Fitness Knowledge By MHA

Fitness Knowledge By MHA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fitness Knowledge By MHA, Health/Beauty, ခေမာလမ်း, Dagon.

Photos from Fitness Knowledge By MHA's post 04/09/2024

ကျုပ်ခါးအတိုင်းဘယ်လောက်ရှိလဲ‌ဆိုရင်
၂၃ to ၂၈ ကပုံမှန်ပါဘဲ

First person
စားချင်တာစားလဲမဝပါဘူး gym သာပုံမှန်ဆော့
Second person
စားချင်တာစားသောက်ချင်တာသောက် ဒီအဆီကျဆေးလေးစားပီး လေ့ကျင့်ခန်းလုပ်နေရင်မဝဘူး ကျုပ်လို့ပိန်ပီးလှနေမှာ

ယုံကျပေါ့
အချိန်ကြာပီးမပြောင်းလဲခါကျမှ ဆော့ချင်စိတ်တေပြောက်ခဲ့တာမျိုးဖစ်ခဲ့ဖူးကျမှာပါ

သာမန် body type 3 မျိုးရှိတယ် လွယ်တယ် gg မှာရှာကြည့်

သာမန်မဟုတ်တာ
1.gym မဆော့ခင် muscle ပေါ်တက်တဲ့ type
(Main muscle recovery cell တေဖစ်တဲ့ Stem cell ခေါ် Satellite cells တေသာမန်လူထပ်ပိုကောင်းနေတာမျိုး and blah blah ဒါဘဲမှတ်မိတယ်)
2.ဘယ်လောက်စားစားမဝတဲ့ အပေါ်ကသုံးမျိုးအောက်က type
3.အဝလွန်တဲ့ type (ရောဂါဖစ်လို့အဖစ်များ or Obesity ရောဂါ)

အဲ့လိုမျိုးတေရှိတဲ့အတွက်ကိုယ်ကဘယ် type ထဲပါလဲဆိုတာ သေချာစီစစ်ပီးလုပ်နိုင်ရင် gym ဆော့စရာမလိုဘဲအစားထိန်းယုံနဲ့ပိန်ပါတယ်နော် (no exercise မို့မလွယ်ကူမကျန်းမာပေမယ့်)

Genetic အရ health အရဘယ်သူမှ type တစ်မျိုးထဲဖစ်နေတာမျိုးမရှိပါဘူးနော်

တစ်ခုခုဆိုခေါင်းငြိမ့်ပီးမယုံကျဖို့နဲ့ knowledge တစ်ခုသိရပီဆိုမှန်မမှန်ရှာဖတ်ကျဖို့ မမေ့ပါနဲ့ ‌ခန္ဓာဗေဓကိုသိတဲ့လူတောင် တခြားလူရဲ့ anatomy ကိုခုကြည့်ယံုနဲ့သေချာသိနိုင်ဖို့ဆိုတာမဖစ်နိုင်ပါဘူး
(But 'ယေဘူယျ' almost right everytime)
#ကျုပ်ပြောတာလဲအကုန်မယုံနဲ့ရှာဖတ်

01/07/2024

ကျနော့်ဆော့သက် ၁၀ နှစ်အထက်လို့ပြောရင် "ဟာ body လှဖို့အဲ့လောက်တောင်အကြာကြီးအပင်ပန်းခံဆော့မှရနိုင်မှာလား"လို့ထင်ကျလိမ့်မယ်

မဟုတ်ပါဘူးပင်ပန်းပီးပိုမြန်တဲ့နည်းရှိသေးတာပေါ့ဗျာ အချိန်တိုအတွင်းကိုယ့်ထပ်တောင်ကောင်းသွားမယ့်နည်း
"အခန့်မသင့်ရင်လူနဲနဲတော့ထိမယ်ပေါ့လေ"

အချိန်တေအများကြီးအကုန်မခံ ၊မစားနိုင်ရင်မကြီးတဲ့လတေကို မကျော်ဖြတ်ချင်၊နှစ်အကြာကြီးရင်းရတာမတန်ဘူးထင်ရင်တော့တခြားနည်းလမ်းကောင်းတေရှိပါသေးတယ် (ခုခေတ်ဒီလိုနေရာနဲ့အခြေနေမျိုးမှာတော့အားမပေး)

