသီး တစ်လုံးကို မီးကျွမ်းအောင် ဖုတ်ကာ လေးညှင်း
တစ်ပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော
သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော် ၍ သောက်ပေးပါက ဆီးအောင့်ခြင်းဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တစ်ကြိမ်စီ ရေနှင့် ကြိုချက်ကာ
သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်
ခန့်ကျို၍ တခွက်စာ(၂ ကျပ်သားခန့်မျှ)
တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါ များ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော်
ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်
နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေး ပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာ ဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည်နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊
မူးဝေ မောပန်းခြင်းများကို သက်သာပျောက် ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။
ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီး အခွံကို ခေါင်းလျှော်ရည်တွင် ထည့် ကာ
ခေါင်းလျှော်နိုင်ပါသည်။

၁၉။ သံပုရာ အစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌
ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီးရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက
လေကြောင့် ဖြစ်ရသော သွက်ချါပါဒ၊ လေငန်း၊ လေထိုး၊
လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော
အထူးစိတ်ချရသော အာဟာရတစ်မျိုး ဖြစ်ပါသည်✅

#အညာမြေ‌

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Dagon