ကျနော်ကတော့ဆော့နေရတာကြိုက်လို့ရယ်
ပိုကောင်းတဲ့အရာအတွက် အာဒကေမရှိသေးလို့ကြောင့်ရယ် ဒါပါဘဲ
✌️

25/03/2024

📸-ing day

02/03/2024

'ဘူး' လေးလုံး
ဆေးမသုံးဘူး
Supplement မသောက်ဘူး
ကြက်ဥအမြဲမစားဘူး
Gym နားရက်ရယ်လို့မထားဘူး
'ဟ ဟုတ်လှချည်လားအကိုဘာလို့များလဲ'
အဖြေကရှင်းရှင်းလေး
အဲ့အတွက်သောက်ဆံအကုန်မခံနိုင်လို့
:'3

စတာပါ
အဲ့တာတေမပါဘဲလုပ်နိုင်တဲ့နည်းက လွယ်လွယ်လေးရယ်...
🤝🧠 *

24/02/2024

Post တစ်ခါတစ်ခါတင်ဖို့တစ်လလောက်ကြာနေသော ကျနော် 🥹

26/01/2024

Your kid become your fitness cheerleader .💕💕
Video

Photos from Fitness Knowledge By MHA's post 04/01/2024

🥚 ကြက် ဥ အဟာရ
နှင့်
အသေးစိတ်

စာလဲရှည်၊အကျိုးလဲရှိပီးအသုံးလဲ၀င်တာဖစ်လို့ မအားလို့မဖတ်ဖြစ်သေးရင် Save or Share လေးလုပ်ထားလဲမမှားပါဘူးနော်

ကြက်ဥ ကြက်ဥ ‌ဖျားရင်ဆရာ၀န်တေစားစားခိုင်းနေကျအဟာရလေး
ဟုတ်ပီ ကြက်ဥမှာ protein နဲ့ fat အပြင်ဘာတေပါလဲဆိုရင်
ဗီတာမင် A/B2/12 ၊ ဗီတာမင် D ၊ ဆီလီနီယမ် (selenium) ၊ အိုင်အိုဒင်း (iodine)၊ ဖောလိတ် (folate) ၊ ဘိုင်အိုတင် (biotin) ၊ ဖော့စဖရပ်စ် (Phosphorus) ၊ ကိုလင်း (Choline) ၊Polyunsaturates fat နဲ့ monounsaturates fat၊ Saturated fat တို့ပါ၀င်ပါတယ်

Protein
အားလုံးနီးပါးသိပီးသားဖစ်တဲ့ protein ကတော့ ကြွက်သားတေကြီးထွားလာဖို့ လေ့ကျင့်ခန်းသမားများအတွက် muscle အရွတ်နဲ့အရိုးတေ recovery ဖစ်ဖို့ အဆာခံတာဖစ်လို့ ဝိတ်ချနေသူတေအတွက်ဆာလောင်မှုကင်းပီး၀ိတ်ကျစေဖို့ကူညီပေးတက်ပါသေးတယ်

Vitamin A
အမြင်အာရုံ၊ ကိုယ်ခံအားစနစ်၊ မျိုးပွားမှုနှင့် ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးပီး နှလုံး၊ အဆုတ်နှင့် အခြားအင်္ဂါအစိတ်ပိုင်းများ ကောင်း"မွန်" အလုပ်လုပ်ရန် ကူညီပေးပါတယ်

ဗီတာမင် B2
ကိုယ်တွင်း Carbohydrate ကိုဖြိုခွဲရာမှာ၊ကိုယ်တွင်းဆဲလ်များအတွက်စွမ်းအင်ပြုလုပ်ရာမှာကူညီပေးပီး မျက်လုံးကျန်းမာရေးနဲ့ ၀က်ခြံ ၊ နှင်းခူ နှင့် အရေပြားရောင်ရမ်းခြင်း အစရှိတာတေကို မဖစ်လာဖို့နဲ့သက်သာဖို့အထောက်ကူပြုပါတယ်

ဗီတာမင် B12
ခန္ဓာကိုယ်၏ သွေးနှင့် အာရုံကြောဆဲလ်များကို ကျန်းမာစေပြီး ဆဲလ်အားလုံးရှိ DNA ၊ မျိုးဗီဇပစ္စည်းကို ဖန်တီးပေးတဲ့ အာဟာရတစ်ခုဖစ်ပီး မောပန်းနွမ်းနယ်စေသည့် megaloblastic သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်

ဗီတာမင် D
ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အရိုးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ muscle တစ်သျှူးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊နှင့် အူမကြီးကျန်းမာရေးကိုအထောက်အကူပြပါတယ်

ဆီလီနီယမ် (selenium)
သွေးဖြူဥတေရဲ့လုပ်ဆောင်ချက်ကိုလှုံ့ဆော်ပေးပီး၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ ဖျားနာတာတေကိုကာကွယ်‌ပေးပါတယ်

အိုင်အိုဒင်း (iodine)
ဆဲလ်များနှင့် ဇီဝဖြစ်စဉ်နှုန်း၊ ကိုယ်တွင်း chemical reaction ကို ထိန်းပေးရာမှာ ကူညီပေးသည့် သိုင်းရွိုက်ဟော်မုန်း ဖန်တီးရန် ကူညီပေးပါတယ်

Folate (Vitamin B9)
သွေးနီဥဖွဲ့စည်းမှု၊ ကျန်းမာသောဆဲလ်များ ကြီးထွားမှုအတွက် အရေးကြီးပီး ဦးနှောက်နှင့် ကျောရိုးရှိ မွေးရာပါချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချရန် ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွင် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးလဲဖစ်ပါတယ်

ဘိုင်အိုတင် (biotin)
အင်ဆူလင်ပမာဏ တိုးမြှင့်ပေးပီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ‌ပေးပီး၊ လက်သည်းခြေသည်းနဲ့ဆံပင်သန်စေဖို့အထောက်ကူပြုပေးပါတယ်

ဖော့စဖရပ်စ် (Phosphorus)
တစ်ရှူးများနှင့် ဆဲလ်များအားလုံး၏ ကြီးထွားမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြုပြင်မှု၊ မျိုးရိုးဗီဇတည်ဆောက်မှု၊ DNA နှင့် RNA များထုတ်လုပ်ရန် နှင့် ဗီတာမင် D၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်နှင့် ဇင့်အပါအဝင် အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်များကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ ကူညီပေးပါတယ်

ကိုလင်း (Choline)
အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း အသည်းရောင်ခြင်း နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကို မဖစ်လာအောင်ကာကွယ်ပေးပီး မှတ်ညဏ်ပိုကောင်းစေပါတယ်

Polyunsaturates and Monounsaturates
ကျန်းမာရေးနဲ့ညီညွတ်တဲ့ fat တေဖစ်ပီး
အာရုံကြောများကို ဖုံးအုပ်ရန်၊ဆဲလ်အမြှေးပါးများတည်ဆောက်ခြင်း၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောများကိုလျှော့ချပေးနိုင်ခြင်း လေဖြတ်နိုင်ခြေလျော့ချပေးခြင်း၊ သွေးခဲခြင်း၊ ကြွက်သားလှုပ်ရှားမှုကိုအထောက်ကူပြုခြင်း၊ ရောင်ရမ်းခြင်းတို့မဖစ်လာအောင်ပြုလုပ်ပေးသော ဓာတ်တစ်မျိုးဖစ်ပါတယ်

Saturated fat
ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးနိုင်သောအဆီတစ်မျိုးဖစ်ပီး တစ်ဂရမ်လျှင် ၉ ကယ်လိုရီပါ၀င်ပါတယ် ခန္ဓာကိုယ်အတွက်အရေးကြီးသောအင်္ဂါများကို ကာကွယ်ပေးသည့် အဆီတစ်မျိုးဖစ်ပီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်

ကြက်ဥတစ်လုံးကို 50 g ကနေ 80 g ကြားရှိလို့
ကြက်ဥ 100 g မှာ အဟာရဘယ်လောက်ပါလဲဘဲရေးပြပေးပါမယ်
ကယ်လိုရီ kcal = 131 calories
အဆီ Fat = 9 g
Monounsaturates = 3.4 g
Polyunsaturates = 1.4 g
Carbohydrate = 1.1 g
Sugar = 1.1 g
Protein = 12.6 g
Salt = 0.39 g

NRV (ပုံမှန်တစ်နေ့တာစားသုံးသင့်သောပမာဏ)
ကြက်ဥ 100 g မှာ ပါ၀င်သော ပမာဏ
Vitamin A = 16%
Vitamin B2 = 36%
Vitamin B12 = 108%
Vitamin D = 63%
Selenium = 42%
Iodine = 34%
Folate = 24%
Biotin = 39%
Pantothenic acid = 23%
Phosphorus = 26%
Choline = 71%

ပရိုတင်းရတဲ့အစားသောက်ကစလို့ အဆီပါတဲ့အစားအ‌သောက်ကအဆုံး အရာရာတန်ဆေးလွန်ဘေးဖစ်တဲ့အတွက်
ကိုယ်ကပုံမှန်လေ့ကျင့်ခန်းမလုပ်တဲ့သူလား ?
ပင်ပန်းတဲ့အလုပ်လုပ်နေရသူလား ?
တစ်ပတ်မှာအနည်းဆုံး ၄ ရက် အားကစားလုပ်ဖစ်သူလား ? အားကစားသမားလား ?
???? စသဖြင့်
ကိုယ်ကဘာလုပ်နေလဲဆိုတာ အပေါ်မူတည်ပီးသက်ဆိုင်ရာ သိတက်တဲ့ ဆရာသမားတေပြောပြတဲ့အတိုင်းချိန်ညှိပီးစားတာအကောင်းဆုံးပါလို့အကြံပေးရင်း စာလေးအဆုံးသတ်ပရစေ

ကျန်းမာစွာနေထိုင်စားသောက်ပီးကျန်းမာတဲ့ကိုယ်ခန္ဓာပိုင်ဆိုင်ကျပါစေဗျာ

30/12/2023

Smoking W**d and Muscle Anatomy.
Marijuana(w**d) သောက်ခြင်းက muscle အပေါ်ကောင်းလားမကောင်းလား!?

ကောင်းကျိုးနဲ့ဆိုးကျိုး နှစ်မျိုးခွဲပီးရေးပေးပါမယ်
သုံးသင့်မသုံးသင့်ဂိုကိုယ်တိုင်ဆုံးဖြတ်ကျပါ‌ဗျာ

W**d အကြောင်းပြောရရင်တော့ဟိုးကနဦးအစကစပြောမှဘဲရမယ်
2800 bc ၀န်းကျင် ဧကရစ် Shen Nung လက်ထပ်မှာ တရုတ်ဆေးဆရာတစ်ယောက်ကစတင်တွေ့ရှိခဲ့ပြီး ရောင်ရမ်းခြင်း,အဆစ်အမြစ်ကိုက်ခဲခြင်း, ပန်းနာရင်ကျပ် , စိတ်ကျရောဂါ တို့ကိုကုသရာမှာအသုံးပြုခဲ့ပါတယ်

သူ့မှာ အဓိကပါ၀င်တဲ့ ပစ္စည်းနှစ်မျိုးကတော့ CBD နဲ့ THC
Cannabidiol (CBD)
CBD ကိုစိတ်ပိုင်းဆိုင်ရာအတွက် အသုံးပြုကျတာများတယ်
CBD ဟာ နာတာရှည်ရောဂါ၊စိတ်ပိုင်းဆိုင်ရာ၊ ရောင်ရမ်းခြင်းနဲ့ အိပ်မပျော်ခြင်းတေအတွက်ဆေးဘက်ဆိုင်ရာမှာအသုံးပြုကျတယ်
Tetrahydrocannabinol (THC)
THC ဟာဆိုရင်ခုခေတ်ဆေးဘက်ဆိုင်ရာကင်ဆာရောဂါဓာတ်ကင်ပီးချိန်နာကျင်မှုသက်သာစေပီးအစားစားချင်စိတ်မြှင့်တင်တဲ့နေရာမှာဆေးတစ်မျိုးအနေနဲ့အသုံးပြုကျတယ်
CBD က amygdala (ဦးနှောက်တွင်းရှိခံစားချက်ထိန်းပေးသောနေရာ) ကိုအဓိက ငြိမ်သက်နှေးကွေးစေပီးလွင့်မျောစေတယ်တဲ့ခံစားချက်ကိုရပါတယ် THC ကတော့ လှုံစော်တက်ကြွအောင်လုပ်ပေးပီးသာယာမှုပေးတဲ့အရာဖစ်တယ် အဲ့မှာနှစ်မျိုးပေါင်းလိုက်တော့ high ခြင်းဖြစ်‌ပေါ်လာပါတယ် CBD အရှိန်ကျသွားရင် အစားစားချင်တာ တစ်ခုခုလုပ်ချင်တာမျိုးဖစ်တက်ပါတယ် (သုတေသနပညာရှင်များ‌ပြောပြချက်အရ အစားသောက်တေပိုစားကောင်းတာအရာရာကြည့်ရတာအရမ်းလှနေတာမျိုးတေဖစ်တက်ပါသေးတယ်)

ကောင်းကျိုး**
ဆေးဘက်၀င်တာတော့ဟုတ်ပီ muscle တေအပေါ်အကျိုးသက်ရောက်မှုဘယ်လိုရှိလဲ
W**d ဟာ အပေါ်မှာပြောခဲ့သလို နာကျင်မှုတေသက်သာစေတဲ့ပစ္စည်းတစ်ခုဖစ်လို့ နိုင်ငံခြားကတချို့ athlete တေပြောချက်အရဆို သောက်ပီးဆော့ချိန်မှာ နာကျင်မှုကင်းပီးပိုဆော့နိုင်တယ်လို့ပြောတာတေရှိပါတယ် ပြေးချိန်ပိုပြေးနိုင်တာမျိုး ✅
Endorphins ထွက်ပီး နှလုံးခုန်မြန်စေတာကြောင့် သွေး‌ကောင်းကောင်းလည်ပတ်မှုကောင်းပီး recovery ပိုမြင့်မယ်
ဝိတ်တင်နေတဲ့လူတေအတွက် အစားစားချင်စိတ်ပိုဖစ်စေတာကြောင့် calorie intake ပိုများပီး ဝိတ်တက်စေမယ် (စားသင့်တာစားနိုင်ရင်ပေါ့)

ဆိုးကျိုး
ဆိုးကျိုးကတော့ အပေါ်ကဟာတေနဲ့ဆန့်ကျင်ဘက်နီးနီးပါ
မီးလောက်လိုက်ရတာဖစ်လို့ tar,ammonia, carbon monoxide နဲ့ formaldehyde အစရှိတာတေကို ပါဆေးလိပ်သောက်ရင်ရတဲ့ chemical အကုန်ပါပါတယ် သဘာ၀ကရတဲ့အရွက်မို့လို့မီးရို့ပီးသောက်သုံးတာ 100% အန္ဓာရယ်မဖစ်ဘူးဆိုတဲ့အတွေးရှိနေရင် လုံး၀မှားပါတယ်ခဗျာ အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးရှိစမြဲလိုပေါ့
Muscle နဲ့ပတ်သက်ရင် နာကျင်မှုသက်သာစေတာမှန်ပေမယ့်ပြန်ပေးဆပ်လိုက်ရတာတချို့ရှိတယ် body balance, အာရုံစိုက်ချင်း(တချို့ကျအာရုံပိုစိုက်နိုင်၊တချို့မစိုက်နိုင်) ,အလေးများတာကိုင်မိရင် နာကျင်မှု သိပ်မရှိတာကြောင့်အခန့်မသင့်ရင် မလိုအပ်တဲ့ injury ထိဖစ်သွားနိုင်ပါတယ်
တွေဝေခြောက်ချားခြင်းဟာလဲလူအပေါ်မူတည်ပီးဖစ်တက်ပါသေးတယ်
နှလုံးခုန်မြန်စေတာကြောင့် heart attack ဖစ်ဖို့အလားလားရှိနိုင်ပါတယ်
ဝိတ်ချနေသူအတွက်ဆို အစားစားချင်စိတ်ပိုပိုဖစ်နေတာအတွက်ကြောင့် calorie deficit မဖစ်တော့ဘဲ ပို၀လာနိုင်ပါတယ်(စားချင်စိတ်မထိန်းနိုင်ရင်)
သုတေသနဆိုင်ရာတွေ့ရှိချက်အရ ပုံမှန်သောက်သုံးသူတစ်ယောက်ဟာ လုံး၀မသောက်သုံးသူထပ် Testosterone 56% ပိုနည်းနေတာတွေ့ရပါတယ် growth hormone လဲ 5 ပုံ 3 ပုံလောက်နည်းနေတာကိုတွေ့ရပါမယ်

အကောင်းမြင်ပေးချင်ရင် သုံးဆွဲခြင်းကြောင့် testosterone နည်းပေမယ့်လို့ အစားပိုစားခြင်းကြောင့်ပြန်ရနိုင်ပါတယ်

ကျနော့်အမြင် ကယ်လိုရီလုံး၀မပါပေမယ့် စားချင်စိတ်မထိန်းနိုင်သူနဲ့၀တဲ့သူသုံးတာကိုတားမြစ်ချင်ပါတယ် ပိန်တဲ့လူတေကလဲမသုံးဘဲနေနိုင်တာတော့အကောင်းဆုံးပေါ့ ကျနော်ကတော့အားကစားသမားတစ်ယောက်ဖစ်လို့ဆိုးကျိုးလဲရှိလို့ကိုယ်စိတ်ထဲအကောင်းဆုံးဖစ်တဲ့ မသောက်ခြင်းကိုဘဲရွေးစေချင်ပါတယ်

Mr Olympia ၇ ကြိမ်ရထားတဲ့အာနိုးကိုယ်တိုင်ပြိုင်ပွဲပီးပီးခြင်းမှာ သောက်ခဲ့တာဆိုတော့ ကိုယ်တိုင်စိတ်ထဲပါတာရွေးကျပါဗျာ
ကယ် အကိုတို့အမတို့စိတ်ထဲဘယ်လိုမြင်လဲ အဆိုးဘက်က‌ရွေးပီး w**d သောက်ခြင်းကိုရှောင်မလား အကောင်းဘက်ကကြည့်မလား

သူက Dopamine Hormones ကို အရက်သောက်တာထပ်ပိုထုတ်ပေးတာကြောင့် စွဲလမ်းတက်စေတဲ့မူးရစ်ဆေးဝါးတစ်မျိုးဆိုလဲမမှားပါဘူး
W**d ဟာနိုင်ငံတိုင်းမှာ တရား၀င်သုံးဆွဲခွင့်မရသေးပါဘူး နိုင်ငံတိုင်းမှာဘာလို့တရား၀င်မပေးလဲဆိုတာကလဲ နိုင်ငံအလိုက်ကွဲပြားနိုင်ပါတယ်***

ဘယ်လိုပုံစံနဲ့လုပ်လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်နေရင် ကျန်းမာတဲ့ကိုယ်ခန္ဓာတေပိုင်ဆိုင်ကျမှာဘဲ အဲ့တော့လေ့ကျင့်ခန်းပုံမှန်လုပ်ပီးကျန်းမာတဲ့ခန္ဓာကိုယ်တေပိုင်ဆိုင်နိုင်ကျပါစေဗျာ

Photos from Fitness Knowledge By MHA's post 26/12/2023

ရေးရမှာတော့ခပ်လန့်လန့်ရယ်

(မြန်မြန်မူးချင်ရင် အစားနဲ့ဝေးနေချိန်သောက်
သောက်ရင်အမြည်းသိပ်မစားနဲ့
တဖြည်းဖြည်းနဲ့အရှိန်တက်ချင်ရင် ထမင်းစားပီးချိန်နီးနီးမှာစသောက် အမြည်းများများစား)

အရက်သောက်ရင်
ကြွက်သားအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ
နှင့်
ဘာဟော်မှုန်းတေထွက်လဲ !?
"အရက်သောက်တာ muscle ထိလို့လား gym ဆော့ပီး အပြန် သောက်နေတဲ့လူတေရှိတာဘဲမရဘူးလား "
ဒါကျ အကိုအမတို့ရွေးရမယ့်ကိစ္စဖစ်သွားပီ
ကျနော်ကတော့မေးခွန်းလေးအချို့နဲ့ ဆိုးကျိုးလေးတေဘဲရေးပေးသွားမယ်
အကိုအမတို့က
လေ့ကျင့်ခန်းလုပ်နေရတာကိုကြိုက်ယုံဘဲလား!?
လူပေါ့အောင်သက်သက်ဘဲလေ့ကျင့်ခန်းမှီဝဲတာလား!?
စိတ်ပေါ့အောင်လာဆော့ယုံသက်သက်လား!?
Or
လှပသန်မာချင်တာလား!?
ကျန်းမာနုပျိုပီးပီးအသက်ရှည်ချင်တာလား!?

Gym မဆော့တဲ့လူထပ် အမြဲဆော့နေပီးကျန်းမာတဲ့အစားသောက်စားတဲ့လူက ကျန်းမာပီးအသက်ပိုရှည်လိမ့်မယ် ဒါကတော့လက်မခံလို့မရတဲ့အမှန်တရား
စိတ်ပျော်ပီးအဆင်ပြေမယ်ထင်တာသာရွေး

ဆိုးကျိုး # #
အရက်ကရေဓာတ်ခမ်းခြောက်စေတာလူတိုင်းသိထားပီးသားဖစ်မှာပါ ကျနော့်တို့ muscle တေကလဲရေဓာတ် 75% ပါတယ် ဆိုတဲ့တစ်ချက်မှာတင် muscle ထိမထိကစသိနိုင်ပါပီ
35g to 40g လောက်ပမာဏသောက်ရင်ဘားမှမဖစ်ပေမယ့် 150g ကနေ 200g သောက်ရင် testosterone level 25% ထိကျတာပီး 36 hours မှ hormones level recovery ဖစ်ပါတယ်
ဘီယာတစ်ခွက်ကို 300g ကနေ 400g လောက်ထိပါနေတာဆိုတော့...
စားစိတ်ချင်စိတ်ဖစ်စေတဲ့ leptin hormone ကိုကမောက်ကမဖစ်စေလို့ စားသောက်ချင်စိတ်ပျက်တက်ပါတယ် ဝိတ်ချနေတဲ့ လူအတွက်ကောင်းတယ်ထင်ရပေမယ့် ဝိတ်တင်နေတဲ့လူအတွက်ပြသနာတစ်ခုပါဘဲ
ပုံမှန်ဆို ကိုယ်တွင်း energy က Glucose နဲ့ fat ကိုဖြိုခွဲပီးမှ ရတာဖစ်ပီး အရက်၀င်လာချိန်မှာ အဲ့နှစ်ကောင်ကနေစွမ်းအင်မရယူတော့ဘဲ alcohol တစ်မျိုးကိုဘဲကိုယ်တွင်းအသုံးပြုနိုင်တဲ့စွမ်းအင်အဖြစ်ဖြိုခွဲတော့တာကြောင့် glucose နဲ့ fat တေပိုလာပီး ၀ခြင်းဆိုတာ ဖစ်လာပါတော့တယ်
သောက်ပီးအိပ်ရင်အိပ်ပျော်တာမြန်တာမှန်ပေမယ့် REM sleep stages မှာတင်လည်နေတာများပီး NREM stage ရောက်ရောက်ချင်း REM stages ပြန်ပြန်ရောက်သွားတာကြောင့် အိပ်ကောင်းခြင်းမအိပ်ရတာမျိုးဖစ်ပါတယ်
အိပ်ကောင်းခြင်းမအိပ်ရတော့ muscle recovery လဲမရဘူးပေါ့
****အောင်မြင်ခြင်း နဲ့ပျော်ရွှင်ခြင်း hormones ဖစ်တဲ့ Dopamine hormones လဲထွက်လို့ အတုရောင်ပျော်ရွှင်တဲ့ခံစားချက် အတုရောင်အောင်မြင်ခြင်းနဲ့သတ္တိတေရစေပါတယ်
ပုံမှန် အရက်သောက်ရင်ပျော်တယ်ဆိုတဲ့ခံစားချက်ဖစ်စေတယ်ဆိုပေမယ့်လို့ ဒီမှာဦးနှောက်ရဲ့လှည့်ကွက်တစ်ခုက အရင်‌သောက်ခဲ့တဲ့ပမာဏ‌သောက်ယုံနဲ့ dopamine ဟောင်မှုန်းမထုတ်ပေးမပျော်ရွင်တော့တာဘဲ အဲ့တော့အဲ့ခံစားချက်တေပြန်ကိုရဖို့ ပိုသောက်ရရင်း အရက်ဆွဲခြင်းစဖစ်စေတော့တာပါဘဲ ****
ခဏတာပျော်ရွှင်မှုကိုရွေးမလား ဘ၀စာပျော်ရွှင်ခြင်းတေဖန်တီးယူမလား ကိုယ်တိုင်ရွေးလို့ရတာဘဲ*****
အဲ့တော့ အကိုအမတို့ goals က muscle တေအချိန်နဲ့အမျှကြီးချင်တယ် အမြဲလှချင်တယ်ဆို အရက်သောက်ခြင်းက အဆိုးရွားဆုံးရန်သူ ပါလို့ပြောချင်ပါတယ်

အရက်က အဆိပ်တစ်မျိုးဖစ်တော့
အဆိပ်အတောက်မှန်သမျှကို ၇၀ ကနေ ၉၀% ထိခြေဖြတ်ပေးတာဖစ်လို့ အသည်းထိတက်တာလဲသိကျမှာပါ
မိန်းခလေးကယောက်ျားလေးထပ် alcohol absorption ပိုများတဲ့အကြောင်းတေ ကိုယ်ခန္ဓာပိုထိတာ‌တေ detail ဘယ်လို effect တေဖစ်လဲနဲ့လူတိုင်းသိတဲ့အသည်းထိတာတေတော့စာရှည်မှာဆိုးလို့ထည့်မရေးတော့ပါဘူးနော် သိချင်တဲ့လူများရှိခဲ့လဲ နောက်နောင် page မှာအသေးစိတ်နဲ့အခြားခြား knowledge တေလဲတင်ပေးမှာဖစ်လို့ ကြုံရင်၀င်ကြည့်သွားကျပါဦးခဗျာ

ကျန်းမာရေးဆိုတာကလဲမကောင်းတဲ့အချိန်မှသာတောင်းတကျရတာလေ နောင်တမရအောင်ခုထဲကကျန်းမာရေးဂရုစိုက်ကျပီးကျန်းမာတဲ့ဘ၀များပိုင်ဆိုင်ကျပါစေဗျား

14/12/2023

လေ့ကျင့်ခန်းနေ့စဉ်ပုံမှန်လုပ်ချင်းက ကျန်းမာလှပစေယုံသာမက အသက်အရွယ်ကြီးလာချိန် အခန့်မသင့်ချော်ကျတာမျိုးကစလို့၊အမောဖောက်ရာကနေ အသက်သေဆုံးရတာမျိုး ကိုပါကာကွယ်တားစီးနိုင်ပါတယ်

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


ခေမာလမ်း
Dagon
11431